အင်္ဂလိပ်စာအပြောင်းအလဲများ (English Moves Further by Julie Ho)

၁၅ ရာစု အကုန်မှာ အင်္ဂလိပ်ဘာသာစကားက နိုင်ငံသုံးဘာသာဖြစ်လာပါပြီ။ စာလုံးပေါင်းသတ်ပုံတွေ ပိုပြီး တစ်ပြေးညီဖြစ်လာပါတယ်။ သို့သော် ယနေ့သုံးနေတဲ့ အင်္ဂလိပ်စာနဲ့ တူလာတာကတော့ ၁၆ ရာစုကျမှပဲ ဖြစ်ပါတယ်။

၁၅၂၄ ခုနှစ်မှာ William Tyndale လို့ခေါ်တဲ့ အောက်စဖို့ scholar ပညာရှင်တစ်ဦးက ရိုမန်ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းရဲ့ တားမြစ်ချက်ကို ဆန့်ကျင်ပြီး သမ္မာကျမ်းကို အင်္ဂလိပ်ဘာသာနဲ့ ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။ အဲဒီ သမ္မာကျမ်းမှာ ပထမဦးဆုံးဖော်ပြခဲ့တဲ အားကောင်းတဲ့ စကားအသုံးအနှုန်း အတော်များများကို အခုထက်ထိ အသုံးပြုနေတုန်းဖြစ်ပါတယ်။ “the powers that be”, သြဇာအာဏာ ရှိသူများ၊ “the apple of his eye”, ချစ်ခင်နှစ်သက်သောသူ၊ “a man after his own heart”, စိတ်သဘောထားချင်းတိုက်ဆိုင်သူ၊ “the spirit is willing but the flesh is weak”, စိတ်ကတော့ ဆန္ဒရှိပေမယ့် ခန္ဓကိုယ်က မလိုက်နိုင်၊ “broken-hearted”, အသည်းကွဲနေသော၊ “stumbling block”, ရှေ့မတိုးနိုင်အောင် ပိတ်နေသော အတားအဆီး ၊ “eat, drink and be merry”, စားသောက်ပြီး ပျော်ပျော်နေ ဆိုတာမျိုးတွေဖြစ်ပါတယ်။

အဲဒီသမ္မာကျမ်းဟာ အင်္ဂလိပ်စာအရေးအသား အကောင်းဆုံးထဲမှာ ပါဝင်တယ်လို့ ယူဆခြင်း ခံရပါတယ်။ ၁၆၁၁ ခုနှစ်မှာ ထုတ်တဲ့ “အသိအမှတ်ပြု” သမ္မာကျမ်း လို့ခေါ်ကြတဲ့ ဂျိမ်းဘုရင်ရဲ့ သမ္မာကျမ်းအပေါ်မှာ သြဇာလွှမ်းမှုများစွာရှိခဲ့ပါတယ်။

၁၅၈၈ ခုနှစ် နောက်ပိုင်းမှာ အင်္ဂလန်နိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ ကုန်သွယ်မှုတွေ ပိုပြီးတော့ ပြုလုပ်လာပါတယ်။ ကုန်သွယ်ရင်း အင်္ဂလိပ်ဘာသာအတွင်းကို ဝေါဟာရ (၁ဝဝဝဝ) ကနေ (၁၂ဝဝဝ) လောက် ဝင်ရောက်လာပါတယ်။ မလေးဘာသာက “bamboo”, ဝါး ဆိုတဲ့စကားလုံး၊ တမီးလ်ဘာသာက “curry”, ဟင်း ဆိုတဲ့စကားလုံးနဲ့၊ ဟင်ဒီဘာသာက “guru”, ဆရာကြီးဆိုတဲ့ စကားလုံးတွေဘဲ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဆေးပညာကလည်း ဆထက်ထမ်းပိုး တိုးတက်လာပါတယ်။ အင်္ဂလိပ်ဘာသာပေါ်မှာ လက်တင်ဘာသာရဲ့ သြဇာသက်ရောက်မှု ရှိလာပြန်ပါတယ်။ ပညာရှင်တွေက သူတို့ရဲ့ ရှာဖွေ တွေ့ရှိချက်တွေကို အမည်ပေးရာမှာ လက်တင်ဘာသာအမည်တွေ ပေးကြပါတယ်။ “Thermometer”, သာမိုမီတာ၊ “capsule”, ဆေးတောင့်၊ “tonic”, အားဆေး၊ “virus”, ဗိုင်းရပ်စ်ပိုး ဆိုတဲ့ ဝေါဟာရတွေ အဲဒီအချိန်မှာ ပေါ်လာခဲ့တာဖြစ်ပါတယ်။

