Can, could နဲ့ be able to တို့ရဲ့ အသုံးများ - အပိုင်း (၁)

မြန်မာကျောင်းသားတွေကြားမှာ can, could နဲ့ be able to တို့နဲ့ ပတ်သက်တဲ့ အသုံးတွေမှာ လွဲမှားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုတွေ မဖြစ်ရအောင် အဲ့ဒီ modal တွေရဲ့ အသုံးတွေကို ဒီသင်ခန်းစာမှာ လေ့လာနိုင်ပါတယ်။ 


ဒီစကားလုံးတွေကို ability (တတ်နိုင်ခြင်း)၊ awareness (သိရှိခြင်း) နှင့် possibility ဆိုတဲ့ တစ်ခုခုဖြစ်နိုင်ချေရှိတယ် ဆိုတာမျိုးကို ပြောချင်တဲ့အခါ အသုံးပြုကြပါတယ်။ နောက်ပြီးတော့လည်း တစ်စုံတစ်ယောက်က လုပ်ခွင့် (permission) ရှိလို့ တစ်ခုခုလုပ်တယ်လို့ ပြောရာမှာလည်းသုံးပါတယ်။ အဲ့ဒါတွေအားလုံးကို သီးခြားခေါင်းစဉ်လေးတွေနဲ့ ရှင်းပြသွားပါမယ်။


Can နဲ့ could တွေဟာ modal တွေဖြစ်ပါတယ်။ ဒီစကားလုံး ၂ လုံးစလုံးရဲ့  အနောက်မှာ ‘to’  မပါဘဲ၊ infinitive verb (verb 1) ကပ်လိုက်ပါတယ်။

  • Some people can ski better than others.
  • I could work for twelve hours a day.

 

Negative Forms အငြင်းပုံစံ


Can စကားလုံးကို အငြင်းပုံစံနဲ့ ရေးတဲ့အခါ cannot သို့မဟုတ် can’t တို့ စသည်ဖြင့် ရေးရ ပါတယ်။ cannot ကို can not လို့ ခွဲပြီးရေးလို့ မရဘူးဆိုတာ သတိထားပါ။ ဒါပေမဲ့ could ကိုတော့ could not လို့ ခွဲရေးရပါတယ်။ Couldn’t လို့လည်းရေးရပါတယ်။ Be able to ကိုတော့ able ရဲ့ အရှေ့မှာ ’not’ ထည့်တာတို့၊ ဒါမှမဟုတ်အခြား negative word အငြင်း စကားလုံးတစ်လုံးထည့်တာတို့ လုပ်လို့ရပါတယ်။ ဒါမှမဟုတ်ရင် be unable to လို့ ပြင်ပြီးရေး/ ပြောလို့ ရပါတယ်။

  • Many elderly people cannot afford telephones.
  • My wife can't sew.
  • It was so black you cannot see a hand in front of your face.
  • They couldn't sleep.
  • We were not able to give any answers.
  • We were unable to afford the entrance fee.

 

Ability တတ်နိုင်ခြင်း (Present)


တစ်စုံတစ်ယောက်ယောက်က တစ်ခုခုကို လုပ်နိုင်တယ်၊ လုပ်တတ်တယ်၊ တတ်စွမ်းတယ် စတာကို ပြောချင်ရင် can, could, be able to အားလုံးကို သုံးလို့ ရပါတယ်။ can သို့မဟုတ် be able to ကို present tense မှာ 'လုပ်နိုင်၊ တတ်နိုင်' တယ်ဆိုတာ ပြောချင်ရင် သုံးတယ်။ Be able to က ပိုပြီးယဉ်ကျေးတဲ့ လေသံထွက်ပါတယ်။

  • You can all read and write.
  • The goliath frog is able to jump three meters or so.
  • …people who are unable to appreciate new ideas.


Present tense မှာလည်း could ကိုသုံးပြီးပြောလို့ ရပါတယ်။ ဒါပေမဲ့ အဲ့ဒါရဲ့ အသုံးမှာတော့ သီးခြားအဓိပ္ပါယ် ရှိနေပါတယ်။ တစ်စုံတစ်ယောက်ယောက်က တစ်ခုခုကိုလုပ်ချင်လုပ်လို့ ရတယ် (လုပ်တတ်တယ်၊ လုပ်နိုင်တယ်) ဒါပေမဲ့ မလုပ်ဘူးလို့ ပြောရင် could နဲ့ သုံးတယ်။ ပိုပြီးရှင်းအောင် အောက်မှာဥပမာကို ကြည့်လိုက်ရအောင်။

  • We could do a great deal more in this country to educate people.

 

Ability တတ်နိုင်ခြင်း (past tense)


အတိတ်ကာလတုန်းကတတ်နိုင်ခြင်းကိုပြောရင်တော့ could ဒါမှမဟုတ် be able to ကို past tense နဲ့ သုံးလို့ ရပါတယ်။

  • He could run faster than anyone else.
  • A lot of them couldn't read or write.
  • I wasn't able to do these quizzes.


