အင်္ဂလိပ်စာလေ့ကျင့်မယ်ဆိုပြီး မိန်းရွန်းထဲမှာ hi! How are you? What is your name? မေးရုံပဲလား။ ထိထိရောက်ရောက် မဆွေးနွေးချင်ကြဘူးလား..မိတ်ဆွေများ

နှုတ်ဆက်ကြပါပြီ။ဟိုင်း၊ဟဲလိုတဲ့ဗျား။
ဟိုင်း၊နေကောင်းလား။မသေသေးဘူးမဟုတ်လား။နာမည်ဘယ်လိုခေါ်လဲ။ဘယ်ကလာတာလဲ။ ဘယ်မှာနေတာလဲ။သြော်.ငရဲပြည်မှာနေတာလား။ပုံလေးက လှတယ်နော်။ဒါနဲ့ ဂျီမေးက ဘာလဲ။တရက်တရက် မိန်းရွန်းထဲတွင် ဒီလိုမေးခွန်းတွေပဲ ကြုံတွေ့နေရသည်။အဲ..လာသေးသည်။ကျွန်တော်၊ကျွန်မက ခုမှအသစ်လေးပါ။မပြောတက်ဘူးနော်။စသည်..စသည်ဖြင့် တရက်တမျိုးမဟုတ်ဘဲ နေ့တိုင်းနေ့တိုင်း ဒါတွေပဲ ကြုံတွေ့နေရသည်။
ကဲ.ဒါဆို မေးစရာရှိပါပြိ။ငါတို့က မိန်းရွန်းထဲမှာ ဘာပြောမှာလဲဆိုတာပေါ့။
ပထမဆုံး ကျွန်တော် မြန်မာနက်ဝက်သုံးသည့် ရည်ရွယ်ချက်စပြောပါရစေ။မိတ်ဆွေများနှင့် တူပါလိမ့်မည်ဟု ယူဆပါသည်။
1. အင်္ဂလိပ်စာ တိုးတက်စေရန်
2. ၊အင်္ဂလိပ်စာ အသုံးပြုသည့် ပတ်ဝန်းကျင်နှင့် ထိတွေ့မှုရှိစေရ၇န်။
3. အဆင့်အတန်းရှိသော သူငယ်ချင်းများ(ဆိုလိုသည်မှာ ဖွန်ကြောင်ရန်၊ လမ်းဘေးက လူများရန်ဖြစ်စကားများသကဲ့သို့ ငါ့မယုံ၊ငါ့မယားမေးကြည့်ဆိုသည့် ပုံစံမျိုး ငြင်းခုံရန်မဟုတ်ဘဲ ပညာတက်တယောက်၏ ဂုဏ်သိက္ခာအမူအကျင့်နှင့် ကိုက်ညီသော သူငယ်ချင်းများ)ရရှိရန်နှင့်
4. ရေရှည်လက်တွဲသွားနိုင်သော စိတ်တူကိုယ်တူသူငယ်ချင်းများ ရရှိရန်ဖြစ်သည်။
ဟုတ်ကဲ့။။ကျွန်တော် အထက်ပါရည်ရွယ်ချက်များနှင့် မြန်မာနက်ဝက်ကို ညအလုပ်ပြီးချိန် ၁၀ နာရီခွဲတွင် အိမ်မပြန်နိုင်ဘဲ ကျွန်တော့်အိမ်နှင့် ဆယ်မိုင်ခန့်ကွာဝေးသော မန္တလေးမြို့ရှိ မိုးလင်းဖွင့်သော အင်တာနက်ဆိုင်များသို့ တနာရီ ၄၀၀ ပေး၍ သုံးနေခြင်းပါ။တချို့သော ရှေးဘဝက ကုသိုလ်ကောင်းခဲ့သော မိတ်ဆွေများကဲ့သို့ မိဘဆီက လက်ဖြန့်တောင်း၍ ရသောငွေဖြင့် အင်တာနက်ဆိုင်ထိုင်ကာ ရောက်တက်ရာရာ လျှောက်ပြောရန်သုံးနေခြင်းမဟုတ်ပါ။ထို့ကြောင့် ကျွန်တော့်အနေဖြင့် မြန်မာနက်ဝက်တွင် သုံးသော အချိန်များကို လွန်စွာတန်ဖိုးထားပါသည်။သာမန် မိတ်ဖွဲ့သောမေးခွန်းများ၊ရောက်တက်ရာရာ ပြောသောစကားများဖြင့် အချိန်အကုန်မခံချင်ပါ။
