အလုပ်ရှာနေကြတဲ့ တချို့လူငယ် တွေ မကြာမကြာကြားရတတ်တာက အလုပ်ရှာရခက်တယ်ဆိုတဲ့ အကြောင်းပါ ပဲ။ အလုပ်တွေကလည်း ခေါ်ယူနေတယ်။ ဒါပေမဲ့ အလုပ်မရကြဘူး။ အဲဒီကြားထဲက ကွာဟချက်က ဘာဖြစ်မလဲ။ ဒီကြားထဲက လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ။ သင် က အလုပ်ရှာဖွေနေတဲ့ လူတစ်ယောက် ဖြစ်မယ်ဆိုပါတော့။ ဒီအချက်တွေကိုဆန်း စစ်ဝေဖန်ကြည့်ပြီး အလုပ်ဘယ်လိုရှာဖွေ မလဲဆိုတဲ့အဖြေကို ရရှိနိုင်မယ်လို့ မျှော် လင့်မိပါတယ်။


ကန့်သတ်ချက်တွေကြောင့်လား

ဘာလို့ အလုပ်မရကြသလဲ။ အရည် အချင်း ကန့်သတ်ချက်တွေကြောင့်လား၊ အသက်ကန့်သတ်ချက်ကြောင့်လား၊ လစာ အနည်းအများကြောင့်လား၊ လုပ်ငန်းအ တွေ့အကြုံကန့်သတ်ချက်တွေကြောင့်လား၊ ဘာသာစကားလိုအပ်ချက်တွေကြောင့်လား စတဲ့ အကြောင်းအရင်းတစ်ခုခုကို ရှာဖွေရ ပါလိမ့်မယ်။ အလုပ်တစ်ခုကို သွားရောက် လျှောက်ထားလိုက်တယ်၊ ဒါပေမဲ့ အဲဒီက အလုပ်အင်တာဗျူးမခေါ်ဘူး။ အဲဒီအခါ မှာ ကိုယ့်ရဲ့ လိုအပ်ချက်၊ အားနည်းချက် က ဘာလဲဆိုတာကို ပြန်လည်သုံးသပ်ရ ပါမယ်။ ဒီအလုပ်မှာ ကိုယ်ဘာကြောင့် အလုပ်မရသလဲ၊ ဘာတွေ လိုအပ်ချက်ရှိ သလဲ၊ ဘာတွေပြင်ဆင်ထားဖို့ လိုသလဲစ တာတွေကို ကိုယ့်ကိုယ်ကိုယ် အရိုးသားဆုံး မေးရပါမယ်။


အလုပ်လျှောက်လွှာကို သေချာစွာ ပြင်ဆင်ပါ

ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ တစ် စောင်က အလုပ်ရှင်ကို လူချင်းမတွေ့ရ သေးခင် ဆွဲဆောင်နိုင်တဲ့ ပထမကမ်းလှမ်း ချက်ဖြစ်တယ်ဆိုတာကို အထူးသတိပြုရ ပါမယ်။ ဒါ ကြောင့် CV ဖောင်ကို ကျကျ နနပြင်ဆင်ပါ။ သူများတွေနဲ့ မတူဘဲ တမူ ထူးခြားတဲ့ ကိုယ့်ရဲ့ CV ဖောင်ကြောင့် အလုပ်ရရှိဖို့ ပထမခြေလှမ်းကို သေချာစေ ပါတယ်။ သေသေချာချာပြင်ဆင်မထားတဲ့ CV ဖောင်တွေထက် အချိန်ပေးပြီးပြင်ဆင် လာတဲ့ ကိုယ့်ရဲ့ CVဖောင်ကို အလုပ်ရှင် တွေအနေနဲ့ အချိန်ပေးဖတ်ရှုမှာဖြစ်ပါ တယ်။

ရိုးရှင်းလွန်းတဲ့ အလုပ်လျှောက်လွှာ တွေကြားမှာ ထူးခြားနေတဲ့ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာလေးကြောင့် ဒုတိယ ခြေလှမ်းဖြစ်တဲ့ အလုပ်အင်တာဗျူးကို လှမ်းတက်နိုင်မှာဖြစ်ပါတယ်။


