မိဘ ထံ EXAM RESULT ပြောနည်း ------------ COMEDY------------------

 သယ်ရင်းတို့ ရေ

2009 ဇူလိုင်လ ထုတ် ရယ်စရာ ရသစုံမဂ္ဂဇင်းက ကဗျာလေး တစ်ပုဒ်ကို သဘောကျလို့ ပြန်ရေးပြလိုက်ပါတယ် ။       သူ့ အောင်စာရင်း ကျ တာကို သူများတွေ အကြောင်းနဲ့ အတူ ဟာသနှောပြောထားတဲ့ ပုံလေးကို သဘောကျလို့ ပါ  .................ဖတ်ကြည့်ကြပါနော်  ......



                     သို့  .......... မေမေ


သို့ ......မေမေ
ရွာထိပ်က ဖိုးမောင်ကျတယ်
မုဆိုးမဒေါ်ပြားကြီးရဲ့ သား ချက်ကြီးလည်း မအောင်ဘူး
မြို့ ဘော်ဒါ ဆောင်သွားတက်တဲ့ 
သူကြီးသမီး ၇ှုမငြီး ဆို ငိုနေရှာတယ်။

ဟိုလေ
တစ်ရွာလုံးက ထင်ကြေးပေး ဆရာဝန်လောင်းဖြစ်မယ့်
ကောင်လေး မောင်အေးလေ
အခုထိအောင်စာရင်းဘလက်ဘုတ်မှာ
ပါဝါမျက်မှန်ကြီးထုတ်လို့ 
သူ့ခုံနံပါတ် ၇ှာနေတုန်းပဲ မေမေရဲ့ ။

ပြီးတော့ ၇ှိသေးတယ်
သားနဲ့ ခွေလှိမ့် ဘက် တင်မောင်သိန်းထက်
သားနဲ့ ၇ည်းစားလုဘက် တင်အောင်ဟိန်းသက်
ဒီနှစ်ကောင်လည်း ကျ၇ှာကြတယ်။

မေမေရေ
သူတို့ အတွက် စိတ်မကောင်းမဖြစ်နဲ့ နော်
သူတို့ မှ စာမကြိုးစားတာ
ကျတာတောင် နည်းသေးတယ်။

သြော် ဒါနဲ့ မေမေရေ
သားကို ဘာဆုချမှာလည်းနော်
အခုကတည်းက ကြိုစဉ်းစားထားနော်
မေမေ ၇ဲ့ သားလေ သိတယ် မို့ လား
လာမယ့် နှစ်မှာ အပြတ်ကြိုးစားပြမယ်။



                                                                                            သျှောင်ကေရှင် -- မုံ၇ွာ




Views: 141

Reply to This

Replies to This Discussion

အဲဒီကလေးကအောင်စာရင်းမှာနာမည်မပါပေမဲ့ ဥာဏ်တော့တော်တော်ပြေးသားနော်.. :-P ဒီ ပို့ စ်လေးတင်ပေးတဲ့သူငယ်ချင်းကိုကျေးဇူးပါ...
ဖတ်လို့ကောင်းလိုက်တာ...
နောင်လဲရေးပေးဦးနော်..သူငယ်ချင်း
ကျေးဇူး။။။။။

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service