ရာသီဥတုပူကြောင်း အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုခြင်း

ပြီးခဲ့တဲ့ နှစ်လလောက်တည်းက မြန်မာနိုင်ငံမှာ အယ်လ်နီညိုဆိုတဲ့ အပူလှိုင်းနဲ့ ပတ်သက်ပြီး သတိပေးမှုတွေ သတင်းတွေ ကြားနေမြင်နေကြရပါတယ်။ ဒီသတင်းတွေအတိုင်း တကယ်လဲ ရာသီဥတုဟာ အလွန်ပူပြင်းနေပါတယ်။ တခါတရံမှာ ဒီပူပြင်းလှတဲ့ ချွေးပြန်စေတဲ့ ရာသီဥတုကို အံတုဖို့ အဲယားကွန်းတွေတောင် မလုံလောက်သလိုဖြစ်နေတဲ့အတွက် တချို့ကတော့ မိုးရာသီကို အမြန်ရောက်ဖို့ ဆုတောင်းနေကြပါတယ်။ ရာသီဥတုပူလာတာနှင့်အမျှ အပူရှိန်နှင့် ပတ်သက်ပြီး ညည်းညူဖို့ အားလုံးကို အခွင့်ပေးလိုက်သလိုပါပဲ။ ဒီလိုရာသီဥတုပူကြောင်း ညည်းညူဖို့ မကျေနပ်ကြောင်းကို အင်္ဂလိပ်လို ပြောဆိုဖို့ "It's (very) hot!" "(အရမ်း) ပူလိုက်တာ" ဆိုတဲ့ ရိုးရှင်းသော အသုံးအနှုန်းအပြင် အခြားအသုံးများကို အပြောင်းအလဲအနေနဲ့ သုံးနိုင်အောင် ဖော်ပြလိုက်ပါတယ်။

၁။ It's nice and warm today. (ဒီနေ့ ရာသီဥတုက သာယာနေတယ်နော်)

"nice" နဲ့ "warm" ကို အကောင်းဘက်က ပြောချင်တဲ့အခါမျိုးမှာ တွဲသုံးပါတယ်။ ပြောတဲ့သူက ပူအိုက်တဲ့ရာသီကို ကြိုက်သူဖြစ်မှာပါ။


၂။ It's pretty hot, isn't it? (ဒီနေ့ တော်တော်ပူတယ်နော်။)

ရာသီဥတု ပူတဲ့အခါ (တော်တော်လေးကို ပူတဲ့အခါ) မှာ သုံးပါတယ်။ ပူတယ်ဆိုတာကို အကောင်းအဆိုးအမြင်မပါပဲ မှတ်ချက်အနေနဲ့ပြောတာပါ။


၃။ We're having a heatwave! (အပူလှိုင်းဖြတ်နေတယ်။)

ရက်အတော်အတန်ကြာအောင် ရာသီဥတုပူနေတဲ့အခါမျိုးမှာသုံးပါတယ်။


၎။ It's so hot! It must be over 80. (အရမ်းပူတာပဲကွာ။ အပူချိန် ၈၀ ဒီဂရီ ('F) ကျော်လောက်တယ်။)

ဒီအသုံးအနှုန်းက နံပါတ် ၂ နဲ့ ဆင်ပါတယ်။ တော်တော်ပူတဲ့ ရာသီဥတုကို ဖော်ပြရာမှာသုံးပါတယ်။ '၈၀' နေရာမှာ လက်ရှိအပူချိန်ပြောင်းသုံးပြီး ပြောဖို့ဖြစ်ပါတယ်။


၅။ It's absolutely boiling! (ရာသီဥတုက တော်တော်ပူပြင်းတာပဲကွာ။) နှင့် ၆။ It's positively tropical today.

ဒီအသုံးအနှုန်း နှစ်ခုကို ရာသီဥတု သာမန်မဟုတ်ပဲ အပူလွန်ကဲနေတဲ့အချိန်၊ နေ့မှာ သုံးနိုင်ပါတယ်။


၇။ It’s going to be another scorcher today. (ဒီနေ့ကတော့ ခြစ်ခြစ်တောက်ပူမဲ့နေ့ပဲဟေ့။)


"hot" (ပူတယ်) ဆိုတဲ့ စကားလုံးအစား သုံးနိုင်တဲ့အသုံးအနှုန်းများကို အဆင့်ဆင့်ကြည့်နိုင်ဖို့ အောက်မှာဖော်ပြထားပါတယ်။


