အမှိုက် ဆိုတာလုံးဝအသုံးမဝင်တော့တဲ့၊ ပိုလျှံနေတဲ့ အရာတွေကိုခေါ်ပါတယ်။ အဲ့ဒီ အရာတွေထဲမှာ ကောင်းတာရော၊ ညစ်ပတ်တာတွေရောအကုန် ပါပါတယ်။ သင်အရင်တုန်းက ဝတ်ခဲ့ဘူးတဲ့ အင်္ကျီအဟောင်းတွေ၊ ကစားခဲ့ဘူးတဲ့ အရုပ်တွေ၊ သုံးခဲ့ဘူးတဲ့ ကျောင်းသုံးစာအုပ်တွေ၊ စတာတွေဟာ နောင်အသုံးမပြုတော့တဲ့ အခါ သင့်အတွက် မလိုအပ်တော့တဲ့ အရာတွေ ဖြစ်သွားတယ်။ ဒီလိုဘဲစားကြွင်းစားကျန်တွေ၊ မီးဖိုချောင်ထွက် စွန့်ပစ်ပစ္စည်းတွေနဲ့ အခြားအညစ်အကြေးတွေကိုပါ အမှိုက်လို့ ခေါ်ကြတယ်။ ဆိုလိုတာကတော့ "အမှိုက်" လို့ အမည်တပ်လိုက်တာနဲ့ ကျွန်တော်တို့ မလိုအပ်တော့တဲ့၊ ကျွန်တော်တို့ အနားမှာမရှိစေချင်တော့တဲ့ အလကား ဖြစ်နေတဲ့ အရာတွေပေါ့နော်။ အင်္ဂလိပ်မှာ အဲ့ဒီလို အသုံးမဝင်တော့တဲ့ အမှိုက်တွေကို "junk" လို့ ခေါ်ပါတယ်။ Junk ဟာတကယ့် စွန့်ပစ် ပစ္စည်း၊ အမှိုက်သရိုက်ကိုပြောတာဖြစ်လို့၊ လူ့ပတ်ဝန်းကျင်ကိုအကျိုးမပြုတဲ့ လူ၊ အစားအစာ၊ အရာဝတ္ထု စတာတွေ ကိုလည်း တင်စား ပြောဆိုရာမှာသုံးပါတယ်။ အဲ့ဒီအထဲက လူသိအများဆုံး စကားလုံးတစ်လုံးက junk food ဖြစ်ပါတယ်။
ဒီကနေ့ ကျွန်တော်တို့ရဲ့ စားသောက်မှု ပုံစံပြောင်းလဲလာတဲ့ အတိုင်း အိမ်မှာစီမံချက်ပြုတ်တဲ့ အစားအစာတွေ အစား ပြင်ပက အလွယ်တစ်ကူ စားသုံးနိုင်တဲ့ အသင့်စား အစာတွေက နေရာယူလာခဲ့ပါတယ်။ junk food တွေဟာ အရသာကောင်းသလောက် ခန္ဒာကိုယ်အတွက် ထိုက်သင့်တဲ့ အဟာရကို မပေးစွမ်းနိုင်ပါဘူး။ junk ဆိုတဲ့ စကားက ပေါ်တူဂီစကားကနေ ဆင်းသက်လာပြီး ကြိုးအပိုင်းအစများလို့ အဓိပ္ပါယ် ရပါတယ်။ ပေါ်တူဂီတွေဟာ ရှေးရှေးတုန်း က ရေကြောင်းစွန့်စားမှုနဲ့ နယ်မြေသစ်တွေ ရှာဖွေခဲ့တဲ့ သူတွေ ဖြစ်တာမို့ သင်္ဘောမှာသုံးတဲ့ ကြိုးအပိုင်းအစတွေကို (မလိုအပ်တော့တဲ့ ကြိုးအပိုင်းအစ၊ အထွေးလိုက်တွေကို) "junk" လို့ ခေါ်ခဲ့ကြပုံရပါတယ်။
နောင်ရာစုများစွာ ကြာလာတော့ junk ကို ပြန်လည်အသုံးပြုလို့ ရသေးတဲ့ စွန့်ပစ်ပစ္စည်းရယ်လို့ ခေါ်ပါတယ်။ နောင်အခါမှာတော့ လူတွေက တန်ဘိုးမရှိတော့တဲ့ ပစ္စည်းတွေကို junk နဲ့ တင်စား ခေါ်လာကြပါတယ်။ အဲ့ဒီတော့ junk food ဆိုတာစားသုံးသူအတွက် လုံးဝအကျိုးမရှိ သို့မဟုတ် အနည်းငယ်သာအကျိုးပေးတဲ့ အစားအစာပေါ့နော်။
The definition of junk food is food lacking in nutritional value and frequently high in calories, sugar or fat.
အစာစားတယ်ဆိုတဲ့ အဓိကအကြောင်းရင်းက အသက်ရှင်ရပ်တည်ချင်လို့ပါ။ အစားအစာဟာ ကျွန်တော်တို့ကို သန်မာစေတယ်။ ကြီးထွားစေတယ်။ ဒါပေမဲ့ အစားအစာတွေကိုစားရတဲ့ နောက်ထပ် အကြောင်းအရင်းရှိပါသေးတယ်။ အဲ့ဒါကအရသာကြောင့်ပါ။ အရသာရှိတဲ့ အစား အသောက် တွေ ကိုကျွန်တော်တို့ မက်မောကြပါတယ်။ အာဟာရဓါတ် ပေးနိုင်တဲ့ အစားအစာတွေ လည်းအရသာ ကောင်းကြပါတယ်။ ဒါပေမဲ့ junk food တွေဟာလည်း အရသာဆိုတဲ့ အားသာချက်နဲ့ စားသုံးသူတွေကို စွဲဆောင်ပါတယ်။ ဥပမာ- အားလူးကြော်၊ ဘူးသီးကြော်၊ ကွတ်ကီး၊ အိုက်စကရင်၊ ကိတ်စတာတွေကို မကြိုက်သူ သိပ်ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရေရှည်စားသုံးရင် junk food တွေဟာကောင်းကျိုးထက် ဆိုးကျိုးကိုဘဲ ပေးတာသေခြာပါတယ်။ ဒါပေမဲ့ မကောင်းတာကို သိရက်နဲ့ မစားဘဲနေဘို့ ကိုယ့်ကိုယ်ကိုတားဖို့ကတော့ ခပ်ခက်ခက်ဘဲမဟုတ်လား။
Junk food လိုဘဲနောက်ထပ် ကျွန်တော်တို့ မကြာခဏ ကြုံတွေ့ရတဲ့ အရာကတော့ junk mail ဖြစ်ပါတယ်။ အီးမေးလ်နဲ့ ဆက်သွယ်တဲ့ ယဉ်ကျေးမှုတွင် ကျယ်လာတာနဲ့ အမျှ spam လို့လည်း ခေါ်တဲ့ junk mail တွေဟာလည်း ကျွန်တော်တို့ရဲ့ inbox ကို ထိုးဖေါက်ကာနေရာတွေ ယူလာကြပါတယ်။ Junk mail ဆိုတာစီးပွားရေးလုပ်ငန်းကြော်ငြာနဲ့ အခြားဝန်ဆောင်မှုကို အီးမေးလ်တွေကတဆင့် ပို့တဲ့ mail တွေပါ။ အီးမေးလ် မတိုင်ခင်က စာတိုက်ကနေတဆင့် ကြော်ငြာတွေကို ပို့ခဲ့ ကြပါတယ်။ အဲ့ဒါတွေကလည်း junk mail တွေဘဲပေါ့။ စာတိုက်က ဖြစ်စေ၊ အီးမေးလ်က ဖြစ်စေဘယ်ကရရသူတို့ရဲ့ နေရာအမှန် ဖြစ်တဲ့ အမှိုက်ပုံးသို့မဟုတ် ကွန်ပျူတာရဲ့ recycle bin မှာဘဲ အဆုံးသတ်ရတာပါဘဲနော်။
ကျွန်တော်တို့ ပတ်ဝန်းကျင်ကထွက်ရှိလာတဲ့ အမှိုက်သရိုက်တွေကိုစည်ပင်က လိုက်ကောက်ပြီး ထပ်ဆင့် ဘယ်ကို သွားစွန့်ပစ် ရတယ်လို့ ထင်ပါသလဲ။ ရပ်ကွက်ပေါင်းစုံကထွက်လာတဲ့ အမှိုက်တွေကို သတ်မှတ်ထားတဲ့ နေရာမှာစုပေါင်းစွန့်ပစ် ရပါတယ်။ အဲ့ဒီနေရာကို garbage pit လို့ ခေါ်ပါတယ်။ Recycle ခေါ် ပြန်လည် အသုံးပြုလို့ ရတဲ့ ပစ္စည်းတွေကိုစွန့်ပစ်တဲ့ နေရာကိုတော့ scrapyard သို့မဟုတ် junkyard လို့ ခေါ်ပါတယ်။
Junk ဆိုတိုင်း စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ အရာတွေတော့ မဟုတ်ပါဘူး။ အကောင်းစားတွေလည်း ရှိပါသေးတယ်။ အဲ့ဒီထဲကတစ်ခုကတော့ junk bond ပါဘဲ။ junk bond ဆိုတာ ကုမ္ပဏီ၊ လုပ်ငန်းတစ်ခုက investor လို့ခေါ်တဲ့ ရင်းနှီးမြှုတ်နှံချင်သူတွေဆီက မြင့်မားတဲ့ အတိုးနှုန်းတွေနဲ့ loans ခေါ် ချေးငွေတွေကို bond သဘောနဲ့ ထုပ်ရောင်းပြီး သူတို့ရဲ့ လုပ်ငန်းကို ဘဏ္ဍာရေးပံ့ပိုးမှု လုပ်တာကို ခေါ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပွင့်လင်းလာတာနဲ့ အမျှ၊ ငွေရှင်၊ ကြေးရှင်၊ လုပ်ငန်းရှင်တွေ အကြားမှာအပြိုင်အဆိုင်တွေ ဖြစ်လာကြတယ်။ အဲ့ဒီတော့ တစ်ဦးတစ်ယောက်တည်းရပ်တည်ဖို့ မလွယ်ကြတော့ စုပေါင်းစပ်ပေါင်း အကျိုးတူလုပ်ငန်း လုပ်ကြတယ်။ လုပ်ငန်းတွေ ခိုင်မာလာတော့ အများပြည်သူကို ရှယ်ယာတွေ ထုတ်ရောင်းချပေးပြီး အများပိုင် အနေနဲ့ လုပ်ငန်းအင်အားကို တိုးချဲ့ကြတယ်။ ဒီစံနစ်ဟာ နိုင်ငံတစ်ကာမှာတွင်ကျယ်ပြီး အလုပ် ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာ၊ ရပ်တည်ချက်၊ လုပ်ငန်းခိုင်မာမှု အပေါ်မူတည်ပြီး သူရဲ့ ရှယ်ယာဈေးတွေလည်းတက်ပြီး၊ ရှယ်ယာဝင်တွေလည်း များများလာပါတယ်။ ဥပမာ- Thai Airways ဆိုရင် အဲ့ဒီလိုမျိုး Thai ပြည်သူတွေရဲ့ ရှယ်ယာတွေနဲ့ တည်ထောင်ထားတဲ့ ကမ္ဘာသိ Brand တစ်ခုပေါ့။ မြန်မာပြည်မှာလည်း အများကို ရှယ်ယာတွေရောင်းပေးနေတဲ့ လူသိများတဲ့ လုပ်ငန်းကြီးတစ်ချို့ ရှိနေပါပြီ။
တစ်ချို့သောကုမ္ပဏီတွေကတော့ နေ့ချင်းညချင်း ပေါ်လာပြီး သတင်းစာထဲမှာ အများပြည်သူကို ဘယ်လုပ်ငန်းအတွက် ရှယ်ယာတွေကို ထုပ်ရောင်းနေပါပြီ၊ အကျိုးအမြတ်ကတော့ ဘယ်လောက်ပေးပါ့မယ် စသည်ဖြင့် အများအာရုံကျအောင် ကြော်ငြာပြီး ရှယ်ယာရှင်တွေကို ခေါ်ကြပါတယ်။ လုပ်ငန်းကို အမှန်တစ်ကယ်လုပ်ဖို့ ထူထောင်ပြီးရှယ်ယာခေါ်တာရှိသလို၊ ဘာမှမဟုတ်ဘဲ အကြံအဖန် ဟန်ပြပြီးခေါ်တာလည်းရှိပါတယ်။ ဘယ်သို့ပင် ရှိစေထည့်ဝင်မယ့် ရှယ်ယာရှင် ကိုယ်တိုင်က မိမိဝယ်ယူမယ့် (ထည့်ဝင်မယ့်) ရှယ်ယာတွေဟာ junk bond များ ဖြစ်သွားမလား ဆိုတာ သေသေခြာခြာ စဉ်းစားရမှာ ဖြစ်ပါတယ်။
Bond ရဲ့ ခိုင်မာမှုကို ကုမ္ပဏီရဲ့ reputation ခေါ် ဂုဏ်သိက္ခာ၊ ကြွယ်ဝချမ်းသာမှု၊ လုပ်ငန်းအောင်မြင်မှုတို့နဲ့ တိုင်းတာရပါတယ်။ သက်တမ်း ကြာရှည်ပြီ ဖြစ်တဲ့ ကုမ္ပဏီမှာဆိုရင် ပိုမိုစိတ်ချရပြီး၊ မိမိရဲ့ ရင်းနှီးမြုတ်နှံမှု ဆုံးရှုံးဘို့ ရာနှုန်းမရှိသလောက် နည်းပါတယ်။ မနေ့တစ်နေ့ကပေါ်လာတဲ့ ကုမ္ပဏီ၊ သို့မဟုတ် အကြွေးတွေ ဝိုင်းနေတဲ့ ကုမ္ပဏီဆိုရင်တော့ ရှုံးဘို့ ရာနှုန်းများပါတယ်။ အဲ့ဒီလို risk များတဲ့ bond တွေကို junk bond လို့ ခေါ်ပါတယ်။ အဲ့ဒီတော့ ရှယ်ယာထည့်တော့မယ်ဆိုရင် junk bond ဖြစ်သွားနိုင်သလား သတိပြုကြပေါ့နော်။
တစ်ခါတစ်လေတော့လည်း သင်ကိုယ်တိုင်က risk ယူရတာ ကြိုက်လို့ အတိုးနှုန်းများများနဲ့ ပေးတဲ့ ကုမ္ပဏီအသစ်မှာ bond တွေ ဝယ်ပြီးနောက်ပိုင်း အဲ့ဒီကုမ္ပဏီက လုပ်ငန်းအောင်မြင်သွားခဲ့ရင်လည်း သင့်ရဲ့ junk တွေက gold တွေ ဖြစ်သွားနိုင်ပါရဲ့။
VOA special English နှင့် Collins COBUILD Dictionary မှ ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။
LESSONS FROM OUR ARCHIVE
အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons
[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]
- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။
- Join us now at - www.myanmar-network.net/main/authorization/signUp
Tags:
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |