ကျွန်တော်က ဆေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာပါ … အလုပ်ကိစ္စနဲ့လစဉ်လိုလို ခရီးထွက်ရပါတယ်.. ခရီးထွက်တဲ့အခါ လူပေါင်းစုံနဲ့ ပေါင်းသင်း ဆက်ဆံရတာဟာ တကယ်ကိုအတွေ့အကြုံကောင်းတွေပါပဲ… အလုပ်သဘောအရ ဆရာဝန်တွေဆေးခန်းတွေဆေးဆိုင်တွေကို သွားရပါတယ်…ရန်ကုန်မှာဆိုရင်တော့ သွားရလာရတာအခက်အခဲ မရှိပေမယ့် နယ်တွေကို သွားရတဲ့အခါမှာ လမ်းတွေမသိတာတို့ ဘယ် နားမှာ ဘယ်ဆေးခန်းတွေ ရှိမှန်းမသိပါဘူး… အဲဒီတော့တည်းခိုခန်းက ၀န်ထမ်းတွေ ကျွန်တော့်လိုမျိုး ဆေးကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့သူတွေကို စုံစမ်းမေးမြန်းပြီးသွားရပါတယ်… များသောအားဖြင့် ဆေးကုမ္ပဏီက ၀န်ထမ်းတွေဟာ (အထူးသဖြင့် နယ်တွေမှာဆို)ဆိုက္ကားဆရာတွေကို အားကိုးရပါတယ် … သူတို့ကနယ်ခံလည်းဖြစ်… နေရာအစုံကို နှံနှံစပ်စပ် ရောက်ဖူးတဲ့သူတွေလည်းဖြစ်တော့ ဆိုက္ကားဆရာတွေကို မေးမြန်း ပြီးသွားရပါတယ်… မနက်ကနေ ညနေအထိ အဲ့ဒီဆိုက္ကားနဲ့ပဲ  ..

 

ကျွန်တော်သွားနေကြ နယ်တွေကတော့ မအူပင်ဖျာပုံဘက်ကိုပါ… ပုံမှန်အားဖြင့်တော့ တစ်လ တစ်ခေါက် လောက် သွားဖြစ်ပါတယ်… အရင်လတွေက အလုပ်တွေ နဲနဲရှုပ်နေတာမို့မအူပင် ဖျာပုံကိုမရောက်ဖြစ်တာ သုံး လေးလလောက်တော့ ရှိပါပြီ… အရင်တုန်းကဆို ကျွန်တော် အမြဲစီးနေကြဆိုက္ကား ရှိပါတယ်… အခုတစ်ခေါက် လည်းစီးနေကြ ဆိုက္ကားကိုပဲ ခေါ်ပြီးတော့သွားမယ်လို့ စဉ်းစားလာခဲ့ပါတယ်… ဘာဖြစ်လို့လဲဆိုတော့ တချို့ ဆိုက္ကားဆရာတွေက ရန်ကုန်ကလာတဲ့ သူတွေဆိုဘယ်တော့မှ တန်ရာတန်ကြေး မတောင်းပါဘူး.. အဝေးပြေးဂိတ်မှာ ဂိတ်ထိုးတဲ့ ဆိုက္ကားဆရာတွေဆို ပိုဆိုးပါတယ်.. ရန်ကုန် အဝေးပြေဂိတ်တွေက အငှားယာဉ်မောင်းတွေလိုပါပဲ.. အမြဲတမ်း တန်ရာတန်ကြေးထက် ပိုတောင်းလေ့ရှိပါတယ်… ဒါကြောင့်မို့ အဝေးပြေးဂိတ်က ဆိုက္ကားဆိုရင် ကျွန်တော်ဘယ်တော့မှ တစ်နေကုန် မငှားဖြစ်ပါဘူး…

 

မအူပင်ကို ရောက်တော့ ထုံးစံအတိုင်းကို ရွှေဆိုက္ကားဆရာတွေက ကားတံခါးပေါက်မှာရပ်ပြီးတော့ ဆိုက္ကားငှား မလားဆြိုပီး ကားပေါ်ကဆင်းလာတဲ့ခရီးသည်တွေကိုဝိုင်းပြီးမေးနေကျပါတယ်…အထုပ်အပိုးတွေ မနိုင်မနင်း ဖြစ်ရတဲ့အထဲ… သူတို့ကလမ်းပိတ်ပြီး မေးနေပါတယ်… ကားစပါယ်ယာက နဲနဲအော်လိုက် တော့မှ… နဲနဲဖယ်ပေးပါတယ်…

 

“ဆိုက္ကားသွားမလားအစ်ကို မြို့ထဲကို ၅၀၀ ပဲပေး…”

 

ဆိုက္ကားဆရာတစ်ယောက်က ကျွန်တော့်ကို မေးတယ်..

