ယူေကပညာေရးျပပြဲမ်ားကို မတ္လတြင္ မႏၲၲေလးျမိဳ႕ႏွင့္ ရန္ကုန္ျမိဳ႕တို႕တြင္ က်င္းပမည္

<Zawgyi>
ျဗိတိသွ်ေကာင္စီျမန္မာမွ ၾကီးမႉးက်င္းပမည့္ ယူေကပညာေရးျပပြဲမ်ားကို မႏၲေလးျမိဳ႕ႏွင့္ ရန္ကုန္ျမိဳ႕မ်ားတြင္ မတ္လ ၂၃ ရက္ (ၾကာသပေတးေန႕) ႏွင့္ မတ္လ ၂၆ ရက္ (တနဂၤေႏြေန႕) တို႕၌ က်င္းပမည္ျဖစ္ပါသည္။ ပြဲအခ်ိန္ႏွင့္ ေနရာမ်ားကို ေအာက္တြင္ အေသးစိတ္ၾကည့္႐ႈႏိုင္ပါသည္။


မႏၲေလးျမိဳ႕
အခ်ိန္ - ေန႕လည္ ၂ နာရီ မွ ညေန ၆ နာရီ အထိ
ေန႕ရက္ - ၂၀၁၇ မတ္လ ၂၃ ရက္ (ၾကာသပေတးေန႕)
ေနရာ - ဆီဒိုးနားဟိုတယ္ (အမရပူရခန္းမ)


ရန္ကုန္ျမိဳ႕
အခ်ိန္ - နံနက္ ၁၀ နာရီ မွ ညေန ၄ နာရီ အထိ
ေန႕ရက္ - ၂၀၁၇ မတ္လ ၂၆ ရက္ (တနဂၤေႏြေန႕)
ေနရာ - Sule Shangri-La ဟိုတယ္


ႏွစ္စဥ္ ျဗိတိသွ်ေကာင္စီျမန္မာမွ က်င္းပျပဳလုပ္ေသာ ပညာေရးျပပြဲသည္ ႏုိင္ငံျခားတကၠသိုလ္ မ်ား သို႕ တက္ေရာက္ပညာဆည္းပူးရန္ ရည္႐ြယ္ထားေသာ ေက်ာင္းသားမ်ားႏွင့္ ၄င္းတို႕၏ မိဘမ်ားအတြက္ မျဖစ္မေန သြားေရာက္သင့္ေသာ ပြဲတစ္ခုျဖစ္ သည္။ ယခုပညာေရးျပပြဲတြင္ ယူေက မွလာေရာက္သည့္ တကၠသိုလ္ႏွင့္ ေကာလိပ္ ၂ဝ ေက်ာ္မွ ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆံု၍ ေက်ာင္းသားတစ္ဦးခ်င္းစီ၏ ဝါသနာ၊ စိတ္အားထက္သန္မႈႏွင့္ မိမိေနထုိင္မႈဘဝႏွင့္ သင့္ေလ်ာ္သည့္ဘာသာရပ္၊ ေက်ာင္းႏွင့္ ေနရာကိုေရြးခ်ယ္ကာ ဘဝရည္မွန္းခ်က္ပန္းတိုင္မ်ားကို အေကာင္အထည္ ေဖာ္ႏိုင္ရန္ အၾကံဥာဏ္မ်ား ေဆြးေႏြးေတာင္းခံႏိုင္မည္ျဖစ္ပါသည္။

ထို႕အျပင္ ယူေကတကၠသိုလ္မ်ားမွကိုယ္စားလွယ္မ်ားကလည္း ေက်ာင္းေလွ်ာက္ရာႏွင့္ ေက်ာင္းေ႐ြးခ်ယ္ရာတြင္သိသင့္သိထိုက္သည့္ ပညာေရးေဆြးေႏြးပြဲမ်ားကို ျပပြဲအခ်ိန္အတြင္း က်င္းပသြားမည္လည္းျဖစ္ျပီး ယူေကမွခ်ီးျမွင့္ေသာဘြဲ႕မ်ားကိုလည္း ျမန္မာျပည္တြင္ သင္ယူႏိုင္မည့္ အေၾကာင္းအရာမ်ားကိုလည္း ေလ့လာႏိုင္မည္ ျဖစ္သည္။

ယူေကအစိုးရမွ ေပးအပ္ေသာ Chevening ပညာသင္ဆုႏွင့္ ပတ္သက္သည့္ အေၾကာင္းအရာမ်ားကိုလည္း ေဆြးေႏြးေမးျမန္းႏုိင္မည္အစီအစဥ္ႏွင့္ IELTS စာေမးပြဲကိုလည္း ပညာေရးျပပြဲသို႕လာေရာက္ရင္း တပါတည္း စာရင္းသြင္းသြားႏိုင္သည့္ အထူးအစီအစဥ္လည္းပါဝင္ပါသည္။

