​၀ါသနာမပါတဲ့အလုပ္ လုပ္ကုိင္ၾကရတဲ့အခါ

[Zawgyi]

လူ​တိုင္း​မွာ ​ ကုိယ္၀ါသနာပါရာအလုပ္၊ ကုိယ္စိတ္၀င္စားတဲ့အသက္ေမြး၀မ္းေက်ာင္းဆုိင္ရာပညာရပ္တစ္ခုခုရွိ စၿမဲပါ။ ​ငယ္​စဥ္​က​တည္း​က ​ဝါ​သ​နာ​နဲ႕ ​ရည္​မွန္း​ခ်က္​ကို ​သိ​ေန​တဲ့​သူ ​ရွိ​သ​လို၊ ​တ​ခ်ိဳ႔​လူ​ငယ္​ေတြ​အေနနဲ႔လည္း ​ကိုယ့္ ဝါ​သ​နာ​နဲ႕​ဆက္​စပ္​တဲ့ ​ဘ၀​ရည္​မွန္း​ခ်က္​က ဘာ​ဆို​တာ​ကို ​အ​ခ်ိန္​အ​ေတာ္ၾကာၾကာအ​ထိ ​မ​သိ​တဲ့ ​လူ​ငယ္​ေတြ​လည္း ​ရွိ​တတ္​ပါ​တယ္။ ကုိယ္ဘာျဖစ္ခ်င္တာလဲ၊ ကုိယ္ဘာလုပ္ခ်င္တာလုိ႔ တစ္စုံတစ္ေယာက္ကေမးလုိက္ရင္ တခ်ဳိ႕လူငယ္ေတြမွာ ႐ုတ္တရက္အေျဖမေပးႏုိင္ၾကပါဘူး။


​ဆ​ရာ​ႀကီး​လူ​ထု​စိန္​ဝင္း​က ‘​လူ​ငယ္​မွန္​ရင္ ​စိတ္​ကူး​ယဥ္​အိပ္​မက္​ေတြ ​အ​ၿမဲ​မက္​ေန​ရ​မယ္။ ​အိမ္​မက္​မ​မက္​တတ္​ရင္ ​လူ​ငယ္​မ​ဟုတ္​ဘူး’ ​လို႕ ​ေျပာ​ခဲ့​ဖူး​ပါ​တယ္။ ​ငယ္​ရြယ္​စဥ္​က ​အိပ္​မက္​ေတြ​က ​ႀကီး​ျပင္း​လာ​တဲ့​အ​ခါ ​ဘ၀ ရည္​မွန္း​ခ်က္​ေတြ ​ျဖစ္​လာ ​တတ္​လို႕​ပါ​ပဲ။


​လူ​ငယ္​ေတြ​ေတာ္​ေတာ္​မ်ား​မ်ား​က ​ေက်ာင္း​ၿပီး​ေတာ့ ​အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ အ​လုပ္​ခြင္​ထဲ​ေရာက္​လာ​ၾက​တယ္။ ​အလုပ္ခြင္မွာအဆင္ေျပတဲ့အလုပ္တစ္ခုခုလုပ္ၿပီး ကုိယ့္ဘ၀ကုိယ္ေလွ်ာက္လွမ္းၾကတယ္။ အဲဒီလုိလုပ္ငန္းခြင္တစ္ခုခုမွာ၀င္ေရာက္လုပ္ကုိင္ၿပီး  ​အ​ခ်ိန္​ၾကာ​လာ​တဲ့​အ​ခါ ​လက္​ရွိ​အ​လုပ္​ကုိၿငီးေငြ႕လာၾကတယ္။ မေပ်ာ္မရႊင္ျဖစ္လာၾကတယ္။ ၀ါသနာလည္းမပါ၊ စိတ္၀င္စားမႈလည္းမရွိတဲ့အလုပ္တစ္ခုက ၾကာလာတဲ့အခါမွာ လူတစ္ေယာက္အတြက္ ၿငီးေငြ႕စရာ၊ စိတ္ပ်က္စရာျဖစ္လာတာကုိ အခ်ိန္အေတာ္ၾကာေနာက္က်မွသိသူေတြလည္း ရွိၾကပါတယ္။


ကုိယ္ႏွစ္သက္တဲ့အလုပ္ကုိလုပ္ကုိင္ရတာနဲ႔ပတ္သက္ၿပီး တ႐ုတ္အေတြးအေခၚပညာရွင္ႀကီးကြန္ျဖဴးရွပ္က “အလုပ္ရွာတဲ့အခါ ကုိယ္ႏွစ္သက္တဲ့အလုပ္ကုိရွာပါ၊ ကုိယ္၀ါသနာပါတဲ့အလုပ္ကုိရွာပါ။ အဲဒီလုိဆုိရင္ တစ္ရက္မွ အလုပ္လုပ္စရာမလုိေတာ့ဘူး” လုိ႔ဆုိထားပါတယ္။။ တကယ္ေတာ့ ကုိယ္ႏွစ္သက္တဲ့အလုပ္၊ ကုိယ္၀ါသနာပါတဲ့ အလုပ္၊ ကုိယ္ခ်စ္တဲ့ အလုပ္ဆုိေတာ့ အလုပ္လုပ္ရတယ္လုိ႔မထင္ေတာ့ဘူးေလ။ ကုိယ္လုပ္တဲ့အလုပ္ကုိခ်စ္တ ာေၾကာင့္ အလုပ္မွာလည္း ပင္ပန္းတယ္လုိ႔မထင္ေတာ့ဘူး။ ကုိယ္ကဒီအလုပ္ထဲမွာစိတ္ကုိနစ္ျမဳပ္ထားတာေၾကာင့္ စိတ္ဖိစီးမႈေတြ၊ စိန္ေခၚမႈေတြဆုိတာ ကုိယ့္အတြက္ေတာ့ စိတ္၀င္စားစရာေတြ၊ ေပ်ာ္စရာေတြျဖစ္ေနတတ္ပါတယ္။


တစ္​ခါ​တ​ေလ​လည္း ​မိ​သား​စု​အ​ခက္အ​ခဲ​ေၾကာင့္၊ ​ပတ္​ဝန္း​က်င္​အ​ေျခ​အ​ေန​ေတြ​ေၾကာင့္ ​ဝါ​သ​နာ​ကို ​စြန္႕​လႊတ္လိုက္​ရ​သူ​ေတြ​လည္း ​ရွိ​မွာ​ပါ။ အဲဒီလုိလူငယ္ေတြလည္း အမ်ားအျပားေတြ႕ရပါတယ္။ လူငယ္ေလးတစ္ေယာက္ ဆုိ သူျဖစ္ခ်င္တာက ႐ုပ္သံမီဒီယာေတြမွာအစီအစဥ္တင္ဆက္သူျဖစ္ခ်င္တာ။ ဒါေပမဲ့လက္ေတြ႕မွာေတာ့ စီးပြားေရး တကၠသုိလ္နဲ႔ေက်ာင္းၿပီးထားေတာ့ HR ပုိင္းမွာအလုပ္လုပ္ေနတာကုိ ေတြ႕ခဲ့ဖူးပါတယ္။ ဆယ္တန္းေအာင္ၿပီးစမွာေတာ့ သူျဖစ္ခ်င္တာဘာမွန္းလည္းမသိ၊ ဘာကုိ၀ါသနာပါမွန္းလည္းမသိဘဲ စီးပြားေရးတကၠသုိလ္ေရာက္လာၿပီး ေက်ာင္းၿပီးေတာ့မွ သူ႔ရဲ႕၀ါသနာကုိသိခြင့္ရလုိက္ေပမဲ့ ေနာက္က်သြားပါတယ္။ လက္ရွိမွာ မိသားစုကုိ ေထာက္ပံ့ေနရတာျဖစ္ေတာ့ ၀ါသနာပါတဲ့အလုပ္ကလစာပမာဏနည္းပါးတာေၾကာင့္ သူ႔ရဲ႕၀ါသနာကုိစြန္႔လႊတ္လုိက္တယ္လုိ႔ ေျပာပါတယ္။


​ငယ္စဥ္ကတည္းက ကိုယ္လုပ္​ခ်င္​တဲ့​အ​လုပ္​က ​ဘာ​ဆို​တာ​ကို ​သိ​ေန​ၾက​တဲ့ ​လူငယ္ေတြအတြက္ကေတာ့ ဒီလုိအ​ခက္​အ​ခဲ​မ်ိဳး ​မ​ႀကံဳ​ေတြ႕ရပါဘူး။ ​အ​စိုး​ရ​ဝန္​ထမ္း​ပဲ​ျဖစ္​ျဖစ္ ​ကု​မၸ​ဏီ​ဝန္​ထမ္း​ပဲ​ျဖစ္​ျဖစ္ ​ငယ္​ငယ္​က​တည္း​က ​တစ္ေန႔ေန႔မွာ ေက်ာင္းဆရာမျဖစ္ရမယ္၊ ဥပေဒပညာရွင္တစ္ေယာက္ျဖစ္ရမယ္၊ HR မန္ေနဂ်ာတစ္ေယာက္ျဖစ္ရမယ္၊ မားကက္တင္းမန္ေနဂ်ာတစ္ေယာက္ျဖစ္ရမယ္၊ ဆရာ၀န္တစ္ေယာက္ျဖစ္ရမယ္ စတဲ့ရည္​မွန္း​ခ်က္​ပန္းတိုင္ေတြထားၿပီး ႀကိဳးစားၾကတဲ့လူငယ္ေတြလည္းရွိပါတယ္။