 

“အေးအေး Lucky တည်းခိုခန်းကိုသွားမယ်… မင်းဆိုက္ကားကဘယ်မှာလဲ”

“လာအစ်ကိုဟိုဘက်မှာ…

 

ဆိုက္ကားဆရာကောင်လေးက ပြောပြောဆိုဆိုနဲ့ ကျွန်တော် မ လာသောဆေးပုံးကြီး ကိုလှမ်းယူလိုက်တယ်…”

ဆိုက္ကားဂိတ်နားရောက်တော့ သူက…

 

“ကဲကဲ Lucky တည်းခိုခန်းကို ၅၀၀ တဲ့..ဘယ်သူလိုက်မလဲ..”

 

သူပဲဆိုက္ကားနင်းပြီးလိုက်ပို့တော့မယ်ပုံစံနဲ ခေါ်လာပြီးတော့… တခြားဆိုက္ကားတွေကိုမေးနေတယ်… ခဏကြာတော့ နေကာမျက်မှန် အမည်းကြီး ၀တ်ထားတဲ့ ဆိုက္ကားဆရာတစ်ယောက်က .

 

“လာ.. လာ.. ငါ လိုက်မယ်..”

“Lucky ကို ၅၀၀ နော်..”သေချာအောင် ကျွန်တော် ထပ်မေးလိုက်တယ်

 

“အေးပါ ငါ့တူရယ်…” ဆိုက္ကား ဆရာက ပြုံးပြုံး ပြုံးပြုံ နဲ ပြန်ဖြေတယ်… ဆိုက္ကားပေါ် ပစ္စည်းတွေတင်ပြီးတော့ ထိုင်မယ်အလုပ် ဆိုက္ကားဆရာက..

 

“ကားပေါ်မှာပစ္စည်းတွေ ကျန်ခဲ့သေးလား… ပြန်စဉ်းစားဦး ငါ့တူ…”

 

ကျွန်တော်ကအမြဲမေ့တက်တာ… ကားပေါ်မှာ အမြဲလိုလို တစ်ခုမဟုတ်တစ်ခုတော့ ကျန်တက်တယ်… ဆိုက္ကားဆရာစကားကြောင့် ကျွန်တော် တွေဝေသွားတယ်.. သေချာစဉ်းကြည့်တော့ကားပေါ်မှာဘာမှ မကျန်ခဲ့ပါဘူး…

 

“မကျန်ခဲ့ပါဘူးဦးလေး….”

 

“အော် အေးအေး.. ဒါဆိုလည်းသွားကြတာပေါ့..”

 

နဲနဲတော့ ထူးဆန်းတယ်.. မအူပင်ကိုလာတာ ဆယ်ခေါက်မကတော့ဘူး.. ဒီလိုမျိုး ဘယ်ဆိုက္ကားဆရာကမှမမေးဖူးဘူး တည်းခိုခန်းကို ရောက်တော့..

 

“ဦးလေးဒီမြို့ကဆေးခန်းတွေကို သိလား…”

“အေးသိတယ် ငါ့တူ… တူလေးတို့လိုပဲဆေးကုမ္ပဏီက ၀န်ထမ်းတွေကိုလိုက်ပို့ပေးဘူးတယ်..”

“အဲဒါဆိုရင် ကျွန်တော့်ကိုဆယ့်ငါးမိနစ်လောက်စောင့်… ကျွန်တော်ဆရာဝန်တွေနဲ့တွေ့ဖို့ ပြင်ဆင်လိုက်ဦးမယ်..”

“အေးအေး.. ငါ့တူ… ဖြေးဖြေးဆင်း.. ဆေးပုံးကို ဦးလေးလိုက်ပို့ပေးမယ်..”

 

ဆေးခန်း လေးငါးခုလောက် သွားပြီးတော့ ကျွန်တော်မသိသေးတဲ့ ဆေးခန်းနှစ်ခန်းကို  သူလိုက်ပို့ပေးတယ်…ဆေးခန်းတွေကို သွားပြီးတော့ ဆေးရုံကိုသွားတယ်… ဆေးရုံ ရောက်တော့ဆိုက္ကားကဆေးရုံထဲ ဝင်လို့မရဘူး..ဆေးရုံရှေ့မှာပဲရပ်ထားရတယ်…

 

“ငါ့တူ… ဦးလေးအပြင်မှာ စောင့်နေမယ်.. ထီးယူသွားဦးမလား…”

