စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁)

[Zawgyi]

စာေမးပဲြမတိုင္မီ (Before the exam)

စာေမးပဲြတစ္ခုေျဖဆိုရန္အတြက္ ေကာင္းေကာင္းျပင္ဆင္ႏိုင္ရန္ လုပ္ႏိုင္တဲ့အရာေတြ မ်ားစြာရွိပါ တယ္။ မ်ားမ်ားျပင္ဆင္ေလ စာေမးပဲြေေျဖေနစဥ္အတြင္း စိတ္ေရာကိုယ္ပါ သက္ေသာင့္သက္သာရွိမွာ ျဖစ္ပါတယ္။ အခုေျပာျပမဲ့ အႀကံျပဳခ်က္ေလးေတြကို လိုက္နာၾကည့္လိုက္ပါ။ ၿပီးေတာ့ သင့္မွာ ေနာက္ထပ္ အႀကံေကာင္းေလးေတြရွိရင္လည္း မွ်ေ၀ေပးေစလိုပါတယ္။

မွတ္စုမ်ား (Notes)

  • သင့္ရဲ႕ မွတ္စုေတြကို ေသေသသပ္သပ္နဲ႔ ျပည့္စံုေအာင္ထားပါ။ အတန္းတစ္တန္းလြတ္သြားပါက လြတ္သြားတဲ့စာေတြကို သူငယ္ခ်င္းထံမွ မွတ္စုမ်ားကို ငွားပါ။ (သို႔မဟုတ္) ဆရာကို ေမးပါ။
  • မွတ္စုေတြကို က႑အလိုက္ခဲြၿပီး စီစဥ္ထားပါ။ ဥပမာ ေ၀ါဟာရ၊ သဒၵါ၊ အသံထြက္၊ အေျပာ၊ အဖတ္၊ အၾကား၊ အေရး စသျဖင့္ ခဲြျခားထားပါ။ ဒီလိုလုပ္ထားတဲ့အတြက္ စာေမးပဲြအတြက္ ျပန္လွန္ေလ့က်င့္လိုတဲ့ အေၾကာင္း အရာကို အလြယ္တကူ ရွာေဖြႏိုင္မွာျဖစ္ပါတယ္။
  • မွတ္စုေတြကို စာေမးပဲြမေျဖမီတစ္ရက္အလိုက်မွသာ ဖတ္တာမ်ိဳး မလုပ္သင့္ပါ။ ေန႔စဥ္ မွန္မွန္ ၾကည့္လာပါ။
  • သင္ မွတ္ယူရမဲ့ အေရးႀကီးတဲ့ အခ်က္အလက္ေတြကို အလြယ္တကူ ျမင္ႏိုင္ရန္အတြက္ အေရာင္မတူေသာ ေဘာပင္ေတြ ေရာင္စံုမင္တံ (highlighter)ေတြကို အသံုးျပဳပါ။
  • မွတ္စုေတြကို အက်ဥ္းခ်ဳပ္ပါ။ ျဖစ္ႏိုင္ရင္ အဲဒီအတိုခ်ဳပ္ေတြကို မိမိနဲ႔တစ္ပါတည္း ယူသြားႏိုင္တဲ့ ကတ္ျပားေသးေသးေလးေတြမွာ ေရးၿပီး ဘတ္(စ္)ကား စီးတဲ့အခါ (သို႔မဟုတ္) အားတဲ့အခါတိုင္းမွာ ထုတ္ဖတ္ပါ။
  • ပံုၾကမ္း - ကားခ်ပ္မ်ားေရးဆဲြပါ။
  • မွတ္စုထဲက အေၾကာင္းအရာတစ္ခုခုကို နားမလည္ပါက အတန္းေဖာ္ (သို႔)ဆရာကို ရွင္းခိုင္းပါ။


အခ်ိန္ (Time)