ကနေ့တိုင်အောင် ဆေးပညာရဲ့ နည်းပညာပိုင်းအတွက် လက်တင်စကားလုံးတွေကို သုံးကြပါတယ်။ “insulin”, အင်ဆူလင်၊ “internet”, အင်တာနက်၊ “audio, အော်ဒီယို၊ “video”, ဗွီဒီယို ဆိုတာတွေ အားလုံး လက်တင်စကားလုံးတွေဖြစ်ပါတယ်။

ရှိတ်စပီးယားကြောင့် ဘာသာစကားပိုင်း တိုးပွားခဲ့ခြင်းများ

ယနေ့ ပြောဆိုနေကြတဲ့ ဝေါဟာရတွေထဲက (၂ဝဝဝ) ကျော်ဟာ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေ ကဗျာတွေမှာ ပထမဦးဆုံး မှတ်တမ်းတင် ဖော်ပြခဲ့တာဖြစ်ပါတယ်။ တစ်ချို့စကားလုံးတွေကတော့ အထွေထွေ သုံးနေကြတဲ့ စကားလုံးတွေဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ရှိတ်စပီးယားက ပထမဦးဆုံး စာပေရေးဖွဲ့ရာမှာ သုံးခဲ့တာ ဖြစ်ပါတယ်။ ရှိတ်စပီးယား တီထွင်ခဲ့တဲ့ စကားလုံးတွေလည်း အများကြီးရှိပါတယ်။ ရှိတ်စပီးယားရဲ့ ဝေါဟာရ အသုံးပြုမှုဟာ (၂၁ဝဝဝ) ကျော်ပါတယ်။ ယနေ့ ပညာတတ်တစ်ယောက်ဟာ (၁ဝဝဝဝ) လောက်ပဲ သုံးတာဖြစ်ပါတယ်။

ယနေ့ အသုံးပြုနေဆဲ စကားအချို့အတွက် ရှိတ်စပီးယားကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ တစ်လက်မတောင်မရွေ့ဘူး “budge an inch”, တစ်လက်မတောင်မရွေ့ဘူး၊ “in one fell swoop”, တစ်ချီတည်းနှင့်အပြတ်၊ “vanish into thin air”, ပျောက်ခြင်းမလှ ပျောက်သွားသည်၊ “mind’s eye”, စိတ်ထဲမှာ မြင်ယောင်ကြည့်ခြင်း၊ “cruel only to be kind”, စေတနာနဲ့ ရက်စက်တာ၊ “more in sorrow than in anger”, ဒေါသထက် ၀မ်းနည်းတာက ပိုတယ်၊ “to be in a pickle”, အကျဉ်းအကျပ်မိနေပြီ၊ “play fast and loose”, လစ်ရင်လစ်သလို ချိုးဖောက်၊ “flesh and blood”, သွေးနဲ့သားနဲ့၊ “tower of strength”, အားကိုးအားထားပြုရသူ၊ “a foregone conclusion”, အဖြေပေါ်ပြီးသား ကိစ္စ၊ “there are more things in heaven and earth”, လူ့ပြည်နှင့် ကောင်းကင်ဘုံမှာ အစုံရှိတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးတွေ ဖြစ်ပါတယ်။

အမေရိကားသို့

ပရိုတက်စတင့် ခရစ်ယာန်ဂိုဏ်းက Pilgrim ဘုရားဖူး ခရစ်ယာန်ဘုန်းကြီးတွေဟာ ဗြိတိန် နိုင်ငံမှာ ဘာသာရေး နှိပ်ကွပ်မှုကနေ လွတ်မြောက်ဖို့ ၁၆၂ဝ ခုနှစ်မှာ အမေရိကတိုက်ကို ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာစကားလည်း အမေရိကတိုက်မှာ အမြစ်တွယ်လာခဲ့ပါတယ်။

