Civic Society Initiative (CSI) အသင်းဝင်အသစ် ထပ်မံခေါ်ယူခြင်း

CSI အသင်းဝင်သစ်များကို ၄ လတစ်ကြိမ်ခေါ်ယူလျက်ရှိရာ ယခုအခါ ၂၀၁၆ ဒီဇင်ဘာလမှ ၂၀၁၇ မတ်လ အတွက် ထပ်မံခေါ်ယူ နေပါသဖြင့် စိတ်ဝင်စားသော သူများ ဗြိတိသျှကောင်စီစာကြည့်တိုက် ကောင်တာတွင် လျှောက်လွှာတစ်စောင်လျှင် ၁၀၀၀ ကျပ်ဖြင့် ထုတ်ယူပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် တွင် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။


ထိုလျှောက်လွှာရောင်းရငွေများသည် CSI ၏ project areas များ ရှိ ကလေးငယ်များအား ပံ့ပိုးနေသော Mobile library ၏ ရံပုံငွေအတွက် အသုံးပြုပါသည်။

CSI အသင်းဝင်လျှောက်လိုသူများသည်

  • အသက် (၁၈) နှစ်နှင့်အထက် ဖြစ်ရမည်။
  • ဗြိတိသျှကောင်စီ စာကြည့်တိုက် အသင်းဝင်ထားသူဖြစ်ရမည်။
  • ထို ၄ လအတွင်း သတ်မှတ်ထားသော တာဝန်များကို စိတ်ဝင်တစား ပါဝင် လုပ်ဆောင်ရမည်။


အဖွဲ့အစည်း၏ ရည်ရွယ်ချက်

  • လူငယ်များ မိမိကိုယ်ကို ယုံကြည်မှုရှိ၍ လူ့ ဘောင်အဖွဲ့ အစည်းတွင် ဝင်ဆံ့နိုင်ရန်။
  • လူငယ်များ၏ ကိုယ်ပိုင်စွမ်းရည်နှင့် အဖွဲ့ အစည်းစိတ်ဓါတ် တိုးတက်မြင့်မားလာစေရန်။
  • လူတိုင်း ပရဟိတ လုပ်ငန်းများတွင် တတ်စွမ်းသလောက်ပါဝင်နိုင်ရန်။
  • အားငယ်ချို့တဲ့သော ကလေးငယ်များ နှင့် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုများ နှင့် ပညာရေး အထောက်အပံ့များ ပေးနိုင်ရန်။
  • ကလေးသူငယ်များ၏ စိတ်ဓါတ်နှင့် အသိဥာဏ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုး ကြံ့ ခိုင်လာစေရန်။


အဖွဲ့အစည်း၏လုပ်ဆောင်မှုများ

  • Mobile library & Mobile clinic များထောက်ပံ့ပေးခြင်း

    Project areas များမှာ -
  1. ဇမ္ဗူဉ္စသျှောင် မယ်သီလရှင်ပညာသင်ကျောင်း ( သန်လျှင်၊ ကျောက်တန်း )
  2. စစ်စီးတော ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ( သန်လျှင်၊ ကျောက်တန်း )
  3. ဝဏ္ဏဝသီ မယ်သီလရှင်ပညာသင်ကျောင်း ( သန်လျှင်၊ ကျောက်တန်း )
  4. နန့်ဆန် မယ်သီလရှင်ပညာသင်ကျောင်း ( သန်လျှင်၊ ကျောက်တန်း )
  5. မျက်မမြင် ပညာသင်ကျောင်း ( ခဝဲခြံ)
  6. အပြုံးကမ္ဘာ မသန်စွမ်းသူများ ( လှိုင်သာယာ)
  7. လူငယ်ဖွံ့ဖြိုးရေးကျောင်း ( ကျိုက်ဝိုင်း)
  8. လူငယ်ဖွံ့ဖြိုးရေးကျောင်း (လူမှူဝန်ထမ်း၊သန်လျင်)
  • လူငယ်များအတွက် ဗဟုသုတ ဟောပြောပွဲများ၊ Teachers Training, Vocational Training များပြုလုပ်ပေခြင်း၊
  • ချို့တဲ့သော ကလေးငယ်များအား စိတ်ဓာတ်မြှင့်တင်ပေးရေး အစီအစဉ်များ၊

CSI အကြောင်း အသေးစိတ်သိလိုပါက www.britishcouncil.org.mm/my/partnerships/success-stories/civic-soc... တွင် ဖတ်ရှုနိုင်ပါသည်။

Views: 791

Reply to This

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service