CDMA ဖုန်းပိုင်ရှင်များ သတိထားပါ (လက်ဆင့်ကမ်းပေးကြပါ)

 


 
CDMA ဖုန်းပိုင်ရှင်များ သတိထားပါ
(လက်ဆင့်ကမ်းပေးကြပါ)

ငါးသိန်းတန် စီဒီအမ်အေ တယ်လီဖုန်းများအား ဖုန်းပွား၍ သုံးစွဲနိုင်သော ဟန်းဆက်များ ဈေးကွက်သို့ ၀င်ရောက်လာကြောင်း ယင်းဖုန်းများကို အသုံးပြုနေသူများ အနေဖြင့် မိမိဖုန်းများကို သတိပြုကိုင်တွယ်ရန် လိုအပ်ကြောင်း ဖုန်းကျွမ်းကျင်သူ တစ်ဦးထံမှ သိရှိရပါသည်။
"အခု ရန်ကုန်ဖုန်းဈေးကွက်ထဲကို စီဒီအမ်အေကွန်ယက်မှာ ပွားသုံးလို့ရနိုင်တဲ့ ဟန်းဆက်တစ်မျိုး ၀င်ရောက်လာပါတယ်။ ငါးသိန်းတန် စီဒီအမ်အေ ကွန်ယက်သုံး ဘယ်နံပါတ်ကိုမဆို အလွယ်တကူ ကိုယ်တိုင် ပွားသုံးလို့ ရနိုင်ပါတယ်.. သူပွားပုံ နည်းစနစ်ကလည်း မူရင်းဖုန်းပိုင်ရှင်ကိုယ်တိုင် အပွားခံထားရမှန်း မသိရလောက်အောင်ကို မျက်စိလည်ရတဲ့ စနစ်မျိုးပါ။ ဖုန်းဖန်ရှင် အတော်များများကို နားလည်ပြီး အသုံးပြုနေသူတွေတောင် မရိပ်မိ၊ မသိရှိနိုင်လောက်အောင် ဒီဖုန်းစနစ်က ကောင်းပါတယ်။
ဖုန်းပွားနိုင်ဖို့ အတွက် မူရင်းကတ်ကို တစ်မိနစ်လောက် ရတာနဲ့ အလုပ်ဖြစ်သွားပါတယ် "ဟု ဖုန်းကျွမ်းကျင်သူကပြောသည်။ ၎င်းဖုန်းပွားနိုင်သော ဟန်းဆက်များမှာ တရုတ်နိုင်ငံမှ ၀င်ရောက်လာခြင်းဖြစ်ပြီး ဘူးအပေါ်၌သာ (RU-EN)ဟူသော တံဆိပ်ပါဝင်ပြီး ဟန်းဆက်ကိုယ်ထည်ပေါ်တွင် မည်သည့်တံဆိပ်မှ ရိုက်နှိပ်ထားခြင်း မရှိကြောင်း သိရသည်။ အဆိုပါ ဟန်းဆက်ဖြင့် ဖုန်းပွားခံထားရသူများအနေဖြင့် မိမိ၏ မူရင်းဖုန်းမှ အထွက်ခေါ်ဆိုမှု ပြုလုပ်နေစဉ်အချိန်တွင် ပွားထားသောဖုန်းမှလည်း အထွက်ခေါ်ဆိုမှု ပြုလုပ်ပါက မူရင်းဖုန်း၏ အထွက်ခေါ်ဆိုမှုမှာ ချက်ခြင်းပြုတ်ကျ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး ဖုန်းကို ဘက်ထရီ မဖြုတ်မချင်း (သို့မဟုတ်) ပါဝါ မပိတ်မချင်း ပွားထားသောနံပါတ်ကို အသုံးပြုနိုင်ကြောင်း သိရသည်။
ထို့ကြောင့် 0949-----၊ 0973------၊ အစ ရှိသော စီဒီအမ်အေ ကွန်ယက်အမျိုးအစားကို အသုံးပြုနေသူများ အနေဖြင့် မိမိတို့၏ ဖုန်းကတ်ကို အခြားသူအား ငှားရမ်းခြင်း၊ အလွယ်တကူထားခြင်း၊ ဂရုတစိုက် အသုံးပြုခြင်း၊ မိမိ အသုံးပြုမှု နှင့် ဖုန်းခေါ်ဆိုခ (ဖုန်းဘေလ်)ကျသင့်မှုတို့အား မပြတ်ကြည့်ထားခြင်း စသည်တို့အား သတိပြုထားရန် လိုအပ်ကြောင်း သိရသည်။

(နေ့စဉ် သတင်းစဉ်မှ ကူးယူဖော်ပြသည်)

Views: 789

Reply to This

Replies to This Discussion

thanks you

thank u

ကြာပါပြီ Hisense Handset   can  copy

Thanks :-)

Thanks you

THANK YOU

Thank You very much!!!

whoever start this joke or Hoax, just beware, as technology like this which we dream ever is so possible :) ; hehe, but not in my LTE 4G and CDMA Adroid HTC handsets yet :) so, trust my handsets :D

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service