Network ချဲ့ထွင်ပါ

အလုပ်တစ်ခုခုရှာဖွေနေတဲ့ အချိန်မှာ ကိုယ့်ရဲ့မိတ်ဆွေ၊ အပေါင်းအသင်းတွေကို အလုပ်ရှာဖွေနေတဲ့အကြောင်း၊ သူတို့နဲ့ နီးစပ်ရာမှာ အလုပ်ခေါ်ယူတာမျိုးရှိရင် အသိပေးဖို့၊ အကြောင်းကြားဖို့ ကြိုတင် အသိပေးထားရပါမယ်။ အခုအချိန်အခါ မှာ ပိုမိုလွယ်ကူလာတာကတော့ အွန်လိုင်း ကနေတစ်ဆင့် အလုပ်အကိုင်ရှာဖွေလို့ရ လာတာပါပဲ။ ကိုယ့်မှာ ဖုန်းတစ်လုံးရှိရုံ၊ အင်တာနက်သုံးတတ်ရုံနဲ့ အလုပ်တစ်ခု ရဖို့ မခက်ခဲတော့ပါဘူး။ အလုပ်အကိုင်တွေ ဖော်ပြပေးနေတဲ့ ဂျာနယ်တွေ၊ အေဂျင်စီ တွေကလည်း အွန်လိုင်း ဏေါန တွေက တစ်ဆင့် အလုပ်အကိုင်တွေကို ဖော်ပြလာ ကြပါတယ်။ 

အလုပ်အကိုင်တွေဖော်ပြပေးနေတဲ့ စာမျက်နှာတွေ၊ အုပ်စုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားရုံနဲ့ နေ့စဉ်အလုပ်အကိုင် အသစ်တွေကို သိရှိနိုင်လာပြီဖြစ်ပါတယ်။ အဲဒီကမှ တစ်ဆင့် ကိုယ်နဲ့ကိုက်ညီတဲ့၊ ကိုယ် နဲ့အဆင်ပြေနိုင်မယ့် အလုပ်အကိုင်မျိုးကို ရှာဖွေလျှောက်ထားနိုင်လာပြီဖြစ်ပါတယ်။


ခြေလှမ်းသေးသေးလေးကနေ စပါ

ကိုယ်က ဘွဲ့တစ်ခုရထားတယ်၊ လုပ်ငန်းအတွေ့အကြုံကလည်း မရှိသေး ဘူး၊ တခြားအရည်အချင်းလိုအပ်ချက်တွေ လည်း မပြည့်စုံသေးဘူး၊ ဘာသာစကားနဲ့ ပတ်သက်ရင်လည်း အားနည်းတယ်ဆိုရင် ရာထူးအကြီးကြီးကို ခဏမေ့ထားပါ။ လစာများများလိုချင်တာကို ခဏမေ့ထား ပါ။ ကိုယ့်မှာ လိုအပ်နေတဲ့ အတွေ့အကြုံ တွေ၊ Career Development တွေရရှိ ဖို့ အောက်ခြေအလုပ်ကနေ စတင်ပြီး တက် လှမ်းဖို့ လိုပါတယ်။ ကိုယ့်မှာ လုပ်ငန်း အတွေ့အကြုံတွေ၊ ကျွမ်းကျင်တဲ့ သက်မွေး မှုပညာရပ်ဆိုင်ရာတွေ ပြည့်စုံနေပြီဆိုရင် တော့ ရာထူးတွေ၊ လစာတွေဆိုတာ ကိုယ့် ဆီ အလိုအလျောက် ရောက်လာပါလိမ့် မယ်။

အောင်မြင်တဲ့ ခြေလှမ်းတိုင်းက ခြေ တစ်လှမ်းကနေ စတင်ခဲ့တာပါပဲ။ ကိုယ် စတင်တဲ့ ခြေလှမ်းသာ မှန်ကန်ပါစေ၊ တစ် နေ့မှာ အောင်မြင်တဲ့ဝန်ထမ်းတစ်ယောက်၊ အောင်မြင်တဲ့ အလုပ်ရှင်တစ်ယောက်ဖြစ် လာမှာ အသေအချာပါပဲ။