  • ေက်ာင္းသားအမ်ားစုဟာ တစ္ခုႏွင့္တစ္ခု အခ်ိန္နီးနီးကပ္ကပ္ေျဖဆိုရတဲ့ စာေမးပဲြေတြရွိတတ္ၾကပါ တယ္။ ျပန္လွန္ေလ့က်င့္ဖို႔ အခ်ိန္ကို စီစဥ္ၿပီး ျပန္လွန္ေလ့က်င့္ရန္ အခ်ိန္ဇယားေရးဆဲြျခင္းသည္လည္း အေထာက္ အကူျဖစ္ေစပါတယ္။
  • ျပန္လွန္ေလ့က်င့္ရန္ အခ်ိန္ဇယားဆိုတာ ဘာလဲ၊ တစ္ဘာသာခ်င္း ျပန္ေလ့လာဖို႔ အခ်ိန္ဘယ္ေလာက္ရွိလဲ တြက္ခ်က္ၿပီး သင္ ေလ့က်င့္ရမဲ့ ဘာသာရပ္ ေတြနဲ႔ ရရွိတဲ့အခ်ိန္တို႔ကို ဇယားဆဲြပါ။ အရာရာကို အခ်ိန္လံုလံုေလာက္ေလာက္နဲ႔ ေဆာင္ရြက္ႏိုင္ို႔ဆိုရင္ ထိုဇယားအတိုင္း လိုက္နာေဆာင္ရြက္ႏိုင္ေအာင္ ႀကိဳးစားပါ။
  • ေနာက္ဆံုးအခ်ိန္က်မွ ျပန္လွန္ေလ့က်င့္ျခင္းကို ေရွာင္က်ဥ္ပါ။ စာေမးပဲြတစ္ခုအတြက္ ျပန္လွန္ ေလ့က်င့္ျခင္းကို တစ္ႀကိမ္မက ျပဳလုပ္ျခင္းက ေကာင္းစြာ က်က္မွတ္ႏိုင္ေအာင္ အေထာက္အပံ့ေပးပါလိမ့္မည္။ အေၾကာင္းအရာေတြကို တစ္ႀကိမ္မက ေလ့လာျခင္းသည္ သင့္ရဲ႕ ၾကာရွည္စြာ မွတ္မိႏိုင္စြမ္းကို အားေပးတဲ့ အတြက္ သင့္မွတ္စုမ်ားကို မွန္မွန္ေလ့လာပါ။
  • စာက်က္မွတ္ေနစဥ္အတြင္းမွာ အခ်ိန္မွန္မွန္ အနားယူဖို႔လည္း မေမ့ပါႏွင့္။ တစ္နာရီစာက်က္မွတ္ ၿပီးတိုင္း ၁၅ မိနစ္အနားယူပါ။ ဒီလိုလုပ္ေပးျခင္းက သင္စာက်က္မွတ္တဲ့အခါ အာ႐ံုစူးစိုက္ႏိုင္ျခင္းကို အေထာက္အကူျပဳပါတယ္။


ဖုန္းေျပာျခင္းႏွင့္အျခားေသာ ေႏွာက္ယွက္မႈမ်ား (Phones and other distractions)

  • သင္နဲ႔သင့္သူငယ္ခ်င္းဟာ (၅)မိနစ္တစ္ႀကိမ္စာ (message)ေတြ ပို႔ေနၾကမယ္ဆိုရင္ စာေလ့လာရာ တြင္ အာ႐ံုစူးစိုက္ဖို႔ ခက္ခဲပါလိမ့္မည္။ ဒါေၾကာင့္မို႔လို႔ သင့္ဖုန္းႏွင့္သင္ ႏွစ္သက္ေသာ website ေတြကို ပိတ္ထားပါ။ သင္ အနားယူတဲ့အခ်ိန္မွာ သူငယ္ခ်င္းဆီကို စာပို႔ႏိုင္ပါတယ္။


ေတးဂီတ (Music)

  • လူတခ်ိဳ႕ဟာ စာက်က္မွတ္ေနတဲ့အခါ သီခ်င္းနားေထာင္ရတာကို ႏွစ္သက္ၾကပါတယ္။ ဒီလို နားေထာင္ျခင္းက အာ႐ံုစူးစိုက္ႏိုင္မႈကို အေထာက္အကူျဖစ္ေစပါတယ္။ ဒါေပမဲ့ သီခ်င္းသံဟာ အာ႐ံုစူးစိုက္မႈကို ေႏွာက္ယွက္တာဆိုရင္ေတာ့ ၄င္းကို ပိတ္ထားပါ။ ဒါမွမဟုတ္ စာသားမပါတဲ့ ေတးဂီတသံသက္သက္ကိုပဲ နားေထာင္ပါ။ အနားယူတဲ့အခ်ိန္ေတြမွာေတာ့ သင္ႏွစ္သက္တဲ့ ေတးဂီတကိုနားေထာင္ပါ။
  • သီခ်င္းနားေထာင္ရင္းနဲ႔က်က္မွတ္တာနဲ႔ သီခ်င္းနားမေထာင္ဘဲ က်က္မွတ္တာ သင့္အတြက္ ဘယ္နည္းက ပိုအဆင္ေျပလဲလို႔ သိရေအာင္ (၂)နည္းစလံုးကို စမ္းၾကည့္ပါ။ တခ်ိဳ႕ေသာ ဂီတသံဟာ သင့္ရဲ႕ က်က္မွတ္ႏိုင္စြမ္းကို အေထာက္အပံ့ျဖစ္ေစတာကို သင္ သိျမင္လာပါလိမ့္မယ္။


