"Exploring English: Language and Culture" ဗြိတိသျှကောင်စီ၏ အခမဲ့ online အင်္ဂလိပ်ဘာသာသင်တန်း - ဇွန်လ (၆) ရက်နေ့စမည်

ဗြိတိသျှကောင်စီမှ "Exploring English: Language and Culture - အင်္ဂလိပ်ဘာသာ စူးစမ်းလေ့လာခြင်း၊ ဘာသာစကား နှင့် ယဉ်ကျေးမှု" ဟုအမည်ပေးထားသော အင်တာနက်ပေါ်မှ အခမဲ့သင်ကြားပေးမည့် အင်္ဂလိပ်ဘာသာသင်တန်း တစ်ရပ်ကို ဇွန်လ (၆) ရက်နေ့မှစ၍ ယူကေနိုင်ငံ၏ အခမဲ့အွန်လိုင်းသင်တန်းများပေါင်းစည်းထားသည့် FutureLearn ဝက်ဗ်ဆိုက်မှတစ်ဆင့် အခမဲ့ တက်ရောက်နိုင်ပြီဖြစ်သည်။

အင်္ဂလိပ်စာလေ့လာလိုက်စားသူများအတွက် ရည်ရွယ်ထားသော ဗြိတိသျှကောင်စီ၏ ဤသင်တန်းသည် သင့်အင်္ဂလိပ်စာအရည်အချင်းကို ပိုမိုတိုးတက်လာစေရန် ဗြိတိသျှယဉ်ကျေးမှုကို အခြေခံပြီး အင်္ဂလိပ်ဘာသာအသုံးအစွဲများကို သင်ကြားပေးမည် ဖြစ်ပါသည်။

ရက်သတ္တ ခြောက်ပါတ်ကြာမည့် ဤသင်တန်းတွင် ကမ္ဘာသုံးအင်္ဂလိပ်စာ၊ သဘာဝပတ်ဝန်းကျင်၊ စီးပွါးရေး၊ စာပေနှင့် အနုပညာစသည့် ကဏ္ဍစုံပါဝင်သော ဗီဒီယိုအတိုကလေးများစွာ ပါဝင်ပါသည်။ ယူကေတွင် ရိုက်ကူးထားသော အဆိုပါ ဗီဒီယိုများကို ကြည့်ရှုပြီး လက်တွေ့ပြောဆိုသော အင်္ဂလိပ်စကားနမူနာများကို နားထောင်ခြင်းဖြင့် သင်ကြားသူများ၏ အကြားစွမ်းရည်ကို တိုးတက်စေပါသည်။ ဗြိတိသျှကောင်စီမှ အတွေ့အကြုံရင့်ကျက်သော ဆရာများက ဗီဒီယိုထဲတွင် သုံးသွားသော စကားအသုံးအနှုန်းများကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီး စကားပြောနှင့် အရေးအသား စွမ်းရည်ကို တိုးတက်ရန် အထောက်အကူဖြစ်စေသည့် အရေးကြီးပြီး အသုံးဝင်သော အစိတ်အပိုင်းများကို ရှင်းလင်းပို့ချပေးမည် ဖြစ်ပါသည်။


ဤသင်တန်းမှ သင်ခန်းစာများသည် မည်သည့် သင်ရိုးညွှန်းတမ်းတစ်ခုကိုမှ မူတည်၍ တည်ဆောက်ထားခြင်းမရှိဘဲ မိခင်ဘာသာအဖြစ် သဘာဝအတိုင်းသုံးသော အင်္ဂလိပ်စကားကိုသာ အခြေပြုထား တည်ဆောက်ထားပါသည်။ ဥာဏ်စမ်းမေးခွန်းတိုများ၊ ဆွေးနွေးခန်းများကို သင်တန်းတစ်လျှောက်တွင် သင်၏ နားလည်မှုကို စမ်းစစ်ရန်နှင့် အင်္ဂလိပ်စကားပြောလေ့ကျင့်ရန် ထည့်သွင်းပေးထားပါသည်။ သင်တန်းအပတ်စဉ်တစ်ခုပြီးတိုင်း ထိုအပတ်အတွင်း လေ့လာခဲ့သော ကဏ္ဍနှင့် ပတ်သက်၍ သင့်အမြင်နှင့် အတွေ့အကြုံများကို စာတိုဖြင့် ထုတ်ဖော်ရေးသားပြရမည် ဖြစ်ပါသည်။

PC နှင့် laptop များဖြင့်သာမက tablet နှင့် မိုဘိုင်လ်ဖုံးများဖြင့်လည်း လွယ်ကူစွာအသုံးပြုနိုင်ပြီး ဗီဒီယိုကြည့်ရှူရန် အင်တာနက်နှေးကွေးနေပါက ဗီဒီယိုပါအကြောင်းအရာအားလုံးကို pdf ဖိုင်ဖြင့် download ရယူသိမ်းဆည်းဖတ်ရှူ နိုင်သည်။