တခု ဖြတ်ပြောရလျှင် ကျွန်တော်တို့ မိတ်ဆွေအချင်းချင်း နာမည်။လိပ်စာ။အသက်။ပညာအရည်အချင်းသိချင်လျှင် ပရိုဖိုင်း(profile) တွင်သွားကြည့်နိုင်ပါသည်။ဘာလို့ မိန်းရွန်းထဲမှာ အဲဒီလိုမေးခွန်းတွေကို မေးနေမလဲ။
မိတ်ဆွေများကလည်း ပြောနိုင်ပါသည်။ဟ.ငါတို့က ခုမှ အစရှိသေးတာ။အဲဒီလိုမေးခွန်းတွေပဲ မေးတက်တာ။အဲဒါတွေပဲ ပြောမှာပေါ့ဟု။
ကျွန်တော်ကလည်း သင့်တော်သော အဖြေပေးနိုင်ပါသည်။သိပ်မတက်သေးရင်လည်း ကိုယ့်အချင်းချင်း သီးသန့် chat room လုပ်ပြီးပြောပေါ့။တကယ်တက်ချင်ရင် ဝင်ဆွေးနွေးပေါ့။ပြီးတော့ မှားရင် ပြင်ပေးကြပါလို့ ဖိတ်ခေါ်ပေါ့။ဒါဆို ဒီကသူငယ်ချင်းတော်တော်များများက ဝမ်းမြောက်ဝမ်းသာ လက်တွဲခေါ်ကြမှာပါဆိုတာ အာမခံရဲပါတယ်။ထပ်နဲနဲလျှာရှည်ရရင် အင်္ဂလိပ်စာမှာ ပထမဆုံးအဆင့်က
စု(collect) ပါ။မီးနင်းတွေ၊သဒ္ဒါစည်းကမ်း အသေးလေးတွေကို အရင်ဆုံးစုရမှာပါ။ ပြီးရင် တု imitation ပါ။သူများတွေ ဘယ်လိုပြောရင် ငါနားလည်တယ်။ဒါဆို ငါလဲ သူတို့လိုလိုက်ပြောမယ်။ အဲဒီအဆင့်တွေကျော်လာမှ
ပြု(create) ပါ။ကိုယ့်ခေါင်းထဲမှာ ရှိတဲ့ အတွေးကို ကိုယ်ပိုင်စတိုင်နဲ့ တဖက်လူနားလည်အောင်လွယ်လွယ်ကူကူပြောနိုင်မှာပါ။ဒါပေမဲ့ ဒီမှာသုံးနေတဲ့ သူငယ်ချင်းအများစုက ကျွန်တော့်ထက်ကျွမ်းပါတယ်။သူတို့တွေသုံးနေတဲ့စကားလုံးတွေ။အတိုကောက်ပုံစံတွေဆိုရင် ကျွန်တော်လုံးဝမသိပါဘူး။အဲဒီကျတော့ သူတို့ကို မေးတော့ သူတို့ကလည်း လိုလိုလားလားဖြေပါတယ်။ကျွန်တော်လည်း ကိုယ်မသိတဲ့စကားလုံးတွေ၊မရင်းနှီးတဲ့စကားလုံးတွေ နေ့စဉ်တွေ့နေ၊ပြန်သုံးနေရတော့ ပညာအများကြိးတိုးပါတယ်။ခုနက ကျွန်တော်အကြံပေးတာက ခုမှအင်္ဂလိပ်စာကို စသုံးတဲ့ ။စသင်တဲ့ လူငယ်တွေကို ပြောတာပါ။
ဒါဆို ဘယ်လို discussion မျိုး မင်းက ဖန်တီးချင်တာလဲလို့ မေးနိုင်ပါသည်။
ခု ကျွန်တော်တို့ ဒီမှာသုံးနေတဲ့ သူငယ်ချင်းတွေအားလုံးဟာ အများစုက မတူညီတဲ့ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေကြတယ်။မတူညီတဲ့ဒေသအသီးသီးမှာ နေထိုင်ကြတယ်။မတူညီတဲ့ လုပ်ငန်းခွင်၊နယ်ပယ်အသီးသီးမှာ နေထိုင်ကြတယ်။ဒါကြောင့် ကျွန်တော်တို့အားလုံးမှာ မတူညီတဲ့ အမြင်အမျိုးမျိုး၊ကျွမ်းကျင်မှုအမျိုးမျိုးရှိတယ်ဆိုတာ သေချာတဲ့အချက်ပါပဲ။
မတူညီတဲ့ အမြင်တွေကို တူညီအောင်မညှိချင်ပါဘူး။အဲဒီလိုပဲ ကိုယ်ပြောတာမှအမှန်။မင်းတို့ပြောတာ လုံးဝအမှားဆိုတဲ့ဆရာကြီးဂိုက်မျိုးလည်းလုံးဝမဖမ်းချင်ပါဘူး။ကျွန်တော်လုပ်ချင်တာကရိုးရိုးလေးပါပဲ။။အင်္ဂလိပ်စာ ဝေါဟာရတိုးပွားချင်တယ်။အမြင်အမျိုးမျိုးကို နားထောင်ချင်တယ်။ကိုယ့်ရဲ့လက်ရှိ ရင်းနှီးနေတဲ့ ဝေါဟာရနယ်ပယ်ကို ချဲ့ချင်ပါတယ်။
ဆိုလိုတာက ဆရာဝန်နယ်ပယ်မှာသုံးနေတဲ့ ဝေါဟာရနဲ့ ရှေ့နေနယ်ပယ်မှာသုံးတဲ့ ဝေါဟာရ။တိုးရစ်ဂိုက်တယောက်နေ့စဉ်ပြောနေတဲ့ ပုံစံနဲ့ ကွန်ပျူတာသမားတယောက် နေ့စဉ်သုံးစွဲနေတဲ့ အင်္ဂလိပ်စာ ပုံစံ။ဝေါဟာရတွေဟာ တော်တော်လေးခြားနားတယ်ဆိုတာ မိတ်ဆွေများလက်ခံမှာပါ။ကျွန်တော်က မျှဝေခြင်း၊ဆွေးနွေးခြင်းနဲ့ ကိုယ်ရင်းနှီးတဲ့ စကားလုံး တခြားသူငယ်ချင်းတွေ သိသွား။တခြားသူငယ်ချင်းတွေ သိတဲ့စကားလုံး ကိုယ့်ဆီကို ရောက်လာအောင်လုပ်ချင်တာပါ။
ဟုတ်ပြီ။အဲဒီလိုဖြစ်အောင် ဘယ်လိုလုပ်မှာလဲ။
ရှင်းရှင်းလေးပါ။အပြန်အလှန်ဆွေးနွေးခြင်း၊ကြိုတင်ပြင်ဆင်လာခဲ့တဲ့ ဆွေးနွေးခြင်းမျိုးနဲ့ဆိုရင် မဖြစ်စရာ အကြောင်းကို မရှိပါဘူး။
ကျွန်တော်တို့တွေ ခေါင်းစဉ်တခုကို သက်မှတ်လိုက်မယ်။အဲဒီခေါင်းစဉ်ကို အဓိကတာဝန်ယူမယ့်သူငယ်ချင်းနှစ်ယောက်သုံးယောက်က အဲဒီခေါင်းစဉ်အတွက် ကြိုတင်ပြင်ဆင်လာမယ်။ပြီးရင် မိန်းရွန်းထဲမှာ ချပြမယ်။ကျန်တဲ့လူတွေက သူတို့မသိတဲ့ဟာကိုမေးမယ်။ပြီးရင် သူတို့လက်ခံတဲ့အချက်၊သို့မဟုတ် လက်မခံတဲ့အချက်ကို ထောက်ပြမယ်။ပြီးရင် သူုတို့အမြင်ကို ပြောမယ်။အဲဒါကို တဖက်က ပြန်လည်ချေပမယ်။ဒါဆို သေချာပေါက်အလုပ်ဖြစ်ပြိလို့ ယူဆပါတယ်။

ခေါင်းစဉ်ကို ဘယ်လိုရွေးမလဲ။
ခေါင်းစဉ်ရွေးစရာတွေအများကြိးရှိပါတယ်။ ခေါင်းစဉ်ကို ဘယ်လိုရွေးမလဲဆိုတာမပြောခင် ကျွန်တော့်ရဲ့ အမြင်ကို ပြောပါရစေ။ဆိုပါတော့။
နိုင်ငံခြားသားတွေဟာ ဗမာတွေထက် စည်းကမ်းရှိတယ်။ဆိုတဲ့ခေါင်းစဉ်ကို တယောက်ယောက်က ရွေးလိုက်ပြီဆိုပါတောာ့။
အဲဒီခေါင်းစဉ်ကို ရွေးခဲ့တဲ့လူက ဘယ်လိုအချက်တွေကြောင့် သူက ဒီလိုမျိုး နိုင်ငံခြားသားတွေဟာ ဗမာတွေထက် စည်းကမ်းရှိတယ် လို့ယူဆတာကို ပြောပါမယ့်။ ဥပမာ..နိုင်ငံခြားသားတွေဟာ အမှိုက်တွေကို ကြုံရာကျပန်းမစွန့်ပစ်ဘူး။စည်းကမ်းကို လိုက်နာတယ်။တခြားလူတွေရဲ့အခွင့်အရေးကို တန်ဖိုးထားတယ်။အဲဒါကို အင်္ဂလိပ်လိုပြောဖို့ဆိုရင် ကျွန်တော်ထင်ပါတယ်။ကြိုတင်ပြင်ဆင်ခဲ့မှ ကောင်းကောင်းပြောနိုင်မှာပါ။ကြုံရာကျပန်း(random)လို့သုံးမလား။ဒီထက်သင့်တော်တဲ့ စကားလုံးဘာရှိသေးလဲ။စဉ်းစားစရာတွေပါ။တန်ဖိုးထားတယ်(value)လား။(appreciate)လား တွေးရတော့မယ်။။ ကျွန်တော်တို့ကျန်တဲ့လူတွေက သူ့အဆိုမှားတယ်။မှန်တယ်ပေါ့။ကိုယ်မြင်သလို ပြောကြပါမယ်။ သုံးတဲဝေါဟာရက random အစား in a slipshod ဆိုရင် ပိုကောင်းမယ်။အဲဒီလို ဝိုင်းပြီးကိုယ်သိသလိုပြောမယ်။ဒါဆို random ပဲ သိတဲ့လူက in a slipshod ဆိုတဲ့ ဝေါဟာရတိုးပွားသွားပါပြိ။ ဒါပေမဲ့ အဲဒီအဆင့်မှာတင် မရပ်ချင်ပါဘူး။
သူတို့တွေ ဘာလို့ ဗမာတွေထက် စည်းကမ်းရှိတာလဲ ဆိုတဲ့ မေးခွန်းကို ဝိုင်းပြီးအဖြေရှာချင်ပါတယ်။ဥပမာ..ငယ်စဉ်ကတည်းက သူတို့ဆီမှာ စည်းကမ်းရှိဖို့ ကျောင်းတွေမှာ ထိထိရောက်ရောက်သင်ခဲ့ရလို့။ ဥပဒေနဲ့ တားဆီးထားလို့။စည်းကမ်းမရှိတဲ့လူကို သူတို့ လူ့အဖွဲ့အစည်းက မျက်စိမှိတ်ပြီး မသိချင်ယောင်ဆောင်မနေဘဲ။အားမနာဘဲ ချက်ခြင်းထောက်ပြလို့ စသည်ဖြင့်ပေါ့ဗျာ။အဖြေရှာကြမယ်။ဟုတ်ပြီ။အဲဒီအဖြေရပြီဆိုပါတော့။ကျွန်တော်မရပ်ချင်သေးပါဘူး။နောက်တဆင့်တက်ချင်ပါသေးတယ်။
ဒါဆို သူတို့လိုစည်းကမ်းရှိအောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ဆိုတာပါပဲ။အဲဒီအဖြေရဖို့အတွက် ကျွန်တော်တို့ဥာဏ်မှီသလို ဝိုင်းဆွေးနွေးတာပေါ့။အင်္ဂလိပ်လို မရေးတက်ရင် ဗမာလိုရေးပေါ့။အဲဒီဗမာလိုရေးတာကို ကျန်တဲ့လူတွေက သိရင် အင်္ဂလိပ်လို ပြန်ရေးပေးလိုက်ပေါ့။ဒါဆို အနဲနဲ့အများတော့ အကျိုးရှိမယ်လို့ ယူဆပါတယ်။
နိုင်ငံရေး၊ဘာသာရေးတော့ မဆွေးနွေးပါရစေနဲ့။
တချို့ကျတော့ တမျိုး။အင်္ဂလိပ်စာ လေ့လာရန်အတွက် ဖွင့်ထားသော ဒီဝက်ဆိုဒ်ထဲသို့ နိုင်ငံရေး၊ဘာသာရေးတွေဆွဲသွင်းလာသည်။ပြောရုံပြောတာမဟုတ်။ထိုကဲ့သို့ ကိစ္စမျိုးကို မပြောချင်သည့်သူငယ်ချင်းတွေကိုပါ ဒါမျိုးတွေဆွေးနွေးရတယ်။မင်းတို့ နုပါသေးတယ်ကွာ။ကြိုးစားလိုက်ပါဦးစသည့် ဆရာကြိးလေသံမျိုးပြောတာလည်း ကြုံခဲ့ရသည်။ကျွန်တော်တို့ မဖြစ်မနေ သိထားသင့်သည့် အချက်တချက်က လူအများနှင့်ပက်သက်ရသော ကိစ္စမျိုးတွင် နိုင်ငံရေးနှင့် ဘာသာရေးသည် ဆွေးနွေးသင့်သော ကိစ္စမဟုတ်ဆိုသည့် အချက်ဖြစ်သည်။ကျွန်တော်တို့အနေဖြင့် လူတိုင်းလူတိုင်း လွပ်လပ်စွာပြောနိုင်သောကိစ္စမျိုးကို ဆွေးနွေးသင့်သည်ဟု ယူဆပါသည်။အကယ်၍ တရုတ်လူမျိုးအကြောင်း မကောင်းပြောမည်ဆိုပါက ဤဆိုဒ်အတွင်းရှိ တရုတ်လူမျိုးများမည်ကဲ့သို့ခံစားရမည်နည်း။ကိုယ်ချင်းစာသင့်ပါသည်။NLD အကြောင်းပြောပြီဆိုလျှင် သေချာပေါက် ကြံ့ခိုင်ရေးမကောင်းပြောရတော့မည်။ထိုအခါ ဝန်ထမ်းများ၊ဝန်ထမ်းသားသမီးများ၊စစ်ဗိုလ်များနှင့် ပက်သက်နေသော သူငယ်ချင်းများ မည်ကဲ့သို့ ပြန်လည်ချေပကြမည်နည်း။စဉ်းစားသင့်ပါသည်။ငါတို့က နိုင်ငံခြားရောက်နေတာပဲ။ပြောချင်သလို လွပ်လွပ်လပ်လပ်ပြောမယ်။မင်းတို့လဲမကြောက်နဲ့။ပြောသာပြော။ဒါကြောက်ရမယ့်ကိစ္စမဟုတ်ဘူးဟု ပုဆိုးခြုံထဲက လက်သီးပုန်းပြသည့် နိုင်ငံခြားရောက် မိတ်ဆွေများလည်း ကြုံဖူးပါသည်။။ကြောက်စရာမလိုတောင်မှ နိုင်ငံရေးဆိုသည့် ကိစ္စတွင် အမှန်တရားများစွာရှိပါသည်။ ထိုအမှန်တရားများကို အကုန်သိဖို့ခဲယဉ်းသောကြောင့်ပါ။ထို့အတူ သူ့ဘက်၊ကိုယ့်ဘက် ဘက်ရွေးသည့် ပြဿနာကတော့ မလွှဲမရှောင်သာကြုံလာရမည်ဖြစ်သည်။