“မယူတော့ဘူးဦးလေး.. တကယ်လို့ ကျွန်တော်ထွက်လာတဲ့ အချိန် မိုးရွာရင် ကျွန်တော့်ကိုဆေးရုံထဲကိုလာခေါ် ပေး…”

“အေးအေး.. ငါ့တူ…” ထုံးစံအတိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့ပါပဲ…

 

ကျွန်တော် ဆေးရုံထဲကို ၀င်သွားပြီး.. ခဏကြာတော့ ဆရာဝန်တစ်ယောက်ခိုင်းတဲ့ ကိစ္စတစ်ခုနဲ့ ဆေးရုံထဲ ကနေ သုံးခေါက်လောက် ထွက်လိုက်ဝင်လိုက်လုပ်တဲ့အခါတိုင်းဆိုက္ကားဆရာကလက်ဘက်ရည် ဆိုင်ထဲကနေကျွန်တော့်ထီးလေးကိုင်ပြီးထွက်လာတယ်..အရင်ကဆိုက္ကားဆရာတွေဆိုအခုလိုထွက်လာဖို့မပြောနဲ့ သူတို့ကိုတောင်မနည်းလိုက်ရှာရတယ်…

 

မအူပင်မှာ ကျွန်တော့်အလုပ်တွေပြီးတော့ ထမင်းစား ဟိုတယ်ပြန်ပြီးပစ္စည်းတွေ သိမ်းဆည်းပြီး ဖျာပုံကိုကူးရ မှာမို့ ကားဂိတ်ကို ပြန်ထွက်တော့လည်းဆိုက္ကားဆရာကြီးက ဟိုတယ်အခန်းထဲမှာ ပစ္စည်းတွေကျန်ခဲ့မှာစိုးလို့ သေချာစစ်ဆေးပြီးမှ ကားဂိတ်ကို ထွက်လာခဲ့တယ်..

 

ကား ဂိတ်ရောက်တော့လည်းကားလက်မှတ်ဝယ်တာ ကားဂိတ်မှာထိုင်ဖို့နေရာရှာပေးကားက ဘယ်အချိန် ဆိုက်မှာလဲလို့ ကားဂိတ်က လူတွေကို ခဏခဏမေးတာတွေကို ကျွန်တော်မခိုင်းပါဘဲနဲ့ လုပ်ပေးတယ်… သူ့ကို ဆိုက္ကားငှားခငွေ ၅၀၀၀ ပေးလိုက်ပါတယ်… ဒီလိုတစ်နေကုန် ဆိုက္ကားငှားရင် ကျပ် ၄၀၀၀ ကနေ ၅၀၀၀ လောက်ထိတော့ ပေးရပါတယ် ကားလာတော့လည်း ကားပေါ်ကို ကျွန်တော့်ပစ္စည်းတွေ တင်ပေးပြီး ကျွန်တော် ကားပေါ်ရောက်ပြီးတော့ အဲဒီ ဆိုက္ကားဆရာကို မတွေ့တော့ပါဘူး.. ခဏနေတေလာ့ သူပြန်လာတာကို လှမ်းတွေ့တော့ ကျွန်တော့်ဆီကိုလာတယ်လို့ မထင်မိပါဘူး..

 

“ငါ့တူ င့ါတူ”

“ဗျာ ဦးလေး”

“ရော့ ရော့ ငါ့တူလမ်းမှာသုံးဖို့ snow towel”

 

ကျွန်တော် တကယ်ကို အံသြသွားပါတယ်။ ဘယ်ဆိုက္ကားဆရာကမှ ဒီလို မျိုး မပေးဘူးပါဘူး.. နောက်ပြီးတော့ သူက…

 

“ငါ့တူနောက်လလာရင် ဦးလေးဆိုက္ကားကိုခေါ်လို့ရအောင်.. ရော့ ဒီစာရွက်ထဲမှာဦးနာမည်နဲ့ ဆိုက္ကားဂိတ် နားကဖုန်းနံပါတ်”

 

ကျွန်တော် သဘောပေါက်သွားပါတယ်… ကျေလည်း ကျေနပ်သွားပါတယ်.. ကျွန်တော့်ဆီက နောက်တစ်ကြိမ် သူ့ ဆိုက္ကားစီးဖို့ Snow towel နှစ်ခုနဲ့ စရံရိုက်သွားတာပါ..သေချာတာတစ်ခုက အဲဒီ ဆိုက္ကား ဆရာကြီးက အတန်းပညာကို ကောင်းကောင်း မတက်နိုင်ပါဘူး.. ဒါပေမယ့် သူ့ရဲ့ ဖောက်သည်ကိုတော့ နောက်တစ်ကြိမ် သူ့ ဆိုက္ကားစီး ဖြစ်အောင်လို့တော့ တစ်နေကုန် သူရဲ့ဝန်ဆောင်မှုနဲ့ ပတ်သက်လို့လစ်ဟာမှု မရှိအောင် လုပ်နိုင်ခဲ့တဲ့ အပြင်ကိုမှ ကျွန်တော်မှာပါလာတဲ့ ပစ္စည်းတွေကို ဂရုတစိုက်နဲ့ ကြည့်ရှု့ပေးတာနောက်ဆုံးပိတ် (တန်ဖိုးမကြီးပေမယ့်ဖောက်သည်ကျေနပ်သွားတဲ့) Snow towel နှစ်ခုလက်ဆောင် ပေးတာတို့လို ၀န်ဆောင်မှုမျိုးကို သူထပ်ဆောင်းပြီးပေးနိုင်ခဲ့ပါတယ်…

 

မအူပင်ကနေ ဖျာပုံသွားတဲ့ လမ်းတစ်လျှောက် ကားပေါ်မှာ ဆိုက္ကားဆရာကြီးရဲ့အကြောင်းကို တွေးမိနေပါတယ်… ကျွန်တော်တို့ကကော ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို ၀န်ဆောင်မှု အပိုမပြောနဲ့ ထိုက်သင့် သလောက် ပေးရမယ့် ၀န်ဆောင်မူမျိုးကိုတောင် ပုံမှန်ပေးမိခဲ့ရဲ့လားဆိုတဲ့ မေးခွန်းကိုကိုယ့်ကိုယ်ကို ပြန်မေးမိပါတယ်

 

….ကိုယ်ဘာသာကိုယ် မေးတဲ့ မေးခွန်းမို့ အဖြေကိုတော့ ကျွန်တော် မဖြေခဲ့ပါဘူး….

 

His name is U Khin Maung Aye.

His trishaw register number is 241.

His contact phone is 045 - 30076.

 

 

 

Written by:

Nyein Chan Swe

Dip in Marketing, Advertising & PR Student

Strategy First Institute

 

Download လုပ်ရန်

www.strategyfirstinstitute.com/index.htm

 

Views: 896

Reply to This

Replies to This Discussion

Like ur post very much. I get a thought when I've read ur post that Good Customer Relationships derived from "Real Mitta" from his soul.

Thanks.

... လူတစ်ယောက်ကို ပညာတတ်လို့ ပြောဖို့ရာမှာ အတန်းပညာတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာကို သိသာသွားစေပါတယ် ...  နှစ်ဦးနှစ်ဖက်အဆင်ပြေသွားစေတဲ့ သူ့ရဲ့အပြုအမူနဲ့ စိတ်ထားလေးကို လေးစားရမှာပါ။ ကျမတို့လည်း သူ့ကိုအတုယူပြီး ပြုပြင်သွားကြတာပေါ့ ။ ကျေးဇူးပါပဲ

အဲလိုစိတ်ဓါတ်မျိုး အောက်ခြေလူတန်းစားတွေမှာ များများရှိလေ အဲလူတန်းစားတွေရဲ့ ဘ၀မြင့်လေပါပဲ ကောင်းပါတယ်ဒီ post လေးက.း)

Thank you

I will tell my staff this story

A very nice post. We, Myanmar still very poor education and capacity and mind concept about Customer Service. But Bussiness Company need to create to get good motivation of their staff.Eg. futhur study, enough salary.

အ၇မ်းကောင်းပါတယ်

အားပေးသွားတယ်နော်

a good post!! :)

nice post!!!

thz a lots for ur kind sharing.

 

အိုင် အရမ်းကြိုက်ပါတယ် .. သူငယ်ချင်းရဲ့ Post က အရမ်းကောင်းပါတယ် ...ဒီနေရာမှာ အိုင်ခံစားမိတာက လူတစ်ယောက်ရဲ့စေတနာပါ ... ကိုယ့်အလုပ်ကိုဝတ်ကျေတန်းကျေလုပ်တာမဟုတ်ဘဲ စေတနာလေးထည့်ပြီး အားစိုက်လုပ်ထားတယ်လို့ မြင်မိတယ် ...ဒါဟာ အတုယူသင့်တဲ့ ကောင်းတဲ့ အချက်လေးပါဘဲ..

Congratulations for this post.

ဒီလိုအပြုအမူမျိုး ကျွန်မတို့အားလုံး အတူယူသင့်ပါတယ်...ပြီးတော့ အသုံးလည်းချသင့်ပါတယ်...Warmly Welcome ပါ.... :)

ကျေးဇူးအများကြီးတင်ပါတယ်.....

good good
ko zay

It is very good for everything

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service