* Click on the picture to see a larger image. ပုံကြီးကြည့်လိုပါက အထက်ပုံပေါ်တွင် click လုပ်ပါ။


Jam - The Web Design Company that Teaches You English

12. Giving a presentation (အကြောင်းအရာခေါင်းစဉ်တစ်ခုကို စီစဉ်တင်ပြခြင်း) 

ဒီနေ့ဟာ Jam ကုမ္ပဏီအတွက်အရေးကြီးတဲ့နေ့ ပါ။ Alison ဟာ Mario ကိုသူ့ရဲ့Record ကုမ္ပဏီအတွက် Jam ကအကောင်းဆုံး Websie ကိုဒီဇိုင်းထွင်ပေးနိုင်တဲ့အကြောင်း ခေါင်းစဉ်ကိုစီစဉ်တင်ပြနေပါတယ်။

"မင်္ဂလာနံနက်ခင်းပါ။ Mario။ ဒီနေ့ Jam ကလူကြီးမင်းတို့ ကုမ္ပဏီအတွက် ဘာလုပ် ပေးနိုင်မလဲဆိုတာ ကြည့်ကြမှာဖြစ်ပါတယ်။ ပထမအနေနှင့် ကျွန်မတို့အရင်ကပြုလုပ်ခဲ့တဲ့ ပရောဂျက်စီမံကိန်းတွေကိုပြပါမယ်။"

၁၅ မိနစ်ကြာပြီးသောအခါ

"အခု လူကြီးမင်း ရဲ့Freewave Record Company အတွက် ကျွန်မတို့ အတိအကျ ဘာလုပ်ပေးနိုင်မလဲ ဆိုတာကိုကြည့်ရအောင်။"

Alison ရဲ့စီစဉ်တင်ဆက်ခြင်းပြီးဆုံးပါပြီ။

"ကျွန်မတို့  ရဲ့ထိပ်တန်း ဒီဇိုင်းပညာရှင်တွေနဲ့ အရည်အသွေးမြင့်မားတဲ့ နည်းပညာဆိုင်ရာ အဖြေရှာနိုင်ခြင်းတွေဟာ Jam ကလူကြီးမင်းတို့ ရဲ့လိုအပ်ချက်တွေအားလုံးပြည့်ဝစေမယ်လို့ အဓိပ္ပါယ်ဖော်ဆောင်လိုက်တာပါပဲ။"
"ကျွန်မနိဂုံးချုပ်ပါပြီ။ မေးခွန်းမေးစရာများရှိပါသလား။ Mario .. "

1. "ကျွန်တော်တို့ Website ဟာ hacker တွေရဲ့ ရန်ကကင်းဝေးစေဖို့ ခင်ဗျားတို့အာမခံနိုင်သလား။"
2. "အကယ်၍ ကျွန်တော်တို့ MP3 ဂီတ File တွေရောင်းရင်မူပိုင်ခွင့်ပြဿနာများရှိလာမလား။"
3. "အားလုံးအတွက်ဘယ်လောက်ကုန်ကျမှာလဲ။"
4. "ခင်ဗျားတို့ရဲ့ပြိုင်ဖက်တွေထက်ဘာကြောင့်ခင်ဗျားတို့ကပိုကောင်းတာလဲ။"

Mario ရဲ့မေးခွန်းတွေကို Alison ကဟောဒီလိုပြန်ဖြေထားပါတယ်။
အမေးနဲ့အဖြေတွေကိုတွဲပေးပါဦး။

A. "ကျွန်မတို့ ဈေးနှုန်းတွေက သူများဈေးနှုန်းတွေ နဲ့ယှဉ်နိုင်ပါတယ်။"
B. "ကျွန်မတို့ ဥပဒေပညာရှင်အဖွဲ့ကိုကြည့်ခိုင်းပါမယ်။"
C. "ကျွန်မတို့ ကုမ္ပဏီကငယ်တော့လိုက်လျောညီထွေဖြစ်အောင်လုပ်နိုင်တာပေါ့။ ပြီးတော့ အရည်အချင်း မြင့်မားတဲ့ အဖွဲ့လည်းဖြစ်တယ်။"
D. "ဟုတ်ကဲ့။ ကျွန်မတို့လုပ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့နည်းပညာပိုင်း ပညာရှင်က လုံခြုံရေးနှင့် ပါတ်သက် လို့ အထူးကျွမ်းကျင်သူပါ။"

အဖြေတိုက်ကြည့်ပါဦး။

1. D
2. B
3. A
4. C

လေ့ကျင့်စရာ အင်္ဂလိပ်စာ

အကြောင်းအရာခေါင်းစဉ်တစ်ခုကိုစီရင်တင်ပြတော့မယ်ဆိုရင် အခြေအနေ၊ အချိန်အခါပေါ်မူတည်ပြီးနှုတ်ခွန်းဆက်ပါ။

“Good morning, Mario.”

ဘာအကြောင်းအရာပြောမလဲဆိုတာကိုပြောပြပါ။

“Today, we’re going to look at what Jam can do for you.”

ရှင်းလင်းတင်ပြစရာရှိရင်လည်းရှင်းပြပါ။

“Now, let’s look at exactly what we can do for you and for Freewave records.”

နိဂုံးချုပ်မှာပရိသတ်ရင်ထဲရောက်မယ့်စကားမျိုးပြောပါ။

“Our top-ten designers and high quality technological solutions mean that Jan can meet all your needs.”

နိဂုံးချုပ်ပြီးရင်ပရိသတ်ကို မေးခွန်းမေးခွင့်ပေးတာ ကောင်းတာပေါ့။

“That brings me to the end. Do you have any questions, Mario?”

Happy Learning English.
ပေါ့ပါးပျော်ရွှင်စွာ အင်္ဂလိပ်စာသင်ယူနိုင်ပါစေ။

[ Daw May May Win, MA (English) (YU), MA (TESOL) (Lancaster University) မှ မြန်မာဘာသာပြန်ဆိုရေးသား ထားပါသည်။ ]

 

 

Read more:

J@M - Episode 1 - Saying what you are doing
J@M - Episode 2 - Applying for a job
J@M - Episode 3 - Arranging and interview
J@M - Episode 4 - An Interview
J@M - Episode 5 - Meeting New People
J@M - Episode 6 - Daily Routine
J@M - Episode 7 - Discussing Projects
J@M - Episode 8 - Meeting a Client
J@M - Episode 9 - In a Restaurant
J@M - Episode 10 -Talking About Health 
J@M - Episode 11 - Making Suggestions
J@M - Episode 12 - Giving a Presentation
J@M - Episode 13 - Thinking About the Future
J@M - Episode 14 - Maria's Story
J@M - Episode 15 - At the Airport
J@M - Episode 16 - Booking into a Hotel
J@M - Episode 17 - Making Appointments
J@M - Episode 18 - Talking about People
J@M - Episode 19 - Talking about Likes and Dislikes
J@M - Episode 20 - Office Activities
J@M - Episode 21 - Making a Request
J@M - Episode 22 - Finding out about a Course
J@M - Episode 23 - Travelling by Train
J@M - Episode 24 - Asking Directions
J@M - Episode 25 - Giving Praise
J@M - Episode 26 - Complaining
J@M - Episode 27 - Telling Bad News
J@M - Episode 28 - Talking about Finance
J@M - Episode 29 - Talking about your Life
J@M - Episode 30 - Making an Arrangement
J@M - Episode 31 - Advice and Obligation
J@M - Episode 32 - Sorting out Problems
J@M - Episode 33 - Sending a Parcel
J@M - Episode 34 - Jeff's Story
J@M - Episode 35 - Offering Somebody a Job
J@M - Episode 36 - Giving Advice
J@M - Episode 37 - Talking About Money
J@M - Episode 38 - Professions
J@M - Episode 39 -Talking about Money (2)



 

 

 


ဗြိတိသျှကောင်စီ (ရန်ကုန်) တွင် အင်္ဂလိပ်စာသင်တန်းသစ်များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

ဝင်ခွင့်စာမေးပွဲများကို ဇန်နဝါရီလ (၇) ရက်နေ့မှ (၁ဝ) ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်သဖြင့် (အသက် ၇ နှစ်နှင့် အထက် မည်သူမဆို) တက်ရောက်လိုသူများ လာရောက်ဖြေဆိုနိုင်ပါသည်။ ဝင်ခွင့်စာမေးပွဲကြေးမှာ မြန်မာငွေ တစ်သောင်းကျပ်ဖြစ်ပြီး မှတ်ပုံတင်ကဒ်ပြား (သို့မဟုတ်) သန်းခါင်စာရင်း/မွေးစာရင်း မူရင်းဖြင့် ဝင်ခွင့် စာမေးပွဲဖြေရန် နိုဝင်ဘာလ (၁၉) ရက်နေ့ မှစ၍ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၉:ဝဝ) မှ ညနေ (၅:ဝဝ) အတွင်းလာရောက် စာရင်းသွင်းနိုင်ပါပြီ။ ဆက်လက်ဖတ်ရှုပါရန်

ဗြိတိသျှကောင်စီမှ IELTS Preparation သင်တန်းသစ်များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

IELTS Preparation သင်တန်းတက်လိုပါက ပထမဦးဆုံး အရည်ချင်းစစ် စာမေးပွဲကို ဖြေဆိုရပါသည်။ ဝင်ခွင့် စာမေးပွဲများကို ဇန်နဝါရီလ (၇) ရက်နေ့မှ (၁ဝ) ရက်နေ့အထိကျင်းပသွားမည်ဖြစ်သဖြင့် (အသက် ၁၆ နှစ်နှင့် အထက် မည်သူမဆို) လာရောက်ဖြေဆိုနိုင်ပါသည်။ IELTS Preparation အတန်းမှာ နာရီ (၆ဝ) သင်တန်း ဖြစ်ပြီး တစ်ပတ်လျှင် (၃) ရက် တစ်ရက်လျှင် (၂) နာရီ တက်ရပါသည်။ သင်တန်းကြေးမှာ မြန်မာငွေ ၂၉၀,၀၀၀ ကျပ် ဖြစ်ပါသည်။ ဆက်လက်ဖတ်ရှုပါရန်

အသေးစိတ်သိရှိလိုပါက British Council Customer Service & Sales Department ဖုန်းနံပါတ် ၂၅၆၂၉ဝ ၊ ၂၅၆၂၉၁ (လိုင်းခွဲ - ၃၃၂၅, ၃၃၂၆, ၃၃၁၈) သို့ တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:၃ဝ) အတွင်း ဆက်သွယ်မေးမြန်းနိုင်ပြီး enquiries@mm.britishcouncil.org သို့လည်း အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

Views: 3571

Reply to This

Replies to This Discussion

Thanks.

Thanks

ကျေးဇူးပါခင်ဗျာ
ကျေးဇူးတင်ပါတယ်ရှင်

ကျေးဇူးပါရှင်....

Thanks you

Thanks a lot

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service