​တ​ခ်ိဳ႔​လူ​ငယ္​ေတြ​ရဲ႔ ​ဘ၀​မွာ ​ငယ္​စဥ္​က​တည္း  Guideline ​ေပး​တဲ့ ​ကိုယ့္​ရဲ႔​အ​ႀကီး​အ​ကဲ၊ ​မိ​ဘ​ေဆြ​မ်ိဳး​ေတြ​ရွိ​ေန​တတ္​ပါ​တယ္။ ​ကိုယ္​တိုင္​က ​အ​လုပ္​တစ္​ခု​ကို ​ဝါ​သ​နာ​ပါ​တယ္၊ ​မ​ပါ​ဘူး ​မ​စဥ္း​စား​မိ​ဘဲ ​သူ​တို႕ Guideline ​ခ်​ေပး​တဲ့​အ​တိုင္း ​ေရြး​ခ်ယ္တတ္​ပါ​တယ္။ 


​ဒါ​ေၾကာင့္ ​ငယ္​စဥ္​က​တည္း​က ​သူ​တို႕​ရဲ႔ ​ပုံ​သြင္း တဲ့​အ​တိုင္း ​ဆ​ရာ​ဝန္​လုပ္​မယ္၊ ​အင္​ဂ်င္​နီ​ယာ​လုပ္​မယ္၊ ​သ​ေဘၤာ​သား​လုပ္​မယ္၊ ​စီး​ပြား​ေရး ​လုပ္​ငန္း​ရွင္ ​တစ္​ေယာက္​ျဖစ္​ေအာင္​လုပ္​မယ္၊ ​ဆ​ရာ​မ​လုပ္​မယ္စ​တဲ့ ​လူ​ႀကီး​ေတြ​ရဲ႔ ​ပုံ​စံ​သြင္း​ထား​တဲ့ ​ေဘာင္​အ​တြင္း​မွာ ​ရွိ​ေန​တဲ့ ​လူ​ငယ္​ေတြ​လည္း ​ရွိ​ပါ​တယ္။ ​ဒါ​ေပ​မဲ့ ​ကိုယ့္​ရဲ႔ ​ဝါ​သ​နာ​ကို ​သိ​လာ​တဲ့ ​အ​ခ်ိန္​ေရာက္​လာ​တဲ့ ​အ​ခါ​မွာ​ေတာ့ ​လက္​ရွိ​အ​လုပ္​ကို ​ပ်င္း​ရိ​ၿငီး​ေငြ႕​သြား​တတ္​ပါ​တယ္။ ​အဲ​ဒီ​အ​ခါ​မွာ ​ေရွ႕​မ​တိုးသာ၊ ေနာက္​မ​ဆုတ္​သာ ​အ​ေျခ​အ​ေန​မ်ိဳး​ေတြ​နဲ႕ ​ရင္​ဆိုင္​ရတတ္​ပါ​တယ္။


​ဝါ​သ​နာ​မ​ပါ​တဲ့ ​အ​လုပ္​မွာ​လုပ္​ေန​ၾက​တဲ့ ​ဝန္​ထမ္း​အ​မ်ား​စု​အတြက္ လုပ္ငန္းခြင္ျပႆနာက လုပ္​ငန္း​ခြင္​မွာ ​စိတ္မေပ်ာ္ရႊင္တာ၊ ​အ​လုပ္​ကို ​စိတ္​မ​ဝင္​စား​တာ၊ အလုပ္ကုိေအာင္ျမင္ေအာင္မလုပ္ကုိင္ႏုိင္တာစတာ​ေတြ​ေၾကာင့္ ​အ​ႀကီး​အ​ကဲ​ရဲ႔ ​ၿငိဳ​ျငင္​မႈ​ကို​ခံရတတ္ပါတယ္။