ဦးေဏွာက္အတြက္ အစာအဟာရ (Brain food)

  • စာေမးပဲြအတြက္ စာက်က္ေနတဲ့ အေတာအတြင္း သင့္ေတာ္တဲ့ အစားအေသာက္ကို စားျခင္းကလည္း အေရးႀကီးပါတယ္။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ စားေသာက္ျခင္းသည္ သင့္ကို မ်ားျပားေသာ စြမ္းအင္ကို ေပးႏိုင္ပါတယ္။ သၾကားလံုး၊ ေခ်ာကလက္ အစရွိတဲ့ ခ်ိဳတဲ့ အစားအစာေတြက တာရွည္မခံတဲ့ စြမ္းအင္ကိုပဲ ေပးတယ္။ ဒါေၾကာင့္ တာရွည္ခံတဲ့ စြမ္းအင္ကိုေပးတဲ့ အစားအစာေတြကို စားေသာက္ျခင္းက ပိုမို ေကာင္းမြန္ပါတယ္။ ေအာက္မွာ အႀကံျပဳလိုက္တဲ့ ဦးေဏွာက္ကို အက်ိဳးျပဳမဲ့ အစားအစာမ်ားကို ေလ့လာၿပီး စာေမးပဲြအတြင္း သင္စားတဲ့ အစားအေသာက္ေတြ ထဲမွာ ၄င္းတို႔ပါႏိုင္ဖို႔ ႀကိဳးစားပါ။
  • ဦးေဏွာက္ကို အဟာရျဖစ္ေစေသာ အစားအေသာက္မ်ားမွာ ေပါင္မုန္႔ညိဳ(brown bread)၊ အီတလီေခါက္ဆဲြေျခာက္ (pasta)၊ ထမင္း(rice)၊ ပဲအမ်ိဳးမ်ိဳး (beans)၊ ကုလားပဲ(chickpeas)၊ ပဲနီကေလး(lentils)၊ ငါးေသတၱာငါး(sardines)၊ ဆာမြန္ငါး(salmon)၊ ငါးမည္းလံုး(tuna)အစရွိေသာ အဆီပါသည့္ ငါးအမ်ိဳးမ်ိဳး၊ ပုစြန္-ဂဏန္း ခံုးေကာင္ စတဲ့ အခံြမာရွိေသာ ေရသတၱ၀ါမ်ား(shell fish)၊ အမဲသား၊ ဆိတ္သားအစရွိေသာ အသားမ်ား(red meat)၊ ၾကက္သား(chicken)၊ ဒိန္ခဲ(cheese)၊ ဥအမ်ိဳးမ်ိဳး(eggs) လတ္ဆတ္ေသာ အသီးအရြက္ (fresh fruit and vegetables)၊ အသုပ္မ်ား(salads)တို႔ ျဖစ္ပါတယ္။
  • စာက်က္မွတ္ေနစဥ္အတြင္း တစ္ေန႔ကို ပံုမွန္ ထမင္း (၃)နပ္စားျခင္းအျပင္ က်န္းမာေရးႏွင့္ ညီညြတ္ေသာ မုန္႔ပဲသေရစာ(healthy snacks)တို႔ကို မွန္မွန္စားျခင္းသည္ သင့္ရဲ႕ စြမ္းအင္ေတြကို ျမင့္မား ေစပါတယ္။


ေရ (water)

