စတင်ပြောင်းလဲသံုးစွဲခြင်း လုပ်ငန်းစဉ်
လုပ်ငန်းတစ်ခု၏ အခြေခံဘာသာစကားကို ပြောင်းလဲပစ်ခြင်းသည် သေးငယ်သောတာဝန်တစ်ရပ် မဟုတ်ပါ။ (ပြောင်းလဲမှုပြုလုပ်ရန်)အဆင်သင့်ဖြစ်မှုကို ဆန်းစစ်သော ပုံစံဘောင်တစ်ခုနှင့် ပြောင်းလဲမှုကို မည်သို့ စတင်သတ်မှတ်သုံးစွဲမလဲ ဟူသော လိုက်နာရန်လမ်းညွှန်များကို အောက်တွင် ဖတ်ရှုပါသည်။ စတင်ပြောင်းလဲ သတ်မှတ်သုံးစွဲခြင်းသည် အဓိကအရေးကြီးသော အချက်နှစ်ချက်ပေါ် မူတည်ပါသည်။ ဝန်ထမ်းများ၏ သဘောတူလက်ခံမှုနှင့် စွမ်းဆောင်ရည်အပေါ် ယုံကြည်ချက်ရှိမှုတို့ ဖြစ်ပါသည်။ သဘောတူ လက်ခံမှုဆိုသည်မှာ ဘာသာစကားတစ်မျိုးတည်းသာသုံးခြင်းသည် မိမိတို့အတွက် သို့မဟုတ် မိမိတို့အဖွဲ့အ စည်းအတွက် အကျိုးကျေးဇူးရှိစေသည်ဟူသောအချက်ကို ဝန်ထမ်းများ မည်သည့်အတိုင်းအတာအထိ ယုံကြည်သနည်းဆိုတာပင်ဖြစ်သည်။ မိမိတို့၏ ကိုယ်ပိုင်စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုဆိုသည်မှာ ကောင်းမွန် သောစံနှုန်းစံထားတစ်ခုအထိ ရောက်နေပြီဟု အများကလက်ခံပေးနိုင်လောက်သော ကျွမ်းကျင်မှုအဆင့်အထိ မိမိ တို့ရောက်အောင် သွားနိုင်သည်ဟု ယုံကြည်ချက်ရှိမှု အတိုင်းအတာပင်ဖြစ်ပါသည်။ ဤရှုထောင့်နှစ်မျိုးကြောင့် ပြောင်းလဲခြင်းအပေါ် တုန့်ပြန်မှု အမျိုးအစားလေးမျိုးကို ဖြစ်ပေါ်စေပါသည်။ အောက်ပါ “၀န်ထမ်းများ၏ တုန့်ပြန်မှုလေးမျိုး လေးစား” ဟူသော အပြန်အလှန်ဆက်စပ်မှုပြဇယားတွင် ပြထားသကဲ့သို့ပင်ဖြစ်သည်။
Source: Tsedal Neeley (2012) Global Business Speaks English
တွေးခေါ်ယူဆခြင်း သက်သက်အရသာဆိုလျှင် ဝန်ထမ်းများသည် "Inspired" “စိတ်ပါဝင်စားအောင် ဆွဲဆောင်ခြင်းခံရသော” ဟု ကျွန်ုပ်ခေါ်တွင်သော အမျိုးအစားတွင် ကျရောက်မည်ဖြစ်သည်။ ၎င်းတို့သည် လှုပ်ရှားမှုအသစ်အပေါ် စိတ်လှုပ် ရှားမှုဖြစ်ကြပြီး ပြောင်းလဲမှုကို ပြုလုပ်နိုင်သည်ဟု ယုံကြည်ချက်ရှိသူများဖြစ်သည်။ ၎င်းတို့သည် အကောင်းမြင် ဝါဒရှိကြပြီး စိန်ခေါ်မှုကို လက်ကမ်းကြိုဆိုမည့်ပုံ ရှိကြပါသည်။ သို့သော် ဒွိဟဖြစ်စရာမလိုသည်မှာ အချို့ဝန်ထမ်းများသည် "Oppressed" ဖိနှိပ်ခြင်းခံရသည်ဟု ခံစားရပါလိမ့်မည်။ ထိုလူများသည် ပြောင်းလဲခြင်းကို ကောင်းသောအတွေးအခေါ်ဟု မထင်မြင်ကြပါ။ သူတို့ကိုယ်တိုင် လည်း မျှော်လင့်ခံထားရသလို၊ လိုအပ်သည်ဟု သတ်မှတ်ထားခံရသလို စွမ်းဆောင်နိုင်လိမ့်မည်ဟု မထင်မြင်ကြပါ။ တကယ့်လက်တွေ့အခြေအနေတွင် သဘောတူလက်ခံပေးထားခြင်းမရှိပါက ၀န်ထမ်းများသည် သူတို့၏ဘာသာစကားစွမ်းရည်ကို တောက်ပြောင် အောင် ပြုလုပ်ရန် စိတ်ပင်ပန်းခံမည်မဟုတ်ပါ။ ယုံကြည်ချက်မရှိလျှင် မျှော်လင့်ချက်ပါ ပျောက်ဆုံးမည်။ ကျွန်ုပ်သည် ၎င်းကဲ့သို့သောသူများကို တောက်လျှောက်တွဲလျက် ကူညီပေးနိုင်ရန် အတွက် မန်နေဂျာများ လိုက်နာနိုင်သော လမ်းညွှန် စည်းမျဉ်းစည်းကမ်းများကို တွေ့ရှိထားပါသည်။ ရာကုတန်း (Rakuten) ကုမ္ပဏီမှ မိကိတာနီသည် ဤပုံစံမူဘောင်၏ ပုံစံတူမျိုးကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ပါသည်။
ခေါင်းဆောင်များနှင့် မန်နေဂျာများသည် ဝန်ထမ်းများကို အဆင့်တစ်ဆင့်မှ နောက်အဆင့်တစ်ဆင့်သို့ သင်မျှော်မှန်း ထားသည်ထက် လွယ်ကူစွာ ရွေ့လျားသွားအောင် ကူညီနိုင်မည်ဖြစ်သည်။ ပြောင်းလဲမှုအပေါ် အကူ အညီပေးသော များစွာပင် ရိုးစင်းလွယ်ကူသော နည်းဗျူဟာများရှိပါသည်။ စံနမူနာအားဖြင့် ပြင်းထန်သော စိတ် ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှုနှင့် လက်တွေ့လေ့ကျင့်ပေးမှုတို့၏ ပေါင်းစပ်ပေးထားမှု ပုံစံပင်ဖြစ်ပါသည်။ ဥပမာ အားဖြင့် ၀န်ထမ်းများအား "Frustrated" "စိတ်ပျက်နေခြင်း” မှ "Inspired" “စိတ်ဝင်စားတက်ကြွလာခြင်း” ဆီသို့ရွေ့လာစေရန်အတွက် မန်နေဂျာများသည် အဆက်မပြတ်သော အားပေးမှုနှင့် ဘာသာစကားဖွံ့ဖြိုးတိုးတက်လာစေမည့် အခွင့်အလမ်း ပေါင်းမျိုးစုံတို့ကို ပေးစွမ်းရမည်ဖြစ်သည်။ ၀န်ထမ်းများအား "Indifferent" “မသက်ဆိုင်သလိုနေခြင်း” မှ "Inspired" “စိတ်ဝင်စားတက်ကြွလာခြင်း” သို့ ရွေ့လာစေရန် မန်နေဂျာများသည် ဝန်ထမ်းများဘက်မှ သဘောတူလက်ခံမှု တိုးပွားလာစေရန်ကြိုးပမ်းရမည်ဖြစ်သည်။ လုပ်ပိုင်ခွင့်နှင့် အာဏာပါ ပေးအပ်ထားခြင်းခံရသည်ဟု ခံစားရလာပါက ၎င်းတို့၏ စွမ်းရည်များလည်း နောက်ကလိုက်လာမည် ဖြစ်သည်။
စွမ်းဆောင်ရည်အပေါ် ယုံကြည်ချက်ရှိမှု တိုးပွားလာစေခြင်း
မန်နေဂျာများသည် လူအများက ဘာသာစကားကျွမ်းကျင်မှု အရည်အချင်းမြှင့်တင်နိုင်သော မိမိတို့၏ စွမ်းရည်အပေါ် ယုံကြည်ချက်ရှိမှုကို မြှင့်တင်ပေးနိုင်ရန် နည်းဗျူဟာလေးမျိုးကို အသုံးပြုနိုင်ပါသည်။