မင်းက ကြောက်လို့မပြောရဲတာမဟုတ်လားဟု မေးလျှင်ကား စိန်ခေါ်လိုက်ချင်ပါသေးသည်။ပြောပါမည်။သို့သော် မိန်းမများအတင်းပြောသလို သူများနောက်ကွယ်မှာတော့ အတင်းမတုတ်ချင်ပါ။ထို့အတူ မထိရောက်သော ပြောနည်းမျိုးလည်းမပြောချင်ပါ။ဥပမာ..ကြံ့ခိုင်ရေးဝန်ကြီးတယောက်အကြောင်း မကောင်းပြောမည်ဆိုလျှင် သူ့နောက်ကွယ်မှာတော့ မပြောချင်၊သူ့ရှေ့တည့်တည့်သွား၍ဖြစ်စေ..သို့မဟုတ် နာမည်၊လိပ်စာအတိအကျရေး၍ဖြစ်စေ စာပို့ကာပြောပါမည်။ခုလိုမျိုးအင်္ဂလိပ်စာလေ့ကျင့်သောနေရာတွင်တော့ လူငယ်ကြိုက် ဘယ်သူကဘယ်လိုမကောင်းတာ။ဒါကြောင့် ငါတို့က ဒီနိုင်ငံကိုမကြိုက်တာစသည့် ဖင်ခေါင်းကျယ်လေသံမျိုးဖြင့်ပြောချင်တာမျိုးတော့ ဆောရီးပါ။ထိုကဲ့သို့လူမျိုးလုံးဝအထင်မကြိးပါဟုပဲ ရင်ဖွင့်ပါရစေ။
ဘာသာရေးကရော ဘာလို့မပြောချင်ရတာလဲ။
ကျွန်တော်က ဗမာဗုဒ္ဓဘာသာဖြစ်သည့်အတွက် ဘာသာရေးအကြောင်းပြောပါဆိုလျှင် ကျန်တဲ့ဘာသာအား အနဲနဲ့အများတော့ ပုတ်ခက်ရပါလိမ့်မည်။ကျွန်တော်တို့အများစုပုတ်ခက်လေ့ရှိတာကတော့ အစ္စလမ်ပေါ့ဗျာ။ဒါပေမဲ့ ဒီမှာ အစ္စလမ်ဘာသာဝင်လည်းရှိနိုင်ပါသည်။သူ့ရှေ့မှာ သူ့ဘာသာမကောင်းပြောလျှင်။သို့မဟုတ်၊သူ့ဘာသာမဟုတ်သည့် အခြားဘာသာအကြောင်းအကောင်းပြောနေလျင် သူမည်ကဲ့သို့ခံစားရမည်နည်း။ကိုယ်ချင်းစာတရားမွေးဖို့လိုပါသည်။
ထို့ကြောင့် နိုင်ငံရေး၊ဘာသာရေးအလွန်ပြောချင်လျှင် face book,twitter သို့သွားပြောပါဟု မေတ္တာရပ်ခံလိုပါသည်။မိန်းရွန်းထဲတွင်တော့ ထိုကိစ္စများအား မပြောသင့်၊မဆွေးနွေးသင့်ဟု အခိုင်အမာယုံကြည်ပါသည်။
မင်းနဲ့ ပုံစံချင်းမတူဘူးလေ။ငါတို့က အလုပ်လုပ်နေတဲ့ ဆရာကြီးတွေကွလို့
ခင်ဗျားတို့ဘက်ကလည်း ပြန်ထောက်စရာရှိပါတယ်။ ငါတို့က တနေကုန်အလုပ်တွေနဲ့ ပင်ပန်းလာလို့ ဒီအချိန်လေးမှာ အနားယူတဲ့အနေနဲ့ မြန်မာနက်ဝက်လာသုံးတာ။ ဒါမျိုးတွေလုပ်ရအောင် ငါတို့မှာ အချိန်မရှိဘူး။မင်းတို့လို ကျောင်းသားမဟုတ်ဘူးကွလို့ ဘုဂလန့်တိုက်ပြီး ပြောစရာရှိပါတယ်။ဟုတ်ကဲ့။ကျွန်တော်လည်း ကျောင်းသားစစ်စစ်မဟုတ်ပါဘူး။တရက်ကို အလုပ်လုပ်ချိန် ၁၄နာရီအနဲဆုံးရှိပါတယ်။။အလုပ်သုံးခုကို တပြိုင်တည်း လုပ်နေတဲ့ လူတယောက်ပါ။ဒါပေမဲ့ လက်ရှိကျွန်တော့်ဘဝကို မကျေနပ်ပါဘူး။ခုလိုမျိုး အင်္ဂလိပ်စာကို မီးကျိုးမောင်းပျက်လေးပြောတက်နေရုံကို မကျေနပ်ပါဘူး။တလကို