  • သင့္ဦးေဏွာက္သည္ ေရဓာတ္ရဖို႕ လိုပါတယ္။ဒါေၾကာင့္ ေရမ်ားမ်ားေသာက္ရပါမယ္။ ေရကို လံုလံုေလာက္ေလာက္ မေသာက္ပါက ေမာပန္းျခင္း၊ ေခါင္းကိုက္ျခင္းတို႔ကို ခံစားႏိုင္ပါတယ္။
  • ဒါေပမဲ့လည္း ကဖိိန္း(caffeine)ဓာတ္မ်ားပါ၀င္ေသာ ကိုလာ(cola)၊ လက္ဖက္ရည္(tea) (သို႔) ေကာ္ဖ္ီ(coffee)တို႔ကို အမ်ားႀကီး ေသာက္ျခင္းကိုေတာ့ ေရွာင္က်ဥ္ပါ။ ၄င္းတို႔ကို မ်ားစြာေသာက္ပါက ညက် ေကာင္းေကာင္း အိပ္ေပ်ာ္ဖ္ို႔ရာ ခက္ပါတယ္။
  • အဲဒါအစား သစ္သီးေဖ်ာ္ရည္နဲ႔ ေဆးဖက္၀င္အပင္တို႔ျဖင့္ ျပဳလုပ္ထားေသာ လက္ဖက္ရည္ (fruit juices and herbal teas) တို႔ကို မ်ားမ်ားေသာက္ေပးသင့္ပါတယ္။


ေလ့က်င့္ခန္း (Exercise)

  • စာေမးပဲြအတြက္ စာေလ့လာက်က္မွတ္ေနစဥ္အတြင္း ကိုယ္ကာယေလ့က်င့္ခန္းမ်ားမ်ားလုပ္ပါ။ ေလ့က်င့္ခန္းသည္ သင့္ခႏၶာကိုယ္ထဲရွိ ေအာက္စီဂ်င္လည္ပတ္မႈကို အားေပးပါတယ္။ သင့္ဦးေဏွာက္ကလည္း အလုပ္ေကာင္းေကာင္းလုပ္ႏိုင္ဖို႕ ေအာက္စီဂ်င္မ်ားမ်ားလိုပါတယ္။ အျပင္ထြက္လမ္းေလွ်ာက္ၿပီး ေလေကာင္း ေလသန္႔မ်ားမ်ား႐ွဴပါ။ ေရသြားကူးပါ။ သူငယ္ခ်င္း မ်ားနဲ႔ ေဘာလံုးကန္ပါ။


မ်က္ေစ့မ်ားကို ဂ႐ုစိုက္ပါ (Look after your eyes)

  • စာက်က္ျခင္းလုပ္ငန္းကို တိတ္ဆိတ္ၿငိမ္သက္ၿပီး အလင္းေရာင္မ်ားမ်ားရတဲ့ အခန္းထဲမွာ ေဆာင္ရြက္ ပါ။ သင့္အေနျဖင့္ ညေနပိုင္းမွာ စာက်က္ရတာကို ပိုအားသန္ပါက သင့္မ်က္ေစ့မ်ား မေညာင္းရေလေအာင္ မီးအိမ္ေကာင္းေကာင္းတစ္လံုး ေဆာင္ထားဖို႔ မေမ့ပါႏွင့္။
  • မ်က္ေစ့ေလ့က်င့္ခန္းမ်ားျပဳလုပ္ပါ။ မ်က္ေစ့ျဖင့္ အနီးရွိ အရာ၀တၳဳတစ္ခုခုကို ၾကည့္လိုက္ပါ။ ၿပီးလွ်င္ မ်က္ေတာင္ကို  ၃-၄ႀကိမ္ေလာက္ ခတ္လိုက္ပါ။ ခတ္ၿပီးရင္ အေ၀းမွာရွိတဲ့ ပစၥည္းတစ္ခုခုကို တစ္လွည့္ ၾကည့္ပါ။ မ်က္ေတာင္ျပန္ခတ္ပါ။ ဒီေလ့က်င့္ခန္းကို ၄-၅ ႀကိမ္ေလာက္ျပဳလုပ္ပါ။


သူငယ္ခ်င္းျဖင့္ စာကို ျပန္လွန္ေလ့က်င့္ျခင္း (Revise with a friend)

