How to Write English Sentences(1) - "start simple" (အင်္ဂလိပ်ဝါကျတွေကို ဘယ်လိုရိုးရှင်းအောင်စကြမယ်)

How to Write English Sentences(1) - "start simple" (အင်္ဂလိပ်ဝါကျတွေကို ဘယ်လိုရိုးရှင်းအောင်စကြမယ်) အင်္ဂလိပ်စာကြောင်းတစ်ကြောင်းကိုအစပြုရေးသားရာမှာ(၁)ပြောချင် တဲ့အကြောင်းအရာ (သို)ကတ္တားတစ်ခု(subject) နဲ့ အဲဒီအကြောင်းရှင်းပြဖွင့်ဆိုတဲ့အပိုင်း (action or state of being) ပါဝင်ရပါမယ်။ အောက်မှာပေးထားတဲ့ဥပမာတွေမှာမတူညီတဲ့ ၀ါစကတွေ၊ စကားစုတွေ၊ ၀ါကျပိုင်းတွေ( English parts of speech, phrases and clauses)ကို ၀ါကျတွေဖြစ်အောင် ပေါင်းစပ်ဖော်ပြထားပါတယ်။ အဆင့်(၁)။ ။ရိုးရှင်းတဲ့အတွေးနဲ့စပါ။ ဥပမာ။ ။Annie Sullivanဟာစာပေသင်ကြားပြသတယ်။ Annie Sullivan teaches. ဒီစာကြောင်းမှာပြောချင်တဲ့အကြောင်းအရာ (သို့) ကတ္တား (simple subject)က Annieအဲဒီကတ္တားပြုမူတဲ့အခြေအနေကိုဖော်ပြတဲ့ (verb)က teaches ဖြစ်ပါတယ်။ ဒီနေရာမှာအစားနာမ်စားဖြစ်တဲ့ ကိုအစားထိုးရေးသားရင်လည်းအဓိပ္ပာယ် ပျက်ရွင်းမှုဖြစ်မှာမဟုတ်ပါဘူး။ သူမဟာစာပေသင်ကြားပြသတယ်။ She teaches. အဆင့်(၂)။ ။ဒီလို အခြေခံဝါကျကိုမှ အကြောင်းပိုပြီးတိတိကျကျ ဖော်ပြပေးမယ့်ဝါစကအပိုင်းတွေ (Parts of speech)၊စကားစု (phrases) သို့မဟုတ် ၀ါကျပိုင်း(clauses)တွေကိုထည့်သွင်းရေးသားလိုက်ရင်တော့ အဓိပ္ပာယ်ပိုပြီးလေးနက်လာစေပါတယ်။ ဥပမာ။ ။အရပ်မြင့်တဲ့ ဟာစာပေသင်ကြားပြသတယ် The taller Annie teaches. အသားဖြူပြီးဆံပင်ဖျော့တဲ့ လှလှဟာစာပေသင်ကြားပြသတယ်။ The blonde Annie teaches. အဆင့် (၃)။ ။ကြိယာရဲ့ကာလ (verb tense)တွေကိုပြောင်းလဲဖော်ပြရင် ဘယ်အချိန်(when) မှာပြုမူဆောင်ရွက်တယ်ဆိုတာတိတိကျကျသိရှိနိုင်ပါတယ်။ ဥပမာ။ ။Annie Sullivanဟာစာပေသင်ကြားပြသလိမ့်မယ်။ Annie Sullivan will teach. - add a modal to create a future tense Annie Sullivanဟာစာပေသင်ကြားပြသခဲ့တယ်။ Annie Sullivan taught. - use the past participle to create the simple past အဆင့်(၄)။ ။ကြိယာ(verb)အကြောင်းကိုအသေးစိတ်ဖော်ပြနိုင်တဲ(adverb) ကိုထပ်ဖြည့်ရင်တော့ ဘယ်လို (how) ပြုမူတယ် ဆိုတာကိုပိုပြီးတိကျတဲ့စေပါတယ်။ ဥပမာ။ ။သူမဟာကောင်းမွန်စွာသင်ကြားပြသတယ်။ She teaches well. သူမဟာစေ့စေ့စပ်စပ်သင်ကြားပြသတယ်။ She teaches thoroughly. အဆင့် (၅)။ ။ကတ္တား(subject)ရဲ့ပြုမူဆောင်ရွက်တာကိုခံရတဲ့ ကံပုဒ် (object) ကိုထည့်သွင်းရေးသားရင် ပိုပြီးအဓိပ္ပာယ်ရှိလာပါတယ်။ ဥပမာ။ ။Annieဟာကျောင်းသားတွေကိုသင်ကြားခဲ့တယ်။ Annie Sullivan teaches students. Annie Sullivanဟာဟယ်လင့်ကိုသင်ကြားပေးတယ်။ Annie Sullivanteaches Helen. အဆင့် (၆)။ ။ကံအကြောင်းအသေးစိတ်ဖော်ပြပေးတဲ့နာမ၀ိသေသန (adjectives)ကိုထပ်ဖြည့်ခြင်းအားဖြင့် စာကြောင်းကိုပိုပြီး အသက်ဝင်လာစေပါတယ်။ ဥပမာ။ ။Annie Sullivanဟာ နိုင်ငံတကာကျောင်းသားတွေကိုစာသင်ကြားတယ်။ Annie Sullivanteaches international students. Annie Sullivanဟာဆွံ့အနားမကြားကလေးတွေကိုစာသင်ကြားတယ်။ Annie Sullivan teaches deaf blind children. အဆင့်(၇)။ ။အသေးစိတ်အချက်အလက်တွေပါတဲ့စကားစု(phrase)တွေထပ်ဖြည့်ပေးခြင်းအားဖြင့်ပိုအရေးအသားကို သိသာထင်ရှားစေပါတယ်။ ဥပမာ။ ။Annie Sullivanဟာဘော့စတွန်မြို့မှာစာသင်တယ်။ Annie Sullivan teaches in Boston. Annie Sullivanဟာ ပါ့ကင်အသက်မွေးဝမ်းကျောင်း မှာစာသင်တယ်။ Annie Sullivan teaches at the Perkin Institute. အဆင့်(၈)။ ။ပိုမိုတိကျလာအောင် ၀ါကျပိုင်း(clause) တွေထပ်ဖြည့်ပြီးရေးသားနိုင်ပါတယ်။ ဥပမာ။ ။Capatain Arthur Keller အကူအညီလိုအပ်နေတဲ့အချိန်မှာAnnie Sullivan က စာသင်နေခဲ့တယ်။ Annie Sullivan was teaching when Captain Arthur Keller needed help. Captain Arthur Keller က အသက်မွေးဝမ်ကျောင်းရဲ့ဒါရိုက်တာကို အကူအညီတောင်းတဲ့အချိန် Annie Sullivanဟာစာသင်နေခဲ့တယ်။ Annie Sullivanwas teaching when Captain Arthur Keller asked the director of the Institite for help. ပါမောက္ခဆရာကြီးဟာ နိုင်ငံအမျိုးမျိုးကလာတဲ့ လူငယ်၎ယောက်ကို ပညာသင်ကြားပေးခဲ့တယ်။ Professor taught the four youths who came from different lands.

Views: 537

Reply to This

Replies to This Discussion

ွှThanks.

thanks, sir

Thanks

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service