ဘြဲ႕လက္မွတ္၊ အဆင့္၊ အရည္အခ်င္း၊ ဘာေတြအေရးၾကီးသလဲ

[Zawgyi]

လူငယ္အခ်ိဳ႕ရဲ႕စိတ္ထဲမွာ ဘြဲ႕လက္မွတ္နဲ႕ ကိုယ့္အရည္အခ်င္း ႏွစ္ခု ယွဥ္ေတြးၾကည့္လာရင္ ဘယ္ဟာ ပိုအေရးၾကီးလဲဆိုတာ ေ၀ခြဲရခက္လာပါတယ္။ အလုပ္ရွင္ေတြရဲ႕ အလုပ္ေခၚစာ အမ်ားစုမွာက အနည္းဆုံးဘြဲ႕ရျဖစ္ရမည္ ဆိုတာက ပါလာတာကိုး။ ဘြဲ႕မရတ့ဲလူငယ္ေတြ ဒါမွမဟုတ္ မဟာဘြဲ႕မရလို႕၊ ေက်ာင္းေကာင္းေကာင္းက ဘြဲ႕မရခ့ဲလို႕ဆိုျပီး စိတ္ညစ္ေနတ့ဲလူငယ္ေတြအတြက္ ဒီစာကို ေရးပါတယ္။


ဘြဲ႕လက္မွတ္တစ္ေစာင္ဟာ ကိုယ့္အတြက္ အာမခံခ်က္လား


ဟုတ္ကဲ့။ အာမခံခ်က္ပါ။ အလုပ္ရဖို႕အတြက္ အာမခံခ်က္ပါ။ လူအမ်ားစုေတြးေလ့ရွိတာက အသက္ေမြး၀မ္းေက်ာင္းဘြဲ႕လက္မွတ္ ေကာင္းေကာင္းတစ္ခုရထားရင္ ငါေတာ့ အဆင္ေျပျပီလို႕ ေတြးေလ့ရွိပါတယ္။ အ့ဲဒီလိုလည္း မဟုတ္ေသးပါဘူး။ ဘြဲ႕လက္မွတ္ရွိတာ ေကာင္းပါတယ္။ ဘြဲ႕လက္မွတ္ရွိတ့ဲသူနဲ႕ မရွိတ့ဲသူဆို ဘြဲ႕လက္မွတ္ရွိတ့ဲသူကို ဦးစားေပး အလုပ္ခန္႕ၾကမွာပါ။ ဒါေပမယ့္ အထက္မွာေျပာခ့ဲသလိုပဲ ဘြဲ႕လက္မွတ္ဆိုတာ အလုပ္ရဖို႕အတြက္ အသုံး၀င္ပါတယ္။ အလုပ္မွာ ေအာင္ျမင္ဖို႕အတြက္ အသုံးမ၀င္ပါဘူး။ ကုန္ကုန္ေျပာရရင္ တကၠသိုလ္ေက်ာင္းဆင္းတုန္းက ရလာတ့ဲအမွတ္ေတြကေတာင္ အလုပ္မွာ ေအာင္ျမင္ဖို႕သိပ္ျပီးေတာ့ အက်ိဳးမျပဳလွပါဘူး။ အဆင့္မေကာင္းတ့ဲ လူငယ္ေတြကို အားေပးခ်င္တာက စာေမးပြဲေတြမွာ အဆင့္ေကာင္းဖို႕ဆိုတာ မခက္လွပါဘူး။ တေနကုန္ စာထိုင္က်က္ျပီး အလြတ္ရတာေတြကို ၏ သည္ မလြဲ ျပန္ေရးႏိုင္ရင္ ေသခ်ာေပါက္အဆင့္ေကာင္းပါတယ္။ မဟာတန္းကို ေအးေအးေဆးေဆး ၀င္ႏိုင္တာေပါ့။