  • သင္က်က္မွတ္ၿပီးသားစာေတြကို သူငယ္ခ်င္းတစ္ေယာက္ေယာက္ႏွင့္ ေျပာဆိုေဆြးေႏြးျခင္းသည္ က်က္ၿပီးသားအေၾကာင္း အရာေတြကို ပိုမွတ္မိေစပါတယ္။
  • အခ်င္းခ်င္း စစ္ေဆးေပးႏိုင္သလို တစ္ေယာက္နား မလည္တဲ့အေၾကာင္းအရာကို က်န္တစ္ေယာက္က ရွင္းျပႏိုင္ပါတယ္။ သူငယ္ခ်င္းတစ္ေယာက္ေယာက္နဲ႔ စာကို ျပန္လွန္ေလ့က်င့္ ရတာဟာ ပို၍ ေပ်ာ္ဖို႔ေကာင္းပါတယ္။

Read more:

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၂)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၃)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၄)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၅)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၆)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၇)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၈)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၉)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁၀)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁၁)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁၂)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁၃)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁၄)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁၅)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁၆)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁၇)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁၈)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၁၉)

စာေမးပဲြဆိုင္ရာအႀကံျပဳခ်က္မ်ား (အပိုင္း ၂၀)

အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - http://www.myanmar-network.net/page/index-of-articles-and-english-lessons

[Unicode]

စာမေးပွဲမတိုင်မီ (Before the exam)

စာမေးပွဲတစ်ခုဖြေဆိုရန်အတွက် ကောင်းကောင်းပြင်ဆင်နိုင်ရန် လုပ်နိုင်တဲ့အရာတွေ များစွာရှိပါ တယ်။ များများပြင်ဆင်လေ စာမေးပွဲေဖြေနေစဉ်အတွင်း စိတ်ရောကိုယ်ပါ သက်သောင့်သက်သာရှိမှာ ဖြစ်ပါတယ်။ အခုပြောပြမဲ့ အကြံပြုချက်လေးတွေကို လိုက်နာကြည့်လိုက်ပါ။ ပြီးတော့ သင့်မှာ နောက်ထပ် အကြံကောင်းလေးတွေရှိရင်လည်း မျှဝေပေးစေလိုပါတယ်။

မှတ်စုများ (Notes)
သင့်ရဲ့ မှတ်စုတွေကို သေသေသပ်သပ်နဲ့ ပြည့်စုံအောင်ထားပါ။ အတန်းတစ်တန်းလွတ်သွားပါက လွတ်သွားတဲ့စာတွေကို သူငယ်ချင်းထံမှ မှတ်စုများကို ငှားပါ။ (သို့မဟုတ်) ဆရာကို မေးပါ။
မှတ်စုတွေကို ကဏ္ဍအလိုက်ခွဲပြီး စီစဉ်ထားပါ။ ဥပမာ ဝေါဟာရ၊ သဒ္ဒါ၊ အသံထွက်၊ အပြော၊ အဖတ်၊ အကြား၊ အရေး စသဖြင့် ခွဲခြားထားပါ။ ဒီလိုလုပ်ထားတဲ့အတွက် စာမေးပွဲအတွက် ပြန်လှန်လေ့ကျင့်လိုတဲ့ အကြောင်း အရာကို အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။
မှတ်စုတွေကို စာမေးပွဲမဖြေမီတစ်ရက်အလိုကျမှသာ ဖတ်တာမျိုး မလုပ်သင့်ပါ။ နေ့စဉ် မှန်မှန် ကြည့်လာပါ။
သင် မှတ်ယူရမဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို အလွယ်တကူ မြင်နိုင်ရန်အတွက် အရောင်မတူသော ဘောပင်တွေ ရောင်စုံမင်တံ (highlighter)တွေကို အသုံးပြုပါ။
မှတ်စုတွေကို အကျဉ်းချုပ်ပါ။ ဖြစ်နိုင်ရင် အဲဒီအတိုချုပ်တွေကို မိမိနဲ့တစ်ပါတည်း ယူသွားနိုင်တဲ့ ကတ်ပြားသေးသေးလေးတွေမှာ ရေးပြီး ဘတ်(စ်)ကား စီးတဲ့အခါ (သို့မဟုတ်) အားတဲ့အခါတိုင်းမှာ ထုတ်ဖတ်ပါ။
ပုံကြမ်း - ကားချပ်များရေးဆွဲပါ။
မှတ်စုထဲက အကြောင်းအရာတစ်ခုခုကို နားမလည်ပါက အတန်းဖော် (သို့)ဆရာကို ရှင်းခိုင်းပါ။

