Harrow International School Bangkok ပညာရေးဆွေးနွေးပွဲ

နေ့စွဲ - ၂ဝ၁၆ အောက်တိုဘာလ ၁၃ ရက် (ကြာသပတေးနေ့)
အချိန် - ညနေ ၄ နာ၇ီမှ ၆ နာရီထိ
နေရာ - Self-Access Centre ဗြိတိသျှကောင်စီစာကြည့်တိုက် (၇၈ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့)
အွန်လိုင်းမှ စာရင်းပေးရန် - http://bit.ly/harrow-seminar

Harrow International School Bangkok ၏ ထောက်ပံ့မှုဖြင့် ဗြိတိသျှကောင်စီမှ အာဆီယံနိုင်ငံအတွင်း အကောင်းဆုံး ကျောင်းအိပ်ကျောင်းစားကျောင်းတွင် ပညာသင်ယူလိုသော မြန်မာနိုင်ငံရှိ အသက် ၁၁ မှ ၁၇ နှစ်အတွင်းရှိ ကျောင်းသားများအတွက် ပညာရေး ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ၂၀၁၆ အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပါသည်။ ဤကျောင်းသည် ယူကေ သင်ရှိးညွှန်းတန်းအသုံးပြုပြီး IGCSE နှင့် A Levels ဘာသာရပ်များကို အရည်အချင်းမြင့်မားသော ဆရာ၊ဆရာမများမှ ပို့ချပေးပြီး ကျောင်းပြီးသည်နှင့် ကျောင်းသား၊ကျောင်းသူများသည် ကမ္ဘာ့ထိပ် တန်းတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရကြပါသည်။


Harrow Bangkok သည် ၅ တန်း (အသက် ၁၁ နှစ်) မှစ၍ ကျောင်းအိပ်ကျောင်းစားများလက်ခံပြီး IGCSE သင်ရိုးနှင့် A Level အမှတ်များ ထူးချွန်ကောင်းမွန်အောင် ပြင်ဆင်ပေးသည်။ နွေရာသီသင်တန်းတိုများကိုလည်း ဇွန်လကုန်မှ ဇူလိုင်လကုန်ထိ ဖွင့်လှစ် ထားပြီး အင်္ဂလိပ်စာသင်တန်း၊ ပန်းချီ၊ ပန်းပု စသည့် အနုပညာသင်တန်း၊ ဂီတနှင့် အားကစားသင်တန်းများကိုလည်း အခြားနိုင်ငံတကာမှ ကျောင်းသား၊ကျောင်းသူများနှင့်အတူ သင်ကြားခွင့်ရရှိမည်။


၃၅ ဧကရှိသော ကျောင်းဝင်းနှင့် ဒုံမောင်းလေဆိပ်ကို ၅ မိနစ်သာမောင်းရပြီး A Level အောင်ချက်ကောင်းသည့် Harrow ကျောင်းသည် မြန်မာကျောင်းသားများ ယူကေနိုင်ငံအထိ သွားစရာမလိုဘဲ တက်ရောက်နိုင်သောကျောင်းဖြစ်သည်။ ကလေးများအတွက် အကောင်းဆုံးစောင့်ရှောက်မှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် လှုံ့ဆော်ပေးသော ကျောင်းလည်းဖြစ်သည်။


ဤပွဲတွင် Harrow Bangkok ကျောင်းအုပ်ကြီး Mr Michael Farley မှ ကျောင်း၏အကြောင်း၊ အောင်မြင်မှုရရှိခဲ့သော ကျောင်းသားဟောင်းများ၊ ကျောင်း၏ပြုစုစောင့်ရှောက်မှု၊ ကျောင်းအိပ်ကျောင်းစားအကြောင်းများ နှင့် ပညာသင်ဆုအခွင့်အရေးများကို လာရောက်ဟောပြောဆွေးနွေးမည် ဖြစ်ပါသည်။ ပြီးခဲ့သောပညာသင်နှစ်တွင် တစ်ဝက်ကျော်သော A Level ကျောင်းသားများ A* နှင့် A ရခဲ့သည့်အတွက် ကျောင်း၏ သမိုင်းတလျှောက် အောင်ချက်အကောင်းဆုံးနှစ်ဖြစ်ခဲ့သည်။


စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပြီး တက်ရောက်လိုသူများသည် http://bit.ly/harrow-seminar တွင် အွန်လိုင်းမှ စာရင်းပေးသွင်းနိုင်ပါသည်။


အသေးစိတ်ကို ဗြိတိသျှကောင်စီ ဖုန်း ၃၇ဝ၉၃၃၊ ၃၇ဝ၉၄၄ လိုင်းခွဲ ၃၃၆၃၊ ၃၃၁၁ (သို့ မဟုတ်) အီးမေးလ် education.enquiries@mm.britishcouncil.org သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Views: 193

Reply to This

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service