ေနာက္တစ္ခုက ကေလးေတြ လူငယ္ေလးေတြ အမ်ားစု အားငယ္ေလ့ရွိတာ သူတို႕ရဲ႕ အဆင့္ေတြေၾကာင့္ပါ။ စဥ္းစားၾကည့္ပါ။ စာသင္ခန္းတစ္ခုထဲမွာ လူ ၄၀ ရွိတယ္ ဆိုပါစို႕။ ဒီအတန္းထဲက လူငယ္ေတြ အျပိဳင္အဆိုင္ၾကိဳးစားၾကမယ္။ အားလုံးဟာ လူေတာ္ေတြခ်ည္းပဲ။ A အဆင့္ေတြခ်ည္းပဲဆိုပါစို႕။ ဒီေတာ့ စာေမးပြဲတစ္ခုေျဖတုိင္းေျဖတိုင္းမွာ လူ ၄၀ ထဲက တစ္ေယာက္ကေတာ့ ေနာက္ဆုံးအဆင့္ကို ရကို ရမွာပါပဲ။ ဘာလို႕လဲဆိုေတာ့ သတ္မွတ္ခ်က္ရွိျပီးသားေလ။ ရမွတ္အလိုက္ ၁ ကေန တန္းစီ ေရတြက္သြားရင္ အနည္းဆုံးရမွတ္က ေနာက္ဆုံးအဆင့္ပဲ။ ဒါဆို အဆင့္ ဘိတ္ဆုံးမွာ ရတာနဲ႕ သူညံ့သြားျပီလား။ ကိုယ့္သားသမီးေတြကို အခန္းထဲမွာ အဆင့္တစ္မွ တစ္ဆိုတ့ဲ မိဘေတြ နည္းနည္းေတာ့ စဥ္းစားသင့္ပါတယ္။

ေျပာခ်င္တာကေတာ့ ဘြဲ႕လက္မွတ္ရွိလို႕ အလုပ္ရလာပါျပီ။ ဒါေပမ့ဲ ကိုယ္ၾကိဳးစားမွ ကိုယ္တိုးတက္မွာပါ။ တကယ္ကြ်မ္းက်င္မွဳမရွိဘူး။ မၾကိဳးစားဘူးဆိုရင္ အလုပ္မွာ အမွားအယြင္းေတြျဖစ္ျပီး အလုပ္ေတာင္ ျဖဳတ္ခံရႏိုင္ပါတယ္။


အရည္အခ်င္းဆိုတာ


အရည္အခ်င္းဆိုတာကို အဓိပၸာယ္ဖြင့္ရင္ ဆုံးမွာမဟုတ္ပါဘူး။ အလြယ္ကူဆုံးေျပာမယ္ဆိုရင္ အလုပ္ကို ကြ်မ္းကြ်မ္းက်င္က်င္ ေသေသသပ္သပ္ ေအာင္ျမင္ျပီးေျမာက္ေအာင္ လုပ္ႏိုင္္ရင္ အ့ဲဒါ အရည္အခ်င္းပါပဲ။ အလုပ္ကို ကြ်မ္းက်င္ျပီးေျမာက္ေအာင္ လုပ္ႏိုင္ဖို႕ရာအတြက္ ကြ်မ္းက်င္လိမၼာမွဳဆိုတ့ဲ (Skills)ေတြ လိုအပ္ပါတယ္။ အ့ဲဒီ Skill ေတြရလာဖို႕အတြက္ ေလ့က်င့္မွဳ၊ ၾကိဳးပမ္းအားထုတ္မွဳဆိုတ့ဲ (Practice) လုိပါတယ္။ တကယ္ၾကိဳးပမ္းအားထုတ္ဖို႕အတြက္ ၾကိဳးပမ္းအားထုတ္ခ်င္စိတ္ (Desire) လုိအပ္ပါတယ္။ ၾကိဳးပမ္းအားထုတ္ခ်င္စိတ္ရွိမရွိဆိုတာကေတာ့ လူ (Men) ေပၚမွာပဲ လိုအပ္ပါေတာ့တယ္။

Men….Desire….Practice…..Skill…..Action…..Work Done (Finish).


ဒါ့ေၾကာင့္မို႕လို႕လည္း Project Management ေတြမွာ အဓိကထားျပီး စဥ္းစားတာ ‘လူ’ ျဖစ္ပါတယ္။


ကြ်န္ေတာ္ေတြ႕ဖူးတ့ဲ လူငယ္တစ္ေယာက္ဆိုရင္ သူ ဘြဲ႕ရလာေတာ့ အဆင့္မေကာင္းပါဘူး။ သူက တကၠသိုလ္တက္လာတ့ဲ တစ္ေလွ်ာက္မွာ သူစိတ္၀င္စားတ့ဲ စာေတြပဲ ဖတ္ေနခ့ဲသူျဖစ္တယ္။ သူ႕အတြက္ လိုအပ္မယ္ထင္တ့ဲ သင္ခန္းစာေတြကိုပဲ သင္ယူတ့ဲသူမ်ိဳးျဖစ္ျပီးေတာ့ စာကို အလြတ္က်က္ျပီး ျပန္ေရးျပရတ့ဲ အလုပ္ကို မုန္းတီးေနခ့ဲတ့ဲသူမ်ိဳးပါ။ အလုပ္ေလွ်ာက္ေတာ့ သူအလုပ္တစ္ခု ကံအားေလ်ာ္စြာရခ့ဲတယ္။ သူ႕ရဲ႕ အဆင့္အတြက္ အလုပ္ရွင္က သိပ္ေတာ့ အထင္မၾကီးဘူးေပါ့။ ဒါေပမယ့္ ေကာင္ေလးမွာက အလုပ္ကိုေအာင္ျမင္ေအာင္လုပ္ခ်င္တ့ဲ စိတ္ ရွိတယ္။ ရွင္းရွင္းေျပာရင္ သူက ေအာင္ျမင္ခ်င္တယ္။ ဒီေတာ့ အလုပ္ကို တာ၀န္ေက်ပြန္ေအာင္ ၾကိဳးစားတယ္။ ေနာက္တစ္ခုက သူ႕မွာ Skill ေတြရွိတယ္။ အဂၤလိပ္စကား ေျပာတတ္တယ္။ ကြန္ျပဴတာကို ကြ်မ္းကြ်မ္းက်င္က်င္သုံးတတ္တယ္။ အလုပ္နဲ႕ပက္သက္တ့ဲ ေဆာ့ဖ္၀ဲေတြကို သူေကာင္းေကာင္းကိုင္တြယ္ႏိုင္တယ္။ အလုပ္ကို တိတိက်က်လုပ္တယ္။ ဒါေပမယ့္ သူ လစာေတာ့ ေကာင္းေကာင္းမရဘူး။ ဒီလိုနဲ႕ အလုပ္မွာ လုပ္ေနရင္း သူတို႕ ကုမၸဏီရဲ႕ အနီးမွာ ရွိတ့ဲ ကုမၸဏီတစ္ခုက ေကာင္ေလးရဲ႕ လုပ္ပုံကိုင္ပုံ၊ အရည္အခ်င္းကို အကဲခတ္ေနခ့ဲတယ္။ ပထမအလုပ္မွာ နွစ္လေလာက္ လုပ္ျပီးခ်ိန္မွာပဲ ဒုတိယကုမၸဏီက ေကာင္ေလးကို သူတို႕ကုမၸဏီမွာ အလုပ္လုပ္ဖို႕ ကမ္းလွမ္းတာခံခ့ဲရတယ္။ လစာလည္းတိုး၊ ရာထူးအဆင့္လည္း တိုးျပီး ေခၚယူခ့ဲတယ္။ အခုဆိုရင္ ဒီေကာင္ေလးကို ကုမၸဏီရဲ႕ လုပ္ငန္းခြဲရွိတ့ဲေနရာကို တာ၀န္ခံတစ္ဦးအေနနဲ႕ ေစလႊတ္ေတာ့မယ္ လို႕သိရတယ္။ ဒါ ျဖစ္ရပ္မွန္ပါ။ ေကာင္ေလးက ဘြဲ႕ရတယ္။ အဆင့္မေကာင္းခ့ဲဘူး။ ဒါေပမယ့္ သူ႕မွာအရည္အခ်င္းရွိတ့ဲအခါ ဒုတိယအလုပ္ရွင္က လစာတိုးေပးျပီး ေခၚယူခ့ဲတယ္။ သတိျပဳရမွာက ဒုတိယအလုပ္ရွင္က ေကာင္ေလးကို အလုပ္ကမ္းလွမ္းစဥ္မွာ သူ႕ရဲ႕ ေက်ာင္းတုန္းက အဆင့္ကို မေမးခ့ဲတာပါပဲ


