How to Improve your English speaking skill အင်္ဂလိပ်စကားပြောတိုးတတ်အောင် ဘယ်လိုလေ့လာကြမလဲ

   သင်အင်္ဂလိပ်စကားကို သွက်သွက်လက်လက်နဲ့ စဉ်းစားစရာမလိုဘဲ အလိုအလျှောက်ပြောတတ်လိုပါသလား။
အောက်မှာဖေါ်ပြထားတဲ့အချက်လေးတွေကို စဉ်းစားကြည့်ပါ။ ပြီးတော့ အကြံပေးချက်လေးတွေအတိုင်း လေ့ကျင့်ကြည့်ပါ။ 

အချိန်တိုအတွင်းမှာ သင်၏အင်္ဂလိပ်စကားပြောစွမ်းရည် သိသိသာသာတိုးတတ်လာပါလိမ့်မည်။

    အင်္ဂလိပ်စာလေ့လာသူအများစုဟာ ငယ်စဉ်အခါထဲက အင်္ဂလိပ်စာကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ကြတယ်။

ငယ်စဉ်ကျောင်းသင်ခန်းစာများထဲမှာ လေ့လာခဲ့ကြပြီး ဖြစ်သော်လည်း အင်္ဂလိပ်စကားပြောဖို့ကို ဘာကြောင့်တွန့်ဆုတ်

နေကြတာလဲ။ ဘာကြောင့်အင်္ဂလိပ်စကားကို သွက်သွက်လက်လက်မပြောနိုင်ကြတာလဲ။ သေသေခြာခြာစဉ်းစားကြည့်ရင် ဒီအဖြေကရှင်းရှင်းလေးပါ။ ငယ်စဉ်ကျောင်းသင်ခန်းစာများထဲမှ လေ့လာခဲ့သမျှဟာ ကျောင်းသင်ခန်းစာ အင်္ဂလိပ်Textbook English တွေဘဲဖြစ်နေလို့ပါပဲ။ သင်ခန်းစာတွေထဲမှာ ဘာတွေလေ့လာခဲ့ကြသလဲ အင်္ဂလိပ်စာလို့ဆိုတာနဲ့လေ့လာပြီဆိုရင် Grammar ကိုဘဲလေ့လာ နေကြတာလေ။

    ကျောင်းသင်ခန်းစာတွေပြီးလို့ အပြင်မှာသင်တန်း သွားတက်တော့လဲ ဒီ Grammar ဘဲပြန်သင်နေကြတာလေ။ Grammar rule တွေကိုဘဲထပ်ခါထပ်ခါလေ့လာနေကြတာ။ ကဲ အဲ့ဒီ Grammar ဆိုတာဘာလဲ " to think about English" လေ .... ဟုတ်တယ် မို့လား။ အင်္ဂလိပ်စကား တခါပြောဖို့ကို " think about English" လုပ်နေရင် ၊ စကားကို သွက်သွက်လက်လက် ဘယ်လိုပြောနိုင်တော့မလဲ။ ပြီးတော့အင်္ဂလိပ်စကားပြောရင် Grammar မှားမှာကြောက်ပြီး
မပြောရဲတဲ့သူတွေ မြန်မာစကားပြောရင် သဒ္ဒါစည်းကမ်းနဲ့ပြောကြလို့လား။ ဒီလောက်ဆိုရင် ကျွန်တော်ဆိုလိုချင်တာကို
နားလည်ကြပြီလို့ထင်ပါတယ်။ ဒါဆိုရင် English speaking skill တိုးတတ်အောင် အကောင်းဆုံး ဘယ်လို နည်းလမ်းသုံးပြီးလေ့လာသွားကြမယ်ဆိုတာကိုနောက် post တွေမှာဆက်လက်အကြံပြုဆွးနွေးသွားပါမည်။

Views: 1158

Reply to This

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service