LCCI April Series Online Results Announcement
- ၂ဝ၁၇ April လတွင် ဖြေဆိုထားသော LCCI Series 4/2017 စာမေးပွဲများ၏ Online Result များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ (၆:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲဖြေဆိုထားသော အချိန်ဇယား နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။ ကိုယ်စားလာရောက်ထုတ်ယူလိုပါက ဖြေဆိုသူ၏မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ကိုယ်စားလာရောက်ထုတ်ယူ သူ၏ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

ACCA (CBE) Exam Registration 

-၂ဝ၁၇   ဇွန်လတွင် ACCA CBE စာမေးပွဲများကို ကျင်းပမည်ဖြစ်ပါသဖြင့် စာမေးပွဲကြေးများကို ၂ဝ၁၇  ဇွန်လ (၅) ရက်နေ့ မှစ၍ (၉) ရက်နေ့အထိ၊ တနင်္လာ မှ သောကြာနေ့ နံနက် (၈း၃ဝ) မှ နေ့လည် (၄:ဝဝ) အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင်မှတ်ပုံတင် မူရင်းနှင့် တကွ လာရောက် ပေးသွင်း နိုင်ပါပြီ။

LCCI Computerised Accounting Exam Registration

- ၂ဝ၁၇ ဇွန်လတွင် LCCI Computerised Accounting  စာမေးပွဲများ ကျင်းပမည်ဖြစ်သောကြောင့်  စာမေးပွဲကြေးအား ဇွန်လ (၇) ရက်နေ့မှ (၉) ရက်နေ့အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၄:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

LCCI  September Series Exam Registration

- ၂၀၁၆ ဇွန်လတွင် LCCI September Series စာမေးပွဲအား ကျင်းပမည်ဖြစ်သောကြောင့် private candidates (တစ်ဦးချင်းငွေသွင်းလိုသောကျောင်းသား၊သူများ) စာမေးပွဲကြေးအား ဇွန်လ (၁၂) ရက်နေ့မှ (၂၃) ရက်နေ့အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၄:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

မှတ်ချက်။     ။  ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းလိုသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။

YLE (Young Learner) Exam Registration

၂၀၁၇  ဇူလိုင်လတွင် Young Learner Exams စာမေ:ပွဲများကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို ဇွန်လ (၁၂) ရက်နေ့မှ (၂ဝ) ရက်နေ့အထိ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၄:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

Exam Fee -    Starters: USD 36, Movers: USD 39, Flyers: USD 42

ABE New Member

- ABE New Member စာမေးပွဲကြေးအား ပေးသွင်းလိုသော ကျောင်းသူ၊သားများ New member ကြေးများကို ဇွန်လ  (၁၄) ရက်နေ့ မှ (၁၆) ရက်နေ့ အထိ လက်ခံသွားမည် ဖြစ်သဖြင့် တနင်္လာ နေ့ မှ သော ကြာနေ့ နံနက် (၈:၃ဝ) မှ (၄:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။သက်ဆိုင်သော ဖောင်များအား www.abeuk.com တွင် ဝင်ရောက် ဒေါင်းလုပ် လုပ်ယူနိုင် သည်။

LCCI Combined Diploma and Replacement Registration

-၂ဝ၁၇ ဇွန်လ (၂၆) ရက်မှ (၂၈)ရက်နေ့ အထိ LCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ထားခြင်းများ  နှင့် LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထားခြင်းများ ကို လက်ခံသွားမည် ဖြစ်ပါသဖြင့် တနင်္လာနေ့မှ သောကြာနေ့ နံနက်(၈:၃ဝ) မှ  (၄:ဝဝ)  အတွင်း မှတ်ပုံတင်မူရင်း ၊ သက်ဆိုင်ရာ certificate မူရင်း၊ မိတ္တူ နှင့် Result Slip မူရင်း၊မိတ္တူ တို့နှင့်တကွ လာရောက် လျှောက်ထားနိုင်ပါသည်။Diploma ပြန်ပေါင်းလျှောက်ရန် USD ၂၈ ပေးသွင်းရမည်။LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် လက်မှတ်များ ပြန်လည်လျှောက်ထားရန် USD ၂၂ ပေးသွင်းရမည်ဖြစ်ပါသည်။

Views: 210

Reply to This

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service