ဝင်ငွေ သုံးလေးသိန်းရရုံနဲ့ မတင်းတိမ်ပါဘူး။ငါဒီလောက်နဲနဲလေးသိလို့ ပိုက်ဆံဒီလောက်ပဲ ရှာနိုင်တာ။ဒီထက်အများကြီးသိရင် ပိုက်ဆံဒီထက်ရှုာနိုင်မှာပဲ။နောင်ကို နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာတော့မယ်။အဲဒီအချိန်မှာ ငါ့အင်္ဂလိပ်စာသာ ပြောစရာမလိုအောင်ကောင်းနေမယ်ဆိုရင်။ဗဟုသုတတွေကြွယ်ဝနေမယ်ဆိုရင် ငါ့အတွက် အလုပ်မရှားနိုင်ဘူးလို့ ယူဆလို့ ခုလိုမျိုး အင်္ဂလိပ်စာနဲ့ ဒေသန္တရဗဟုသုတကို ရှာဖွေနေတာပါ။တနေကုန်အားယားနေလို့ လာသုံးတာမဟုတ်ပါဘူး။မင်းက မြန်မာနိုင်ငံမှာလုပ်ရတာ။ငါတို့က နိုင်ငံခြားမှာကွ။ဒီထက်ဆယ်ဆလောက်ပင်ပန်းတယ်လို့ လာမရွှီးပါနဲ့။ကျွန်တော်လည်း ပြန်လာခဲ့ပြီးသားပါ။ပင်ပန်းတာရှိသလို သက်သာတာလည်း ရှိပါတယ်။ပြီးတော့ တကယ့်ကို ပေါက်တက်ကရ တွေပြောချင်ရင် အဲဒီလိုပေါက်တက်ကရ။ဖွန်ကြောင်တဲ့ စကားတွေပြောနိုင်တဲ့ နေရာတွေ အများကြီးရှိပါတယ်။နာမည်နဲ့ လိပ်စာသိချင်ရင် ကျွန်တော့်ဂျီမေးဆီ ပို့ပြီးစုံစမ်းနိုင်ပါတယ်။
ကဲ..အဲဒီတော့နိဂုံးချုပ်ပါပြီ။စိတ်ထဲမှာ စွဲစွဲမြဲမြဲယုံကြည်တာက ဒီဝက်ဆိုဒ်သုံးတဲ့နေရာမှာ ကျွန်တော့်လို အင်္ဂလိပ်စာနဲ့ပက်သက်ပြိး ခံယူချက်ပြင်းတဲ့။ရည်ရွယ်ချက်ချင်းတူတဲ့ ။အဲဒီလိုလုပ်ဖို့ ရည်မှန်းထားတဲ့ သူငယ်ချင်းတွေ လေးငါးယောက်တော့ ရှိမယ်လို့ယူဆပါတယ်။တကယ်လို့များရှိခဲ့ရင် ကျွန်တော့်ဂျီမေး minminsoeadb@gmail.com ဆီပဲဖြစ်ဖြစ်။ဒီနေရာမှာပဲ ဖြစ်ဖြစ် မှတ်ချက်ရေးပေးခဲ့ပါ။ ငါတို့လည်း စိတ်ပါတယ်။ဘယ်နေ့ဘယ်အချိန်ဆိုရင် အားပါတယ်ပေါ့။ခေါင်းစဉ်က ဘယ်ခေါင်းစဉ်ပါပေါ့။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ခေါင်းစဉ်ကို သိချင်ပါတယ်ပေါ့။ ကျွန်တော့်အထင် တပတ်နှစ်ရက်လောက် ပုံမှန်လေးလုပ်သွားရင် တော်တော်လေးအကျိုးရှိပါလိမ့်မယ်။ဒါကြောင့်အဲဒီလိုမျိုး ကျွန်တော့်ဖိတ်ခေါ်ချက်ကို လက်ခံတဲ့သူငယ်ချင်းများရှိခဲ့ရင်တော့ ဆွေးနွေးချင်ပါသေးတယ်ဗျာ။ရောက်တက်ရာရာပေါ့။
မိတ်ဆွေများဆီက ဖိတ်ခေါ်မှုကို စောင့်နေပါ့မယ်ခင်ဗျား။
လေးစားစွာဖြင့်
ဖိုးစမ်းချောင်း(GG)

Views: 2508

Reply to This

Replies to This Discussion

ွှ့Thk bro;........I like your post .I also want to know most PPL how to say ,how to use,how to write.We share our knowledges and Let's go to our goals....I want to know your knowledge.Thks

ko volcano..what's PPL? can i know?

It's "people" yin yin.PeoPLe= PPL .Ta da! mission accomplished.........^ ^

let me ask b.brave gryffindor. i am not sure whether you are alex gryffindor or other person.i think you change your account's name.Alexa, Am I right?

thank ko volcano for your reply.let me know when you will be okay to make a discussion . I would like to suggest Saturday and Sunday is the most suitable for most of us.I am waiting for your reply.Please tell me exactly which part of the day, I mean, afternoon,evening or at night.

dear friend how can i tell u i feel happy to see yr post

i also want to spend my hours effectively

i become a member of myanmar net coz i wanna meet the environment surrounded by english learners n professions

so let me know n take part in yr discussion

my eng tea said i 'm poor in vocab

he urge me to use something new

yr plan seem very useful the ones poor in vocab including me

oh i excited even now

i cant help waiting fri

nice to meet u by the way

 thank you so much for your reply.let me know when you will be okay to make a discussion . I would like to suggest Saturday and Sunday is the most suitable for most of us.I am waiting for your reply.Please tell me exactly which part of the day, I mean, afternoon,evening or at night .After choosing the time, we should start about the topic that i think.

Very good idea.  I want to participate your sharing knowledge and discuss section.

 thank you so much for your reply.let me know when you will be okay to make a discussion . I would like to suggest Saturday and Sunday is the most suitable for most of us.I am waiting for your reply.Please tell me exactly which part of the day, I mean, afternoon,evening or at night .After choosing the time, we should start about the topic that i think.

Hey Fri,good idea ,i wanna know u private  letter head and u had other  fri discussing cause .May i know  your discussion

Can u sharing of me ? What about of they or What knowledge of anything  ?What i can get ?

i interest of your project n u good luck ............fri.

 thank you so much for your reply.let me know when you will be okay to make a discussion . I would like to suggest Saturday and Sunday is the most suitable for most of us.I am waiting for your reply.Please tell me exactly which part of the day, I mean, afternoon,evening or at night .After choosing the time, we should start about the topic that i think.

brother, I also want to participate with you. But I am not good in English, But I am studying, Can I discuss with you. I am also free on Sunday, I prefer in the evening about 4 o'clock. If you have chosen the topic to discuss, please , say me,there is no more time, so let's start next Sunday, how about you. I will be online next Sunday evening, at 4 o'clock. please help me studying in English.Thank a lot brother.

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service