ဆံစမှ ခြေဖျားအထိ ဝေါဟာရအသုံးအနှုန်းများတွင် ယခုတစ်ပတ်အတွက် မျက်လုံး(Eye)နှင့် ပတ်သက်သော ဝေါဟာရအသုံးအနှုန်းများကို ဆက်လက်မျှဝေလိုပါသည်။
Eye ကို နာမ်(noun) အဖြစ်အသုံးပြုသောဝေါဟာရပုံစံများ
ခန္ဓာကိုယ် အစိတ်အပိုင်းအဖြစ်သုံးသော အသုံးအနှုန်းများ
- He is blind in one eye. (သူ့မျက်လုံးတစ်ဖက်ကွယ်နေသည်။)
- She's got beautiful blue eyes. (သူမတွင် မျက်ဝန်းပြာ တစ်စုံ ရှိသည်။)
- He closed his eyes and went to sleep. (သူ မျက်လုံးမှိတ်ပြီးတော့ အိပ်ပျော်သွားသည်။)
အမြင်အာရုံအဖြစ်သုံးသော အသုံးအနှုန်းများ
- You must have sharp eyes to be able to spot such a tinny detail. (အသေးအဖွဲ ကိစ္စတွေက အစ အသေးစိတ် သိအောင် အမြင်အားကောင်းရမည်။)
- To her expert eye, the painting was clearly a fake. (သူမ အမြင်ကောင်းတော့ ပန်းချီက အတုလုပ်ထားတာမှန်း ထင်ရှားနေသည်။)
- She has a good eye for a bargain. (သူမ ဈေးဆစ်ဖို့ အမြင်ရှိသည်။)
အခြားအသုံးအနှုန်းပုံစံများ
- The eye of needle. (အပ်ပေါက်)
- The eye of potato. (အာလူးတွင်ပါသော အပေါက်/မျက်စိ)
Eye ကို ကြိယာ(verb) အဖြစ်အသုံးပြုသောဝေါဟာရပုံစံများ
Eye (v) – eye(s) / eyed/ eyed/ eyeing (or) eying
- She eyed me curiously. (သူမသည် ကျွန်တော့်ကို စပ်စပ်စုစု ကြည့်သည်။)
- I could see her eying my lunch. (ကျွန်တော့် နေလည်စာကို ကြည့်နေသော သူမကို ကျွန်တော် တွေ့တယ်။)
- The children were eyeing sweets hungrily. (ကလေးတွေ ဗိုက်ဆာဆာနဲ့ သကြားလုံးတွေကို ကြည့်နေကြသည်။)
Eye ကို စကားစုအလိုက် အသုံးပြုသော ဝေါဟာရပုံစံများ
- all eyes are on (လူထုက အာရုံစိုက်ခြင်းခံရသည်)
- All eyes are on the Prime Minister to see how he will respond to the challenge to his leadership. (ဝန်ကြီးချုပ်က စိန်ခေါ်မှုကို ဘယ်လိုတုန့်ပြန်မလဲဆိုတာ လူထုက စိတ်ဝင်တစား အာရုံစိုက်ကြသည်။)
- An eye for an eye/ a tooth for a tooth (စကားပုံ)
ပါးကိုက်ရင် နားကိုက်မယ်ဆိုတဲ့သဘောပါ၊ တစ်ယောက်ယောက်ကို ထပ်တူ လက်တုန့်ပြန်ခြင်းကို ဆိုလိုပါသည်။
- be all eyes (စူးစူးစိုက်စိုက် ကြည့်သည်၊ စိတ်ဝင်တစား ပြုံးကြည့်သည်)
- The children were all eyes while I unwrapped the parcel. (ကျွန်တော အထုပ်ကို ဖြေနေချိန်မှာ ကလေးများက စိတ်ဝင်တစား စူးစိုက် ကြည့်နေကြသည်။)
- We were all eyes as the Princess emerged from the car. (မင်းသားလေး ကားထဲက ထွက်လာသည်ကို ကျွန်တော်တို့ အားလုံး စိတ်ဝင်တစား စူးစိုက် ကြည့်နေကြသည်။)
- Before your very eyes (စောင့်ကြည့်နေစဉ်အတွင်း)
- Then, before my very eyes, she disappeared. (ကျွန်တော်သူ့ကို စောင့်ကြည့်နေစဉ်မှာပဲ မြင်ကွင်းက ပျောက်ကွယ်သွားသည်)