အမေရိကတိုက်ကို ရောက်သွားတဲ့ အင်္ဂလိပ်ဘာသာစကားအပေါ် ဇာတိဖြစ်တဲ့ အင်ဒီယန်း ဘာသာစကား တွေရဲ့ သြဇာသက်ရောက်မှုကတော့ အံ့သြစရာကောင်းလောက်အောင် အထူးနည်းပါးခဲ့ပါတယ်။ နေရာအမည်နဲ့ “moose”, “raccoon” and “skunk” စတဲ့ အချို့ တိရစ္ဆာန်အမည်တွေအတွက် အမေရိကန် အင်ဒီယန်း စကားလုံးတွေကို ဆက်သုံးပါတယ်။ စပိန်ဘာသာစကားပြောတဲ့ အခြေချနေထိုင်သူတွေထံက နောက်ထပ်စကားလုံးတွေ အင်္ဂလိပ်ဘာသာစကားထဲကို ဝင်ရောက်လာတာရှိပါတယ်။ “barbecue”, ဘာဘီကျူ၊ “chocolate”, ချောကလက်၊ “plaza”, ပလာဇာ လို စကားလုံးတွေပါ။

အမေရိကန် အင်္ဂလိပ်ဘာသာစကားဟာ တစ်ဖြည်းဖြည်းနဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာတွေ ပေါ်ပေါက်လာ ပါတယ်။ စကားလုံးအဓိပ္ပါယ်တွေ ပြောင်းလဲလာပါတယ်။ “lumber” ဆိုတဲ့ စကားလုံးဟာ တစ်ခါက လန်ဒန်မှာ “အမှိုက်” လို့ အဓိပ္ပာယ် ရခဲ့ပေမယ့် အမေရိကန်မှာတော့ “သစ်သား” လို့ အဓိပ္ပါယ်ရပါတယ်။