ဤသင်တန်းသည် ဗြိတိသျှကောင်စီ၏ အွန်လိုင်းသင်ကြားလေ့လာခြင်းနှင့် ဆိုင်သော ကျွမ်းကျင်မှုကို စံထားပြီး သင်တန်းဆင်းလက်မှတ် "Statement of Participation" ကို နိုင်ငံတကာသုံး credit card ရှိပါက ဝယ်ယူခွင့်ပြုထားမည် ဖြစ်ပါသည်။ သင်တန်းတက်ရန်သက်သက်ဆိုပါက ငွေကြေးကုန်ကျမှုလုံးဝမရှိပါ။


အများ မေးတတ်သည့်မေးခွန်းများ (FAQs)

မေး ။ ဒီသင်တန်းမှာ ပို့ချတဲ့ သင်ခန်းစာတွေကို နားလည်ဖို့ အင်္ဂလိပ်ဘာသာ အရည်အချင်း ဘယ်လောက်ရှိရမလဲ?
ဖြေ ။ ဒီသင်တန်းကို မိခင်ဘာသာစကားအဖြစ် အသုံးပြုသူများမဟုတ်တဲ့ အင်္ဂလိပ်အရည်အချင်း intermediate အဆင့် (CEFR ဇယားမှာ B1 အဆင့်) အထိ အင်္ဂလိပ်စာကို လေ့လာထားသူ မည်သူမဆိုအတွက် ရည်ရွယ်ထားပါတယ်။


မေး ။ သင်တန်းတစ်ခုလုံးက အခမဲ့သင်တန်းလား?
ဖြေ ။ ဟုတ်ပါတယ်။ သင်တန်း အစမှ အဆုံး အခမဲ့ပါ။


မေး ။ သင်တန်းက ဘယ်အချိန်မှာ စတင်မှာလဲ?
ဖြေ ။ သင်တန်းတက်ဖို့ စာရင်းသွင်းပြီးတာနဲ့ ဇွန်လ ၆ ရက် တနင်္လာနေ့ ယူကေအချိန် ၀၀၀၀ နာရီ (မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ) မှာ စတင်ပြီး သင်တန်းကို ဝင်ရောက်လေ့လာနိုင်ပြီဖြစ်ပြီး မိမိနှစ်သက်သလို သင့်တော်ရာ အချိန်နှင့် စိတ်ကြိုက်လေ့လာနိုင်သော နှုန်းများဖြင့် တစ်ဆင့်ပြီး တစ်ဆင့် လေ့လာသွားရုံပါဘဲ။ (ရက်ကျော်သွားရင်လဲ online သင်တန်းဖြစ်တဲ့အတွက် အချိန်မရွေး တက်လို့ရပါသေးတယ်) 

စာရင်းသွင်းရန် ဤ link ကိုသွားပါ - https://www.futurelearn.com/courses/explore-english-language-culture


မေး ။ သင်တန်းတက်ရင်း ဆွေးနွေးဖို့ web camera လို ဦးမှာလား?
ဖြေ ။ တိုက်ရိုက် ဗီဒီယို သင်တန်းဆွေးနွေးပွဲ မဟုတ်တော့ web cam မလိုပါဘူး။


မေး ။ သင်တန်းက ဘယ်မှာ လုပ်ပေးမှာလဲ?
ဖြေ ။ ဒီသင်တန်းက online သင်တန်းစစ်စစ်ဖြစ်ပါတယ်။ သင်ကြားမှု အစိတ်အပိုင်းကဏ္ဍအားလုံးကို မိမိနိုင်သလောက် အချိန်ပေးလေ့လာနိုင်ပါတယ်။ စက်တင်ဘာလ ၁ ရက် တနင်္လာနေ့ကစလို့ ကြိုက်တဲ့ အချိန်မှာ ဝင်လေ့လာနိုင်ပါတယ်။ အပတ်စဉ် ပါဝင်တဲ့ ကဏ္ဍတွေ အပြည့်အစုံလေ့လာဖို့ရာ တစ်ပတ်လျှင် ၂ နာရီခန့် အချိန်ပေးဖို့လိုအပ်ပါမယ်။


မေး ။ ဒီသင်တန်းက IELTS နဲ့ အဆင့်အတူတူပဲလား?
ဖြေ ။ ဒီသင်တန်းက IELTS နဲ့ အဆင့်မတူပါဘူး။ သင်တန်းပြီးဆုံးတဲ့အခါလည်း သင်တန်းဆင်း စာမေးပွဲဖြေစရာ မလိုပါဘူး။