၁။ It’s scorching! or It’s a scorcher! (ခြစ်ခြစ်တောက်ပူနေတယ်။)
၂။ It’s boiling (hot)! (ပူလိုက်တာ ပြုတ်ထားတဲ့အတိုင်းပဲ။)
၃။ It’s sweltering! (ပူလောင် အိုက်စပ်နေတာပဲ။)
၎။ It’s sizzling! (ပူကျွမ်းနေတာပဲ။)
၅။ It’s hot as hell! (ဆိုးဆိုးရွားရွားကို ပူတာပဲ။)
၆။ It’s so hot you could fry an egg on the sidewalk! (ပူလွန်းလို့ ပလက်ဖောင်းပေါ်မှာ ကြက်ဥတောင် တင်ကြော်လို့ရလောက်တယ်။)
၇။ It’s ridiculously hot! (မတော်မတရားကို ပူတာပဲ။)


တစ်စုံတစ်ယောက်က မနက်ဖြန် ရာသီဥတု ဘယ်လိုအခြေအနေရှိလဲလို့ မေးတဲ့အခါမျိုးမှာရော ဘယ်လိုဖြေမလဲ။


၁။ Looks like we’re in for a hot one - they’re predicting record highs this week.


စာကြောင်းရဲ့ ပထမအပိုင်းကတော့ "ငါတို့ ပူအိုက်တဲ့ ရာသီဥတုနဲ့ ကြုံတွေ့ရတော့မယ်" လို့ဆိုလိုတာဖြစ်ပြီး နောက်တစ်ပိုင်းကတော့ မိုးလေဝသခန့်မှန်းချက် (စံချိန်တင်လောက်အောင် အပူချိန်တွေမြင့်တက်လာနိုင်ခြေရှိတယ်) ကို ပြောတာဖြစ်ပါတယ်။


၂။ It sure is a scorcher today.

"Scorcher" ဆိုတာ ခြစ်ခြစ်တောက်ပူတယ်၊ အရမ်းကို ပူတဲ့နေ့လို့ အဓိပ္ပါယ်ရပါတယ်။ မိတ်ဆွေတစ်ယောက်ယောက်နဲ့ ဒီလိုပူပြင်းတဲ့နေမျိုးမှာ စကားစတဲ့ အချိန်မှာ သုံးလို့ရပါတယ်။ အကယ်၍ တစ်ယောက်ယောက်က ဒီလိုလာပြောရင်တော့ “Sure is!” (သို့) “I’ll say!” (သေချာတာပေါ့) လို့ အလိုက်သင့်ပြောဆိုနိုင်ပါတယ်။


၃။ There’s not a cloud in the sky.

ကောင်းကင်ပေါ်မှာ တိမ်တွေမရှိဘဲ နေပူပြီး ပူပြင်းမည့် ရာသီဥတုကို ဖော်ပြခြင်းဖြစ်ပါတယ်။


၎။ We’re having quite a heatwave!


"Heatwave" ဆိုတာကတော့ ရက်ဆက်တိုက် ပူပြင်းနေတာ၊ အပူလှိုင်းကို ဆိုလိုပါတယ်။


ရာသီဥတု ပူပြင်းခြင်းနှင့် ပတ်သက်သော အခြားဝေါဟာရများ

  • dog days - နှစ်တစ်နှစ်တွင် အပူရှိန်အမြင့်ဆုံး ရက်များ
  • the heat - အရမ်း ပူလောင်သော ရာသီဥတု
  • Indian summer - ဆောင်းဦးရာသီမှာ ပူနွေးသော ကာလ
  • severe weather - အလွန်ဆိုးရွားသော ရာသီဥတု (ဤရာသီတွင် ထိခိုက် အန္တရာယ်ဖြစ်တတ်သည်)
  • fierce weather - ပြင်းထန်သော ရာသီဥတု
  • humid - သက်တောင့်သက်သာမရှိလောက်အောင် ပူလောင်ပြီး စိုထိုင်းနေသည် (လေထဲတွင် ရေငွေ့များစွာရှိသောကြောင့်)
  • sultry weather - လေထုမှာ ပူလောင်ပြီး စိုစွတ်နေသည့် ရာသီဥတု

 

Ihbristol.com မှ Hot weather ၊ learnenglishwithdemi.wordpress.com မှ Talking about HOT WEATHER ၊ keepsmilingenglish.com မှ 10 Expressions To Complain About Hot Weather နှင့် macmillandictonary မှ Words used to describe unpleasant weather တို့မှ ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 2175

Reply to This

Replies to This Discussion

thanks

RSS

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service