တစ်စုံတစ်ယောက်က လုပ်နိုင်တဲ့ အရည်အချင်းရှိခဲ့တယ်၊ တစ်ကယ်လည်းလုပ်ပြနိုင်ခဲ့တယ် (လုပ်နိုင်ခဲ့တယ်၊ လုပ်ခဲ့တယ်) လို့ ပြောချင်ရင် was able to နဲ့ ပြောတယ်။ Could မှာတော့ အဲ့ဒီအဓိပ္ပါယ် မထွက်ပါဘူး။ သတိပြုပါနော်။

  • After treatment he was able to return to work.
  • The farmers were able to pay new wages.

 

တစ်စုံတစ်ယောက်မှာလုပ်နိုင်စွမ်းရှိခဲ့တယ်။ တတ်လည်းတတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ မလုပ်နိုင်ခဲ့ဘူး။ လုပ်ခဲ့သင့်တယ်၊ လုပ်ခဲ့လိုက်ရမှာစတာကိုပြောချင်ရင် could have (done) နဲ့ ပြောရတယ်။

  • You could have given it all to me.
  • You could have been a little bit tidier.

 

နောက်တစ်ခါ၊ တစ်စုံတစ်ယောက်မှာ လုပ်နိုင်တဲ့ စွမ်းအားလည်းမရှိဘူး (လုပ်နိုင်မှာမဟုတ်ဘူး) အဲ့ဒါကြောင့် လုပ်လည်းမလုပ်ခဲ့ဘူးလို့ ပြောရင်တော့ could not have (done) နဲ့ ပြောရတယ်။ ပိုပြီးနားရှင်းသွားအောင် ဥပမာကို ကြည့်လိုက်ရအောင်။

  • I couldn't have gone with you, because I was in London at the time.

 

တစ်စုံတစ်ယောက်က အတိတ်ကာလတုန်းက (အရင်တုန်းက) တစ်ခုခုလုပ်နိုင်စွမ်းရှိခဲ့တယ်။ (လုပ်နိုင်ခဲ့တယ်) ဒါပေမဲ့ အခုတော့ မလုပ်နိုင်တော့ဘူး (မတတ်နိုင်တော့ဘူး) ဆိုရင် used to be able to နဲ့ ပြောရတယ်။

  • I used to be able to make it happen.
  • You used to be able to see the house from here.

 

Ability တတ်နိင်ခြင်း (Future tense)


နောင်အခါ လုပ်နိုင်လိမ့်မယ်၊ တတ်နိုင်လိမ့်မယ် စတာကိုပြောချင်ရင်တော့ be able to ကို future form နဲ့ ပြောရပါတယ်။

  • I shall be able to answer that question tomorrow.


အထူးသတိပြုရမှာကတော့ can/ could နဲ့ be able to တို့ဟာတူညီတဲ့ အဓိပ္ပါယ်တွေ ရှိတာမို့လို့ can be able to တို့ could be able to ဆိုပြီး တွဲပြောရင် မှားတာမို့ မရေးမိအောင် သတိထားပါ။


Ability တတ်နိုင်ခြင်း (report structures)


Report structure ဆိုတာ တဆင့် ပြန်တင်ပြတဲ့အခါ သုံးတဲ့ structure ကိုပြောတာပါ။ ဥပမာတစ်စုံတစ်ယောက်က "I can speak Korean." လို့ ပြောတာကို သင်က report structure နဲ့ အခြား တစ်ယောက်ယောက်ကို ပြန်ပြောတဲ့အခါ "He said he could speak English." ဆိုပြီးပြောတာလိုမျိုးပါ။

  • Ferguson said I could ask for a transfer if after six months I still don't like it.

 

Ability တတ်နိုင်ခြင်း (အခြား verb တွေနောက်မှ be able to လိုက်ခြင်း)


အခြား modal verb တွေဖြစ်တဲ့ might တို့ should အပြင် verb တွေဖြစ်တဲ့ want နဲ့  hope စတာတွေရဲ့ အနောက်မှာ be able to ကို ထည့်ပြီး သုံးရတာတွေ ရှိပါတယ်။ ရှေ့ကသုံးတဲ့ verb အပေါ် မူတည်ပြီး တတ်နိုင်မှု အတိမ်အနက်မှာ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။

  • I might be able to help you.
  • You may be able to get extra money.
  • You should be able to feel this.
  • You should not be able to drive to inland cities alone here.
  • You're foolish to expect to be able to do that.


ဒီမှာလည်းသတိပြုရမှာကတော့ can တို့ could တို့ကို  verb တွေရဲ့ အနောက်မှာတွဲသုံးလို့ မရဘူးဆိုတာကိုပါဘဲ။

COLLINS COBUILD Dict of Usage စာအုပ်မှ ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Related Links

Can, could နဲ့ be able to တို့ရဲ့ အသုံးများ - အပိုင်း (၁)
Can, could နဲ့ be able to တို့ရဲ့ အသုံးများ - အပိုင်း (၂)

LESSONS FROM OUR ARCHIVE


အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - 
http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 5059

Reply to This

Replies to This Discussion

Thank
ကျေးဇူးပါပဲ
thanks
ကျေးဇူးတင်ပါတယ်ရှငိ့
Thanks

Thank

အဆင်​​ပြေပါတယ်
Thanks
thanks for your email

Thank you for your e-mail.

Thanks

thank

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service