၎င်းဘာသာစကားနှင့် ထိတွေ့မှုအတွေ့အကြုံရရှိနိုင်ရန် အခွင့်အလမ်းများပေးပါ။
ပညာရေး၊ အလုပ်အကိုင် (သို့) နိုင်ငံခြားတွင်နေထိုင်ခြင်းတို့မှ တဆင့်ဖြစ်စေ အတွေ့အကြုံဟူသည် လူအများကို ဤလုပ်ငန်းတာဝန်တွင် အောင်မြင်စေရန် သူတို့လိုအပ်သော ယုံကြည်ချက်ကိုပေးစွမ်းလေ့ရှိပါသည်။ ပြီးခဲ့ပြီးသော အတွေ့အကြုံဟူသည် ပြန်ပြောင်း၍မရနိုင်ပါ။ သို့သော်နိုင်ငံရပ်ခြား ဘာသာစကားလေ့ကျင့်ရေးနှင့် အလုပ်ကို လဲလှယ်လုပ်ကိုင်စေခြင်းစသဖြင့်သော အခွင့်အလမ်းများပေးစွမ်း၍ ရနိုင်ပါသည်။ ဤသို့ ပြုလုပ်ပေးခြင်းဖြင့် သင်သည် ၀န်ထမ်းများအား တံခါးအသစ်များဖွင့်ပေးသလိုဖြစ်ကာ သူတို့၏ စွမ်းရည်များကို ကျယ်ပြန့်မြင့်မားလာအောင် လုပ်ဆောင်ခွင့်ပေးလိုက်သလို ဖြစ်ပါလိမ့်မည်။ ရာကုတန် (Rakuten) သည် ကုမ္ပဏီ၏ အဆင့်မြင့်အရာရှိများကို အင်္ဂလန်နှင့် အမေရိကားကဲ့သို့သော အင်္ဂလိပ်စကားပြောနိုင်ငံများသို့ ဘာသာစကားနှင့် အပြည့်အ၀ထိတွေ့လေ့ကျင့်ခြင်းအတွက် ပို့ပေးပါသည်။ ဝန်ထမ်းများကိုလည်း ဖိလစ်ပိုင်နိုင် ငံတွင် အပတ်စဉ်များစွာကြာသော ဘာသာစကားလေ့ကျင့်ရေးသင်တန်းများ တက်ရောက်ရန် အခွင့်အလမ်းများ ပေးခဲ့ ပါသည်။ လူဦးရေ ၇၁၀၀ ရှိသော ဂျပန်ဝန်ထမ်းများအားလုံးကို လွယ်ကူစွာ ပုံစံပြောင်းပစ် နိုင်သည်မဟုတ်သော် လည်း ၎င်းအစီအစဉ်များသည် လုပ်ငန်းခွင်တွင် အသုံးပြုနိုင်သည့် အင်္ဂလိပ်စာစွမ်းရည် ရှိသူများကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ၎င်းအပြင် ရာကုတန် (Rakuten) သည် ဂျပန်နိုင်ငံပြင်ပရှိ နည်းပညာကွန်ဖရင့်များသို့ လည်း အယောက် ၁၀၀၀ ကျော်ရှိသော အင်ဂျင်နီယာများကို ပို့ရန် အစီအစဉ်များ ရှိပါသည်။
အပေါင်းလက္ခဏာ ဆောင်သည့်ထင်မြင်ခံစားချက်ရှိစေရန် အားပေးမွေးမြူပေးခြင်း
ထင်မြင်ခံစားချက်ဟူသည် ကူးစက်တတ်ပါသည်။ လူတို့တွင်ရှိသော မိမိတို့ကိုယ်ပိုင်စွမ်းဆောင်ရည်များအပေါ် ယုံကြည်မှုသည် မိမိပတ်ဝန်းကျင်ရှိအဆင့်တူများ၊ မန်နေဂျာများ၊ သူငယ်ချင်းများက ဤအခြေခံ ပြောင်းလဲမှု နှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သည့် အတွေ့အကြုံများ ရှိလာသည်ကို မြင်လာရသောအခါ တိုးပွား လာတတ်သည်။ ကံမကောင်းစေသောအချက်မှာ ပြောင်းပြန်ဖြစ်ခြင်းက လည်း မှန်ကန်နေသောအချက်ပင် ဖြစ်သည်။ မန်နေဂျာများက ၎င်းတို့ကိုယ်တိုင်လည်း ဤအသစ်အသစ်သော ကိစ္စများကို စမ်းသပ်လုပ်ကိုင် နေခြင်းဖြစ်ကြောင်း၊ အမှားများလုပ်ခြင်းနှင့် ၎င်းအမှားများမှ ပညာယူခြင်းသည်တို့ကို ပြသခြင်းဖြင့် ကောင်းမွန်သော စွန့်စားမှုပြုနေသည့် အပြုအမူများကို စံနမူနာလုပ်ပြနိုင်ပါသည်။
မီကိတာနီ သည် သူ၏ ကိုယ်ပိုင်အာရုံစူးစိုက်မှုကို အလယ်အလတ်မန်နေဂျာများအပေါ်တွင် ထားရှိထားပါသည်။ ၎င်းမန်နေဂျာများစုပေါင်း၍ ထောင်ပေါင်းများစွာသော ၀န်ထမ်းများအပေါ် လွှမ်းမိုးမှုပြုလုပ်နိုင်သည်ကို သူသိရှိ သောကြောင့်ဖြစ်သည်။ သူသည် ထိုသူတို့အား အဆက်မပြတ် ဘာသာစကားစွမ်းရည်မြှင့်တင်ရန် အားပေးသကဲ့ သို့ လိုအပ်လာလျှင် သူကိုယ်တိုင်အင်္ဂလိပ်စာသင်ပေးရန် ကမ်းလှမ်းသည်အထိဖြစ်လာပါသည်။ မန်နေဂျာများကို ၎င်းတို့၏လက်အောက်ငယ်သားများ ဘာသာစကားကျွမ်းကျင်မှု ဖွံ့ဖြိုးလာစေရန် ကြိုးစားမှုကို ကူညီထောက် ပံ့ပေးရန် အားပေးမှုများလည်း ပြုလုပ်ခဲ့ပါသည်။
နှုတ်ဖြင့်အားပေးဆွဲဆောင်နည်းကို သုံးခြင်း
ရိုးစင်းသော ပြောဆို မှုကလေးများဖြစ်သည့် “ မင်းလုပ်နိုင်ပါတယ်” သို့မဟုတ် “ မင်းကို ငါယုံကြည်တယ်” စသဖြင့်ကဲ့သို့သော အားပေး မှုများနှင့် အပေါင်းလက္ခဏာဆောင်သော အားဖြည့်မှုများကို မန်နေဂျာများနှင့် အရာရှိများထံမှ ပြောဆိုပေးခြင်း သည် များစွာသောပြောင်းလဲမှုကို ဖြစ်စေပါသည်။ ရာကုတန် (Rakuten) တွင် အရောင်းစွမ်းအား ခြိမ်းခြောက်လာမှု များကို လျော့ပါးသွားစေရန် မန်နေဂျာများသည် ကုမ္ပဏီက ဆက်လက် ထိန်းသိမ်းထားရှိလိုသည့် အရည်အချင်းရှိသူများကို ရွေးချယ်ပြီး ၎င်းတို့အတွက် အထူးအစီအစဉ်များကို သီးသန့်ပြုလုပ်စေပါသည်။ တစ်ဖက်မှလည်း သူတို့ကို တစ်ချိန်လုံးအားပေးမှုများ ပြုလုပ်ပေးပါသည်။ ၎င်းအပြင် မီကိတာနီသည် သူ၏ အလုပ်သမားထုကြီးတစ်ခုလုံးကို ဝန်ထမ်းတိုင်း သူတို့၏ အင်္ဂလိပ်စာစွမ်းရည်ကျွမ်းကျင်မှု ဦးတည်ချက်များသို့ ရောက်ရှိနိုင်ရန် သူတတ်နိုင်သမျှ အရာအားလုံးနှင့် ကူညီပေးမည်ဟု ထပ်ခါထပ်ခါ စိတ်ချစေရန် ပြောဆိုခဲ့ပါသည်။ ကြိုးစားမှုပြုပါက လူတိုင်းစီးပွားရေးလုပ်ငန်းသုံး ဘာသာစကားကို လုံလုံ လောက်လောက် လေ့လာနိုင်သည်ဟု ယုံကြည်ကြောင်းနှင့် အင်္ဂလိပ်စာကိုသာအသုံးပြုရမည် ဟူသော သတ်မှတ်ချက်ကြောင့် မည်သူမှ ကုမ္ပဏီကထွက်ခွာသွားရသည်ကို မမြင်လိုကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါသည်။
ကောင်းမွန်သော ဖတ်မှတ်လေ့လာခြင်းအကျင့်ကောင်းများကို အားပေးပါ။
ကုမ္ပဏီများသည် ကျွမ်းကျင်မှုအဆင့်အမျိုးမျိုးတွင်ရှိနေသော ၀န်ထမ်းများအား ကူညီပေးခြင်းမျိုးတွင် အထူးပြု သော ဘာသာစကားသင်ကြားပို့ချပေးသူများနှင့် စာချုပ်ချုပ်အလုပ်လုပ်ကိုင်ရန် လိုအပ်ပါသည်။ ထိုလေ့ကျင့် သင်ကြားပေးသူများသည် ကုမ္ပဏီ၏လုပ်ငန်းခွင်အနေအထားနှင့် နီးစပ်စွာ ရင်းနှီးနေရမည်။ သို့မှသာ ၀န်ထမ်း များ၏လေ့လာမှုကို လိုအပ်သလို လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။ စွမ်းရည်မြှင့်တင်ရေးအတွက် အချိန်ကို ဘယ်လိုအကောင်းဆုံး သတ်မှတ်အသုံးပြု မလဲဆိုသော အချက်မှ အီးမေးလ်များကို အင်္ဂလိပ်လိုရေးသည့် နည်းဗျူဟာများအထိ လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။ ရာကုတန် (Rakuten) သည် ဘာသာစကားဖွံ့ဖြိုး တိုးတက်လာရေးကို အလုပ်တိုင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားပေးပြီး ၎င်းကိစ္စအတွက် အချိန်ပေးနိုင်ရန် အလုပ်လုပ်ချိန်တွင်းမှ အချိန်တစ်ခုကိုလည်း ပေးထားပါသည်။ မနက်တိုင်း ၀န်ထမ်းများက ကုမ္ပဏီ၏ ကော်ဖီဆိုင်တွင် ၎င်းတို့၏ လေ့လာရေးစာအုပ်များ လှန်လှောကြည့်ရှုနေခြင်း (သို့) လေ့လာရေး အင်တာနက်စာမျက်နှာများ ကြည့်ရှုနေခြင်းတို့ကို မြင်တွေ့နိုင်ပါသည်။
ဝန်ထမ်းများ၏ သဘောတူ လက်ခံပေးခြင်းကို တိုးတက်အောင်ပြုလုပ်ခြင်း
သဘောတူလက်ခံပေးလာခြင်း ပြောင်းလဲလာစေရန်အတွက် တစ်ခုနှင့်တစ်ခု မတူညီသော လုပ်ဆောင်ဖွယ်ရာများ လုပ်ဆောင်ရန် လိုအပ်ပါသည်။ သို့သော် ၎င်းလုပ်ဆောင်မှုများသည် သီးသန့်သပ်သပ်စီ အကျိုး သက်ရောက် ကြမည်မဟုတ်ပါ။ သဘောတူလက်ခံလာခြင်းနှင့် ယုံကြည်ချက်ရှိလာခြင်းတို့သည် အတူတူပင်သွားကြပါသည်။ လူများကို ပိုမိုယုံကြည်မှုရှိလာသည်ဟု ခံစားရစေရန် ကူညီပေးသော နည်းဗျူဟာများ တွင် အောက်ပါတို့ ပါဝင်ပါသည်။
ထပ်ခါ ထပ်ခါ ညွှန်းပြပေးခြင်း