- His house was destroyed before his very eyes. (သူစောင့်ကြည့်နေရင်းနဲ့ပဲ သူအိမ်ကိုဖျက်ဆီခံလိုက်ရသည်။)
-
- Be one in the eye for sb (တစ်စုံတစ်ယေက်ကို ရှုံးနိမ့်မှုအတွက် စိတ်ပျက်သည်)
- His promotion was one in the eye for his rivals. (ရာထူးတိုး နေရာတွင် သူ့ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့သည့် အတွက် စိတ်ပျက်သည်)
- Be up to your eyes in sth (တစ်ခုခုအတွက် အလွန်အလုပ်များသည်)
- I am up to my eyes in school reports this week. (ဒီတစ်ပတ် အစီရင်ခံစာ ကိစ္စတွေနဲ့ ကျောင်းမှာတော်တော် အလုပ်ရှုပ်တယ်)
- He is up to his eyes in the new projects this month. (ဒီလ စီမံကိန်းအသစ်အတွက် အလုပ်တော်တော် ရှုပ်သည်။)
- Clap/lay/set eyes on sb/sth (မြင်သည်၊ ကြည့်သည်)
- I disliked the place that moment I clapped eyes on it. (ကျွန်တော်မြင်ခဲ့ရတဲ့ ခဏလေးမှာ အဲဒီနေရာကို မကြိုက်ဘူး)
- I never set eyes on him again. (သူကိုဘယ်တော့မှ ထပ်မတွေ့တော့ဘူး)
- sb could do sth with their eyes closed/shut (မျက်စိမှိတ်ပြီး လွယ်လွယ်ကူကူ လုပ်နိုင်သည်)
I've driven along this route so often, I could do it with my eyes shut. (ကျွန်တော် ဒီလမ်းကို သွားနေကျဆိုတော့ မျက်စိမှိတ်ပြီး မောင်းတောင် ရတယ်)
- sb's eyes are bigger than their belly/stomach (ဗိုက်အိုးထက် လောဘမျက်စိကြီးသည်)
- have an eye for sth (အမြင် စူးရှသည်၊ မြင်လွယ်သည်)
- She has an eye for detail. (သူမသည် အသေးစိတ်မြင်တတ်သည်)
- have your eye on sth (မျက်စိကျသည်)
- I am thinking of buying a car – there’s a nice new model I have got my eye on. (ကျွန်တော် ကားတစ်စီးလောက် ဝယ်ဖို့ စဉ်းစားနေတယ်၊ မော်ဒယ်အသစ် ကားကောင်းလေး ဆိုတော့ မျက်စိကျမိတယ်။)
- have your eye on sb (မျက်လုံး ဒေါက်ထောက်ကြည့်သည်)
- I have got my eye on you, so you’d better behave. (ငါ မင်းကို မျက်စိဒေါက်ထောက် ကြည့်ထားတယ်နော်၊ မင်းကောင်းကောင်းနေပါ။)
- have eyes in the back of your head (မျက်စိရှင်သည်)
- Parents of young children need to have eyes in the back of their heads. (ကလေးငယ်များ၏ မိဘများသည် ကလေးငယ်များကို မျက်စိရှင်ရှင် ထာားရန်လိုအပ်သည်။)
- How did you know I was behind you? You must have eyes in the back of your head. (မင်းနောက်ကို ငါရောက်နေတာ မင်းဘယ်လိုသိလဲ? မင်းတော်တော် မျက်စိရှင်တာပဲ။)
- have/ with an eye to sth/ doing sth (အကြံရှိသည်၊ ရည်ရွယ်သည်။)
