ေဝဖန္ေဆြးေႏြး စကားစစ္ထိုး ကၽြမ္းက်င္ေစဖို႔

UK vs India Debating Matters Competition အျပည္ျပည္ဆိုင္ရာ စကားစစ္ထုိးျပိဳင္ပြဲမွာ အနုိင္ရရွိခဲ့တဲ့ အသင္းဝင္တစ္ဦးျဖစ္တဲ့ မန္ခ်က္စတာျမိဳ႕ Withington မိန္းကေလးေက်ာင္းမွာ ပညာသင္ေနတဲ့ အသက္ ၁၇ နွစ္အရြယ္  Sheanna Patelmasterက ေဝဖန္ေဆြးေႏြး စကားရည္လုရာမွာ ကၽြမ္းက်င္ေအာင္ ေလ့က်င့္ျခင္းဟာ ဘာေၾကာင့္ အေရးပါတဲ့စြမ္းရည္တစ္ခုျဖစ္ေၾကာင္းကို ေအာက္ပါအတိုင္း ရွင္းျပသြားပါတယ္။


အကယ္လို႔သင္ဟာ စကားစစ္ထုိးပြဲမွာ ကၽြမ္းက်င္ခ်င္တယ္ဆုိရင္ေတာ့ ကၽြန္မ လုပ္သလုိမ်ိဳး လုိက္လုပ္တာက လြဲလုိ႔ အျခားနည္းလမ္း မရွိပါဘူး။ အဲ့ဒါကေတာ့ ဇြဲ လံု႔လနဲ႔ မျပတ္တမ္းေလ့က်င့္တာဘဲ ျဖစ္ပါတယ္။ ကၽြန္မအတြက္ကေတာ့ ေလ့က်င့္မႈဆုိတာ ဘာနဲ႔မွကို အစားထုိးလို႔ မရတဲ့ အရာသာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အဲ့ဒါက မိမိရ့ဲ ရည္မွန္းခ်က္ ေအာင္ျမင္ေအာင္ ေသျခာစြာ ျပင္ဆင္ဖို႔အတြက္ ကၽြန္မ ေလ့လာသင္ယူထားတဲ့ နည္းလမ္းျဖစ္တဲ့အျပင္ စကားရည္လုပြဲ မတုိင္ခင္ ျဖစ္တတ္တဲ့ စိတ္လႈပ္ရွားမႈကိုပါ နုိင္နင္းေအာင္ ထိန္းသိမ္းနုိင္ေစတာလည္း ျဖစ္ပါတယ္။


ျပီးခဲ့တဲ့ ၂ နွစ္အတြင္း ကၽြန္မေလ့လာခဲ့သမွ်ထဲက အေရးၾကီးဆံုးအခ်က္ ၄ ခ်က္ကို လက္ဆင့္ကမ္း မွ်ေဝလုိက္ပါတယ္။


၁။ ရည္မွန္းခ်က္ ခုိင္ျမဲပါေစ။ (Stay Objective)