အချိန် (Time)
ကျောင်းသားအများစုဟာ တစ်ခုနှင့်တစ်ခု အချိန်နီးနီးကပ်ကပ်ဖြေဆိုရတဲ့ စာမေးပွဲတွေရှိတတ်ကြပါ တယ်။ ပြန်လှန်လေ့ကျင့်ဖို့ အချိန်ကို စီစဉ်ပြီး ပြန်လှန်လေ့ကျင့်ရန် အချိန်ဇယားရေးဆွဲခြင်းသည်လည်း အထောက် အကူဖြစ်စေပါတယ်။
ပြန်လှန်လေ့ကျင့်ရန် အချိန်ဇယားဆိုတာ ဘာလဲ၊ တစ်ဘာသာချင်း ပြန်လေ့လာဖို့ အချိန်ဘယ်လောက်ရှိလဲ တွက်ချက်ပြီး သင် လေ့ကျင့်ရမဲ့ ဘာသာရပ် တွေနဲ့ ရရှိတဲ့အချိန်တို့ကို ဇယားဆွဲပါ။ အရာရာကို အချိန်လုံလုံလောက်လောက်နဲ့ ဆောင်ရွက်နိုငို့ဆိုရင် ထိုဇယားအတိုင်း လိုက်နာဆောင်ရွက်နိုင်အောင် ကြိုးစားပါ။
နောက်ဆုံးအချိန်ကျမှ ပြန်လှန်လေ့ကျင့်ခြင်းကို ရှောင်ကျဉ်ပါ။ စာမေးပွဲတစ်ခုအတွက် ပြန်လှန် လေ့ကျင့်ခြင်းကို တစ်ကြိမ်မက ပြုလုပ်ခြင်းက ကောင်းစွာ ကျက်မှတ်နိုင်အောင် အထောက်အပံ့ပေးပါလိမ့်မည်။ အကြောင်းအရာတွေကို တစ်ကြိမ်မက လေ့လာခြင်းသည် သင့်ရဲ့ ကြာရှည်စွာ မှတ်မိနိုင်စွမ်းကို အားပေးတဲ့ အတွက် သင့်မှတ်စုများကို မှန်မှန်လေ့လာပါ။
စာကျက်မှတ်နေစဉ်အတွင်းမှာ အချိန်မှန်မှန် အနားယူဖို့လည်း မမေ့ပါနှင့်။ တစ်နာရီစာကျက်မှတ် ပြီးတိုင်း ၁၅ မိနစ်အနားယူပါ။ ဒီလိုလုပ်ပေးခြင်းက သင်စာကျက်မှတ်တဲ့အခါ အာရုံစူးစိုက်နိုင်ခြင်းကို အထောက်အကူပြုပါတယ်။

ဖုန်းပြောခြင်းနှင့်အခြားသော နှောက်ယှက်မှုများ (Phones and other distractions)
သင်နဲ့သင့်သူငယ်ချင်းဟာ (၅)မိနစ်တစ်ကြိမ်စာ (message)တွေ ပို့နေကြမယ်ဆိုရင် စာလေ့လာရာ တွင် အာရုံစူးစိုက်ဖို့ ခက်ခဲပါလိမ့်မည်။ ဒါကြောင့်မို့လို့ သင့်ဖုန်းနှင့်သင် နှစ်သက်သော website တွေကို ပိတ်ထားပါ။ သင် အနားယူတဲ့အချိန်မှာ သူငယ်ချင်းဆီကို စာပို့နိုင်ပါတယ်။

