G+ Hangout အကြောင်းကိုတော့ Google Plus အသုံးပြုမှသာလျှင် သိရှိနိုင်ပါမည်။

လူတော်တော်များများက Facebook နှင့် Twitter တို့ကိုသာလျှင် အသုံးပြုမှုများကြလေသည်။

Google Plus(G +) ကို ဂျီမေလ်းဝင်ရုံသာဝင်ပြီးအသုံးပြုကြသူနည်းပါးလှပါသည်။ ယခုဆိုလျှင် Google Plus မှ Google Hangout ကို အသုံးပြုခွင့်ပေးထားပြီးဖြစ်ပါသည်။ Google hangout ဆိုသည်မှာ VZO , Skype တို့လို့ Face to Face Chat နိုင်သည့်အပြင် ဖုန်းလည်းပြောဆိုနိုင်ပါသည်။ ဖုန်းခေါ်ဆိုသည့်အခါမှာလည်း နိုင်ငံအသီးသီးသို့ ခေါ်ဆိုခ နှုန်းထားများကိုလည်းဈေးနှုန်းချိုသာစွာ ပြောဆိုနိုင်ကြောင်းကိုလည်း  Google Voice in Hangouts : Calling Rates တွင် ဖော်ပြထားပါသည်။  မိမိပြောကြားလိုသည်များကိုလည်း G+ တွင် မိမိနှင့်ဆက်သွယ်ထားသော မိတ်ဆွေသူငယ်ချင်းများထံ တိုက်ရိုက်ပြောကြားနိုင်ပါသည်။ နောက်ထပ် Group Chat ပြောဆိုနိုင်သည့်အပြင် လူ(၉)ဦးထက်မနည်း တစ်ပြိုင်တည်း Face to Face ပြောဆိုနိုင်ပါသေး သည်။ ဒါတွေက Google Plus ၏ Hangout ၏ အသုံးဝင်သော အချက်တစ်ချို့သာဖြစ်ပါသည်။

ပုံမှာပြောထားတဲ့အတိုင်း Gmail က တစ်ခုသက်သက် ၊ G+ (+Alin Kar) က တစ်ဖက် မြင်တွေ့နိုင်ပါတယ်။ Handout ကို အသုံးပြုမယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း Start A Hangout ကိုနှိပ်၍ စတင်လုပ်ဆောင်နိုင်ပါ သည်။

 

Start A Handout ကို Click နှိပ်ပါက  အောက်ဖော်ပြပါပုံပါအတိုင်း ဆက်လက်မြင်တွေ့နိုင်ပါလိမ့်မယ်။

Add Name နေရာတွင် Face to Face ပြောဆိုနိုင်မည့် နာမည်တစ်ခုရိုက်ထည့်ပေးရမည်။

Name the Hangout နေရာတွင် မိမိနှင့် မိတ်ဆွေတို့ပြောဆိုကြမည့် အကြောင်းအရာနာမည် တစ်ခုခု ကြိုက်သာရေးထည့်ပေးရမည်။(ဥပမာ- Say something) ပြီးလျှင် Hangout ကိုနှိပ်၍ စတင်ပြောဆိုနိုင်ပါသည်။

Handout စတင်အသုံးပြုသည်နှင့် ပုံမှာပြထားသည့် အချက်အလက်များလည်း သိရှိထားရန်လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် Google+ အသုံးပြုသူ နည်းပါသည့်အပြင် Hangout အသုံးပြုရာတွင်လည်း Connection နှေးကွေးမှုကြောင့် ပုံရိပ်လှုပ်ရှားမှုလည်း နှေးကွေးလွန်းလှသည့်အပြင် မိမိတစ်ဦးတည်း ပြောဆိုလို့မရသည့် အတွက် မိတ်ဆွေများ Invite လုပ်၍ ခင်မင်ခွင့်ရမှသာလျှင် တွေ့ဆုံပြောဆိုလို့ရပါမည်။ Hand out တွင် မိတ်ဆွေများရှာဖွေလိုပါက #(name) ရိုက်ထည့်ပြီးရှာဖွေနိုင်ပါသည်။ (ဥပမာ- #alinkarrnya )

ဖော်ပြပါအချက်များအတိုင်း G+ handout ကို အွန်လိုင်းမှမိတ်ဆွေသူငယ်ချင်းများအား ဗဟုသုတအနေဖြင် သိရှိနိုင်ရန်သာ အကြမ်းဖျင်း ဖော်ပြရခြင်းပါသည်။ အခါအားလျော်မယ်ဆိုရင်တော့ G+ Hangout မှာတွေ့ဆုံချင်ပါသေးသည်။

ခင်မင်စွာဖြင့်

အလင်္ကာည

 

Views: 1007

Reply to This

Replies to This Discussion

အခု ဖော်ထုတ်ပြောပြ တာ စိတ်ထားမြင့်သူတွေရဲ. လုပ်ရပ်ပါ ကျေးဇူးလှိုက်လှိုက်လှဲလှဲတင်တယ်ဗျာ

Arr Pay Too

thank you for sharing IT knowledge, ko ahlingar. i happened to create google+. i am afraid of using it cos my profile would be posted to unknown public. i see many people from the other countries post many status. i though using G+ is too public. perhaps i am not used to it. we all are looking forward to your IT knowledge.

ကျေးဇူးတင်ပါတယ်

G+ အကြောင်းကိုသိချင်နေသည့် အချိန်မှာ သိခွင့်ရအောင် ဆောင်ရွက်ပေးသည့် အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်

အခု ဖော်ထုတ်ပြောပြ တာ စိတ်ထားမြင့်သူတွေရဲ. လုပ်ရပ်ပါ ကျေးဇူးလှိုက်လှိုက်လှဲလှဲတင်တယ်ဗျာ    လေစာပါတယ်ဗျာ  ကျေးဇူးအထူတင်ပါတယ်ဗျာ။

ထပ်ပြီး သိသင့်တာတွေ ဖော်ပြပေးပါ။ ကျေးဇူးတင်ပါတယ်။

ဒီပုံထဲကလူနဲ့ ပြောချင်ရင်ကော ရလား.. သယ်ရင်း.. အဟိ

ဟဲဟဲ သူငယ်ချင်း

ရပါ့....

မရလည်း ရအောင်ဆက်သွယ်ပါမယ်ဟာ..ဟုတ်ပြီလား

နင့်အတွက်လည်း ဂုဏ်ယူပါတယ်......

အခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ

thank

Thank for ur information....

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service