Dulwich College Yangon ၏ ကျောင်းအသစ်များ မိတ်ဆက်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်တွင် ကျင်းပမည်

Dulwich College International Schools အဖွဲ့၏ အဖွဲ့ဝင်ကျောင်းဖြစ်သော Dulwich College Yangon သည် ရန်ကုန်မြို့ရှိ ၎င်း၏ ကျောင်းအသစ်များကို မိတ်ဆက်ပေးမည့် အခမ်းအနားအား ၂၀၁၆ ဒီဇင်ဘာလ ၁၈ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပမည် ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်မည့် ပညာသင်နှစ်အတွက် အသက် ၂ နှစ်မှ ၁၄ နှစ်အတွင်းရှိ ကလေးများ၏ ကျောင်းဝင်ခွင့်လျှောက်လွှာများကို ယခုအချိန်မှ စတင်၍ ကျောင်းသစ် နှစ်ခုစလုံးမှ လက်ခံလျက်ရှိပါသည်။

နေ့ရက် - ၂၀၁၆ ဒီဇင်ဘာလ ၁၈ ရက် (တနင်္ဂနွေနေ့)
အချိန် - နေ့လည် ၂ နာရီမှ ညနေ ၆ နာရီအထိ
နေရာ - ရန်ကင်းခန်းမ၊ ဆီဒိုးနားဟိုတယ်

တက်ရောက်ရန် စာရင်းပေးရန်http://bit.ly/2hstOng


ဤအခမ်းအနားတွင် ပန်းလှိုင်အိမ်ရာနှင့် ကြယ်စင်မြို့တော်အိမ်ရာ (Star City) တို့တွင် တည်ရှိသော ကျောင်းအသစ်နှစ်ကျောင်းကို အဓိကထား မိတ်ဆက်ပေးမည်ဖြစ်ပြီး Dulwich College International Schools ကျောင်းများရှိ ကျောင်းသားဘ၀ အတွေ့အကြုံများကို တင်ဆက်ပြသမည်ဖြစ်ပါသည်။ Dulwich College International Schools ကျောင်းများမှ မွေးထုတ်လိုက်သည့် ကျောင်းသား၊ကျောင်းသူများသည် ကမ္ဘာတစ်ဝှမ်းရှိ အကောင်းဆုံးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသည့် မှတ်တမ်းများ ရှိပါသည်။


ထိုနေ့တွင် ကလေးသူငယ်များအတွက် ပျော်ရွှင်ဖွယ် ကစားနည်းများနှင့် ဖျော်ဖြေရေး အစီအစဉ်များ၊ ကျောင်းနှစ်ကျောင်းလုံးမှ ကျောင်းအုပ်ကြီးများ၏ ကျောင်းအကြောင်း သိကောင်းစရာများ ရှင်းလင်းတင်ပြခြင်း၊ စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခြင်းနှင့် လက်ဆောင်များပေးအပ်ခြင်း အစရှိသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ပါသည်။ ကျောင်းဆောင်သစ်များတွင် ပါဝင်သော သင်ကြားရေး အထောက်အကူပြု ပစ္စည်းများအကြောင်းကိုလည်း ရှင်းလင်း ပြသသွားမည် ဖြစ်ပြီး ဧည့်သည်များအနေဖြင့် သင်ကြားရေးနှင့် ကျောင်းဝင်ခွင့်ဆိုင်ရာမှ တာဝန်ရှိဝန်ထမ်းများနှင့်လည်း စကားပြောဆို ဆွေးနွေးခွင့် ရရှိမည်ဖြစ်ပါသည်။


၁၂ ဧက ကျယ်ဝန်းသည့် ပန်းလှိုင်ကျောင်းဝင်းသည် လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်အိမ်ရာအနီးတွင် တည်ရှိပါသည်။ ထိုကျောင်းသစ်တွင် သိပ္ပံဓာတ်ခွဲခန်း၊ ကဇာတ်ရုံ၊ မိုးလုံလေလုံအားကစားရုံ၊ သဘာဝအားကစားကွင်းများ၊ ဘောလုံးကွင်းနှင့် ၂၅ မီတာရှိ ရေကူးကန်တို့ ပါဝင်ပါသည်။ ဧက ၂၀ ရှိ ကြယ်စင်မြို့တော်ကျောင်းဝင်းသည် သန်လျင်မြို့နယ်ရှိ ကြယ်စင်မြို့တော်တွင် တည်ရှိပြီး စာသင်ခန်းများနှင့် စာသင်ခန်းပြင်ပ သင်ကြားရေးနေရာများ ပါဝင်သော သီးခြားအဆောက်အဦးများကို နေရာ ငါး နေရာတွင် တည်ဆောက် ထားမည် ဖြစ်ပါသည်။ အဆိုပါကျောင်းတွင် Pre-school မှ Year 8 အထိ (အသက် ၁၃ နှစ်ထိ) ကလေးများကို လက်ခံ သင်ကြားမည်ဖြစ်ပြီး နှစ်စဉ်အတန်းကို တစ်နှစ် တစ်တန်းနှုန်းဖြင့် ထပ်မံ တိုးချဲ့သွားမည်ဖြစ်ရာ နောက်ဆုံးတွင် Year 13 ရောက်သည်အထိ (အသက် ၁၇ နှစ်ထိ) လက်ခံ သင်ကြားသွားမည် ဖြစ်ပါသည်။


