နောင်တစ်ချိန်တွင် နောင်တမရမည့် အသက်မွေးဝမ်းကြောင်းမှုကို ရွေးပါ

ဘယ်အသက်မွေးဝမ်းကျောင်း အလုပ်ကဖြင့် ရေရှည်မှာအဆင်ပြေနိုင်ပါ့မလဲဆိုတဲ့ ရွေးချယ်မှုပြဿနာဟာ ကျွန်မတို့ နေစဉ်နေ့တိုင်း ရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုပါ။ ပရောဂျက်အသစ်အတွက် စေတနာ့ဝန်ထမ်းပဲ လုပ်ပေးရမလား။ လစာတိုးပေးဖို့ပဲတောင်းဆိုရမလား။ လေ့လာရေးခရီးပဲ ထွက်လိုက်သင့်လား။ အချိန်ပိုဆင်းပေးဖို့ လက်ခံလိုက်ရမလား။ နေ့တိုင်း မေးခွန်းများစွာထဲမှ အသင့်တော်ဆုံးကို ရွေးချယ်ဖို့အတွက် ခက်ခဲနိုင်ပါတယ်။


ဒါပေမဲ့လည်း တစ်ခါတစ်လေမှာ ကျွန်မတို့တွေဟာတကယ့်အကြီးမားဆုံး ရွေးချယ်မှုတွေကို လက်လွတ်ခဲ့ရတာတွေကြောင့် ကုန်ဆုံးခဲ့ရတဲ့ နှစ်ပေါင်း၂၀ကို စိတ်ကျေနပ်မှုတွေ၊ ပျော်ရွှင်မှုတွေ ဒါမှမဟုတ် နောင်တတွေနဲ့ ပြန်ပြောင်းလှည့်ကြည့်မိတတ်ကြပါတယ်။

အောက်မှာဖော်ပြထားတဲ့ အချက်တွေကတော့ ကျွန်မတို့တွေ မကြာခဏ လုပ်မိတတ်တဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ရွေးချယ်မှုတွေထဲက နောင်တရစေတတ်တဲ့ ရွေးချယ်မှုတွေပါ။


၁။ အရေခြုံခြင်း (Pretending to be something you’re not)

သင့်ရဲ့သူဌေးဆီက အထင်ကြီးမှုကို လိုချင်လို့ အားကစားတစ်ခု ဝါသနာပါဟန်ဆောင်ခြင်း (သို့မဟုတ်) ဘာတစ်ခုမှ မပြောပဲ ပါးစပ်ပိတ်နေခြင်း၊ တစ်ခုခုမှာ ထူးချွန်နေသူအဖြစ် ဟန်ဆောင်ခြင်း စသည်တို့ဟာ သင့်အတွက်တော့ မကောင်းနိုင်ပါဘူး။ ထပ်ကာထပ်ကာ ဟန်ဆောင်နေခြင်းဟာ သင့်ကိုယ်သင် လိမ်ညာနေတာဖြစ်သလို နောက်ဆုံးသင့်မှာဘာမှ မကျန်ခဲ့ဘူးဖြစ်သွားမှာပါ။


၂။ ပိုက်ဆံရဖို့တစ်ခုတည်းကိုကြည့်ပြီးဆုံးဖြတ်ခြင်း (Making decisions based only on money)

သင့်ရဲ့လစာကိုပဲဖြစ်ဖြစ် (သို့) ပရောဂျက်ကုန်ကျငွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ငွေကြေးတစ်ခုတည်းကိုကြည့်ပြီး ဆုံးဖြတ်ခြင်းဟာ ဘယ်လိုမှကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ငွေကြေးကအရေးကြီးတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ငွေကြေးထက် ပိုအရေးကြီးတဲ့ အရာတွေလည်းရှိနေပါသေးတယ်။ သင့်ရဲ့ခံစားချက် အပါအ၀င် အခြားအရာတွေကိုလည်း ထည့်စဉ်းစားရပါမယ်။


၃။ လုပ်ငန်းခွင်မှာပြောင်းလဲဖို့ စဉ်းစားခြင်း (Thinking you can change something about the job)

"ဒါလေးတစ်ခုသာပြင်လို့ရခဲ့ရင် ဒီအလုပ်ကအရမ်းကို ကောင်းတဲ့အလုပ်ဖြစ်လာမှာပဲ။" လို့တွေးပြီး အလုပ်တစ်ခုကိုဝင်လုပ်မိပြီဆိုရင်တော့ သင် နဲနဲအတွေးလွဲနေပါပြီ။ အကယ်၍ သင်က တကယ့်ထိပ်ပိုင်းရာထူးတစ်ခုကို တာဝန်ယူရတာမျိုးမဟုတ်ပဲ အလုပ်ဌာနတစ်ခုမှာ အခြေခံကျကျချွတ်ချော်နေတာတွေကို ပြင်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။


၎။ သာမန်အခြေအနေဖြင့် ကျေနပ်နေခြင်း (Settling)

သင့်မှာအဆင်ပြေတဲ့ အလုပ်ရှိနေပြီး၊ လစာရောအကျိုးအမြတ် ခံစားခွင့်တွေရောကောင်းကောင်းရနေတယ်။ ဒါပေမဲ့ သင်တကယ်လိုချင်နေတာက ဒီအဆင့်ပဲလား။ သင့်ကိုယ်သင် ယုံကြည်မှုရှိတယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့အလုပ်တစ်ခုရဖို့ဖြစ်ဖြစ်၊ လခတိုးတောင်းဖို့ပဲဖြစ်ဖြစ်၊ အခွင့်အရေးတစ်ခုရဖို့ပဲဖြစ်ဖြစ် ရဲရဲဝင့်ဝင့်ရအောင်လှုပ်ရှားလိုက်ပါ။ သာမန်ကျေနပ်နေရုံအဆင့်မှပဲ ငြိမ်မနေပါနဲ့။


၅။ တစ်ပတ်ကိုနာရီပေါင်း ၅၀၊ ၆၀၊ ၈၀ အလုပ် လုပ်ခြင်း (Working 50, 60, 80 hour weeks)

သင့်သူဌေးဆီက မျက်နှာသာရချင်လို့ပဲဖြစ်ဖြစ်၊ ပိုက်ဆံရချင်လို့ပဲဖြစ်ဖြစ်၊ မျှော်လင့်ချက် တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် အခုထက်ပိုပြီး အလုပ်လုပ်သင့်တယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူမှတော့ သေခါနီးမှာ……. “အိုး…ငါဒီထက်ပိုလုပ်နိုင်ချင်ခဲ့တာ…” ဆိုတာမျိုးကိုပြောကြမှာမဟုတ်ပါဘူး။


၆။ မိသားစုနဲ့ သူငယ်ချင်းတွေကို ဦးစားမပေးခြင်း (Putting friends and family last)

သင်ဟာ သင့်ရဲ့လုပ်ငန်းမှာ အောင်မြင်နေဖို့ဆိုရင် သင့်ကိုပံ့ပိုးပေးမည့်သူတွေနဲ့ ဝန်းရံရမှာပါ။ များသောအားဖြင့် အဲ့ဒီလူတွေဟာ သင့်ရဲ့ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အလုပ်သမားတွေ မဟုတ်ပါဘူး။ သင့်ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေပါ။ အဲ့ဒီလူတွေနဲ့ ဆက်ဆံရေးကို ဖျက်ဆီးပြီး သင့်ရဲ့အလုပ်အောင်မြင်ဖို့ကိုပဲ လုပ်မယ်ဆိုရင်တော့ သင်မျှော်လင့်သလို အများကြီးအောင်မြင်မှာမဟုတ်ပါဘူး။


၇။ နေရာတကာဝင်ရောက်စွက်ဖက်ခြင်း (Micromanaging everything)

ဒီအပြုအမူကို သင့်ရဲ့ အဖွဲ့တွေ၊ ၀န်ထမ်းတွေနဲ့တင်မဟုတ်ဘဲ သင့်ရဲ့ လူမှုဘ၀ထဲမှာပါ လုပ်ကောင်းလုပ်နိုင်ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေကို ဒီတိုင်းထားလိုက်မယ့်အစား၊ နေရာတိုင်းလိုက်ပြီး အသေးစိတ် စီမံခန့်ခွဲနေမယ်ဆိုရင်တော့ စိတ်ပင်ပန်းစရာတွေနဲ့ပဲ ပြည့်နေပါလိမ့်မယ်။


၈။ မလှုတ်၊ မရှုတ်၊ မပြုတ်နေခြင်း (Avoid making mistakes)

အလုပ်ထဲမှာအမှားတွေအများကြီးမလုပ်မိဘူးဆိုရင်တော့ သင်ဟာ အန္တရာယ်နဲ့ မတွေ့နိုင်ဘူးပေါ့။ ဒါပေမဲ့ ဒီလိုအမှားမလုပ်တဲ့ အခြေအနေအတိုင်း ဆက်နေမယ်ဆိုရင်တော့ သင့်အတွက် ရလဒ်ကောင်းတွေ ရမလာနိုင်ပါဘူး။ အန္တရာယ်တွေကိုရှာပါ။ အမှားတွေကိုလုပ်ပါ။ အဲ့ဒီကနေတဆင့် သင်ယူလိုက်ပါ။


၉။ ကိုယ့်အတွက်သာ ကိုယ်တွေးခြင်း (Thinking only of yourself)

အကောင်းဆုံးကွန်ယက်ချိတ်ဆက်နည်းဗျူဟာကတော့ သူတစ်ပါးကိုကူညီနိုင်တဲ့ အခွင့်အလမ်းတွေရှာခြင်းပါပဲ။ သင်ဟာသင့်အတွက်ကိုပဲ ကြည့်နေတဲ့သူဆိုရင်တော့ သင်ဘယ်တော့မှာ ဝေးဝေးမရောက်နိုင်ပါဘူး။


၁၀။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို တန်ဖိုးမထားခြင်း (Not valuing your own happiness)

လူတွေဟာ သူတို့ရဲ့ ပျော်ရွှင်မှုကို နောင်တစ်ချိန်မှာပဲ ရှာတော့မယ်ဆိုပြီး ရွှေ့ဆိုင်းထားတတ်ကြတာဟာ ၀မ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုပါ၊ ဒါပေမဲ့လည်း တစ်ခါတစ်လေမှာတော့ အဆုံးသတ်ဆိုတာ ရောက်မလာတတ်ပါဘူး။ အဓိက ဦးစားပေးရမှာက ဒီကနေ့ သင်ပျော်ပျော်နေဖို့ပါ။ ဆိုလိုချင်တာကတော့ အလုပ်ကိုပြောင်းရွေ့ဖို့၊ ဒါမှမဟုတ် သင့်လုပ်နေတဲ့ အလုပ်မှာ ပိုမိုပျော်ရွှင်အောင် လုပ်ဖို့ပါပဲ။


Linkedin.com မှ Bernard Marr ၏ Career Choices You Will Regret In 20 Years ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။


အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 3389

Reply to This

Replies to This Discussion

Thank u very much for knowledge.

so nice, this words are very useful in my life. They are encourage me every.Thank u very much.

Thank you so much for this post.

Thank

Thank for your knowledge sharing.

Thanks a lot Myanmar Network!

This post is so good for me. Thanks a lot.

Thank you so much for your knowledge share.

thank for good idea...
I like this post.If you have a chance pls sent more post like this ,And to live the life happily and successfully .

Thanks so much for your knowledge

I will appreciate it.Thanks.

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service