စကားရည္လုပြဲ ဝင္ေနစဥ္မွာ မိမိရဲ့ ပုဂၢိဳလ္ေရး အျမင္ေတြ၊ ခံစားခ်က္ေတြကို ေဘးခ်ိတ္ထားျပီး အမ်ားလက္ခံတဲ့အျမင္န႔ဲ မရႈပ္ေထြးေစရေအာင္ သီးျခားအကန္႔ခဲြထားလုိက္ပါ။ ဘာေၾကာင့္လဲဆုိေတာ့ အဲ့ဒီလုိလုပ္မွသာ သင္ဟာ ပြဲတစ္ေလွ်ာက္ က်ိဳးေၾကာင္း ဆင္ျခင္နုိ္င္မႈ အသိစိတ္ရဲ့ အထိန္းအကြပ္ေအာက္မွာဘဲ ရွိေနမွာမို႔လုိပါ။ အကယ္လုိ႔ မိမိေဆြးေႏြးရတဲ့ topic ေခါင္းစဥ္ဟာ မိမိအတြက္ အရမ္းကို အဓိပၸါယ္ရွိေနတယ္၊ ဒါမွမဟုတ္ မိမိေဆြးေႏြးျငင္းခံုေနတာက မိမိလံုးဝ သေဘာမတူတဲ့ဘက္က ေခ်ပေျပာဆုိေနရတဲ့ အခါမ်ိဳးမွာ ဒီအခ်က္က ပုိအေရးၾကီးပါတယ္။ မိမိေျပာဆုိေဆြးေႏြးတဲ့ အခ်က္အေပၚ မိမိရဲ့ စိတ္ပါဝင္စားမႈ၊ နစ္မြန္းမႈ ဘယ္ေလာက္ရွိေနတယ္ ဆုိတာေတြကိုေတာ့ ေျပာလုိ႔မကုန္နိုင္ေအာင္ ရွိနုိင္ပါတယ္။ ဒါေပမဲ့ ကၽြန္မတို႔ အဓိက မိမိကိုယ္ကို သိေအာင္ အရင္လုပ္ထားရမွာကေတာ့ enthusiasm ဆုိတဲ့ စိတ္အားထက္သန္မႈနဲ႔  aggression ဆိုတဲ့ ရန္လုိဖိအားေပးတဲ့ မာန္တုိ႔ရဲ့ အၾကားမွာ၊ passion ဆုိတဲ့ စိတ္ဝင္တစား ခံုမင္နွစ္သက္မႈနဲ႔ emotion ဆိုတဲ့ စိတ္ခံစားမႈ အေျခခံတဲ့ စြဲလမ္းမႈတုိ႔ ၾကားထဲမွာ သတိနဲ႔ေလ်ွာက္လွမ္းဖို႕ (လုံးဝအမွားမခံႏိုင္တဲ့) လမ္းမွ်င္မွ်င္ကေလးဘဲ ရွိေနတယ္ဆိုတာကိုဘဲ ျဖစ္ပါတယ္။

၂။ လြတ္လပ္ေပ်ာ့ေျပာင္းမႈ ရွိပါေစ။ (Be Flexible)

ျငင္းခံုေဆြးေႏြးရမယ့္ အေၾကာင္းအရာကို သင့္ကုိယ္ပိုင္ခံယူခ်က္နဲ႔ မကိုက္ညီ၊ မတုိက္ဆိုင္တဲ့ ဘက္ကေနျပီး ေျပာဆိုျငင္းခံုဖု႔ိ သင့္ကုိ သတ္မွတ္ေပးလုိက္တယ္ဆိုခဲ့ရင္ (ဥပမာ - သင္ေဆြးေႏြးရမယ့္ အေၾကာင္းအရာက သင္လက္မခံတဲ့ အရာကို ေထာက္ခံေဆြးေႏြးရမယ့္ဘက္က ျဖစ္ေနရင္) အစပထမေတာ့ သင့္အတြက္ ခက္ခဲပါလိမ့္မယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကုိယ္ေထာက္ခံေျပာရမယ့္ အေၾကာင္းကို ကိုယ္ကမွ မၾကိဳက္တာကိုး။ ဒီအခက္အခဲကို ေက်ာ္လႊားဖုိ႔ကေတာ့ သင့္ရဲ့ ကုိယ္ပုိင္ခံစားခ်က္နဲ႔ အေတြးအျမင္ေတြကုိ ေဘးခ်ိတ္ထားတတ္ဖို႔ နည္းနည္းပိုၾကိဳးစားျပီး ေလ့က်င့္ရမွာ ျဖစ္ပါတယ္။ ဒီလုိလုပ္ရတဲ့ ေနာက္ထပ္ အက်ိဳးေက်းဇူးတစ္ခုကေတာ့ မိမိက ေဆြးေႏြးရမယ့္ အေၾကာင္းအရာရဲ့ အျခားတစ္ဖက္က အျမင္နဲ႔ ေတြးေခၚေလ့က်င့္ထားတာျဖစ္လုိ႔ မိမိရဲ့ ကိုုယ္ပိုင္အျမင္ေရာ၊ မိမိရဲ့ ဆန္႔က်င္ဖက္အျမင္ကိုပါ ၾကိဳျမင္ထားျပီး ျဖစ္တာေၾကာင့္ တစ္ကယ့္ စကားရည္လုပြဲမွာ တစ္ဖက္ကသူက ဘာေတြေျပာေတာ့မယ္၊ ဘာေတြစဥ္းစားေနလဲဆိုတာ ၾကိဳသိနုိ္င္ျပီး သူတို႔ကို ဘယ္လိုေခ်ပ ေျပာဆုိရမလဲဆုိတာကိုလည္း ၾကိဳျပီး ျပင္ဆင္ထားနုိင္တာဘဲ ျဖစ္ပါတယ္။