ကြယ်စင်မြို့တော်ကျောင်းဝင်းအနေဖြင့် ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုများဖြစ်သည့် ထိုင်ခုံ ၅၀၀ ဆန့် အနုပညာစင်တာ၊ ထိုင်ခုံ ၃၅၀ ဆန့် ကဇာတ်ရုံ၊ သိပံ္ပဓာတ်ခွဲခန်းများ၊ အနုပညာနှင့် ဒီဇိုင်းစတူဒီယိုများ၊ စာကြည့်တိုက်များ၊ မိုးလုံလေလုံအားကစားရုံ၊ အိုလံပစ်အရွယ်အစားရှိသော ရေကူးကန်၊ ရေကူးသင်ကန်များနှင့် အားကစားကွင်းများ ပါဝင်မည် ဖြစ်ပါသည်။

တက်ရောက်လိုပါက http://bit.ly/2hstOng တွင် အွန်လိုင်းမှ စာရင်းပေးနိုင်ပါသည်။


Dulwich College Yangon အကြောင်း


Dulwich College Yangon သည် ခေတ်မီ ဗြိတိသျှ ပုဂ္ဂလိက ပညာရေးကို သင်ကြားသော ကျောင်း တစ်ကျောင်း ဖြစ်ပါသည်။ ပညာရေးတွင် နှစ်ပေါင်း ၄၀၀ ကျော် အတွေ့အကြုံရှိပြီး လန်ဒန်တွင် ဂုဏ်သတင်းကြီးမားသော ဗြိတိသျှ ပုဂ္ဂလိကကျောင်းဖြစ်သည့် Dulwich College နှင့် တိုက်ရိုက် ဆက်သွယ်မှုရှိသော မြန်မာနိုင်ငံမှ ပထမဦးဆုံး ကျောင်းတစ်ကျောင်းဖြစ်ပါသည်။


Dulwich College Yangon သည် ပန်းလှိုင်နှင့် ကြယ်စင်မြို့တော်တို့တွင် ကျောင်းဝင်းများရှိပြီး အသက် ၂ နှစ်မှ ၁၂ နှစ် အရွယ်အထိ ကလေးများ၏ ကျောင်းဝင်ခွင့်လျှောက်လွှာများကို ကျောင်းနှစ်ကျောင်း စလုံးတွင် လက်ခံလျက် ရှိပါသည်။


Dulwich College Yangon သည် အာရှတစ်ခွင်တွင်ရှိသော ရှန်ဟိုင်း၊ ပေကျင်း၊ စူးကျိုး၊ ဆိုးလ် နှင့် စင်္ကာပူတို့မှ Dulwich College ကျောင်း ခြောက်ကျောင်းနှင့်သာမက စူးကျိုးနှင့် ကျူးဟိုင်တို့တွင်ရှိသော Dulwich International High School ကျောင်းနှစ်ကျောင်းနှင့်လည်း ပူးပေါင်း၍ Dulwich College နက်ဝက်ခ်၏ အဖွဲ့ဝင် ဖြစ်လာပါသည်။


Dulwich College International သည် ၎င်း၏သင်ကြားရေးဆိုင်ရာ အောင်မြင်မှုမှတ်တမ်းများ ကောင်းမွန်ခြင်းကြောင့် ဂုဏ်သတင်း ကျော်စောပါသည်။ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်သော IB စာမေးပွဲ၌ အဆိုပါကျောင်းများမှ ကျောင်းသူ၊ကျောင်းသားများ၏ စာမေးပွဲရလဒ်မှာ ပျမ်းမျှ ၃၇ ဒသမ ၂ ပွိုင့် ဖြစ်ပါသည်။ IB စာမေးပွဲတွင် ထိုကျောင်းများအနက်မှ ကောလိပ်နှစ်ခုရှိ ကျောင်းသူ၊ကျောင်းသားများမှာ ပျမ်းမျှ ၃၈ ပွိုင့် ရရှိပြီး ကျောင်းသားခြောက်ယောက်မှာ ၄၅ ပွိုင့်ဖြင့် အမှတ်ပြည့် ရရှိခဲ့ပါသည်။


နှစ်စဉ်နှစ်တိုင်း Dulwich College International ကျောင်းများမှ ကျောင်းပြီးသွားသူများအနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းတက္ကသိုလ်ကြီးများတွင် ကျောင်းဝင်ခွင့်ရရှိခြင်း၊ ယင်းတက္ကသိုလ်ကြီးများမှ ချီးမြှင့်သည့် ပညာသင်ဆုများရရှိခြင်းများ ရှိခဲ့ပါသည်။ အဆိုပါ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများတွင် ယူကေနိုင်ငံရှိ Russell Group တက္ကသိုလ်များ၊ အမေရိကန် နိုင်ငံရှိ Ivy League စာရင်းဝင်တက္ကသိုလ်များ၊ သြစတြေးလျနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်ရှစ်ခု စာရင်းဝင်တက္ကသိုလ်များ၊ ကိုရီးယားရှိ SKY အုပ်စုဝင်တက္ကသိုလ်များနှင့် ကနေဒါရှိ အကောင်းဆုံးတက္ကသိုလ်များ ပါဝင်ပါသည်။


အသေးစိတ်သိရှိလိုပါက Dulwich College Yangon ၏ အောက်ပါကျောင်းများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။


Pun Hlaing Campus
Golf Estate Avenue,
Hlaing Tharyar Township, 11401 Yangon
T +95 (0)1 687701/+95 (0)1 687702


Star City Campus Admissions Office
Units 52-56 and 64-68, Ground Floor, Block A3 Star City
Kyaik Khauk Pagoda Road, Thanlyin Township, 11291 Yangon
T +95 (0) 562 3153 ext 1304

www.dulwich-yangon.com.mm

Views: 104

Reply to This

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service