အမှုဆောင်အရာရှိချုပ်၊ အရာရှိများနှင့် မန်နေဂျာများ ထံမှ အဆက်မပြတ် ဆက်သွယ်ပေးမှုသည် အလွန်အရေးကြီးပါသည်။ ခေါင်းဆောင်များသည် ကမ္ဘာအနှံ့လုပ်ငန်းဖြန့်ကျက်လုပ်ဆောင်ခြင်းသည် ကုမ္ပဏီ၏ ဦးတည်ချက်နှင့် မဟာဗျူဟာများ ရရှိအောင်မြင်ရေးအတွက် မည်သို့အရေးကြီးကြောင်း အလေးပေး ပြောကြား ရန်နှင့် ၎င်းကို ဘာသာ စကားကမည်သို့ထောက်ပံ့ပေးနေကြောင်း ပြပေးသင့်ပါသည်။ ရာကုတန် (Rakuten) တွင် မီကိတာနီသည် အင်္ဂလိပ်ဘာသာစကားပေါ်လစီ၏ အရေးကြီးပုံကို သူ၏အဖွဲ့အစည်းကြီးတစ်ခုလုံးကို မရပ်မနား အချက်ပြခဲ့ပါ သည်။ ဥပမာအားဖြင့် အယောက် (၁၂၀) ခန့်ရှိမည်ဖြစ်သော မန်နေဂျာများက အပတ်စဉ် သူ့ထံ သူတို့၏ စီးပွားရေးအစီရင်ခံစာများ တင်ပေးရပါသည်။ ၎င်းတို့ကို မီကီတာနီက တစ်ခုချင်းအပေါ် အကြောင်းပြန်၍ သူတို့၏ဘာသာစကား စွမ်းရည်ဖွံ့ဖြိုးလာစေရေး တွန်းအားပေးခဲ့ပါသည်။ ကျွန်ုပ်သည် ရာကုတန် (Rakuten) က ဤသို့ပြောင်းလဲသုံးစွဲမှု ပုံစံဘောင်ကို ချမှတ်မဆောင်ရွက်မီနှင့် ဆောင်ရွက်ပြီး အချိန်တို့တွင် ၀န်ထမ်းများအား စစ်တမ်းကောက်ယူခဲ့ပါသည်။ ရလာဒ်များက မီကီတာနီသည် သူ၏ ၀န်ထမ်းများအား သူသည် “အရူးအမူး ဖြစ်နေပါသည်။ အင်္ဂလိပ်မှုပြုရေးကို မဖြစ်မနေလုပ်ဆောင်ဖို့ သံဓိဌာန်ချထားပါသည်” ဟု သူဖော်ပြသလို လုပ်ပြပြီးနောက်တွင် ဝန်ထမ်းများ၏ သဘောတူလက်ခံပေးမှုသည် ကြီးမားစွာ မြင့်တက်လာကြောင်း ပြသနေပါသည်။ စစ်တမ်းကောက်ယူခဲ့သော မြောက်မြားစွာသော ဝန်ထမ်းများက ဤပေါ်လစီသည် ''လိုအပ်သော'' ဆောင်ရွက်ချက်ဖြစ်သည်ဟု ပြောကြပါသည်။
ကုမ္ပဏီတွင်း နားလည်သဘောတူလက်ခံပေးမှု မြှင့်တင်ရေး စည်းရုံးရေးဆင်းခြင်း
ဘာသာစကားပြောင်းလဲပစ်ခြင်းသည် နှစ်များစွာကြသော လုပ်ငန်းစဉ်မျိုးဖြစ်ပြီး ရှုတ်ထွေးမှုမှာ အခြားသော ပြုပြင်ပြောင်းလဲရေးကြိုးစားမှုများထက် များစွာကျော်လွန်သဖြင့် ၀န်ထမ်းများ၏ သဘောတူလက်ခံပေးမှုကို အချိန် ကာလကြာရှည်စွာ ထိန်းထားပေးရန်မှာ အလွန်အရေးကြီးပါသည်။ ရာကုတန် (Rakuten) ၏ ယခုလက်ရှိ အင်္ဂလိပ်လိုပြောင်းပြီးဖြစ်နေသော ကုမ္ပဏီတွင်းသုံးအင်တာနက်ကွန်ယက် (Intranet) မှတဆင့် ဝန်ထမ်းများ၏ အောင်မြင်မှု ရရှိနေသော ဇာတ်လမ်းများကို ပုံမှန်တင်ဆက်ပေးနေရာတွင် ဘာသာစကားကျွမ်းကျင်မှုမြှင့်တင်ပေးသော အကောင်းဆုံးနည်းလမ်းများ၊ လုပ်ဆောင်ချက်များကို အဓိကအလေးပေး၍ တင်ဆက်ပေးပါသည်။ အင်္ဂလိပ် ဘာသာစကား မူဝါဒပေါ်လစီအကြောင်း ဆွေးနွေးကြရန်လည်း လစဉ်ကုမ္ပဏီတစ်ခုလုံးပါဝင်သော အစည်း အဝေးများ ကျင်းပပေးပါသည်။
အမှတ်တံဆိပ် တပ်ပေးခြင်း