ကုိယ္လုပ္တဲ့အလုပ္ကုိ ၀ါသနာမပါဘူး၊ ေပ်ာ္​ရႊင္မႈ​လည္း ​မ​ရ​ဘူး​ဆို​ရင္​ေတာ့ ​ကိုယ့္​ရဲ႔ ​ဝါ​သ​နာကုိ​အ​ေျခ​ခံ​တဲ့ ​ကုိယ့္ရဲ႕ရည္​မွန္း​ခ်က္​ဘာ​လဲ​ဆို​တာ ​ေသ​ခ်ာ စဥ္း​စား​ဆုံး​ျဖတ္​ၿပီး ​လက္​ရွိ​အ​လုပ္​ကို ​စြန္႕​လြ​တ္ၿပီး ​ခိုင္​မာ​ေသ​ခ်ာ​တဲ့ ​ကိုယ့္​ရဲ႔​ရည္​မွန္း​ခ်က္​ကို ​ေရြး​ခ်ယ္​ဖို႕ ​လို​အပ္​ပါ​တယ္။ မေပ်ာ္ရႊင္တဲ့အလုပ္ကေန ႐ုန္းမထြက္ႏုိင္ေတာ့တဲ့ အေျခအေနမွာ ရွိေနမယ္ဆုိရင္လည္း လက္ရွိအလုပ္မွာ ေပ်ာ္ရႊင္ေအာင္ႀကိဳးစားေနထုိင္တာကသာ အေကာင္းဆုံးနည္းလမ္းတစ္ခုျဖစ္ ေနပါေတာ့တယ္။ ​ဒါ​မွ​သာ ​လုပ္​ငန္း​ခြင္​မွာ ​ေအာင္​ျမင္​ေပ်ာ္​ရြ​ငွ္​တဲ့ ​ဝန္​ထမ္း​ေကာင္း​တစ္​ဦး​အ​ျဖစ္ ​ရပ္​တည္​ေန​ႏိုင္​မွာ​ျဖစ္​ပါ​တယ္။

ေက်ာ့ေကခုိင္

[Unicode]

လူ​တိုင်း​မှာ ​ ကိုယ်ဝါသနာပါရာအလုပ်၊ ကိုယ်စိတ်ဝင်စားတဲ့အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်တစ်ခုခုရှိ စမြဲပါ။ ​ငယ်​စဉ်​က​တည်း​က ​ဝါ​သ​နာ​နဲ့ ​ရည်​မှန်း​ချက်​ကို ​သိ​နေ​တဲ့​သူ ​ရှိ​သ​လို၊ ​တ​ချို့​လူ​ငယ်​တွေ​အနေနဲ့လည်း ​ကိုယ့် ဝါ​သ​နာ​နဲ့​ဆက်​စပ်​တဲ့ ​ဘဝ​ရည်​မှန်း​ချက်​က ဘာ​ဆို​တာ​ကို ​အ​ချိန်​အ​တော်ကြာကြာအ​ထိ ​မ​သိ​တဲ့ ​လူ​ငယ်​တွေ​လည်း ​ရှိ​တတ်​ပါ​တယ်။ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ကိုယ်ဘာလုပ်ချင်တာလို့ တစ်စုံတစ်ယောက်ကမေးလိုက်ရင် တချို့လူငယ်တွေမှာ ရုတ်တရက်အဖြေမပေးနိုင်ကြပါဘူး။

​ဆ​ရာ​ကြီး​လူ​ထု​စိန်​ဝင်း​က ‘​လူ​ငယ်​မှန်​ရင် ​စိတ်​ကူး​ယဉ်​အိပ်​မက်​တွေ ​အ​မြဲ​မက်​နေ​ရ​မယ်။ ​အိမ်​မက်​မ​မက်​တတ်​ရင် ​လူ​ငယ်​မ​ဟုတ်​ဘူး’ ​လို့ ​ပြော​ခဲ့​ဖူး​ပါ​တယ်။ ​ငယ်​ရွယ်​စဉ်​က ​အိပ်​မက်​တွေ​က ​ကြီး​ပြင်း​လာ​တဲ့​အ​ခါ ​ဘဝ ရည်​မှန်း​ချက်​တွေ ​ဖြစ်​လာ ​တတ်​လို့​ပါ​ပဲ။

​လူ​ငယ်​တွေ​တော်​တော်​များ​များ​က ​ကျောင်း​ပြီး​တော့ ​အကြောင်းအမျိုးမျိုးကြောင့် အ​လုပ်​ခွင်​ထဲ​ရောက်​လာ​ကြ​တယ်။ ​အလုပ်ခွင်မှာအဆင်ပြေတဲ့အလုပ်တစ်ခုခုလုပ်ပြီး ကိုယ့်ဘဝကိုယ်လျှောက်လှမ်းကြတယ်။ အဲဒီလိုလုပ်ငန်းခွင်တစ်ခုခုမှာဝင်ရောက်လုပ်ကိုင်ပြီး  ​အ​ချိန်​ကြာ​လာ​တဲ့​အ​ခါ ​လက်​ရှိ​အ​လုပ်​ကိုငြီးငွေ့လာကြတယ်။ မပျော်မရွှင်ဖြစ်လာကြတယ်။ ၀ါသနာလည်းမပါ၊ စိတ်ဝင်စားမှုလည်းမရှိတဲ့အလုပ်တစ်ခုက ကြာလာတဲ့အခါမှာ လူတစ်ယောက်အတွက် ငြီးငွေ့စရာ၊ စိတ်ပျက်စရာဖြစ်လာတာကို အချိန်အတော်ကြာနောက်ကျမှသိသူတွေလည်း ရှိကြပါတယ်။

ကိုယ်နှစ်သက်တဲ့အလုပ်ကိုလုပ်ကိုင်ရတာနဲ့ပတ်သက်ပြီး တရုတ်အတွေးအခေါ်ပညာရှင်ကြီးကွန်ဖြူးရှပ်က “အလုပ်ရှာတဲ့အခါ ကိုယ်နှစ်သက်တဲ့အလုပ်ကိုရှာပါ၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုရှာပါ။ အဲဒီလိုဆိုရင် တစ်ရက်မှ အလုပ်လုပ်စရာမလိုတော့ဘူး” လို့ဆိုထားပါတယ်။။ တကယ်တော့ ကိုယ်နှစ်သက်တဲ့အလုပ်၊ ကိုယ်ဝါသနာပါတဲ့ အလုပ်၊ ကိုယ်ချစ်တဲ့ အလုပ်ဆိုတော့ အလုပ်လုပ်ရတယ်လို့မထင်တော့ဘူးလေ။ ကိုယ်လုပ်တဲ့အလုပ်ကိုချစ်တ ာကြောင့် အလုပ်မှာလည်း ပင်ပန်းတယ်လို့မထင်တော့ဘူး။ ကိုယ်ကဒီအလုပ်ထဲမှာစိတ်ကိုနစ်မြုပ်ထားတာကြောင့် စိတ်ဖိစီးမှုတွေ၊ စိန်ခေါ်မှုတွေဆိုတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာတွေ၊ ပျော်စရာတွေဖြစ်နေတတ်ပါတယ်။

တစ်​ခါ​တ​လေ​လည်း ​မိ​သား​စု​အ​ခက်အ​ခဲ​ကြောင့်၊ ​ပတ်​ဝန်း​ကျင်​အ​ခြေ​အ​နေ​တွေ​ကြောင့် ​ဝါ​သ​နာ​ကို ​စွန့်​လွှတ်လိုက်​ရ​သူ​တွေ​လည်း ​ရှိ​မှာ​ပါ။ အဲဒီလိုလူငယ်တွေလည်း အများအပြားတွေ့ရပါတယ်။ လူငယ်လေးတစ်ယောက် ဆို သူဖြစ်ချင်တာက ရုပ်သံမီဒီယာတွေမှာအစီအစဉ်တင်ဆက်သူဖြစ်ချင်တာ။ ဒါပေမဲ့လက်တွေ့မှာတော့ စီးပွားရေး တက္ကသိုလ်နဲ့ကျောင်းပြီးထားတော့ HR ပိုင်းမှာအလုပ်လုပ်နေတာကို တွေ့ခဲ့ဖူးပါတယ်။ ဆယ်တန်းအောင်ပြီးစမှာတော့ သူဖြစ်ချင်တာဘာမှန်းလည်းမသိ၊ ဘာကို၀ါသနာပါမှန်းလည်းမသိဘဲ စီးပွားရေးတက္ကသိုလ်ရောက်လာပြီး ကျောင်းပြီးတော့မှ သူ့ရဲ့ဝါသနာကိုသိခွင့်ရလိုက်ပေမဲ့ နောက်ကျသွားပါတယ်။ လက်ရှိမှာ မိသားစုကို ထောက်ပံ့နေရတာဖြစ်တော့ ၀ါသနာပါတဲ့အလုပ်ကလစာပမာဏနည်းပါးတာကြောင့် သူ့ရဲ့ဝါသနာကိုစွန့်လွှတ်လိုက်တယ်လို့ ပြောပါတယ်။

​ငယ်စဉ်ကတည်းက ကိုယ်လုပ်​ချင်​တဲ့​အ​လုပ်​က ​ဘာ​ဆို​တာ​ကို ​သိ​နေ​ကြ​တဲ့ ​လူငယ်တွေအတွက်ကတော့ ဒီလိုအ​ခက်​အ​ခဲ​မျိုး ​မ​ကြုံ​တွေ့ရပါဘူး။ ​အ​စိုး​ရ​ဝန်​ထမ်း​ပဲ​ဖြစ်​ဖြစ် ​ကု​မ္ပ​ဏီ​ဝန်​ထမ်း​ပဲ​ဖြစ်​ဖြစ် ​ငယ်​ငယ်​က​တည်း​က ​တစ်နေ့နေ့မှာ ကျောင်းဆရာမဖြစ်ရမယ်၊ ဥပဒေပညာရှင်တစ်ယောက်ဖြစ်ရမယ်၊ HR မန်နေဂျာတစ်ယောက်ဖြစ်ရမယ်၊ မားကက်တင်းမန်နေဂျာတစ်ယောက်ဖြစ်ရမယ်၊ ဆရာဝန်တစ်ယောက်ဖြစ်ရမယ် စတဲ့ရည်​မှန်း​ချက်​ပန်းတိုင်တွေထားပြီး ကြိုးစားကြတဲ့လူငယ်တွေလည်းရှိပါတယ်။

​တ​ချို့​လူ​ငယ်​တွေ​ရဲ့ ​ဘဝ​မှာ ​ငယ်​စဉ်​က​တည်း  Guideline ​ပေး​တဲ့ ​ကိုယ့်​ရဲ့​အ​ကြီး​အ​ကဲ၊ ​မိ​ဘ​ဆွေ​မျိုး​တွေ​ရှိ​နေ​တတ်​ပါ​တယ်။ ​ကိုယ်​တိုင်​က ​အ​လုပ်​တစ်​ခု​ကို ​ဝါ​သ​နာ​ပါ​တယ်၊ ​မ​ပါ​ဘူး ​မ​စဉ်း​စား​မိ​ဘဲ ​သူ​တို့ Guideline ​ချ​ပေး​တဲ့​အ​တိုင်း ​ရွေး​ချယ်တတ်​ပါ​တယ်။ 

​ဒါ​ကြောင့် ​ငယ်​စဉ်​က​တည်း​က ​သူ​တို့​ရဲ့ ​ပုံ​သွင်း တဲ့​အ​တိုင်း ​ဆ​ရာ​ဝန်​လုပ်​မယ်၊ ​အင်​ဂျင်​နီ​ယာ​လုပ်​မယ်၊ ​သ​င်္ဘော​သား​လုပ်​မယ်၊ ​စီး​ပွား​ရေး ​လုပ်​ငန်း​ရှင် ​တစ်​ယောက်​ဖြစ်​အောင်​လုပ်​မယ်၊ ​ဆ​ရာ​မ​လုပ်​မယ်စ​တဲ့ ​လူ​ကြီး​တွေ​ရဲ့ ​ပုံ​စံ​သွင်း​ထား​တဲ့ ​ဘောင်​အ​တွင်း​မှာ ​ရှိ​နေ​တဲ့ ​လူ​ငယ်​တွေ​လည်း ​ရှိ​ပါ​တယ်။ ​ဒါ​ပေ​မဲ့ ​ကိုယ့်​ရဲ့ ​ဝါ​သ​နာ​ကို ​သိ​လာ​တဲ့ ​အ​ချိန်​ရောက်​လာ​တဲ့ ​အ​ခါ​မှာ​တော့ ​လက်​ရှိ​အ​လုပ်​ကို ​ပျင်း​ရိ​ငြီး​ငွေ့​သွား​တတ်​ပါ​တယ်။ ​အဲ​ဒီ​အ​ခါ​မှာ ​ရှေ့​မ​တိုးသာ၊ နောက်​မ​ဆုတ်​သာ ​အ​ခြေ​အ​နေ​မျိုး​တွေ​နဲ့ ​ရင်​ဆိုင်​ရတတ်​ပါ​တယ်။

​ဝါ​သ​နာ​မ​ပါ​တဲ့ ​အ​လုပ်​မှာ​လုပ်​နေ​ကြ​တဲ့ ​ဝန်​ထမ်း​အ​များ​စု​အတွက် လုပ်ငန်းခွင်ပြဿနာက လုပ်​ငန်း​ခွင်​မှာ ​စိတ်မပျော်ရွှင်တာ၊ ​အ​လုပ်​ကို ​စိတ်​မ​ဝင်​စား​တာ၊ အလုပ်ကိုအောင်မြင်အောင်မလုပ်ကိုင်နိုင်တာစတာ​တွေ​ကြောင့် ​အ​ကြီး​အ​ကဲ​ရဲ့ ​ငြို​ငြင်​မှု​ကို​ခံရတတ်ပါတယ်။

ကိုယ်လုပ်တဲ့အလုပ်ကို ၀ါသနာမပါဘူး၊ ပျော်​ရွှင်မှု​လည်း ​မ​ရ​ဘူး​ဆို​ရင်​တော့ ​ကိုယ့်​ရဲ့ ​ဝါ​သ​နာကို​အ​ခြေ​ခံ​တဲ့ ​ကိုယ့်ရဲ့ရည်​မှန်း​ချက်​ဘာ​လဲ​ဆို​တာ ​သေ​ချာ စဉ်း​စား​ဆုံး​ဖြတ်​ပြီး ​လက်​ရှိ​အ​လုပ်​ကို ​စွန့်​လွ​တ်ပြီး ​ခိုင်​မာ​သေ​ချာ​တဲ့ ​ကိုယ့်​ရဲ့​ရည်​မှန်း​ချက်​ကို ​ရွေး​ချယ်​ဖို့ ​လို​အပ်​ပါ​တယ်။ မပျော်ရွှင်တဲ့အလုပ်ကနေ ရုန်းမထွက်နိုင်တော့တဲ့ အခြေအနေမှာ ရှိနေမယ်ဆိုရင်လည်း လက်ရှိအလုပ်မှာ ပျော်ရွှင်အောင်ကြိုးစားနေထိုင်တာကသာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ် နေပါတော့တယ်။ ​ဒါ​မှ​သာ ​လုပ်​ငန်း​ခွင်​မှာ ​အောင်​မြင်​ပျော်​ရွ​ငှ်​တဲ့ ​ဝန်​ထမ်း​ကောင်း​တစ်​ဦး​အ​ဖြစ် ​ရပ်​တည်​နေ​နိုင်​မှာ​ဖြစ်​ပါ​တယ်။

ကျော့ကေခိုင်

အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


[ Myanmar Network အသင္းဝင္ထားျခင္းျဖင့္ ရရွိမည့္ အက်ိဳးေက်းဇူးမ်ား ]

- အဂၤလိပ္စာသင္ခန္းစာႏွင့္ အလုပ္ေခၚစာအသစ္မ်ား၊ UK စာေမးပြဲ သတင္းမ်ား ႏွင့္ အဂၤလိပ္စာသင္တန္း သတင္းမ်ားကို အသင္းဝင္မ်ားထံသာလွ်င္ e-mail ျဖင့္ အေၾကာင္းၾကားေပးမွာ ျဖစ္ပါသည္။
- ျဗိတိသွ်ေကာင္စီမွ ၾကီးမႉးက်င္းပေသာ ပြဲမ်ားကို အသင္းဝင္မ်ားသာ ၾကိဳတင္သိရွိျပီး အသင္းဝင္မဟုတ္သူမ်ားထက္ေစာ၍ စာရင္းေပးသြင္းႏိုင္ပါသည္။
- Myanmar Network ဝက္ဆိုက္ဒ္တြင္ အသင္းဝင္မ်ားသာလွ်င္ like ႏွင့္ comment ေပးႏိုင္မည္ျဖစ္သည္။
- စကားဝိုင္းမ်ား (Forum မ်ားတြင္)ႏွင့္ အလုပ္ေခၚစာမ်ားကိုလည္း ကိုယ္တိုင္ဝင္ေရာက္ေရးသားႏိုင္ပါသည္။
- အသင္းဝင္မ်ားတြင္ ကိုယ္ပိုင္ Profile Page ရွိမည္ျဖစ္ျပီး မိမိ၏ ဓာတ္ပံု၊ မိမိကိုယ္တိုင္႐ိုက္ထားေသာ ဓာတ္ပံုမ်ားႏွင့္ ဗီဒီယိုမ်ားလည္း တင္ႏိုင္မည္ ျဖစ္သည္။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 2215

Reply to This

Replies to This Discussion

more knowledge
thank you

ဘာကို ၀ါသနာပါမွန္း မသိေသးတဲ့လူငယ္ေတြကို ကိုယ္ဘာကို၀ါသနာပါသလဲ သိရေအာင္

ဘယ္လိုလုပ္ေပးသင့္လဲ ကိုယ္တိုင္ကေရာ ဘယ္လိုေဆာင္ရြက္သင့္လဲ

ေက်းဇူးျပဳျဳပီးး ေျဖေပးခ်င္ပါသည္ရွင့္

ဟုတ္ကဲ့ပါ ညီမေရ... အစ္မသိသေလာက္ အေတြ႕အႀကံဳေလးနဲ႔ ေျပာရရင္ ကုိယ့္၀ါသနာဘာမွန္းမသိေသးသူ လူငယ္ေတြအတြက္ Career Test ဆုိတာရွိပါတယ္။ အဲဒီမွာ ၀င္ေရာက္ေျဖဆုိၿပီး ကုိယ့္ရဲ႕အေျဖေပၚမွာ ကုိယ့္၀ါသနာနဲ႔အနီးစပ္ဆုံးကုိ တာ၀န္ရွိသူေတြက ျပန္လည္ေျဖၾကားေပးပါတယ္။ အြန္လုိင္းကေနလည္း အခမဲ့စစ္ေဆးလုိ႔ရပါတယ္။ ျမန္မာႏုိင္ငံမွာလည္း MSHRM (Myanmar Society for Human Resource Management) က အခမဲ့စစ္ေဆးေပးပါတယ္။ ကုိယ့္ရဲ႕ Career ကုိစစ္ေဆးခ်င္တယ္ဆုိရင္ေတာ့ အဲဒီလုိေလး ႀကိဳးစားၾကည့္ေစခ်င္ပါတယ္။

Can you give me that link please ?

 အခုလိုေမးတာေလးကို ေျပာပါေပးလို႔ အထူးေက်းဇူးတင္ပါတယ္ရွင့္

ေက်ာင္းျပီးတဲ႕ specialization major က B'sc Geology ပါ လက္ရွိ အလုပ္ခြင္ထဲကအလုပ္က  Japanese Chef တစ္ေယာက္ျဖစ္ေနပါတယ္။ ၀ါသနာ ပါတဲ႕ Major နဲ႕ အသက္ေမြး၀မ္းေက်ာင္း ျပဳခ်င္ေပမယ္႕ မျပဴနိင္ခဲ႕ဘူး။ ဒီစာေလး ဖတ္ရတဲ႕ အက်ဳိးေက်းဇူးေၾကာင္႕ ေျဖသိတ္နိင္ပါတယ္.

ေက်းဇူးတင္ပါတယ္။ အျမဲအားေပးေနပါတယ္။

ဟုတ္ကဲ့ ဖတ္႐ႈေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။

Thank you.

Thanks a lot

ကိုယ္ဝါသနာပါတာက ကိုယ့္ အတြက္မျဖစ္ႏိုင္လို ့လက္ေလ်ာ့လိုက္ရသူေတြမ်ားပါတယ္ လက္ေတြ႕စားဝတ္ ေနေရးကပိုအေရးၾကီးတတ္ၾကတာထံုးစံပါ
ေနာက္ျပီးေက်ာေထာက္ေနာက္ခံတို ့ေငြေၾကးအင္အားတို့ လိုအပ္သလို အခ်ိန္အတိုင္အတာလည္းလိုတယ္။ ေျပာသေလာက္မလြယ္ေပမဲ႔ ကိုယ္တိုင္ကေျပာင္းလဲခ်င္ျပီဆိုရင္ေတာ့ အသက္အရြယ္မေရြးအခ်ိန္မေရြးစတင္လိုက္သင့္ပါတယ္။ ျဖစ္ႏိုင္ မျဖစ္ႏိုင္ေတာ့ သုံးသပ္ေပါ့

က်မကေတာ့ျဖစ္ခ်င္တာမျဖစ္ႏိုင္ရင္ေတာင္ ျဖစ္တဲ႔ဘဝမွာပဲအေကာင္းဆံုးအေပ်ာ္ရႊင္ဆုံးေနထိုင္သြားမွာပါ
ေက်းဇူးပါ
thanks

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service