IELTS Writing Test ရေးဖြေမေးခွန်း ဖြေဆိုရာတွင် ပိုမိုနားလည်စေရန်၊ အရေးအသား စွမ်းရည် တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်ရမည့် အကြောင်းအရာများကို မတ်လ (၂၅)ရက်၊ တနင်္လာနေ့ ညနေ (၅)နာရီ ၌ ရန်ကုန်မြို့ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် IELTS Examiner အဖြစ် နှစ်ပေါင်းများစွာဆောင်ရွက်လာခဲ့သော ဆရာမဒေါ်ခိုင်ခိုင်တင်မှ အကြံပေး ဟောပြောမည် ဖြစ်ပါသည်။

This talk will focus on enhancing exam strategies for IELTS Writing module. The format of the test and the marking criteria will be discussed and some very useful writing tips on how to achieve better score in the exam will be presented too.

With an analysis of some old Task 2 questions the participants are expected to grasp the basic ideas about how to tackle academic writing tasks. Participants will get a chance to ask questions during and at the end of the talk.

Speaker : Daw Khaing Khaing Tin (IELTS Examiner)
Date : Monday 25 March 2013
Time : 5:00 to 6:30pm
Venue : British Council Library and Information Centre


၎င်း ဆွေးနွေးပွဲ တွင် Writing Tasks မေးခွန်းပုံစံ နှင့် စာမေးပွဲတွင် ရမှတ် ပိုမိုကောင်းမွန်စေသော အရေးကြီး၊ အသုံးဝင်မည့် အချက်အလက်များကို ဆွေးနွေးမည် ဖြစ်ပါသည်။ မေးခွန်းဟောင်း ၂ စုံ အား လက်တွေ့ စီစစ်လေ့လာခြင်းဖြင့် စာမေးပွဲ ဖြေဆိုမည့်သူများ ရေးဖြေစာမေးပွဲဖြေဆိုရာတွင် ကြုံတွေ့ရမည့် ပြဿနာများကို မည်သို့ ဖြေရှင်းသွား ရမည်ကို အသေးစိတ်ရှင်းလင်းပြောကြားမည် ဖြစ်၍ ဖြေဆိုရန် အစီအစဉ် ရှိသူများ၊ ပြင်ဆင်လျှက်ရှိသူများ နှင့် လေ့ကျင့်သင်ကြားပေးနေသော ဆရာ၊ဆရာမများ အတွက် များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူများမှ သိလိုသည်များမေးမြန်းပါကလည်းပြန်လည်ဖြေကြားမည် ဖြစ်ပါသည်။

အသင်းဝင်များနှင့် အသင်းဝင်မဟုတ်သည့် စာမေးပွဲဖြေဆိုမည့်သူများ လာရောက်၍ အခမဲ့နားထောင်ရန် စီစဉ်ပေးထားပြီးတက်ရောက်မည့်သူများသည်  မတ်လ (၂၃) ရက် စနေနေ့ နောက်ဆုံးထား၍ online registration form အားဖြည့်၍ဖြစ်စေ ဗြိတိသျှကောင်စီစာကြည့်တိုက်သို့ဖြစ်စေ ဆက်သွယ် စာရင်းပေးနိုင်ပါသည်။ ဆက်သွယ်ရန်ဖုန်းနံပတ်မှာ - ၂၅၄၆၅၈၊ ၂၅၆၂၉၀၊ ၂၅၆၂၉၁ လိုင်းခွဲအမှတ် ၃၃၁၆ နှင့် အီးမေးလိပ်စာ မှာ enquires.library@mm.britishcouncil.org ဖြစ်ပါသည်။

အသင်းဝင်မဟုတ်သူများလာရောက်ပါက မှတ်ပုံတင်ကဒ်ပြားယူဆောင်လာရန်လိုပါသည်။

(This event is fully booked now.)

Views: 1788

Reply to This

Replies to This Discussion

How can I get the form?

i cann`t form from http://www/research.net/s/ielts-talk this website.can you tell or send me with an another way.thanks you.

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service