၃။ ၾကားခံေနရာကုိ ရွာေဖြပါ။ (Look for the Grey Areas)

ကၽြန္မဝင္ေရာက္ ယွဥ္ျပိဳင္ခဲ့တဲ့ စကားရည္လုပြဲ မွန္သမ်ွေတြမွာ အစြန္းေရာက္ေစတဲ့ white area တို႔ black area တို႔ စတဲ့ အျဖဴ၊ အမည္း သက္သက္မျဖစ္ေစဘဲ ညီညြတ္မွ်တတဲ့ၾကားခံေနရာ grey areas ေနရာၾကီးၾကီးေတြသာ ရွိခဲ့ပါတယ္။ အဲ့ဒီလုိလုပ္တာဟာ အရမ္းကို အသံုးဝင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒါေၾကာင့္ စကားရည္လုပြဲဟာ ပိုမိုအသက္ဝင္ျပီး စိ္တ္ဝင္စားဖို႔ေကာင္းလာတာ ျဖစ္ပါတယ္။ ေနာက္ျပီး ဒီလုိမ်ိဳး ၾကားခံေနရာမွာ ရွိေနတာေၾကာင့္ မိမိက အေၾကာင္းအရာကို ဘယ္လုိအျမင္ဘက္ကေနဘဲ ေဆြးေႏြးရတာ ျဖစ္ပါေစ မိမိသေဘာတူတဲ့ အခ်က္ မိမိဆက္စပ္ေျပာခ်င္တဲ့အခ်က္ စတာေတြကုိ လြယ္လင့္တကူ ဆြဲထုတ္ေျပာဆိုနုိ္င္မွာ ျဖစ္ျပီး မိမိရဲ့ ေဆြးေႏြးျငင္းခံုမႈကိုလည္း မိမိစိတ္ဝင္စားဖြယ္ျဖစ္ေအာင္ လုပ္နုိင္မွာ ျဖစ္ပါတယ္။


၄။ အျခားသူမ်ားရဲ့ အျမင္ကို လက္ခံ စဥ္းစားပါ။ (Think about Compromise)

ေနာက္ဆံုးအေနနဲ႔ ေျပာရရင္၊ ေဆြးေႏြးျငင္းခံု စကားစစ္ထိုးပြဲေတြ လုပ္ျပီးတဲ့ေနာက္ပိုင္း သင့္ဆီမွာ အျမင္သစ္၊ ဗဟုသုတအသစ္ေတြ တိုးပြားမလာဘူး၊ သင့္ရဲ့ တစ္ခ်ိဳ႕ေသာ တစ္ဖက္သတ္ အျမင္ေတြ ေလ်ာ့မသြားဘူး ဆိုရင္ေတာ့ တန္ဖိုးရွိတဲ့ အခြင့္အေရးတစ္ခုကုိ သင္ဆံုးရံႈးသြားခဲ့ျပီလို႔ ဆိုရပါမယ္။ စကားရည္လုပြဲေတြရဲ့ ပံုစံကိုက အေၾကာင္းအရာတစ္ခုရဲ့ ဆန္႔က်င္ဘက္အျမင္ တစ္ဖက္ကေနဘဲ (ျပႆနာရဲ့တစ္ဖက္ျခမ္းကေန) သင့္ကိုေဆြးေႏြးေစတာ ျဖစ္ပါတယ္။ အဲ့ဒါက သင့္အတြက္ ဘာေကာင္းလဲဆုိေတာ့ ေဆြးေႏြးျငင္းခံုပြဲ လုပ္ေနစဥ္အတြင္း သင္က သင့္အျမင္ကို (တစ္ဖက္သားရဲ့ အျမင္ကို လႊမ္းမုိးအနုိ္င္ရမို႔) မေလ်ွာ့တမ္း ေဆြးေႏြးရင္း တစ္ဖက္သားရဲ့ ေျပာဆုိေခ်ပခ်က္ေတြထဲက သင္သေဘာတူလက္ခံတဲ့ အခ်က္ေတြကိုလည္း သင္က လက္ခံမွတ္သားနုိ္င္တာလည္း ျဖစ္ပါတယ္။


ဒီလုိေဆြးေႏြးျငင္းခံုရင္း ရရွိခဲ့တဲ့ အၾကံဥာဏ္သစ္ေတြက အရမ္းကုိ အသံုးဝင္မယ္လို႔ ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ နွစ္ဖက္စလံုးက ေဆြးေႏြးသူေတြက ေဆြးေႏြးပြဲစတင္ကတည္းက ဒီလိုနွစ္ဖက္စလံုး လက္ခံနုိင္တဲ့ ၾကားေနရာအတြက္ အုိင္ဒီယာအသစ္ေတြ ထြက္လာဖို႔ ရည္ရြယ္ခ်က္နဲ႔ ေဆြးေႏြးခဲ့တာ မဟုတ္လု႔ိပါဘဲ။ စကားရည္လုပြဲေတြရဲ့့ သဘာဝအတုိင္း မိမိရဲ့အျမင္တစ္ျခမ္းဘက္ အားသာေအာင္ အစြန္းေရာက္တဲ့အထိ အၾကိတ္အနယ္ ယွဥ္ျပိဳင္ျငင္းခံုၾကတာဟာ သဘာဝဘဲ ျဖစ္ေပမယ့္၊ တစ္ကယ့္လက္ေတြ႕ လူေနမႈဘဝမွာေတာ့ တစ္ဖက္သတ္အစြန္းေရာက္တဲ့ အေတြးအေခၚေတြကို လက္ကိုင္ထားတာကိုေတာ့ လူအမ်ားက လက္မခံၾကပါဘူး။ ဒါေၾကာင့္အျငင္းပြားဖြယ္ အေၾကာင္းအရာတစ္ခုကို ရႈေထာင့္ေပါင္းစံုကေန ခ်ည္းကပ္ေလ့လာတဲ့ အေလ့အထဟာ သင့္ကုိ ျပႆနာရဲ့အေျဖ ရွာေဖြတဲ့အခါ ၾကားခံေနရာကို သတ္မွတ္ျပီးမွ အမ်ားလက္ခံတဲ့ အေျဖကို ရွာေဖြနုိ္င္ေအာင္ အမ်ားၾကီး ကူညီပါလိမ့္မယ္။

အဂၤလိပ္ဘာသာျဖင့္ ေရးထားေသာ မူရင္းေဆာင္းပါးကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။


<Unicode> ဝေဖန်ဆွေးနွေး စကားစစ်ထိုး ကျွမ်းကျင်စေဖို့

UK vs India Debating Matters Competition အပြည်ပြည်ဆိုင်ရာ စကားစစ်ထိုးပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အသင်းဝင်တစ်ဦးဖြစ်တဲ့ မန်ချက်စတာမြို့ Withington မိန်းကလေးကျောင်းမှာ ပညာသင်နေတဲ့ အသက် ၁၇ နှစ်အရွယ် Sheanna Patelmasterက ဝေဖန်ဆွေးနွေး စကားရည်လုရာမှာ ကျွမ်းကျင်အောင် လေ့ကျင့်ခြင်းဟာ ဘာကြောင့် အရေးပါတဲ့စွမ်းရည်တစ်ခုဖြစ်ကြောင်းကို အောက်ပါအတိုင်း ရှင်းပြသွားပါတယ်။


အကယ်လို့သင်ဟာ စကားစစ်ထိုးပွဲမှာ ကျွမ်းကျင်ချင်တယ်ဆိုရင်တော့ ကျွန်မ လုပ်သလိုမျိုး လိုက်လုပ်တာက လွဲလို့ အခြားနည်းလမ်း မရှိပါဘူး။ အဲ့ဒါကတော့ ဇွဲ လုံ့လနဲ့ မပြတ်တမ်းလေ့ကျင့်တာဘဲ ဖြစ်ပါတယ်။ ကျွန်မအတွက်ကတော့ လေ့ကျင့်မှုဆိုတာ ဘာနဲ့မှကို အစားထိုးလို့ မရတဲ့ အရာသာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါက မိမိရဲ့ ရည်မှန်းချက် အောင်မြင်အောင် သေခြာစွာ ပြင်ဆင်ဖို့အတွက် ကျွန်မ လေ့လာသင်ယူထားတဲ့ နည်းလမ်းဖြစ်တဲ့အပြင် စကားရည်လုပွဲ မတိုင်ခင် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုကိုပါ နိုင်နင်းအောင် ထိန်းသိမ်းနိုင်စေတာလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကျွန်မလေ့လာခဲ့သမျှထဲက အရေးကြီးဆုံးအချက် ၄ ချက်ကို လက်ဆင့်ကမ်း မျှဝေလိုက်ပါတယ်။


၁။ ရည်မှန်းချက် ခိုင်မြဲပါစေ။ (Stay Objective)


စကားရည်လုပွဲ ဝင်နေစဉ်မှာ မိမိရဲ့ ပုဂ္ဂိုလ်ရေး အမြင်တွေ၊ ခံစားချက်တွေကို ဘေးချိတ်ထားပြီး အများလက်ခံတဲ့အမြင်နဲ့ မရှုပ်ထွေးစေရအောင် သီးခြားအကန့်ခွဲထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလိုလုပ်မှသာ သင်ဟာ ပွဲတစ်လျှောက် ကျိုးကြောင်း ဆင်ခြင်နို်င်မှု အသိစိတ်ရဲ့ အထိန်းအကွပ်အောက်မှာဘဲ ရှိနေမှာမို့လိုပါ။ အကယ်လို့ မိမိဆွေးနွေးရတဲ့ topic ခေါင်းစဉ်ဟာ မိမိအတွက် အရမ်းကို အဓိပ္ပါယ်ရှိနေတယ်၊ ဒါမှမဟုတ် မိမိဆွေးနွေးငြင်းခုံနေတာက မိမိလုံးဝ သဘောမတူတဲ့ဘက်က ချေပပြောဆိုနေရတဲ့ အခါမျိုးမှာ ဒီအချက်က ပိုအရေးကြီးပါတယ်။ မိမိပြောဆိုဆွေးနွေးတဲ့ အချက်အပေါ် မိမိရဲ့ စိတ်ပါဝင်စားမှု၊ နစ်မွန်းမှု ဘယ်လောက်ရှိနေတယ် ဆိုတာတွေကိုတော့ ပြောလို့မကုန်နိုင်အောင် ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အဓိက မိမိကိုယ်ကို သိအောင် အရင်လုပ်ထားရမှာကတော့ enthusiasm ဆိုတဲ့ စိတ်အားထက်သန်မှုနဲ့ aggression ဆိုတဲ့ ရန်လိုဖိအားပေးတဲ့ မာန်တို့ရဲ့ အကြားမှာ၊ passion ဆိုတဲ့ စိတ်ဝင်တစား ခုံမင်နှစ်သက်မှုနဲ့ emotion ဆိုတဲ့ စိတ်ခံစားမှု အခြေခံတဲ့ စွဲလမ်းမှုတို့ ကြားထဲမှာ သတိနဲ့လျှောက်လှမ်းဖို့ (လုံးဝအမှားမခံနိုင်တဲ့) လမ်းမျှင်မျှင်ကလေးဘဲ ရှိနေတယ်ဆိုတာကိုဘဲ ဖြစ်ပါတယ်။


၂။ လွတ်လပ်ပျော့ပြောင်းမှု ရှိပါစေ။ (Be Flexible)

ငြင်းခုံဆွေးနွေးရမယ့် အကြောင်းအရာကို သင့်ကိုယ်ပိုင်ခံယူချက်နဲ့ မကိုက်ညီ၊ မတိုက်ဆိုင်တဲ့ ဘက်ကနေပြီး ပြောဆိုငြင်းခုံဖို့ သင့်ကို သတ်မှတ်ပေးလိုက်တယ်ဆိုခဲ့ရင် (ဥပမာ - သင်ဆွေးနွေးရမယ့် အကြောင်းအရာက သင်လက်မခံတဲ့ အရာကို ထောက်ခံဆွေးနွေးရမယ့်ဘက်က ဖြစ်နေရင်) အစပထမတော့ သင့်အတွက် ခက်ခဲပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ထောက်ခံပြောရမယ့် အကြောင်းကို ကိုယ်ကမှ မကြိုက်တာကိုး။ ဒီအခက်အခဲကို ကျော်လွှားဖို့ကတော့ သင့်ရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ အတွေးအမြင်တွေကို ဘေးချိတ်ထားတတ်ဖို့ နည်းနည်းပိုကြိုးစားပြီး လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရတဲ့ နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ မိမိက ဆွေးနွေးရမယ့် အကြောင်းအရာရဲ့ အခြားတစ်ဖက်က အမြင်နဲ့ တွေးခေါ်လေ့ကျင့်ထားတာဖြစ်လို့ မိမိရဲ့ ကိုုယ်ပိုင်အမြင်ရော၊ မိမိရဲ့ ဆန့်ကျင်ဖက်အမြင်ကိုပါ ကြိုမြင်ထားပြီး ဖြစ်တာကြောင့် တစ်ကယ့် စကားရည်လုပွဲမှာ တစ်ဖက်ကသူက ဘာတွေပြောတော့မယ်၊ ဘာတွေစဉ်းစားနေလဲဆိုတာ ကြိုသိနို်င်ပြီး သူတို့ကို ဘယ်လိုချေပ ပြောဆိုရမလဲဆိုတာကိုလည်း ကြိုပြီး ပြင်ဆင်ထားနိုင်တာဘဲ ဖြစ်ပါတယ်။


၃။ ကြားခံနေရာကို ရှာဖွေပါ။ (Look for the Grey Areas)

ကျွန်မဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ စကားရည်လုပွဲ မှန်သမျှတွေမှာ အစွန်းရောက်စေတဲ့ white area တို့ black area တို့ စတဲ့ အဖြူ၊ အမည်း သက်သက်မဖြစ်စေဘဲ ညီညွတ်မျှတတဲ့ကြားခံနေရာ grey areas နေရာကြီးကြီးတွေသာ ရှိခဲ့ပါတယ်။ အဲ့ဒီလိုလုပ်တာဟာ အရမ်းကို အသုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါကြောင့် စကားရည်လုပွဲဟာ ပိုမိုအသက်ဝင်ပြီး စိ်တ်ဝင်စားဖို့ကောင်းလာတာ ဖြစ်ပါတယ်။ နောက်ပြီး ဒီလိုမျိုး ကြားခံနေရာမှာ ရှိနေတာကြောင့် မိမိက အကြောင်းအရာကို ဘယ်လိုအမြင်ဘက်ကနေဘဲ ဆွေးနွေးရတာ ဖြစ်ပါစေ မိမိသဘောတူတဲ့ အချက် မိမိဆက်စပ်ပြောချင်တဲ့အချက် စတာတွေကို လွယ်လင့်တကူ ဆွဲထုတ်ပြောဆိုနို်င်မှာ ဖြစ်ပြီး မိမိရဲ့ ဆွေးနွေးငြင်းခုံမှုကိုလည်း မိမိစိတ်ဝင်စားဖွယ်ဖြစ်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။


၄။ အခြားသူများရဲ့ အမြင်ကို လက်ခံ စဉ်းစားပါ။ (Think about Compromise)

နောက်ဆုံးအနေနဲ့ ပြောရရင်၊ ဆွေးနွေးငြင်းခုံ စကားစစ်ထိုးပွဲတွေ လုပ်ပြီးတဲ့နောက်ပိုင်း သင့်ဆီမှာ အမြင်သစ်၊ ဗဟုသုတအသစ်တွေ တိုးပွားမလာဘူး၊ သင့်ရဲ့ တစ်ချို့သော တစ်ဖက်သတ် အမြင်တွေ လျော့မသွားဘူး ဆိုရင်တော့ တန်ဖိုးရှိတဲ့ အခွင့်အရေးတစ်ခုကို သင်ဆုံးရှုံးသွားခဲ့ပြီလို့ ဆိုရပါမယ်။ စကားရည်လုပွဲတွေရဲ့ ပုံစံကိုက အကြောင်းအရာတစ်ခုရဲ့ ဆန့်ကျင်ဘက်အမြင် တစ်ဖက်ကနေဘဲ (ပြဿနာရဲ့တစ်ဖက်ခြမ်းကနေ) သင့်ကိုဆွေးနွေးစေတာ ဖြစ်ပါတယ်။ အဲ့ဒါက သင့်အတွက် ဘာကောင်းလဲဆိုတော့ ဆွေးနွေးငြင်းခုံပွဲ လုပ်နေစဉ်အတွင်း သင်က သင့်အမြင်ကို (တစ်ဖက်သားရဲ့ အမြင်ကို လွှမ်းမိုးအနို်င်ရမို့) မလျှော့တမ်း ဆွေးနွေးရင်း တစ်ဖက်သားရဲ့ ပြောဆိုချေပချက်တွေထဲက သင်သဘောတူလက်ခံတဲ့ အချက်တွေကိုလည်း သင်က လက်ခံမှတ်သားနို်င်တာလည်း ဖြစ်ပါတယ်။


ဒီလိုဆွေးနွေးငြင်းခုံရင်း ရရှိခဲ့တဲ့ အကြံဉာဏ်သစ်တွေက အရမ်းကို အသုံးဝင်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဖက်စလုံးက ဆွေးနွေးသူတွေက ဆွေးနွေးပွဲစတင်ကတည်းက ဒီလိုနှစ်ဖက်စလုံး လက်ခံနိုင်တဲ့ ကြားနေရာအတွက် အိုင်ဒီယာအသစ်တွေ ထွက်လာဖို့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးခဲ့တာ မဟုတ်လို့ပါဘဲ။ စကားရည်လုပွဲတွေရဲ့့ သဘာဝအတိုင်း မိမိရဲ့အမြင်တစ်ခြမ်းဘက် အားသာအောင် အစွန်းရောက်တဲ့အထိ အကြိတ်အနယ် ယှဉ်ပြိုင်ငြင်းခုံကြတာဟာ သဘာဝဘဲ ဖြစ်ပေမယ့်၊ တစ်ကယ့်လက်တွေ့ လူနေမှုဘဝမှာတော့ တစ်ဖက်သတ်အစွန်းရောက်တဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားတာကိုတော့ လူအများက လက်မခံကြပါဘူး။ ဒါကြောင့်အငြင်းပွားဖွယ် အကြောင်းအရာတစ်ခုကို ရှုထောင့်ပေါင်းစုံကနေ ချည်းကပ်လေ့လာတဲ့ အလေ့အထဟာ သင့်ကို ပြဿနာရဲ့အဖြေ ရှာဖွေတဲ့အခါ ကြားခံနေရာကို သတ်မှတ်ပြီးမှ အများလက်ခံတဲ့ အဖြေကို ရှာဖွေနို်င်အောင် အများကြီး ကူညီပါလိမ့်မယ်။


အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

Views: 2325

Reply to This

Replies to This Discussion

thanks

I participated in debating when I was young but I don't the debating matter .

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service