ယခုပြဲမ်ားမွာ စိတ္ဝင္စားသူမည္သူမဆို လာေရာက္ႏိုင္ျပီး https://mm.edukexhibition.org တြင္ လည္းေကာင္း ျဗိတိသွ်ေကာင္စီ၏ ေဖ့ဘုတ္စ္စာမ်က္ႏွာတြင္ ၾကိဳတင္စာရင္းသြင္း၍ျဖစ္ေစ၊ ပြဲေန႕တြင္စာရင္းမသြင္းပဲလာေရာက္၍ျဖစ္ေစ တက္ေရာက္ႏိုင္ပါသည္။ ယခုပြဲႏွင့္ပတ္သက္၍ စံုစမ္းေမးျမန္းႏိုင္ရန္ ျဗိတိသွ်ေကာင္စီ၊ ပညာေရးဌာန ဖုန္းနံပါတ္ ဝ၁ ၃၇၀၉၃၃ (လိုင္းခြဲ ၃၃၆၃) သို႕ဆက္သြယ္ႏိုင္ပါသည္။

<Unicode>

ဗြိတိသျှကောင်စီမြန်မာမှ ကြီးမှူးကျင်းပမည့် ယူကေပညာရေးပြပွဲများကို မန္တလေးမြို့နှင့် ရန်ကုန်မြို့များတွင် မတ်လ ၂၃ ရက် (ကြာသပတေးနေ့) နှင့် မတ်လ ၂၆ ရက် (တနင်္ဂနွေနေ့) တို့၌ ကျင်းပမည်ဖြစ်ပါသည်။ ပွဲအချိန်နှင့် နေရာများကို အောက်တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။


မန္တလေးမြို့
အချိန် - နေ့လည် ၂ နာရီ မှ ညနေ ၆ နာရီ အထိ
နေ့ရက် - ၂၀၁၇ မတ်လ ၂၃ ရက် (ကြာသပတေးနေ့)
နေရာ - ဆီဒိုးနားဟိုတယ် (အမရပူရခန်းမ)


ရန်ကုန်မြို့
အချိန် - နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိ
နေ့ရက် - ၂၀၁၇ မတ်လ ၂၆ ရက် (တနင်္ဂနွေနေ့)
နေရာ - Sule Shangri-La ဟိုတယ်


နှစ်စဉ် ဗြိတိသျှကောင်စီမြန်မာမှ ကျင်းပပြုလုပ်သော ပညာရေးပြပွဲသည် နိုင်ငံခြားတက္ကသိုလ် များ သို့ တက်ရောက်ပညာဆည်းပူးရန် ရည်ရွယ်ထားသော ကျောင်းသားများနှင့် ၄င်းတို့၏ မိဘများအတွက် မဖြစ်မနေ သွားရောက်သင့်သော ပွဲတစ်ခုဖြစ် သည်။ ယခုပညာရေးပြပွဲတွင် ယူကေ မှလာရောက်သည့် တက္ကသိုလ်နှင့် ကောလိပ် ၂ဝ ကျော်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ကျောင်းသားတစ်ဦးချင်းစီ၏ ဝါသနာ၊ စိတ်အားထက်သန်မှုနှင့် မိမိနေထိုင်မှုဘဝနှင့် သင့်လျော်သည့်ဘာသာရပ်၊ ကျောင်းနှင့် နေရာကိုရွေးချယ်ကာ ဘဝရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည် ဖော်နိုင်ရန် အကြံဉာဏ်များ ဆွေးနွေးတောင်းခံနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် ယူကေတက္ကသိုလ်များမှကိုယ်စားလှယ်များကလည်း ကျောင်းလျှောက်ရာနှင့် ကျောင်းရွေးချယ်ရာတွင်သိသင့်သိထိုက်သည့် ပညာရေးဆွေးနွေးပွဲများကို ပြပွဲအချိန်အတွင်း ကျင်းပသွားမည်လည်းဖြစ်ပြီး ယူကေမှချီးမြှင့်သောဘွဲ့များကိုလည်း မြန်မာပြည်တွင် သင်ယူနိုင်မည့် အကြောင်းအရာများကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။

ယူကေအစိုးရမှ ပေးအပ်သော Chevening ပညာသင်ဆုနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ဆွေးနွေးမေးမြန်းနိုင်မည်အစီအစဉ်နှင့် IELTS စာမေးပွဲကိုလည်း ပညာရေးပြပွဲသို့လာရောက်ရင်း တပါတည်း စာရင်းသွင်းသွားနိုင်သည့် အထူးအစီအစဉ်လည်းပါဝင်ပါသည်။

ယခုပွဲများမှာ စိတ်ဝင်စားသူမည်သူမဆို လာရောက်နိုင်ပြီး https://mm.edukexhibition.org တွင် လည်းကောင်း ဗြိတိသျှကောင်စီ၏ ဖေ့ဘုတ်စ်စာမျက်နှာတွင် ကြိုတင်စာရင်းသွင်း၍ဖြစ်စေ၊ ပွဲနေ့တွင်စာရင်းမသွင်းပဲလာရောက်၍ဖြစ်စေ တက်ရောက်နိုင်ပါသည်။ ယခုပွဲနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းနိုင်ရန် ဗြိတိသျှကောင်စီ၊ ပညာရေးဌာန ဖုန်းနံပါတ် ဝ၁ ၃၇၀၉၃၃ (လိုင်းခွဲ ၃၃၆၃) သို့ဆက်သွယ်နိုင်ပါသည်။

Views: 73

Reply to This

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service