IELTS ဟောပြောပွဲ ဩဂုတ်လ ၁၅ ရက်တွင် ဗြိတိသျှကောင်စီ၌ ကျင်းပမည်

သင်သည် IELTS စာမေးပွဲ ဖြေဆိုရန်ရည်ရွယ်ထားပါသလား။

IELTS ဖြေဆိုရန် ပြင်ဆင်လေ့လာနေသူများအတွက် IELTS စာမေးပွဲတွင် band score 8 ရရှိထားသော မဧပရယ်ဇော်မှ ၄င်း၏ စာမေးပွဲအတွက် ပြင်ဆင်လေ့လာပုံများနှင့် စာမေးပွဲနှင့်ပတ်သက်သည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်။ ဟောပြောပွဲအပြီးတွင် သိလိုသည်များကို ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ ဟောပြောပွဲနှင့် ပြန်လည်ဆွေးနွေးခြင်း ကဏ္ဍ နှစ်ခုလုံးအား အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် ပြုလုပ်မည်ဖြစ်ပါသည်။


အချိန် - ညနေ ၆ နာရီမှ ၇ နာရီ
နေ့ရက် - ၂၀၁၆ ဩဂုတ်လ ၁၅ ရက် (တနင်္လာနေ့)
နေရာ - ဗြိတိသျှကောင်စီ စာကြည့်တိုက် (အမှတ် ၇၈ ကမ်းနားလမ်း ရန်ကုန်မြို့)


IELTS ဖြေဆိုရန်ရည်ရွယ်ထားသူများအနေဖြင့် registration fees အား တစ်ပါတည်းပေးသွင်းနိုင်ပြီး USB နှင့် ဘောပင်လက်ဆောင်များရယူပါ။


စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက်ရန် http://goo.gl/qejkQe တွင် အွန်လိုင်းမှ စာရင်းပေးနိုင်ပါသည်။ အသင်းဝင်မဟုတ်သူများလည်းပါဝင်နိုင်ပြီး စာကြည့်တိုက်သို့ လာရောက်သောအခါ မှတ်ပုံတင် (သို့) ကျောင်းသားကဒ် တစ်ခုယူဆောင်လာရန်လိုပါသည်။ ထိုင်ခုံနေရာကန့်သတ်ထားပါသဖြင့် ယခုပင် အွန်လိုင်းမှ စာရင်းသွင်းလိုက်ပါ။


အဆိုပါ ဟောပြောပွဲနှင့် ပတ်သက်၍ သိလိုသည်များရှိပါက ဗြိတိသျှကောင်စီ စာမေးပွဲဌာန ရန်ကုန် ဖုန်း ၀၁ ၃၇ဝ၉၃၃၊ ၃၇ဝ၉၄၄၊ ၃၇ဝ၈၂၉၊ ၃၇ဝ၈၃ဝ လိုင်းခွဲ ၃၃၃၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Views: 154

Reply to This

Featured Discussions

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service