မေး ။ သင်တန်းပြီးဆုံးတဲ့အခါ သင်တန်းဆင်းလက်မှတ်ရမှာလား?
ဖြေ ။ သင်တန်းတစ်ခုလုံးရဲ့ အခန်းကဏ္ဍ ၅၀ % ကျော်ပြီး ဆုံးခဲ့မယ်ဆိုရင်တော့ သင်တန်းဆင်းလက်မှတ် "Statement of Participation" ကို  နိုင်ငံတကာသုံး credit card ရှိပါက ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။


မေး ။ သင်တန်းအတွင်း online ဆွေးနွေးပွဲတွေ လုပ်တဲ့အခါ အရေးအသားနဲ့ သို့မဟုတ် မျက်နှာချင်းဆိုင် စကားဝိုင်းတွေနဲ့ လုပ်ရပါသလား?
ဖြေ ။ ဆွေးနွေးပွဲတွေက online စာမျက်နှာထက်မှာ ကော်မန့်(comment) တွေ ရေးရုံပါဘဲ။ မျက်နှာချင်းဆိုင် စကားဝိုင်းမျိုး မပါဝင်ပါ။ သင်တန်းသားတွေက သင်တန်းတစ်လျှောက် သိလိုရာများ၊ ဆွေးနွေးစရာများကို ကောမန့် (comment) များ ပို့စ်လုပ်ပြီး မေးမြန်းဆွေးနွေးနိုင်ပါတယ်။


မေး ။ ဒီဆွေးနွေးပွဲတွေကို ဘယ်သူက ကြီးကြပ်မှာလဲ? အင်္ဂလိပ်စာဆရာ တစ်ယောက်ယောက်က သင်တန်းသားတွေကို စောင့်ကြပ်ကူညီပေးမှာလား?
ဖြေ ။ ဗြိတိသျှကောင်စီမှ online ကျူတာ (tutor) တွေက့ ကြီးကြပ်ပေးမှာဖြစ်ပြီး ဆွေးနွေးပွဲများကိုလည်း လမ်းညွှန်ကူညီမှာ ဖြစ်ပါတယ်။ သိလိုရာ မေးခွန်းများကိုလည်း ဖြေကြားပေးမှာ ဖြစ်ပါတယ်။


မေး ။ သင်တန်းတက်ဖို့ရာ အသက်ဘယ်အရွယ်ရှိရမလဲ?
ဖြေ ။ FutureLearn ဝက်ဆိုဒ်အား ဝင်ရောက်အသုံးပြုရန် အနည်းဆုံး သင်ဟာ အသက် ၁၃ နှစ် ရှိရပါမယ်။ မိဘများလည်း သူတို့ ကိုယ်ပိုင်နာမည်တွေနဲ့ စာရင်းသွင်းဝင်ရောက်နိုင်ပြီး သူတို့ကိုယ်ပိုင် ပရိုဖိုင်း (profile)မှ တဆင့် ကလေးတွေကို သင်တန်းတစ်လျှောက် စောင့်ကြပ်ကူညီနိုင်ပါတယ်။

ဦးဆောင်သင်ကြားရေးမှုး (Lead Educator) Chris Carvey မှ ဤသင်တန်းကို ဘယ်လို အကောင်းဆုံး အသုံးချရမလဲ ဆိုသည့် အကြံပြုချက်များကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါပြီ။

Views: 6165

Reply to This

Replies to This Discussion

BA.English ဆိုရင်ရော တက်လို့ရလားသိချင်ပါတယ်။

အင်္ဂလိပ်စာလေ့လာလိုက်စားသူများအတွက် ရည်ရွယ်ထားတာကြောင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပါတယ်။

English skill က Pre-Intermediate level လောက်ပဲရှိတယ် တက်လို့ရနိုင်လား သိချင်ပါတယ်ရှင်

သင်တန်းလိုအပ်ချက်မှာတော့ အင်္ဂလိပ်အရည်အချင်း intermediate အဆင့်ရှိရပါမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားရင် တက်ကြည့်နိုင်ပါတယ်။

Thanks

Thanks

ဇွန် 6 ရက်နေ့စမယ်ပြောထားပြီး မေးခွန်း 3 ခုမြောက်မှာ စက်တင်ဘာ 1 ရက် တနင်္လာနေ့မှစ လေ့လာလို့ရပြီဆိုတာ မရှင်းလို့ရှင့်

ဇွန်လ ၆ ရက်နေ့က အမှန်ဖြစ်ပါတယ်။ မေးခွန်းက နေ့စွဲက မှားနေတာပါ။

အပတ်စဉ်၁ခုပြီးတိုင်းစာတိုနဲ့ထုတ်ဖော်ရေးသားရမယ်ဆိုတာmailပို့ပေးရမှာလားcommentမှာရေးရမှာလားဘယ်လိုလည်း

Thanks

အခုရောတက်လို့ရသေးလား သိချင်လို့ပါရှင်

RSS

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service