စာဖတ်ပါ

အလုပ်ရှာတာနဲ့ စာဖတ်တာနဲ့ ဘာ ဆိုင်လို့တုန်းလို့ တွေးမိကောင်း တွေးမိပါ လိမ့်မယ်။ ဘဝအတွက် စာကောင်းပေမွန် တွေ ဖတ်ရှုလေ့လာဖို့ လိုသလို၊ အလုပ်ရှာ ဖွေတဲ့အခါမှာလည်း စာဖတ်ဖို့လိုပါတယ်။ ကိုယ်လျှောက်မယ့် ကုမ္ပဏီအကြောင်း ရှာဖွေဖတ်ရှုထားရပါမယ်။ အသေးစိတ် မသိရရင်တောင် အကြမ်းဖျင်းသဘော တော့ သိထားရပါမယ်။ အလုပ်အင်တာ ဗျူးတွေမှာ ကုမ္ပဏီအကြောင်း ဘယ် လောက်သိထားသလဲဆိုတာကို အင်တာ ဗျူးသူတွေက မေးမြန်းစူးစမ်းတတ်တာကို သတိပြုစေလိုပါတယ်။ ဒါကြောင့် အလုပ် တစ်ခုလျှောက်တော့မယ်ဆိုရင် ကိုယ် လျှောက်မယ့် ကုမ္ပဏီအကြောင်းကိုတော့ သွားမလျှောက်ခင် ကြိုတင်ရှာဖွေဖတ်ရှု ထားစေချင်ပါတယ်။


အင်တာဗျူးအတွက်အကောင်းဆုံးပြင်ဆင်ထားပါ

အလုပ်ရရှိဖို့အတွက် နောက်ဆုံး တိုက်ပွဲလို့တောင် ဆိုနိုင်တဲ့ လူတွေ့ အင်တာဗျူးအတွက် အသေအချာပြင်ဆင် ထားသင့်ပါတယ်။ လုပ်ငန်းခွင်က အကြီး အကဲတွေက ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှု အပါအဝင် ကျွမ်းကျင်မှုစွမ်းရည်တွေကိုပါ တစ်ထိုင်တည်း လေ့လာအကဲခတ်ကြ တယ်ဆိုတာ သတိပြုသင့်ပါတယ်။
ကိုယ့်မှာ အရည်အချင်းတွေရှိလျက်နဲ့ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုကြောင့်၊ ဒါမှ မဟုတ် ပြုမူပြောဆိုနေထိုင်မှုကြောင့် အလုပ်မရတာမျိုးတွေ မဖြစ်ရလေအောင် ဝတ်စားဆင်ယင်မှုအပိုင်းမှာ သပ်သပ်ရပ် ရပ်ပြင်ဆင်သွားရပါမယ်။ နောက်တစ်ချက် က အင်တာဗျူးမဝင်ခင်ကတည်းက ကိုယ့် ရဲ့ အလုပ်ရာထူးနဲ့ ကိုက်ညီတဲ့ အချက် အလက်တွေကို ရှာဖွေဖတ်ရှုထားသင့်ပါ တယ်။ ကိုယ်လျှောက်တဲ့ ကုမ္ပဏီ profile ကတော့ အရင်ပြောခဲ့သလိုပဲ ကြိုတင် လေ့လာထားရမယ့်အရေးကြီးတဲ့ အချက် တစ်ခုဖြစ်ပါတယ်။ အင်တာဗျူးသူတွေ ဘက်က ကိုယ့်ကုမ္ပဏီအလုပ်လာလျှောက် တဲ့သူက ကုမ္ပဏီအကြောင်းတော့ သိထား ရမယ်လို့ အများစုက သတ်မှတ်ထားကြပါ တယ်။ ဒါကြောင့် အလုပ်တစ်ခုမလျှောက် ခင်မှာ ကိုယ့်ဘက်က လေ့လာပါ၊ အချက် အလက်တွေ စုဆောင်းပါ၊ အင်တာဗျူး အတွက် အကောင်းဆုံးပြင်ဆင်ထားပါလို့ အလုပ်လျှောက်သူတွေကို အကြံပြုချင်ပါတယ်။


ကျော့ကေခိုင်

LESSONS FROM OUR ARCHIVE

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp


Views: 2597

Reply to This

Replies to This Discussion

Thanks
Many Thanks :-)
thanks
really useful suggest.thanks
THANKS
Thz so much
thank u

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service