- He always has an eye to business. (မင်းနောက်ကို ငါရောက်နေတာ မင်းဘယ်လိုသိလဲ? မင်းတော်တော် မျက်စိရှင်တာပဲ။)
- He keeps the customers talking with an eye to selling him something else. (တစ်ခုခု ထပ်ဝယ်စေရန် ရည်ရွယ်ချက်ဖြင့် ဝယ်သူကို စကားဆက်ပြောနေသည်။)
- in sb's eyes (တစ်ဦးတစ်ယောက်၏ အမြင်၊ သဘောထား)
- Although she was probably just an ordinary-looking kid, in my eyes she was the most beautiful child on the face of the planet. (သူမက သာမန် ကြည့်ပျော်ရှုပျော် ကလေးလေးတစ်ယောက် ဖြစ်ပေမဲ့ ကျွန်တော့် အမြင်မှာတော့ သူမဟာ ကမ္ဘာပေါ်မှာ အလှဆုံး ကလေးလေးတစ်ယေက်ပါ။)
- keep your eyes in
- I try to play regularly to keep my eye in. (အလေ့အကျင့်ရရှိရန် အားကစားစသည့် ဆောင်ရွက်ချက်တစ်ခုခုကို ဆက်လုပ်သည်)
- keep your/ an eye on sb/sth (စောင့်ကြည့်သည်။)
- Could you keep an eye on my suitcase for a moment? (ကျွန်တော့်အိတ်လေး ခဏလောက် ကြည့်ထားပေးလို့ရမလား?)
- keep your/ an eye open/ out (for sb/sth) (သတိထား၍ကြည့်သည်။ ဂရုတစိုက် ရှာကြည့်သည်)
- I have lost my ring - Could you keep an eye out for it when you clean the house? (ကျွန်တော့်လက်စွပ် ပျောက်သွားလို့ ခင်ဗျား အိမ်သန့်ရှင်းရေးလုပ်ရင် ဂရုစိုက်ပြီး ရှာကြည့်ပေးနိုင်မလား?)
- keep your eyes peeled/skinned (စူးစူးစိုက်စိုက် သေချာကြည့်သည်။ အထူးသတိထား ကြည့်သည်)
- She walked along slowly, keeping her eyes pleaded/ skinned for any unusual flowers. (ထူးထူးဆန်းဆန်း ပန်းတွေကို သေသေချာချာ ကြည့်ရင်း ဖြေးဖြေးခြင်း လမ်းလျှောက်သည်။)
- make eyes at sb (ကြာကြည့် ကြည့်သည်၊ ကြာပစ်သည်။)
- He makes eyes at her.
- look sb in the eye(s) (စေ့စေ့ ကြည့်သည်၊ မျက်လုံးချင်းဆုံ ကြည့်သည်။)
- Can you look me in the eye and tell me you’re not lying? (မင်းငါ့မျက်လုံးကို စေ့စေ့ကြည့်ပြီး မလိမ်ဘူးလို့ပြောနိုင်လား?)
- We look each other in the eyes. (ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် မျက်လုံးချင်းဆုံ ကြည့်သည်။)
- never/ not take your eyes off sb/sth (မျက်တောင် မခတ် ကြည့်သည်၊ မျက်စိအောက်က အပျောက်မခံ ကြည့်သည်။)
- She never took her eyes of him the whole evening. (သူမက သူ့ကို တစ်ညနေလုံး မျက်စိအောက်က အပျောက်မခံပါ။)
- He was so handsome - I couldn't take my eyes off him. (သူက အရမ်းချောတော့ ကျွန်မ မျက်တောင်မခတ် ကြည့်တာပေါ့)
- only have eyes for sb (တစ်မိုးအောက် တစ်ယောက်ထင်သည်၊ သူမှသူ တမ်းတမ်းစွဲ ကြိုက်သည်)
- I only have eyes for ____ . (ကျွန်တော်ကတော့ ___ ကိုပဲ တမ်းတမ်းစွဲ ဖြစ်နေတယ်ဗျာ ….)
- shut/ close your eyes to sth (မသိကျိုးကျွန်ပြုသည်၊ မျက်နှာလွဲထားသည်)
- The government shut its eyes to poverty. (အစိုးရက ဆင်းရဲမွဲတေမှုကို မသိကျိုးကျွန်ပြုသည်)
- take your eyes of the ball (အာရုံမစိုက်ဘဲ လုပ်သည်)
- If you're a manager, you can't afford to take your eye off the ball for one minute.(မင်းသာ မန်နေဂျာဖြစ်ရင် တစ်မိနစ်တောင် အာရုံမစိုက်ဘဲ လုပ်လို့မရဘူး)
- with your eyes open (သိသိကြီးနဲ့၊ သိလျက်နဲ့)
- I went into this marriage with my eyes open.(ဘာဖြစ်လာမယ်ဆိုတာ ကြိုသိရက်နဲ့ ဒီအိမ်ထောင်ရေး ခရီးလမ်းကို ကျွန်တော် လျှောက်လှမ်းခဲ့တယ်။)
-
- with your eyes shut (ဘာသိ ဘာသာ၊ နမော်နမဲ့)
- If you go around with your eyes shut, you never learn anything about life. (ဘာလုပ်လုပ် နမော်နမဲ့ လုပ်လို့ကတော့ ဘဝအတွက် ဘာမှ ရလိုက်မှာ မဟုတ်ဘူး)
- my eye (လက်မခံကြောင်း/မယုံကြောင်းပြောသည့်စကား၊) - အဓိပ္ပာယ်မရှိလိုက်တာ
- She said she was only twenty-two – twenty-two my eye!. (သူမ ပြောတာတော့ ၂၂ နှစ်တဲ့ - ၂၂ နှစ် ဟုတ်လား … အဓိပ္ပာယ်မရှိလိုက်တာ ….)
- eye catching (adj) - မျက်စိကိုဖမ်းစားသော၊ မြင်သာသော
- An eye catching dress. (မျက်စိကိုဖမ်းစားနိုင်သော ဝတ်စုံ)
- The poster is eye catching. (ပိုစတာက မြင်သာထင်သာရှိသည်။)
- eye level (adj) - မျက်စိနှင့်တစ်တန်းတည်းဖြစ်သော
- The oven has an eye level grill.
- eye opener (n) - အမြင်ကျယ်စေသော အတွေ့အကြုံ
- My trip to Europe was an eye opener.
Eye နှင့် ဆက်စပ်နေသော အခြားဝေါဟာရပုံစံများ
Eyeball = မျက်ဆံ
Eyebrow = မျက်ခုံး
Eyeful = မျက်စိနှင့်အပြည့်
Eyeglass = မျက်လုံးတစ်ဖက်တပ် မျက်မှန်
Eyelash = မျက်တောင်
Eyelet = (အပ်ချည်/ ကြိုး) ထိုးသည့် နဖားပေါက်
Eyelid = မျက်ခွံ
Eyepiece = (တယ်လီစကုပ်/ မိုက်ခရိုစကုပ်) ကြည့်သည့်အပေါက်
Eyesight = အမြင်အား (rich eyesight/ poor eyesight)
Eyesore = မျက်စိစပါးမွှေးစူးစရာ
Eyewash = အဓိပ္ပာယ်မရှိသော စကား
Eyewitness = မျက်မြင်သက်သေ
Eye liner = လိုင်နာတောင့်
Eye shadow = မျက်ခွံဆိုးတောင့်
Eye strain = မျက်စိညောင်းညာခြင်း
အောင်ကိုဦး(UMK)
Phone: (95) 9 421752568
Tags:
thanks
Thank you so much.
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |