မန်နေဂျာကောင်းများမပြောသင့်သော စကားဆယ်ခွန်း

သင်ဟာခပ်ဆိုးဆိုးမန်နေဂျာတွေနဲ့ အမြဲလိုလိုတွေ့နေရပြီးသူတို့ရဲ့ မကောင်းတဲ့ အပြုအမူတွေကိုသင့်ရဲ့ ခေါင်းထဲကနေဖယ်ထုတ်နိုင်ဖို့ ဆုတောင်းနေရပါသလား။


မန်နေဂျာကောင်းတွေ မပြောသင့်တဲ့ စကား ၁၀ခွန်းကို သင်တို့ လေ့လာနိုင်ဖို့ ဒီဆောင်းပါးမှာ ဖော်ပြလိုက်ပါတယ်။သင်ကိုယ်တိုင်ကလည်းမန်နေဂျာတစ်ယောက် ဖြစ်နေပြီးဒီစကားလုံးတွေကိုပြောမိနေတယ်ဆိုရင်တော့ အချိန်မီရပ်တန့်နိုင်ဖို့ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ဖို့ လိုလာပါပြီ။


၁။ “You’re lucky to even have a job.” - မင်း ဒီအလုပ် ရှိနေရတာကိုပဲ ကံကောင်းတယ်မှတ်ပါ။


အမှန်တကယ်ပဲအလုပ်ပေးမှ လုပ်ရတယ်ဆိုပေမဲ့လည်းဒါဟာခြိမ်းခြောက်မှုတစ်ခုပါ။ တကယ်ပဲသင့် အလုပ်သမားဟာအလုပ်ရှိနေလို့ ကံကောင်းတယ်ဆိုရင်မန်နေဂျာဖြစ်တဲ့ သင်ဟာလည်းအရည်အချင်းရှိတဲ့ လူတစ်ယောက်ကိုခန့်ထားနိုင်တဲ့အတွက် ကံကောင်းတဲ့လူပါပဲ။ အလုပ်အဆင်မပြေတာတစ်ခုနဲ့ မိမိရဲ့ အလုပ်သမားကိုဆူပူကြိမ်းမောင်းတာဟာဘယ်သူကိုမှ အကူအညီမဖြစ်စေတဲ့ ခြိမ်းခြောက်မှု တစ်ခုပါပဲ။


၂။ “It’s work, it’s not supposed to be fun.” -ဒါအလုပ်နော်။ အပျော်ရှာတဲ့နေရာမဟုတ်ဘူး။


ဒါဟာလွဲမှားတဲ့ အယူအဆတစ်ခုပါ။ အလုပ်ချည်းဖိလုပ်နေတာဟာလုပ်ငန်းခွင် ပင်ပန်းနွမ်းနယ်မှုကိုဖြစ်စေပါတယ်။ လူတိုင်းကဘယ်အလုပ်ကိုမဆိုနှစ်သက်စွာနဲ့လုပ်ကိုင်နိုင်ပါတယ်။ ပြစ်တင်ညည်းညူမှုတွေကို ပြုလုပ်နေမဲ့အစား ပြဿနာရဲ့အရင်းအမြစ်ကဘာလဲဆိုတာကိုရှာဖွေသင့်ပါတယ်။ သင့်ရဲ့ဝန်ထမ်းတွေ လုပ်ငန်းခွင်ထဲမှာတက်ကြွမှုမရှိ ဖြစ်နေသလား။ အလုပ်အပေါ်မှာသူတို့ရဲ့ ကိုယ်ပိုင်အလုပ်လိုသဘောထားပြီးမလုပ်နိုင်ဘူးဖြစ်နေလား။ လုပ်ငန်းခွင်မှာသူတို့တွေပျော်ရွှင်လာအောင် အလုပ်ကြိုးစားခြင်းဟာဂုဏ်ယူစရာဆိုတာသိအောင် သင့်ဖက်ကတက်ကြွလန်းဆန်းစေမဲ့ အားပေးမှုမျိုးနဲ့ ဘယ်လိုအားပေးမလဲ။


၃။ “I don’t pay you to think.” - ထိုင်တွေးနေဖို့ လခပေးထားတာမဟုတ်ဘူး။


လူတွေရဲ့ အတွေးတွေနဲ့ တီထွင်ဆန်းသစ်မှုတွေကိုသင်တားဆီးဖို့ မလုပ်သင့်ပါဘူး။ အနိမ့်ဆုံးဝန်ထမ်းပင်ဖြစ်နေပါစေသူ့မှာလဲလုပ်ငန်းကိုတိုးတက်စေနိုင်တဲ့ အကြံဥာဏ်တွေရှိနေနိုင်ပါတယ်။ CEO ကနေစပြီးတံခါးစောင့်တဲ့လူအထိသူတို့တွေဘာပြောတယ်ဆိုတာကိုနားထောင်ဖို့ကအရေးကြီးပါတယ်။


၎။ “I don’t make the rules.” – စည်းမျဉ်းတွေ ငါချထားတာမဟုတ်ဘူး။


စည်းမျဉ်းတွေကအရေးကြီးတယ်ဆိုပေမဲ့ သင့်ရဲ့စီမံခန့်ခွဲခွင့်ထက်ပိုတဲ့ အပြုအမူတွေကသင့်အတွက် မကောင်းပါဘူး။ ကုမ္ပဏီရဲ့ စည်းမျဉ်းတွေအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ မျိုးစုံရှိပါတယ်။ ၀န်ထမ်းတွေကိုလည်း သူတို့ရဲ့ ညည်းညူမှုတွေကိုအမြင်ပြောင်းလဲပြီး ဘ၀တိုးတက်စေမည့် လှေခါးအဖြစ် သဘောထားနိုင်လာအောင် ညွှန်ကြားတတ်ရပါမယ်။


၅။ “Your job is what I say it is.” - ငါခိုင်းထားတာကိုမင်းလုပ်ရမှာ။


လက်အောက်ဝန်ထမ်းတွေရဲ့ ဦးစားပေးလုပ်ချင်တဲ့ဆန္ဒကိုလျစ်လျူရှုပြီးသင့်အခက်အခဲကိုပြေလည်ဖို့ သင်ဖြစ်ချင်နေတာတွေကိုခိုင်းတဲ့အခါမှာဒီလိုပြောမိတတ်ပါတယ်။ အခြားလူတစ်ယောက်ကို တာဝန်လွှဲပေးပြီး ထက်ခိုင်းတာမျိုးထက် သင်ဘာကြောင့် အရေးတကြီးလိုအပ်နေတာလဲဆိုတာကိုပြောပြပြီး၊ ဒီအလုပ်ကိုဦးစားပေးလုပ်လိုက်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလာနိုင်တယ်ဆိုတာကို ရှင်းပြသင့်ပါတယ်။


၆။ “This is the way we’ve always done things.” – ဒါ တို့အရင်လုပ်နေကြအတိုင်းပဲလေ။


ဒီစကားဟာအပြောင်းအလဲကိုလက်မခံချင်ဘူးလို့ ပြောလိုက်တဲ့ စီမံခန့်ခွဲမှုပုံစံပါပဲ။ အပြောင်းအလဲကိုကြောက်နေတာပါ။ ဒါပေမဲ့ အမြဲတမ်းတစ်ပုံစံထဲ နှစ်များစွာလုပ်နေတာကိုမကောင်းဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ သင့်ရဲ့ ကိုယ်ပိုင် တွေးခေါ်မှုနဲ့ အပြန်အလှန်ဆန်းစစ်သင့်ပါတယ်။


၇။ “I’ll take that under advisement.” - အေး......အေး......မှတ်ထားလိုက်မယ်။


တစ်ဖက်လူက ဘယ်လိုသဘောထားရှိနေပါစေ ဂရုမစိုက်ပဲကိုယ်လုပ်ချင်တာကိုပဲ ဆက်လုပ်မည်ဟု ဆိုလိုတာပါ။ တကယ်ပဲအပေါ်ယံစကားနဲ့၊ မျှော်လင့်ချက်နည်းတဲ့ အတွေးအမြင်တွေပဲဖြစ်နေပါစေခဏလောက် ဘာလို့နားမထောင်ပေးနိုင်တာလဲ။ သူတို့ပြောတာကိုနားထောင်ပေးပြီး “ကျေးဇူးတင်ပါတယ်။ ခင်ဗျားက ကျွန်တော်ကိုစဉ်းစားစရာတွေ အများကြီးပေးသွားတာပဲ” လို့ ပြန်ပြောသင့်ပါတယ်။


၈။ “I got an anonymous complaint.” - ပစ်စာတစ်စောင်ရထားတယ်။


ရုံးတွင်းစီမံခန့်ခွဲမှုအပေါ် မကျေနပ်ချက်တွေကို ဖြစ်ပေါ်စေမယ့် မီးပွားတစ်ခုပါပဲ။ တကယ်ပဲဘယ်သူအစပျိုးလိုက်မှန်းမသိတဲ့ အပြစ်တင်ညည်းတွားတဲ့ စကားတွေကို သင်သိနေတယ်ဆိုတာ သင့်ရဲ့ဝန်ထမ်းတွေကို သိအောင်အရိပ်အခြေပြပြီး ပြောရပါမယ်။ ဒီစကားတွေကို ဘယ်သူကစပြီးပြောတယ်ဆိုတာကို သင်သိအောင် လုပ်မယ်ဆိုတာကိုလည်း သင့်ဝန်ထမ်းတွေသိပါစေ။ ဘယ်သူလုပ်တာပါလို့ တိုက်ရိုက် စွတ်စွဲဖော်ပြခြင်းမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။ တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချခြင်းထက် “ကျွန်တော်တော့ ဒါကိုသတိထားမိတယ်”  “ဒီကိစ္စကို ကျွန်တော် သတိထားနေမိတယ်” ဆိုတဲ့ စကားလုံးတွေကိုသာသုံးပြီးပြောဆိုသင့်ပါတယ်။


၉။ “Just figure it out.” - ကြည့်လုပ်လိုက်လေကွာ။


ဒီလိုစီမံခန့်ခွဲမှုက အကြင်နာတရားကင်းမဲ့ပြီး ပျင်းရိတဲ့ စီမံခန့်ခွဲမှုမျိုးပါပဲ။ သင့်ရဲ့ဝန်ထမ်းက သူ့ဟာသူဖြေရှင်းသင့်တယ် ဆိုလျှင်တောင်၊ သင့်ဝန်ထမ်းသိချင်နေတဲ့ အချက်အလက် အရင်းအမြစ်တွေကသင်တန်းပေးတုန်းကရနိုင်တယ် ဆိုတာမျိုးလောက်တော့ သင့်ဖက်ကထောက်ပြကူညီပေးသင့်ပါတယ်။


၁၀။ “Sound like a personal problem.”-  
ဒါက မင်းရဲ့ကိုယ်ရေးကိုယ်တာပြဿနာပဲလေ။


ဝန်ထမ်းတွေရဲ့  ကိုယ်ရေးကိုယ်တာပြသနာတွေဟာလုပ်ငန်းခွင် ပြသနာတစ်ခုဖြစ်လာတတ်ပါတယ်။ ၀န်ထမ်းတစ်ယောက်ယောက်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်နောက်ကျမယ်၊ လုပ်ငန်းတာဝန်ပျက်ကွက်ခဲ့မယ်ဆိုရင် ဒီပြသနာဟာသင့်ပြသနာဖြစ်လာနိုင်ပါတယ်။  မန်နေဂျာကောင်းတစ်ယောက်ဟာကိုယ့်ဝန်ထမ်းတွေရဲ့ အခက်အခဲတွေ ပြေလည်အောင် ကူညီပေးသင့်ပါတယ်။ ပြသနာတွေထဲမှာ ဒီအတိုင်းနစ်မွန်းစေမှာမျိုးမလုပ်သင့်ပါဘူး။


စကားလုံးအသုံးအနှုန်းတွေဟာသိပ်ကိုအရေးကြီးပါတယ်။ တချို့ဟာအလုပ်လုပ်တဲ့နေရာမှာတော်တဲ့ မန်နေဂျာကောင်းတွေပါပဲ။ ဒါပေမဲအထက်မှာဖော်ပြထားခဲ့တဲ့ စကားလုံးမျိုးတွေ သုံးပြီဆိုရင်တော့ သူတို့ဟာမန်နေဂျာကောင်းတွေလို့ သတ်မှတ်လို့မရတော့ပါဘူး။


Linkedin.com မှ Bernard Marr ၏ 10 Sentences Good Managers NEVER Say - EVER ကို ကိုးကားဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။


မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။


အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 4306

Reply to This

Replies to This Discussion

Thanks a lot

good comment

Thank
thanks
Thank.
This article is also good for everywhere. I´m not a manager in a company. I´m just a teacher in a classroom. But It also can help my work; too. And I also can learn English speaking from it.Thank you very much indeed!

Thankful!

Thanks a lot for allowing to know this facts but I am not a manager.

I'm not manager but this articles is very useful for any other position.

thank you so much.

Thank you very much, for me its good English speaking

Knowledge.

Thanks a lot

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service