လူငယ္ေတြကို ဒီအခ်က္ေလးကို ေကာင္းေကာင္းသိေစခ်င္ပါတယ္။ “ပထမအလုပ္မွာ ကိုယ့္ရဲ႕ရမွတ္ေတြ အေမးခံခ်င္ခံရလိမ့္မယ္။ ဒုတိယအလုပ္ေခၚစာေတြမွာေတာ့ ကိုယ့္အမွတ္ထက္ ကိုယ္ဘာေတြလုပ္ျပႏိုင္လဲဆိုတာကိုပဲ အေလးထားၾကပါလိမ့္မယ္။”


ဘြဲ႕လက္မွတ္ရယူဖို႕ဆိုတာကိုပဲ အာရုံမထားပါနဲ႕။ တကယ္နားလည္ေအာင္ သင္ယူပါ။ ျဖန္႕ၾကက္ေတြးပါ။ အလုပ္အေပၚမွာ ေစတနာထားပါ။ အထက္လူၾကီးက အားကိုးစိတ္ခ်ရတ့ဲ လူျဖစ္ေအာင္ ၾကိဳးစားပါ။ ရိုးသားေျဖာင့္မတ္ပါ။ ဒါဆိုရင္ မေအာင္ျမင္ပါနဲ႕လို႕ေတာင္ တားလို႕မရေတာ့ပါဘူး။ ေအာင္ျမင္မွဳက ရကို ရလာပါလိမ့္မယ္။ မိမိကိုယ္ကို မိမိတည္ေဆာက္ျပီး ေအာင္ျမင္ႏိုင္ၾကပါေစ။


ေနသစ္

[Unicode]

လူငယ်အချို့ရဲ့စိတ်ထဲမှာ ဘွဲ့လက်မှတ်နဲ့ ကိုယ့်အရည်အချင်း နှစ်ခု ယှဉ်တွေးကြည့်လာရင် ဘယ်ဟာ ပိုအရေးကြီးလဲဆိုတာ ဝေခွဲရခက်လာပါတယ်။ အလုပ်ရှင်တွေရဲ့ အလုပ်ခေါ်စာ အများစုမှာက အနည်းဆုံးဘွဲ့ရဖြစ်ရမည် ဆိုတာက ပါလာတာကိုး။ ဘွဲ့မရတဲ့လူငယ်တွေ ဒါမှမဟုတ် မဟာဘွဲ့မရလို့၊ ကျောင်းကောင်းကောင်းက ဘွဲ့မရခဲ့လို့ဆိုပြီး စိတ်ညစ်နေတဲ့လူငယ်တွေအတွက် ဒီစာကို ရေးပါတယ်။


ဘွဲ့လက်မှတ်တစ်စောင်ဟာ ကိုယ့်အတွက် အာမခံချက်လား


ဟုတ်ကဲ့။ အာမခံချက်ပါ။ အလုပ်ရဖို့အတွက် အာမခံချက်ပါ။ လူအများစုတွေးလေ့ရှိတာက အသက်မွေးဝမ်းကျောင်းဘွဲ့လက်မှတ် ကောင်းကောင်းတစ်ခုရထားရင် ငါတော့ အဆင်ပြေပြီလို့ တွေးလေ့ရှိပါတယ်။ အဲ့ဒီလိုလည်း မဟုတ်သေးပါဘူး။ ဘွဲ့လက်မှတ်ရှိတာ ကောင်းပါတယ်။ ဘွဲ့လက်မှတ်ရှိတဲ့သူနဲ့ မရှိတဲ့သူဆို ဘွဲ့လက်မှတ်ရှိတဲ့သူကို ဦးစားပေး အလုပ်ခန့်ကြမှာပါ။ ဒါပေမယ့် အထက်မှာပြောခဲ့သလိုပဲ ဘွဲ့လက်မှတ်ဆိုတာ အလုပ်ရဖို့အတွက် အသုံးဝင်ပါတယ်။ အလုပ်မှာ အောင်မြင်ဖို့အတွက် အသုံးမဝင်ပါဘူး။ ကုန်ကုန်ပြောရရင် တက္ကသိုလ်ကျောင်းဆင်းတုန်းက ရလာတဲ့အမှတ်တွေကတောင် အလုပ်မှာ အောင်မြင်ဖို့သိပ်ပြီးတော့ အကျိုးမပြုလှပါဘူး။ အဆင့်မကောင်းတဲ့ လူငယ်တွေကို အားပေးချင်တာက စာမေးပွဲတွေမှာ အဆင့်ကောင်းဖို့ဆိုတာ မခက်လှပါဘူး။ တနေကုန် စာထိုင်ကျက်ပြီး အလွတ်ရတာတွေကို ၏ သည် မလွဲ ပြန်ရေးနိုင်ရင် သေချာပေါက်အဆင့်ကောင်းပါတယ်။ မဟာတန်းကို အေးအေးဆေးဆေး ဝင်နိုင်တာပေါ့။

နောက်တစ်ခုက ကလေးတွေ လူငယ်လေးတွေ အများစု အားငယ်လေ့ရှိတာ သူတို့ရဲ့ အဆင့်တွေကြောင့်ပါ။ စဉ်းစားကြည့်ပါ။ စာသင်ခန်းတစ်ခုထဲမှာ လူ ၄၀ ရှိတယ် ဆိုပါစို့။ ဒီအတန်းထဲက လူငယ်တွေ အပြိုင်အဆိုင်ကြိုးစားကြမယ်။ အားလုံးဟာ လူတော်တွေချည်းပဲ။ A အဆင့်တွေချည်းပဲဆိုပါစို့။ ဒီတော့ စာမေးပွဲတစ်ခုဖြေတိုင်းဖြေတိုင်းမှာ လူ ၄၀ ထဲက တစ်ယောက်ကတော့ နောက်ဆုံးအဆင့်ကို ရကို ရမှာပါပဲ။ ဘာလို့လဲဆိုတော့ သတ်မှတ်ချက်ရှိပြီးသားလေ။ ရမှတ်အလိုက် ၁ ကနေ တန်းစီ ရေတွက်သွားရင် အနည်းဆုံးရမှတ်က နောက်ဆုံးအဆင့်ပဲ။ ဒါဆို အဆင့် ဘိတ်ဆုံးမှာ ရတာနဲ့ သူညံ့သွားပြီလား။ ကိုယ့်သားသမီးတွေကို အခန်းထဲမှာ အဆင့်တစ်မှ တစ်ဆိုတဲ့ မိဘတွေ နည်းနည်းတော့ စဉ်းစားသင့်ပါတယ်။


ပြောချင်တာကတော့ ဘွဲ့လက်မှတ်ရှိလို့ အလုပ်ရလာပါပြီ။ ဒါပေမဲ့ ကိုယ်ကြိုးစားမှ ကိုယ်တိုးတက်မှာပါ။ တကယ်ကျွမ်းကျင်မှုမရှိဘူး။ မကြိုးစားဘူးဆိုရင် အလုပ်မှာ အမှားအယွင်းတွေဖြစ်ပြီး အလုပ်တောင် ဖြုတ်ခံရနိုင်ပါတယ်။


အရည်အချင်းဆိုတာ


အရည်အချင်းဆိုတာကို အဓိပ္ပာယ်ဖွင့်ရင် ဆုံးမှာမဟုတ်ပါဘူး။ အလွယ်ကူဆုံးပြောမယ်ဆိုရင် အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် သေသေသပ်သပ် အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်ရင် အဲ့ဒါ အရည်အချင်းပါပဲ။ အလုပ်ကို ကျွမ်းကျင်ပြီးမြောက်အောင် လုပ်နိုင်ဖို့ရာအတွက် ကျွမ်းကျင်လိမ္မာမှုဆိုတဲ့ (Skills)တွေ လိုအပ်ပါတယ်။ အဲ့ဒီ Skill တွေရလာဖို့အတွက် လေ့ကျင့်မှု၊ ကြိုးပမ်းအားထုတ်မှုဆိုတဲ့ (Practice) လိုပါတယ်။ တကယ်ကြိုးပမ်းအားထုတ်ဖို့အတွက် ကြိုးပမ်းအားထုတ်ချင်စိတ် (Desire) လိုအပ်ပါတယ်။ ကြိုးပမ်းအားထုတ်ချင်စိတ်ရှိမရှိဆိုတာကတော့ လူ (Men) ပေါ်မှာပဲ လိုအပ်ပါတော့တယ်။


Men….Desire….Practice…..Skill…..Action…..Work Done (Finish).


ဒါ့ကြောင့်မို့လို့လည်း Project Management တွေမှာ အဓိကထားပြီး စဉ်းစားတာ ‘လူ’ ဖြစ်ပါတယ်။


ကျွန်တော်တွေ့ဖူးတဲ့ လူငယ်တစ်ယောက်ဆိုရင် သူ ဘွဲ့ရလာတော့ အဆင့်မကောင်းပါဘူး။ သူက တက္ကသိုလ်တက်လာတဲ့ တစ်လျှောက်မှာ သူစိတ်ဝင်စားတဲ့ စာတွေပဲ ဖတ်နေခဲ့သူဖြစ်တယ်။ သူ့အတွက် လိုအပ်မယ်ထင်တဲ့ သင်ခန်းစာတွေကိုပဲ သင်ယူတဲ့သူမျိုးဖြစ်ပြီးတော့ စာကို အလွတ်ကျက်ပြီး ပြန်ရေးပြရတဲ့ အလုပ်ကို မုန်းတီးနေခဲ့တဲ့သူမျိုးပါ။ အလုပ်လျှောက်တော့ သူအလုပ်တစ်ခု ကံအားလျော်စွာရခဲ့တယ်။ သူ့ရဲ့ အဆင့်အတွက် အလုပ်ရှင်က သိပ်တော့ အထင်မကြီးဘူးပေါ့။ ဒါပေမယ့် ကောင်လေးမှာက အလုပ်ကိုအောင်မြင်အောင်လုပ်ချင်တဲ့ စိတ် ရှိတယ်။ ရှင်းရှင်းပြောရင် သူက အောင်မြင်ချင်တယ်။ ဒီတော့ အလုပ်ကို တာဝန်ကျေပွန်အောင် ကြိုးစားတယ်။ နောက်တစ်ခုက သူ့မှာ Skill တွေရှိတယ်။ အင်္ဂလိပ်စကား ပြောတတ်တယ်။ ကွန်ပြူတာကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တယ်။ အလုပ်နဲ့ပက်သက်တဲ့ ဆော့ဖ်ဝဲတွေကို သူကောင်းကောင်းကိုင်တွယ်နိုင်တယ်။ အလုပ်ကို တိတိကျကျလုပ်တယ်။ ဒါပေမယ့် သူ လစာတော့ ကောင်းကောင်းမရဘူး။ ဒီလိုနဲ့ အလုပ်မှာ လုပ်နေရင်း သူတို့ ကုမ္ပဏီရဲ့ အနီးမှာ ရှိတဲ့ ကုမ္ပဏီတစ်ခုက ကောင်လေးရဲ့ လုပ်ပုံကိုင်ပုံ၊ အရည်အချင်းကို အကဲခတ်နေခဲ့တယ်။ ပထမအလုပ်မှာ နှစ်လလောက် လုပ်ပြီးချိန်မှာပဲ ဒုတိယကုမ္ပဏီက ကောင်လေးကို သူတို့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းတာခံခဲ့ရတယ်။ လစာလည်းတိုး၊ ရာထူးအဆင့်လည်း တိုးပြီး ခေါ်ယူခဲ့တယ်။ အခုဆိုရင် ဒီကောင်လေးကို ကုမ္ပဏီရဲ့ လုပ်ငန်းခွဲရှိတဲ့နေရာကို တာဝန်ခံတစ်ဦးအနေနဲ့ စေလွှတ်တော့မယ် လို့သိရတယ်။ ဒါ ဖြစ်ရပ်မှန်ပါ။ ကောင်လေးက ဘွဲ့ရတယ်။ အဆင့်မကောင်းခဲ့ဘူး။ ဒါပေမယ့် သူ့မှာအရည်အချင်းရှိတဲ့အခါ ဒုတိယအလုပ်ရှင်က လစာတိုးပေးပြီး ခေါ်ယူခဲ့တယ်။ သတိပြုရမှာက ဒုတိယအလုပ်ရှင်က ကောင်လေးကို အလုပ်ကမ်းလှမ်းစဉ်မှာ သူ့ရဲ့ ကျောင်းတုန်းက အဆင့်ကို မမေးခဲ့တာပါပဲ။


လူငယ်တွေကို ဒီအချက်လေးကို ကောင်းကောင်းသိစေချင်ပါတယ်။ “ပထမအလုပ်မှာ ကိုယ့်ရဲ့ရမှတ်တွေ အမေးခံချင်ခံရလိမ့်မယ်။ ဒုတိယအလုပ်ခေါ်စာတွေမှာတော့ ကိုယ့်အမှတ်ထက် ကိုယ်ဘာတွေလုပ်ပြနိုင်လဲဆိုတာကိုပဲ အလေးထားကြပါလိမ့်မယ်။”


ဘွဲ့လက်မှတ်ရယူဖို့ဆိုတာကိုပဲ အာရုံမထားပါနဲ့။ တကယ်နားလည်အောင် သင်ယူပါ။ ဖြန့်ကြက်တွေးပါ။ အလုပ်အပေါ်မှာ စေတနာထားပါ။ အထက်လူကြီးက အားကိုးစိတ်ချရတဲ့ လူဖြစ်အောင် ကြိုးစားပါ။ ရိုးသားဖြောင့်မတ်ပါ။ ဒါဆိုရင် မအောင်မြင်ပါနဲ့လို့တောင် တားလို့မရတော့ပါဘူး။ အောင်မြင်မှုက ရကို ရလာပါလိမ့်မယ်။ မိမိကိုယ်ကို မိမိတည်ဆောက်ပြီး အောင်မြင်နိုင်ကြပါစေ။


နေသစ်

Views: 3439

Reply to This

Replies to This Discussion

Thanks
အလြန္ေကာင္းေသာစာပါ

Very nice post! thanks.

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service