တေးဂီတ (Music)
လူတချို့ဟာ စာကျက်မှတ်နေတဲ့အခါ သီချင်းနားထောင်ရတာကို နှစ်သက်ကြပါတယ်။ ဒီလို နားထောင်ခြင်းက အာရုံစူးစိုက်နိုင်မှုကို အထောက်အကူဖြစ်စေပါတယ်။ ဒါပေမဲ့ သီချင်းသံဟာ အာရုံစူးစိုက်မှုကို နှောက်ယှက်တာဆိုရင်တော့ ၎င်းကို ပိတ်ထားပါ။ ဒါမှမဟုတ် စာသားမပါတဲ့ တေးဂီတသံသက်သက်ကိုပဲ နားထောင်ပါ။ အနားယူတဲ့အချိန်တွေမှာတော့ သင်နှစ်သက်တဲ့ တေးဂီတကိုနားထောင်ပါ။
သီချင်းနားထောင်ရင်းနဲ့ကျက်မှတ်တာနဲ့ သီချင်းနားမထောင်ဘဲ ကျက်မှတ်တာ သင့်အတွက် ဘယ်နည်းက ပိုအဆင်ပြေလဲလို့ သိရအောင် (၂)နည်းစလုံးကို စမ်းကြည့်ပါ။ တချို့သော ဂီတသံဟာ သင့်ရဲ့ ကျက်မှတ်နိုင်စွမ်းကို အထောက်အပံ့ဖြစ်စေတာကို သင် သိမြင်လာပါလိမ့်မယ်။

ဦးဏှောက်အတွက် အစာအဟာရ (Brain food)
စာမေးပွဲအတွက် စာကျက်နေတဲ့ အတောအတွင်း သင့်တော်တဲ့ အစားအသောက်ကို စားခြင်းကလည်း အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ခြင်းသည် သင့်ကို များပြားသော စွမ်းအင်ကို ပေးနိုင်ပါတယ်။ သကြားလုံး၊ ချောကလက် အစရှိတဲ့ ချိုတဲ့ အစားအစာတွေက တာရှည်မခံတဲ့ စွမ်းအင်ကိုပဲ ပေးတယ်။ ဒါကြောင့် တာရှည်ခံတဲ့ စွမ်းအင်ကိုပေးတဲ့ အစားအစာတွေကို စားသောက်ခြင်းက ပိုမို ကောင်းမွန်ပါတယ်။ အောက်မှာ အကြံပြုလိုက်တဲ့ ဦးဏှောက်ကို အကျိုးပြုမဲ့ အစားအစာများကို လေ့လာပြီး စာမေးပွဲအတွင်း သင်စားတဲ့ အစားအသောက်တွေ ထဲမှာ ၎င်းတို့ပါနိုင်ဖို့ ကြိုးစားပါ။
ဦးဏှောက်ကို အဟာရဖြစ်စေသော အစားအသောက်များမှာ ပေါင်မုန့်ညို(brown bread)၊ အီတလီခေါက်ဆွဲခြောက် (pasta)၊ ထမင်း(rice)၊ ပဲအမျိုးမျိုး (beans)၊ ကုလားပဲ(chickpeas)၊ ပဲနီကလေး(lentils)၊ ငါးသေတ္တာငါး(sardines)၊ ဆာမွန်ငါး(salmon)၊ ငါးမည်းလုံး(tuna)အစရှိသော အဆီပါသည့် ငါးအမျိုးမျိုး၊ ပုစွန်-ဂဏန်း ခုံးကောင် စတဲ့ အခွံမာရှိသော ရေသတ္တဝါများ(shell fish)၊ အမဲသား၊ ဆိတ်သားအစရှိသော အသားများ(red meat)၊ ကြက်သား(chicken)၊ ဒိန်ခဲ(cheese)၊ ဥအမျိုးမျိုး(eggs) လတ်ဆတ်သော အသီးအရွက် (fresh fruit and vegetables)၊ အသုပ်များ(salads)တို့ ဖြစ်ပါတယ်။
စာကျက်မှတ်နေစဉ်အတွင်း တစ်နေ့ကို ပုံမှန် ထမင်း (၃)နပ်စားခြင်းအပြင် ကျန်းမာရေးနှင့် ညီညွတ်သော မုန့်ပဲသရေစာ(healthy snacks)တို့ကို မှန်မှန်စားခြင်းသည် သင့်ရဲ့ စွမ်းအင်တွေကို မြင့်မား စေပါတယ်။