မန်နေဂျာများသည် ဝန်ထမ်းများကို ဒေသတစ်ခုတွင်းရှိဝန်ထမ်းများအဖြစ်ထက် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ၀န်ထမ်းအဖြစ် မိမိကိုယ်ကို သတ်မှတ်ရန် အားပေးသင့်ပါသည်။ နိုင်ငံတကာ ပတ်ဝန်းကျင် နှင့် ထိတွေ့မှု သိပ်မရှိပါက တကမ္ဘာလုံးနှင့်ဆိုင်သူအဖြစ် သတ်မှတ်ထားနိုင်မှု အသိစိတ်ဓာတ် ဖွံ့ဖြိုးလာနိုင်ဖို့ ခက်မည်မှာ အမှန်ပင်ဖြစ်သည်။ ရာကုတန်(Rakuten)သည် နိုင်ငံကွာခြားမှုကို ဖြတ်ကျော်သော အပြန်အလှန် ဆက်ဆံမှုပြုကြခြင်း မြှင့်တင်ရန် လုပ်ငန်းတစ်ခုလုံးပါဝင်သော လူမှုရေးကွန်ယက်တစ်ခု တည်ဆောက်ပေးခြင်းဖြင့် ဤစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းပါသည်။ ဝန်ထမ်းများသည် ယခုအခါ ကုမ္ပဏီ၏ လူမှုရေးကွန်ယက် ၀က်(ဘ်)ဆိုက်မှတဆင့် တကမ္ဘာလုံးတွင်ရှိသော လုပ်ဖော်ကိုင်ဖက်များနှင့် အပြန်အလှန်ဆက်ဆံခြင်း၊ လုပ်ငန်းလုပ်ဆောင်နေခြင်းတို့ကို ပြုလုပ်နေပြီဖြစ်သည်။ တကမ္ဘာလုံးသုံး အင်္ဂလိပ်စာ ပေါ်လစီကို ချမှတ် ကျင့်သုံးခြင်းသည် ကမ္ဘာအနှံ့ ဆက်သွယ်လုပ်ဆောင်မှ ပေါ်ပေါက်လာသော ခေါင်းဆောင်ရည်စိမ်ခေါ်မှုများ၏ အဆုံးမဟုတ်ပါ။ အင်္ဂလိပ်စာအား စီးပွားရေးလုပ်ငန်းသုံးဘာသာစကားအဖြစ် အသုံးပြုခြင်းသည် ၀န်ထမ်းများ၏ စိတ်စွမ်းရည်ကိုထိခိုက်စေနိုင်သည်။ မိခင်ဘာသာစကားအဖြစ် သုံးစွဲသူများနှင့် မိခင်ဘာသာစကားမဟုတ်သူ များအကြား ရောဂါတစ်ခုသဖွယ် စိတ်ဝမ်းကွဲပြားမှုဖြစ်စေမည်။ အသင်းဝင်များ၏ စုစုပေါင်းထုတ်လုပ် စွမ်းရည်ကိုလည်း လျော့ကျစေမည်ဖြစ်သည်။ ခေါင်းဆောင်များသည် ဝန်ထမ်းများအနေနှင့် တစ်ကမ္ဘာလုံးသုံး အင်္ဂလိပ်စာပေါ်လစီလမ်းစဉ်ကို ပိုမိုလွယ်ကူစွာ ပွေ့ဖက်ကြိုဆိုနိုင်ရန်သော ပတ်ဝန်းကျင်တစ်ခုတည်ဆောက် ပေးခြင်းဖြင့် ဤဖြစ်နိုင်ခြေရှိသော ပြသာနာများကို ရှောင်းရှား(သို့) ပျော့ပြောင်းလာအောင်ပြုလုပ်ရမည် ဖြစ်သည်။ ဤနည်းအားဖြင့် ကုမ္ပဏီများသည် ဆက်သွယ်ရေးနှင့်ပူးပေါင်းဆောင် ရွက်မှုတို့ကို တိုးတက်လာစေမည်ဖြစ်သည်။
