လိုချင်တာကို မတောင်းဘဲ ရအောင် ဘယ်လိုလုပ်မလဲ ( HOW TO GET WHAT YOU WANT without having to ask)

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash3/7164_5830950...

အပိုင်း (၁) လိုချင်တာကို ရတဲ့သူ ဖြစ်ပါစေ …
PART 1: Be the kind of person who gets what they want

ခင်ဗျားရဲ့ ပတ်ဝန်းကျင် ကို ကြည့်လိုက်ပါ၊ ဘဝမှာ ပြည့်စုံ ကြွယ်ဝနေတဲ့သူတွေ … ချို့တဲ့နေတဲ့ သူတွေကို တွေ့နိုင်ပါတယ်၊ မှန်တာပေါ့ … လိုချင်တာမှန်သမျှ အလိုလိုရောက်လာသလိုမျိုး ရနေတဲ့သူတွေ … ကြိုးစားနေပေမဲ့ မရတဲ့သူတွေ အဲဒီလို အခြေအနေတွေကို ခင်ဗျား တွေ့နိုင်တာပေါ့ …။ ကျွန်တော်တို့အားလုံး ဘဝမှာ ကံကောင်းတဲ့ အချိန်တွေရော ကံမကောင်းတဲ့ အချိန်တွေပါ ရှိကြတယ်။ အချို့ကလည်း သူတို့လိုချင်တာတွေကို ဆက်ပြီး ရနေကြတယ်၊ အချိုတွေကလည်း လိုချင်တာကို မရဘဲ မလိုချင်တာကိုပဲ ရနေကြတယ် … ဘယ်လိုကြောင့်များပါလဲ ? အဲဒီလို ဖြစ်နေတာတွေဟာ ဘယ်သူနဲ့မှ သက်ဆိုင်တာ မဟုတ်ဘဲ ခင်ဗျားကိုယ်တိုင်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ပဲ အဓိက သက်ဆိုင်ပါတယ်။ ခင်ဗျားရဲ့ အရည်အချင်းတွေကို ခိုင်ခိုင်မာ သေသေချာချာ တည်ဆောက်ထားမယ်ဆိုရင် ခင်ဗျား လိုချင်တာတွေကို အများအားဖြင့်တော့ ရနိုင်ပါတယ်။ ဆက်လက်ပြောပြမယ့် ခင်ဗျားကိုယ်တိုင် အသုံးပြုနိုင်တဲ့ နည်းစနစ်တွေကို မပြောခင်မှာ စပြီးတော့စဉ်းစားကြည့်ရအောင် ဗျာ … ကိုယ်ရနိုင်တဲ့ အခွင့်အရေး ကို အများဆုံးရအောင် ဘယ်လိုလုပ်ရမလဲ … ?

Look around you. Can you see the haves and the have nots? Of course you can, some people just seem to have everything fall into their lap, while others maybe try just as hard but don’t get. We all have good breaks and bad breaks. So why do some people go on to get what they want so often, while others always seem to get the fuzzy end of the lollipop?
Well, it’s a lot to do with you personally. If you get foundations in place, you’re much more likely to get what you want most of the time. So before we look later on at the techniques you can use, let’s just start by considering how you can maximize your chances of getting anything you decide to go for.


ဘာလိုချင်လဲဆိုတာကို သိပါ
Know what you want

ဒီကိစ္စက တော်တော်လေး ရှင်းပါတယ် … ဒါပေမဲ့ ခဏနေပါဦး … ခုအချိန်မှာ ခင်ဗျား ဘာကို ရဖို့ကြိုးစားနေလဲ ဆိုတာ တိတိကျကျ တကယ်သိရဲ့လား? ရာထူးတိုးချင်တာလည်း ဖြစ်နိုင်ပါတယ်၊ လစာတိုးချင်တာလည်း ဖြစ်နိုင်ပါတယ်၊ ကုမ္ပဏီ တစ်ခုမှာ အလုပ်အသစ်တစ်ခု ရချင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ ဇနီး၊ခင်ပွန်း ကို အလုပ်ချိန်တွေ လျော့ချပြီး ကိုယ့်အနားမှာ မိသားစုနဲ့ အချိန်ပေးစေချင် နေတာ၊ မိသားစု ဘဝတစ်ခုကို စတင်ဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ် ။
အဲဒီလို များစွာသော လိုချင်မှုတွေထဲက တစ်ခုကို ဥပမာ ထားကြည့်ရအောင် … ခင်ဗျားက ရာထူးတိုးဖို့ ကြိုးစားနေတဲ့သူ ဆိုကြပါစို့ … အဲဒီ ရာထူးတို့ဖို့ဆိုတာကို ရည်ရွယ်ချက် တစ်ခု လို့ထားပြီး လောလောဆည် စဉ်းစားကြည့်ကြမယ်။ ဒါဆို ခင်ဗျားကြုံနေရတဲ့ အခက်အခဲ ပြဿနာ က ဘာများလဲ ? ခင်ဗျား အလုပ်ကို ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် အချိန်တန်တော့ ခင်ဗျား ရာထူးတိုးလာမှာပေါ့ … ကျွန်တော်တို့ လုပ်နေကြတဲ့ အလုပ်တွေ တော်တော်များများ ကတော့ လှေကားထစ်တွေ တက်နေရသလိုပါပဲ အချိန်တန်တော့မှ တစ်ဆင့်ပြီး တစ်ဆင့် မြင့်လာတာပါပဲ ၊ ခင်ဗျားက အဲဒီ အချိန်တန်တော့ ဆိုတာကို မလိုချင်ဘူးဗျာ ခုပဲ လိုချင်တာကို ရချင်တယ် (ရာထူးတိုးချင်တယ်)၊ သေချာပြီလား ? ကဲ … ဘာကြောင့် အဲဒီကိစ္စကို ခင်ဗျား မပြောတာလဲ … ?
ဒါဆိုရင်တော့ ဒီကိစ္စကို ဦးတည်ပြီး စဉ်းစားရအောင် … ခင်ဗျား ဘယ်လို ရာထူးကို တိုးချင်တာလဲ ? လစာ ဘယ်လောက်လိုချင်တာလဲ ?
ခင်ဗျား လိုချင်တာကို ရှင်းရှင်းလင်းလင်း တိတိကျကျ သိလာလေ … လုပ်ဖို့ ပိုလွယ်လာလေလော ပါပဲ။ အဲဒီလိုမှ သေသေချာချာ မသိရင်တော့ ခင်ဗျား အဲဒီလို ဦးတည်ထားတာကို သိမှာတောင် (သတိထားမိမှာတောင်) မဟုတ်တော့ဘူး။ နောက်တစ်ခုပေါ့ … ခင်ဗျားရဲ့ ဇနီး/ခင်ပွန်းကို အလုပ်ချိန်လျှော့ပြီး မိသားစုနဲ့ အချိန်ပေးစေချင်တယ် ဆိုပါစို့ … တိတိကျကျ စဉ်းစားကြည့်ရအောင် … ကိုယ့်ရဲ့ ဇနီး/ခင်ပွန်းက တစ်ပတ်မှာ တစ်ည စောစော အိမ်ပြန်လာရင် ခင်ဗျားပျော်မှာလား ? အဲဒီလောက်ဆို ရပြီလား ? အဆင်ပြေကောင်းပြေပါလိမ့်မယ် … ၊ ဒါမှမဟုတ် အဆင်ပြေတဲ့အချိန်မှာ တစ်ပတ်ကို သုံးရက်လောက် (ဒါမှမဟုတ်) တစ်ပတ်လုံး စောစော ပြန်လာစေချင်တာလား ? တစ်ရက်လောက်ပဲ ပြန်လာပါစေ … ပြန်လာတဲ့ တစ်ရက်မှာ တစ်ညနေလုံး ကိုယ်နဲ့အတူတူ လျှောက်သွား ချင်တာလား?
ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး “ဘာကိုလိုချင်တယ်ဆို တာ ဘယ်လောက်သိထားပြီလဲ” လို့ ကိုယ့်ကို ကိုယ် ပြန်မေးဖို့ ကြိုးစားကြည့်ပါ။ အဲဒီလိုချင်တာကို ရသွားခဲ့ရင် ဘယ်လောက်ထိ ဘဝက ကွာခြားသွားမလဲ ?
ဒါဆို ကိုယ်လိုချင်တာ ရဖို့အတွက်က ပထမဆုံးခြေလှမ်းကတော့ ကိုယ် ဘာကို လိုချင်လဲ ? ဆိုတာကို တိတိကျကျ သိပြီး သတ်မှတ်နိုင်ဖို့ အရေးကြီးပါတယ်။

Pretty obvious really. But hang on, are you really sure you know just what it is you’re trying to get? Promotion maybe? A pay rise? Are you desperate for somebody to offer you a new job in their company? Or do you want to persuade your partner to cut down their hours and spend more time with you? Start a family may be?
Let’s take just on of those as an example say, getting promoted. OK, that’s an aim. So what’s your problem? If you work reasonably hard the odds are you’ll get just what you want, eventually. Most of us gradually work our way up the ladder. Oh, you didn’t want it eventually, you wanted it now – is that right? Well, why didn’t you say so?
And while we’re at it, precisely what job do you want to be promoted to? And at what pay?

You see, the clearer you are about what exactly you want, the easier it is to aim for it. Otherwise you may not even know when you’ve got it. Take getting your partner to work less and spend more time with you as an example. If they come home earlier one night a week will you be happy? Will you have got what you want? Maybe that will be fine. Or maybe you want them to come home at a reasonable time three days a week, or every day, or just one day but to also be up for going out for the evening.

Try asking yourself: ‘How will I know I’ve got what I want on this?’ What will be different? What will have changed? How will your life look?

So the very first step to getting what you want is to identify precisely what that want is.

အောင်ကိုဦး (UMK)
Be the Best !

နောက်တစ်ပတ်မှာ -

“ဘာကြောင့်လိုချင်လဲ ဆိုတာကို သိပါ (Know why you want it)” ကို ဆက်လက် ရေးသားသွားပါမည်။

Views: 523

Reply to This

Replies to This Discussion

လေးစားပါတယ်။ ကိုအောင်ကိုဦး ကို Barcamp 2013မှာ ဆုံဖူးပါတယ်။ လူငယ်တွေအတွက် အတုယူစရာကောင်းအောင်တော်ပါတယ်။ ဟောပြောဆွေးနွေးတာကို၂ရက်လုံးတက်ပါတယ်။ ခုလိုစာတွေရေးတာ စိတ်ဓါတ်မြှင့်တင်တာရော Englishစာလေ့လာဖို့အတွက်ပါကောင်းပါတယ်။ ၁ ချက်ခုတ်၂ချက်ပြတ်ပါတယ်။ ကျေးဇူး

ကျေးဇူးတင်ပါတယ်၊ နိုင်ငံသားတိုင်း တစ်ဦးတစ်ယောက်ခြင်းစီ တိုးတက်လာရင်  နိုင်ငံတော်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ အတတ်နိုင်ဆုံး ကြိုးစားမျှဝေ နေပါတယ်။

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service