သင့်ရဲ့ အလုပ်ရှင်ကို စိတ်လှုပ်ရှား အံ့အားသင့်သွားအောင် ဘယ်လိုလုပ်မလဲ

လူတိုင်းဟာ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာတော့ ထိပ်ဆုံးမှာရှိနေချင်ကြတာ သဘာဝပါ။ အလုပ်မှန်သမျှ ကြိုးစားလုပ်၊ ရုံးချိန်ဆိုလဲ ဘယ်တော့မှနောက်မကျတတ်တဲ့အပြင် နေမကောင်းရင်တောင် ခွင့်ယူဖို့ခဲယဉ်းတဲ့သင့်အတွက် ထိပ်ဆုံးမှာရှိဖို့မပြောနဲ့ ရာထူးတိုးလေးရဖို့ကိုတောင် နှောင့်နှေးနေမယ်ဆိုရင်၊ အသိမှတ်ပြုချီးမြှောက်ခြင်း မခံရဘူးဆိုရင် ဘာကြောင့်ဖြစ်မလဲ။


အဖြေကတော့ ရိုးရှင်းပါတယ်။ သင့်သူဌေးရဲ့ သင့်အပေါ်ထားတဲ့မျှော်လင့်ချက်တွေကို ပြည့်အောင် သင့်ဖက်က မဖြည့်ပေးနိုင်သေးလို့ပေါ့။

သင့်သူဌေးရဲ့မျှော်လင့်ချက်တွေကတော့ ၀င်ငွေတိုးလာဖို့ပဲ။ သင်ဟာ သင်လုပ်ရမယ့်တာဝန်ကို အကောင်းဆုံးကြိုးစားလုပ်ဆောင်နေရင်တောင်မှ သင့်သူဌေးက သူလိုချင်နေတဲ့ ရည်မှန်းချက်ကို ရအောင် အနည်းဆုံး လုပ်နေတဲ့လူလို့ ထင်နေမယ်ဆိုရင် သင့်ကိုထူးချွန်တဲ့သူတစ်ယောက်အဖြစ် သူကသတ်မှတ်မှာမဟုတ်ပါဘူး။
ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်နဲ့ လစာတွေကိုရချင်တယ်ဆိုရင်တော့ ကိုယ်ရနေတဲ့ လစာထက် ပိုပြီးတန်ဖိုးရှိတဲ့ လုပ်အားနဲ့ကြိုးစားမှုတွေကိုလည်း သင်ဘက်ကလည်း ပေးနိုင်ရမှာပါ။ သင့်ဘက်က အခုလက်ရှိ နေရာထက် ပိုကောင်းတဲ့၊ ပိုအဆင့်မြင့်တဲ့နေရာကို ရချင်ရောက်ချင် တယ်ဆိုရင် အရည်ချင်းရှိတဲ့လူ၊ လုပ်ငန်း အတွက်မရှိမဖြစ်လိုအပ်နေတဲ့ သူတစ်ယောက်ဖြစ်နေအောင် ကြိုးစားရမှာပါ။

သင့်ကို အလုပ်ခန့်ထားရတာဟာ အရမ်းကိုအကျိုးရှိစေတယ်ဆိုတဲ့ ခံစားချက်မျိုး သင့်ရဲ့ အလုပ်ရှင် စိတ်ထဲမှာဖြစ်လာစေဖို့ သင့်ဘက်က ရည်မှန်းချက်ထား ကြိုးစားရမှာပါ။

တကယ်တော့ ဒီလိုလုပ်ဖို့ဆိုတာဟာ သိပ်တော့ မခက်လှပါဘူး။

အခုပြောပြမယ့် အချက်(၇)ချက်ကိုသာ သေချာလိုက်လုပ်နိုင်မယ်ဆိုရင် သင့်အလုပ်ရှင်ကို အံ့သြ စိတ်လှုပ်ရှားလာအောင် သင်လုပ်နိုင်မှာပါ။


အဆင့် (၁) လုပ်ငန်းရဲ့လည်ပတ်ပုံ၊ လုပ်ငန်းပြိုင်ဘက်တွေအကြောင်းနဲ့ စိန်ခေါ်မှုတွေ၊ နောက်ဆုံးတိုးတက်မှု အနေအထားတွေထိ လေ့လာခြင်းဖြင့် သင့်ရဲ့ စွမ်းရည်ကို မြှင့်တင်နိုင်အောင်ကြိုးစားပါ။

ရောက်နေတဲ့နေရာမှာ ဘာလို့ရပ်နေမှာလဲ။ ပရောဖက်ရှင်နယ်ကျကျ တိုးတက်ဖို့ ကျွမ်းကျင်ဖို့ဆိုတာ အရေးကြီးပါတယ်။ သင့်သူဌေးရဲ့ စိတ်ကို ဖမ်းစားချင်တယ်ဆိုရင်တော့ သင့်ကုမ္ပဏီနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိနိုင်သမျှသိအောင် လေ့လာထားသင့်ပါတယ်။

ဥပမာအားဖြင့်ပြောရရင်တော့ သင်ဟာ IT သမားတစ်ယောက်ဆိုပါတော့၊ နေ့စဉ်နေ့တိုင်း ကုတ်နံပါတ်တွေ ရိုက်ထည့်နေတာကို လေ့ကျင့်နေရုံနဲ့ ကျေနပ်ရမယ့်အစား၊ လက်တွေ့လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကိုပါ လေ့လာသင်ယူသင့်ပါတယ်။ သင်လေ့လာထားတဲ့ ဗဟုသုတတွေကို လက်တွေ့လုပ်ငန်းခွင်မှာ အသုံးပြုခြင်းဟာ သင့်ရဲ့တန်ဖိုး တတ်လာအောင်မြှင့်တင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

အဆင့် (၂) မေးခွန်းတွေ မေးလာမှ အဖြေပေးနေမည့်အစား၊ သင့် သူဌေးသိချင်မှာတွေကို ကြိုတင်မေးခွန်းပြီး ထုတ်ပြင်ဆင်ထားပါ။

သင့်ရဲ့သူဌေးမေးခွန်းမေးလိုက်တဲ့အချိန်မှာ အချက်အလက်တွေကို စာရွက်ပုံကြားထဲ ပြန်လှန်ရှာနေ ရတာတွေ၊ ပြန်လည်တင်ပြပါမယ်ဆိုတဲ့ ဆင်ခြေတွေထက် ချက်ခြင်းတုန့်ပြန် ဖြေဆိုနိုင်မယ်ဆိုရင် အကောင်းဆုံးပါ။ ဒါပေမဲ့ ဒီထက်ပိုပြီး သူ့ကိုစိတ်လှုပ်ရှားစေချင်တယ်ဆိုရင်တော့ သူဘာသိချင်မလဲဆိုတဲ့ ကြိုတင်မေးခွန်းတွေထုတ်ပြီး ဖြေနိုင်အောင်ကြိုးစားပါ။ သင့်သူဌေး ဒီနေ့ဘာသိချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို ကြိုတင်တွေးတောထားပါ။ နောက်ဆုံးရ သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့အညီ ပို့နိုင်အောင်ကြိုးစားပါ။ သင့်သူဌေးရဲ့ စွမ်းအင်နဲ့အချိန်ကုန်သက်သာအောင် ကူညီပေးခြင်းဖြင့် သူဌေးရဲ့အသိမှတ်ပြုခံရအောင် ကြိုးစားပါ။
အဆင့် (၃) အမှားကို သူများထောက်ပြမှ ၀န်ခံတာထက် ကိုယ်တိုင်သိအောင်ကြိုးစားပါ။

တာဝန်ယူတတ်မှု၊ တာဝန်ခံမှုဆိုတာဟာလဲ အနုပညာတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ လူအများစုဟာ အမှားကို ၀န်ခံလိုက်လို့ ရလာမယ့် အကျိုးဆက်ကို ကြောက်ရွံ့တဲ့စိတ်နဲ့ ကိုယ်လုပ်ခဲ့တဲ့ အမှားတွေကို ဖုံးကွယ်ထားတတ်ကြပါတယ်။ သင်သာ သင့်ရဲ့မှားယွင်းမှုကို မကြောက်မရွံ့ ၀န်ခံရဲမယ် ဆိုရင်တော့ သင့် သူဌေးရဲ့ စိတ်ကို အံ့သြစိတ်လှုပ်ရှားအောင်သင်လုပ်လိုက်နိုင်ပါပြီ။ သင်အမှားလုပ်ခဲ့ပြီဆိုရင်တောင် သူဌေးကို အရိုးသားဆုံးပြောပြပြီး ဖြေရှင်းနိုင်မည့်နည်းလမ်းကိုပါ အဆင်သင့် တင်ပြနိုင်ပါစေ။ ပြသနာကို ကြီးထွားမှုမရှိအောင် ဖြေရှင်းမှုတွေကို သင် လုပ်နေပြီဆိုတာကို သူသိပါစေ။ ကိုယ့်ရဲ့တာဝန်ယူမှု၊ ဖန်တီးမှုအသစ်တွေနဲ့ သေချာပေါက် ဦးဆောင်ဖြေရှင်းမယ်ဆိုတာတွေကို သင့်သူဌေးသိမြင်လာအောင် တင်ပြနိုင်ပါစေ။

အဆင့် (၄) သင်တန်းတွေပေးဖို့တောင်းဆိုတာထက် ကိုယ်တိုင်သိမြင်တတ်မြောက်အောင် ကြိုးစားပါ။

သင့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေ တိုးတက်လာဖို့အတွက် သူဌေးကို သင်တန်းတွေ စေလွှတ်ပေးဖို့ တောင်းဆိုတာဟာ ပုံစံကျတဲ့ အသက်မွေးဝမ်းကျောင်းမှု အကြံဥာဏ်ကောင်းတစ်ခုပါ။ ဒါပေမဲ့ အခုကျွန်မတို့ပြောနေတာက ပုံစံကျမှုဆိုတာထက် သူဌေးကို သင့်အစွမ်းတွေနဲ့ ဘယ်လို အံ့သြမင်သက်အောင် လုပ်မလဲဆိုတာကို ဆွေးနွေးနေတာမို့ ကိုယ့်ရဲ့ ကိုယ်ပိုင်အားလပ်ချိန်မှာ ကိုယ်ကိုတိုင် လေ့လာသင်ယူရမှာပါ။ တကယ်တော့ အွန်လိုင်းမှာ စရိတ်နည်းနည်းသာပေးရသော သင်တန်းများနှင့် အခမဲ့ လေ့ကျင့်သင်ကြားနိုင်တဲ့ သင်တန်းတွေ အများအပြားရှိနေပါပြီ။ ဥပမာဆိုရင် နေ့စဉ်အခမဲ့ သင်ခန်းစာများ၊ ဆောင်းပါးများကို တင်ပေးနေသော Myanmar Network တွင် အသင်းဝင်ထားနိုင်ပြီး ဗြိတိသျှကောင်စီ ဝက်ဆိုဒ် တွင် တင်ထားသော အွန်လိုင်းမှ အင်္ဂလိပ်သင်ယူနိုင်သော ဝက်ဆိုဒ်များနှင့် app များကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ကိုယ်တိုင် လေ့လားသင်ယူထားမယ်ဆိုလျှင်၊ အခြားလူတွေက သူဌေးကို သင်တန်းတွေကို စေလွှတ်ပေးဖို့ တိုက်တွန်းနေချိန်မှာ သင်ဘာတွေလေ့လာထားပြီးပြီဆိုတာကို သင့်သူဌေးကို သင်ပြောပြနိုင်မှာ ဖြစ်သလို၊ သင့်ရဲ့ကြိုးစားမှုတွေဟာလဲ အသိအမှတ်ပြုခံရမှာပါ။ ဒါဟာ ကုမ္မဏီရဲ့ငွေကြေးသုံစွဲမှုကို ချွေတာပြီးသားဖြစ်သလို သင့်ရဲ့ကျွမ်းကျင်မှုတွေကိုလည်း တစ်ချိန်ထဲမှာ မြှင့်တင်လိုက်ရာ ရောက်ပါတယ်။

အဆင့် (၅) ခိုင်းမှလုပ်တာထက် ကြိုလုပ်နိုင်အောင် ကြိုးစားပါ။

လူတွေဟာ ခိုင်းမှသာလုပ်တတ်ကြပါတယ်။ သင့်သူဌေးရဲ့စိတ်ကို လှုပ်ရှားလာအောင် ဖမ်းစားချင်တယ်ဆိုရင်တော့ သင်ကိုယ်တိုင်က တက်တက်ကြွကြွနဲ့ သူများမခိုင်းခင် ဦးဆောင်လုပ်တတ်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားရပါမယ်။ ပြသနာတစ်ခုကို တွေ့ပြီဆိုရင် ကျော်လွှားမသွားဘဲ ချက်ခြင်းဖြေရှင်းလိုက်ပါ။ တစ်ခုခုလုပ်ဖို့လိုအပ်နေလျှင် ချက်ခြင်းထလုပ်လိုက်ပါ။ ကိုယ့်အလုပ်တွေကို စာရွက်စာတန်းနဲ့ စနစ်တကျ မှတ်တမ်းတင်ပြီး ဘယ်နေရာမှာသုံးမယ် ဘယ်လို မတူညီတဲ့ပုံစံနဲ့ သုံးမယ်ဆိုတာကို ၀န်ထမ်းသစ်တွေကို လမ်းညွှန်မှုပေးရင်း ပူးပေါင်းဆောင်ရွက်ပါ။ အဲ့ဒီလိုဆိုလျှင် သင့်ရဲ့အထက်လူကြီးတွေက သင့်ကို အလွန်အမင်းကို ကျေးဇူးတွေတင်နေတော့မှာပါ။ ရေရှည်မှာ သင်ဟာ ကုမ္မဏီအတွက် အလွန်အသုံးဝင်တဲ့လူဆိုတာကို သိလာတာနဲံအမှ သင့်ကို သူတို့သဘောကျလာမှာပါ။ ဒီအကြောင်းတွေကို သင့်သူဌေးကို ပြောပြဖို့ကိုတော့ မမေ့နဲ့နော်။ ဒီလို အောင်မြင်မှုတွေအတွက် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အဆိုးမြင်လာမယ်ဆိုရင်တောင် လိမ္မာပါးနပ်မှုတွေနဲ့ ဆက်ဆံနိုင်အောင်ကြိုးစားပါ။ သင့်ဖက်က အရာရာမှာ ပြည့်စုံအောင် ကြိုးစားလုပ်ဆောင်နိုင်ခြင်းဟာ အမှားကင်းတဲ့ လုပ်ဆောင်မှုပါပဲ။

အဆင့် (၆) အခြားဌာနတွေနဲ့လည်း ရင်းနှီးမှုကိုတည်ဆောက်ပါ။

ဒါဟာလည်းအရေးကြီးတဲ့ အချက်ပါ။ သင့်ရဲ့ဌာနဟာ တခြားဌာနတွေရဲ့ အကူအညီကို လိုအပ်လာတဲ့ အချိန်မျိုးရှိလာနိုင်ပါတယ်။ ဒီတော့ ကုမ္ပဏီတွင်းမှာရှိတဲ့ တခြားဌာနတွေနဲ့ သင့်ရဲ့ဌာနဟာ ရင်းနှီးမှုရှိနေတယ်ဆိုတာဟာ သင့်သူဌေးရဲ့စိတ်ကို သင်ဖမ်းစားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဌာနအခြင်းခြင်း ဆက်သွယ်ဆောင်ရွက်တာထက် လူပုဂ္ဂိုလ်အခြင်းခြင်း ရင်းနှီးကျွမ်းဝင်မှုတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တာဟာလည်း တကယ်ပဲ အကျိုးရှိရှိနဲ့ ထိရောက်စေတဲ့ နည်းလမ်းတစ်ခုပါပဲ။

သင့်သူဌေးအတွက် "ဒါတွေကို ဂရုတစိုက်ဘာလို့ မလုပ်ပေးနိုင်ရမှာလဲ၊ တစ်ယောက်ယောက်ကတော့ ငါတို့ကို အဆင်ပြေအောင်ကူညီပေးနိုင်မှာပါ။" ဆိုတဲ့စိတ်နဲ့ သင့်သူဌေးရဲ့  အလုပ်ချိန်တွေကို ကူညီပေးလိုက်ပါ။

အဆင့် (၇) အရေးကြီးဆုံး အခြေအနေမှာတောင် စိတ်ငြိမ်အောင်ထားပါ။

သင့်ရဲ့ခိုင်မာတဲ့ အရည်အချင်းကသာ သင့်သူဌေးရဲ့ အာရုံစိုက်မှုကိုရနိုင်တာပါ။ ၀န်ထမ်း အခြင်းခြင်းပြသနာဖြစ်နေချိန်မှာပဲဖြစ်ဖြစ်၊ စည်းမျဉ်းတွေ ပြောင်းလဲမှုတွေကြောင့် ၀န်ထမ်းတွေ စိုးရိမ်ပူပန်နေချိန်မှာပဲဖြစ်ဖြစ်၊ သင့်ရဲ့ စိတ်လှုတ်ရှားမှုကို ထိန်းပြီး တည်ငြိမ်အောင် လုပ်နိုင်ရပါမယ်။ သင့်ရဲ့ အေးဆေးတည်ငြိမ်တဲ့အမူအယာနဲ့ ပြသနာကို အေးအေးဆေးဆေး တွေးတောကာ ရှင်းလင်းနိုင်ခြင်းဟာ သင့်ရဲ့ဦးဆောင်နိုင်မှု စွမ်းရည်ကို ပြသလိုက်တာပါပဲ။


အခုပြောပြခဲ့တဲ့ အချက်တွေအားလုံးကို လုပ်ဆောင်နိုင်အောင်ကြိုးစားပါ။ အောင်မြင်တဲ့လူတွေဟာ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကိုထည့်သွင်းလုပ်ဆောင်နိုင်ကြသူတွေပါ။ တကယ်တော့ စီးပွားရေးလုပ်ငန်းဆိုတာ အကျိုးအမြတ်ရဖို့လုပ်ဆောင်ကြတာပါ။ သင့်ကို အလုပ်ခန့်ထားခြင်းဟာ သင့်သူဌေးနှင့် လုပ်ငန်းရဲ့ အကျိုးစီးပွားနဲ့ အမြတ်အစွန်းတွေကို ရအောင်လုပ်ပေးနိုင်တယ် ဆိုတာကို သိအောင်ကြိုးစားပြလိုက်ခြင်းဖြင့် သင့်သူဌေးရဲ့ အာရုံစိုက်ခံရမှုတွေကို ရအောင်ကြိုးစားလိုက်ပါနော်။


ယခုဆောင်းပါးအား Linkedin.com မှ Dr. Travis Bradberry ၏ How To Blow Your Boss's Mind ကို ကိုးကားဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။


LESSONS FROM OUR ARCHIVE

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 3310

Reply to This

Replies to This Discussion

Hi

thank a lot.

Good institute

good idea

Really useful.

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service