ရေ (water)
သင့်ဦးဏှောက်သည် ရေဓာတ်ရဖို့ လိုပါတယ်။ဒါကြောင့် ရေများများသောက်ရပါမယ်။ ရေကို လုံလုံလောက်လောက် မသောက်ပါက မောပန်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ခံစားနိုင်ပါတယ်။
ဒါပေမဲ့လည်း ကဖိန်း(caffeine)ဓာတ်များပါဝင်သော ကိုလာ(cola)၊ လက်ဖက်ရည်(tea) (သို့) ကော်ဖ်ီ(coffee)တို့ကို အများကြီး သောက်ခြင်းကိုတော့ ရှောင်ကျဉ်ပါ။ ၎င်းတို့ကို များစွာသောက်ပါက ညကျ ကောင်းကောင်း အိပ်ပျော်ဖို့ရာ ခက်ပါတယ်။
အဲဒါအစား သစ်သီးဖျော်ရည်နဲ့ ဆေးဖက်ဝင်အပင်တို့ဖြင့် ပြုလုပ်ထားသော လက်ဖက်ရည် (fruit juices and herbal teas) တို့ကို များများသောက်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်း (Exercise)
စာမေးပွဲအတွက် စာလေ့လာကျက်မှတ်နေစဉ်အတွင်း ကိုယ်ကာယလေ့ကျင့်ခန်းများများလုပ်ပါ။ လေ့ကျင့်ခန်းသည် သင့်ခန္ဓာကိုယ်ထဲရှိ အောက်စီဂျင်လည်ပတ်မှုကို အားပေးပါတယ်။ သင့်ဦးဏှောက်ကလည်း အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ အောက်စီဂျင်များများလိုပါတယ်။ အပြင်ထွက်လမ်းလျှောက်ပြီး လေကောင်း လေသန့်များများရှူပါ။ ရေသွားကူးပါ။ သူငယ်ချင်း များနဲ့ ဘောလုံးကန်ပါ။

မျက်စေ့များကို ဂရုစိုက်ပါ (Look after your eyes)
စာကျက်ခြင်းလုပ်ငန်းကို တိတ်ဆိတ်ငြိမ်သက်ပြီး အလင်းရောင်များများရတဲ့ အခန်းထဲမှာ ဆောင်ရွက် ပါ။ သင့်အနေဖြင့် ညနေပိုင်းမှာ စာကျက်ရတာကို ပိုအားသန်ပါက သင့်မျက်စေ့များ မညောင်းရလေအောင် မီးအိမ်ကောင်းကောင်းတစ်လုံး ဆောင်ထားဖို့ မမေ့ပါနှင့်။
မျက်စေ့လေ့ကျင့်ခန်းများပြုလုပ်ပါ။ မျက်စေ့ဖြင့် အနီးရှိ အရာဝတ္ထုတစ်ခုခုကို ကြည့်လိုက်ပါ။ ပြီးလျှင် မျက်တောင်ကို ၃-၄ကြိမ်လောက် ခတ်လိုက်ပါ။ ခတ်ပြီးရင် အဝေးမှာရှိတဲ့ ပစ္စည်းတစ်ခုခုကို တစ်လှည့် ကြည့်ပါ။ မျက်တောင်ပြန်ခတ်ပါ။ ဒီလေ့ကျင့်ခန်းကို ၄-၅ ကြိမ်လောက်ပြုလုပ်ပါ။

သူငယ်ချင်းဖြင့် စာကို ပြန်လှန်လေ့ကျင့်ခြင်း (Revise with a friend)
သင်ကျက်မှတ်ပြီးသားစာတွေကို သူငယ်ချင်းတစ်ယောက်ယောက်နှင့် ပြောဆိုဆွေးနွေးခြင်းသည် ကျက်ပြီးသားအကြောင်း အရာတွေကို ပိုမှတ်မိစေပါတယ်။
အချင်းချင်း စစ်ဆေးပေးနိုင်သလို တစ်ယောက်နား မလည်တဲ့အကြောင်းအရာကို ကျန်တစ်ယောက်က ရှင်းပြနိုင်ပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စာကို ပြန်လှန်လေ့ကျင့် ရတာဟာ ပို၍ ပျော်ဖို့ကောင်းပါတယ်။

Read more:

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၂)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၃)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၄)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၅)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၆)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၇)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၈)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၉)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၀)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၁)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၂)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၃)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၄)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၅)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၆)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၇)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၈)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၉)

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၂၀)

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-l...

Views: 4265

Reply to This

Replies to This Discussion

Thank a lot!!!

It will be useful for every students . Thank for your advices.

Really useful for students. I'd like to suggest that this kind of suggestions should be widely informed.
very useful
Very good suggession!
Thanks

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service