အမေရိကန်အင်္ဂလိပ်ဘာသာစကားကို အမေရိကန်တွေက အထူးဂုဏ်ယူကြပါတယ်။ “The American Declaration of Independence”, အမေရိကန် လွတ်လပ်ရေးကြေငြာစာတမ်း (၁၇၇၆ခုနှစ်) ကို အင်္ဂလိပ် ဘာသာစကား အရေးအသားပိုင်းမှာ ပါရဂူမြောက်တဲ့ စာပေလက်ရာလို့ ယူဆကြပါတယ်။ “We hold these truths to be self-evident, that all men are created equal, that they are endowed by their Creator with certain inalienable Rights, that among these are: Life, Liberty and the pursuit of Happiness”. “လူသားအားလုံးကို (ဘုရားသခင်က) ညီတူညီမျှ ဖန်ဆင်းထားကြောင်း၊ လူသားအားလုံးတွင် ဖန်ဆင်းသူဘုရားသခင်က ပေးအပ်ထားသည့် ပယ်ဖျက်၍ မရသော အခွင့်အရေးများ ရှိကြောင်း၊ ယင်း အခွင့်အရေးများတွင် အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်၊ ပျော်ရွှင်မှုရရှိရေး ကြိုးပမ်းဆောင်ရွက်ခွင့် တို့ပါ ဝင်ကြောင်း ဤအမှန်တရားများမှာ သိသာထင်ရှားသည်ဟု ကျွနုပ်တို့ယူဆသည်” ဆိုတဲ့ အရေးအသားတွေ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီအချိန်မှာ ကျွန်စနစ် တည်ရှိနေဆဲမို့ လူသားအားလုံး ညီမျှမှုမရှိပါဘူး။ ဒါပေမယ့် အင်္ဂလိပ်ဘာသာစကားဟာ အာဖရိကတိုက်က ကျွန်တွေနဲ့ ထိတွေ့တဲ့အတွက်ကြောင့် အများကြီး ကြွယ် ဝသွားခဲ့ပါတယ်။ အာဖရိကတိုက်က ရောက်လာသူတွေနဲ့ သူတို့ရဲ့ မျိုးဆက်တွေ ကျေးဇူးကြောင့် “samba”, ဆမ်ဘာအက၊ “nitty gritty”, အသေးစိတ်ကလေးတွေ၊ “badmouth”, မကောင်းပြောတယ်၊ “jazz”, ဂျက်ဇ်တေးဂီတ၊ “rap” ရက်ပ်တေးဂီတ၊ “hip” ခေတ်ဆန်တယ်၊ “chick” မိန်းကလေး ဆိုတဲ့ ခေတ်ဆန်တဲ့စကားလုံးတွေ ရရှိလာခြင်း ဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာစကားဟာ အမေရိကတိုက်ကို ရောက်ရှိလာပြီး နှစ်ပေါင်း ၂ဝဝ အကြာမှာ Noah Webster ဆိုတဲ့ စာလုံးပေါင်းသတ်ပုံကို အထူးစိတ် ဝင်စားသူ ကျောင်းဆရာတစ်ဦးက အင်္ဂလိပ်ဘာသာ စာလုံးပေါင်းသတ်ပုံကို ကြောင်းကျိုးဆီလျော်အောင် လုပ်မယ်ဆိုပြီးတော့ ပြုပြင်ခဲ့ပါတယ်။ ၁၈၂၈ခုနှစ်မှာ သူ့ရဲ့ နာမည်ကြီးထင်ရှားတဲ့ အဘိဓာန်ကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ “colour” နဲ့ “honour” လို စကားလုံးတွေမှာ “u” ဖြုတ်ပြီး စာလုံးပေါင်းခဲ့တာမျိုး၊ “plough” ကို “plow” လို့ပြောင်းလဲခဲ့တာမျိုး၊ “theatre” နဲ့ “centre” ကို “theater” နဲ့ “center”လို့ ရေးတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်အင်္ဂလိပ်စကားဆိုတိုင်း ဗြိတိသျှအင်္ဂလိပ်စကားကို ခေတ်မီအောင် ပြုလုပ်ထားတာ မဟုတ်ပါဘူး။ autumn ဆောင်းကူးရာသီကို အမေရိကန်တွေက “fall” လို့ ပြောပါတယ်။ ရှေးက အင်္ဂလိပ်တွေ သုံးခဲ့တဲ့အတိုင်း သုံးနှုန်းတာ ဖြစ်ပါတယ်။ ဗြိတိန်မှာ “got” လို့ ပြောင်းသုံးနေပေမယ့် အမေရိကန်တွေကတော့ “gotten” လို့ အရင်အတိုင်းပဲ သုံးပါတယ်။ ချော်ဆာ သုံးခဲ့တဲ့ “I guess”, ထင်တာဘဲ ဆိုတဲ့အသုံးကိုလည်း အမေရိကန်တွေက ဆက်ပြီး သုံးနေပါတယ်။

ယခုအခါမှာ ဗြိတိသျှအင်္ဂလိပ်ဘာသာနဲ့ အမေရိကန်အင်္ဂလိပ်ဘာသာတို့မှာ ဝေါဟာရ (၄ဝဝဝ) လောက် အသုံးပြုပုံ မတူဘူးလို့ ခန့်မှန်းကြပါတယ်။ “lift/elevator”, ဓါတ်လှေကား၊ “dustbin/garbage can”, အမှိုက်ပုံး၊ “biscuit/cookie”, ဘီစကွတ်၊ “cot/crib”, ကလေးအိပ်တဲ့ကုတင်၊ “skive/loaf”, လက်ကျောမတင်း၊ “full stop/period”, ပုဒ်မချ လို ဝေါဟာရတွေဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အဘိဓာန်ဆိုရင် စကားလုံးရဲ့နောက်မှာ ကွင်းခတ်ပြီးတော့ (AmE) အမေရိကန်သုံး အင်္ဂလိပ် သို့မဟုတ် (BrE) ဗြိတိသျှသုံး အင်္ဂလိပ် ဖြစ်ကြောင်း ဖော်ပြကြပါတယ်။  

 


(Julie Ho ၏ English Moves Further အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက www.myanmar-network.net/forum/topics/english-moves-further-by မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။


 

Views: 845

Reply to This

Replies to This Discussion

thank u for your mail.please sent to me like this mails.
ကျေးဇူးပါဗျို့..
thanks a lot...
ကောင်းပါတယ်ရှင့်
I like this
I like this
Appreciated. Please keep up your good work.

Appreciated. Please keep up your good work.

 

i got a few knowledge . thank a lot for that . i will try whatever i can
Thanks!
Thanks a lot.
I like a lot!

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service