ကျွန်ုပ်က မီကီတာနီအား ဘာသာစကားတစ်ခုတည်းသုံးစွဲရန် သတ်မှတ်၍ ဖိအားပေးခြင်းနှင့် ပတ်သက်၍ အခြားသော အမှုဆောင်အရာရှိချုပ်များကို မည်သို့အကြံဥာဏ်ပေးနိုင်သနည်း ဟု မေးမြန်းသောအခါ ၄င်းက စဉ်းကမ်းရှိမှုအကြောင်း အလေးထားပြောဆိုသွားပါသည်။ အမှုဆောင်အရာရှိချုပ်များသည် စံပြနမူနာများ ဖြစ်ရပါမည်။သူတို့ကိုယ်တိုင် ဤအစီအစဉ်ကို တိကျစွာ မလိုက်နာပါက မည်သူမှ လိုက်နာမည်မဟုတ်ပါ။ မီကီတာနီသည် ၄င်း၏အတော်ဆုံး ဂျပန်လူမျိုးအရာရှိများနှင့် တစ်ယောက်ချင်းစွမ်းဆောင်ရည် ပြန်လည် သုံးသပ်မှုများ ပြုလုပ်ရာတွင်ပင် အင်္ဂလိပ်လိုပြုလုပ်ခဲ့သည်။ “သင်နည်းနည်းလျော့ပေးလိုက်လျှင် အားလုံးကို စွန့်လွှတ်လိုက်ရမည်” ဟု သူကဆိုပါသည်။ မီကီတာနီသည် ဆန့်ကျင်မှုပြုမည်ကို မကြောက်ရွံ့ပါ။ သူသည် ကျွန်ုပ်ယုံကြည်သကဲ့သို့ပင် ဆန့်ကျင်မှုကို ပြန်လှန်တုန့်ပြန်နိုင်ရမည်၊ ၄င်းမှတဆင့် နောက်ဆုံးတွင် ဝန်ထမ်းများ၏ ယုံကြည်မှုနှင့် သဘောတူလက်ခံပေးမှုတို့တွင် အရေးကြီးသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်မည်ဟု ယုံကြည်ပါသည်။ တစ်ကမ္ဘာလုံးသုံး ဘာသာ စကားတစ်ခု ပြောင်းလဲခြင်းသည် ဇွဲရှိရန်နှင့် အချိန်ပေးလုပ်ဆောင်ရန် လိုအပ်ပါသည်။ သို့သော် အကယ်၍ သင်သည် သင်၏ ပြိုင် ဘက်များကို ကျော်လွှားချင်သည်ဆိုပါက ၄င်းသည် ရွေးချယ်စရာကိစ္စသက်သက်တစ်ခုသာ မဟုတ်တော့ပါ။
Harvard Business Review မှ Tsedal Neeley ၏ Global Business Speaks English ဆောင်းပါးအား ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ မူရင်းဆောင်းပါးကို https://hbr.org/2012/05/global-business-speaks-english တွင် ဖတ်ရှုနိုင်ပါသည်။
Related Links:
တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများတွင် အင်္ဂလိပ်လိုပြောနေကြပြီ (အပိုင်း ၁)
တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများတွင် အင်္ဂလိပ်လိုပြောနေကြပြီ (အပိုင်း ၂)
တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများတွင် အင်္ဂလိပ်လိုပြောနေကြပြီ (အပိုင်း ၃)
တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများတွင် အင်္ဂလိပ်လိြုေ...
LESSONS FROM OUR ARCHIVE
အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons
[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]
- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။
- Join us now at - www.myanmar-network.net/main/authorization/signUp
Tags:
Tanks
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |