* Click on the picture to see a larger image. ပုံကြီးကြည့်လိုပါကအထက်ပုံပေါ်တွင် click လုပ်ပါ။
Jam - The Web Design Company That Teaches You English
1. Saying what you are doing (လောလောဆယ် ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ပြောချင်ရင်)
Jam ဆိုတဲ့ ကာတွန်း အစီအစဉ်ကတော့ ဗြိတိသျှကောင်စီရဲ့ LearnEnglish Professionals website တွေမှာဖော်ပြထားတဲ့ ဇာတ်လမ်းတိုအတွဲများ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတိုလေးတွေရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ သင်ယူနိုင်ဖို့ဖြစ်ပါတယ်။
ဇာတ်လမ်းကို Jam လို့အမည်ရတဲ့ Web Design ကုမ္ပဏီတစ်ခုရဲ့နေ့စဉ်ရုံးတွင်းကိစ္စလေးတွေနဲ့ သရုပ်ဖော်ပြထားပြီး သရုပ်ဆောင်များရဲ့ ပြောစကားကနေ အင်္ဂလိပ်စကားနဲ့ IT ပတ်သက်တဲ့ အင်္ဂလိပ်အသုံးအနှုန်းလေးတွေပါ လွယ်လွယ်ကူကူ ရသွားအောင် စီစဉ်ထားတာပေါ့။
အခုတစ်ပါတ်မှာတော့ လောလောဆယ်ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ပြောဖို့ "Saying what you are doing" ကို တင်ပြထားတယ်။ ကြည့်ရအောင်နော်။
ဒီဇာတ်လမ်းမှာ သရုပ်ဆောင်သုံးယောက်ပါတယ်။ Office manager ဖြစ်တဲ့ Maria ရယ်၊ Designer ဖြစ်တဲ့ Jeff ရယ်နဲ့ ဒါရိုက်တာဖြစ်တဲ့ Alison ရယ်ပေါ့။ ပထမအကွက်မှာ Maria က Jeff ကို လှမ်းပြောနေတာပါ။ သူတို့ကို အလုပ်အပ်ထားတဲ့ World Records ကုမ္ပဏီက web pages တွေ ပြီးမပြီး ဖုန်းနဲ့ လှန်းမေးနေကြောင်းပေါ့။ Jeff က ဘာပြောသလဲ။ ကျွန်တော် အခု အဲဒါကို လုပ်နေပါပြီ၊ ဒီနေ့အပြီးရမယ်လို့။
တတိယအကွက်မှာ Maria က ဒါရိုက်တာဖြစ်တဲ့ Alison ကို ခဏလောက်အချိန်ပေးနိုင်မလား မေးတော့ Alison က အားဘူးတဲ့။ Report ကို အပြီးသတ်နေရလို့တဲ့။ နောက်တစ်ခါ ထပ်မေးပြန်ပြီ။ Jeff ကလဲ သူ့ကို ကူပါဦးတဲ့။ ဒီတော့ Alison က အချိန်ပေးနိုင်လား။ ကူပေးနိုင်လား။ ဟင့်အင်း။ သူမအားဘူး။ အလုပ်များလွန်းလို့။ အခု အလုပ်ကြော်ငြာ ရေးနေတာ။ နောက်ထပ် Web Designer တစ်ယောက်လိုနေပြီတဲ့။
အဲဒီတော့ လောလောဆယ်ကိုယ် ဘာလုပ်နေလဲ ဆိုတာကို သူတို့ဘယ်လို ပြောသွားကြသလဲ။
Jeff: I'm working on them now.
Alison: I'm finishing this report.
Alison: I'm working on a job advert to go in the paper.
အဲဒါကို ခွဲခြမ်းလေ့လာကြရအောင် -

ကဲ၊ မလွယ်လား။ ပြောစကားဆိုရင်တော့ I am မဟုတ်တော့ပဲ I'm ဖြစ်သွားတာပေါ့။
အခု ဇာတ်လမ်းထဲက သူတို့ ဘာလုပ်နေလဲဆိုတာ ရေးကြည့်ပါဦး။
Jeff..... Jeff is working on web pages.
Alison.... Alison is finishing the report. ..... Alison is writing a job advert.
Maria..... Maria is trying to talk to Alison.
အခုဆိုရင် ကိုယ်နဲ့ကိုယ့်နားက သူတွေ လောလောဆယ် ဘာလုပ်နေလဲ ဆိုတာရေးတက်၊ ပြောတက်ရောပေါ့။ နဲနဲလောက်ရေးကြည့်ပါလား။
ဥပမာ - အခုအလုပ်ကို သွားနေတယ်။ (I'm travelling to work)
ကျွန်တော့ညီမ ကောလိပ်ကျောင်းတက်နေတယ် (My sister's studying at college) စသဖြင့်ပေါ့။
နောက်ထပ်မှတ်သားစရာ အင်္ဂလိပ်စာ (သူတစ်ပါးရဲ့ အချိန်/ အကူအညီကို တောင်းရင်)
ကျွန်တော့်ကို အချိန်နဲနဲ ပေးမလားဆိုရင် ဆိုရင်
Have you got a moment?
Have you got a minute?
ကျွန်တော့ကို ကူပေးနိုင်မလားဆိုရင်
Can you help me for a moment?
သူတစ်ပါးက ကိုယ့်ကို အကူအညီတောင်းလို့၊ စကားပြောချင်လို့ကို ကိုယ်က မကူညီနိုင်၊ စကားမပြောအားဘူးဆိုရင် Sorry တည့်ငြင်းတာ ယဉ်ကျေးဖွယ်ရာပါ။
Sorry, I'm finishing a report.
Sorry, I'm busy.
Happy learning English!
ပျော်ရွှင်ပေါ့ပါးစွာ အင်္ဂလိပ်စာ သင်ယူနိုင်ပါစေ။
[ Daw May May Win, MA (English) (YU), MA (TESOL) (Lancaster University) မှ မြန်မာဘာသာပြန်ဆိုရေးသား ထားပါသည်။ ]
Read more:
J@M - Episode 1 - Saying what you are doing
J@M - Episode 2 - Applying for a job
J@M - Episode 3 - Arranging and interview
J@M - Episode 4 - An Interview
J@M - Episode 5 - Meeting New People
J@M - Episode 6 - Daily Routine
J@M - Episode 7 - Discussing Projects
J@M - Episode 8 - Meeting a Client
J@M - Episode 9 - In a Restaurant
J@M - Episode 10 -Talking About Health
J@M - Episode 11 - Making Suggestions
J@M - Episode 12 - Giving a Presentation
J@M - Episode 13 - Thinking About the Future
J@M - Episode 14 - Maria's Story
J@M - Episode 15 - At the Airport
J@M - Episode 16 - Booking into a Hotel
J@M - Episode 17 - Making Appointments
J@M - Episode 18 - Talking about People
J@M - Episode 19 - Talking about Likes and Dislikes
J@M - Episode 20 - Office Activities
J@M - Episode 21 - Making a Request
J@M - Episode 22 - Finding out about a Course
J@M - Episode 23 - Travelling by Train
J@M - Episode 24 - Asking Directions
J@M - Episode 25 - Giving Praise
J@M - Episode 26 - Complaining
J@M - Episode 27 - Telling Bad News
J@M - Episode 28 - Talking about Finance
J@M - Episode 29 - Talking about your Life
J@M - Episode 30 - Making an Arrangement
J@M - Episode 31 - Advice and Obligation
J@M - Episode 32 - Sorting out Problems
J@M - Episode 33 - Sending a Parcel
J@M - Episode 34 - Jeff's Story
J@M - Episode 35 - Offering Somebody a Job
J@M - Episode 36 - Giving Advice
J@M - Episode 37 - Talking About Money
J@M - Episode 38 - Professions
J@M - Episode 39 -Talking about Money
Tags:
Permalink Reply by eaint moe sat on March 23, 2012 at 11:54 thnaks you
Thank you.
Permalink Reply by thetooaung on March 23, 2012 at 13:25 thnaks you
Permalink Reply by Aye Myint Soe on March 23, 2012 at 14:10 thank you .
Permalink Reply by THET MON SOE on March 23, 2012 at 14:45 Thanks
Permalink Reply by yu thinza lwin on March 23, 2012 at 16:24 ဟုတ်ကဲ့
အရမ်းကောင်းပါတယ်။ဒီအစီစဉ်လေးက ဘာဖြစ်လိုလည်းဆိုတော့ မိမိမှာအလုပ်မအားတဲ့ကြားက အင်္ဂလိပ်စာကို သင်ယူခြင်ပါတယ်။သိုပေမယ် ဘာသာပြန်ကိုပြန်လေ့လာရပါတယ်။အခုလို ဘာသာပါပြန်ပေးတာဆိုတော့ ကျေးဇူးတင်ပါတယ်။
Helpful for me. Thanks
thanks a lot.
Permalink Reply by zin linn aung on March 23, 2012 at 21:17 © 2013 Created by Myanmar Network.
© Copyright Myanmar Network
Do not want to receive emails from Myanmar Network?
To stop receiving all emails from Myanmar Network, go to http://www.myanmar-network.net/profiles/profile/emailSettings and tick the box "I don't want to receive emails from Myanmar Network".
That will stop all emails from Myanmar Network.
