ဒီမေးခွန်းကတော့ လွန်ခဲ့တဲ့ ၂နှစ်က ကျွန်တော့်ကိုကျွန်တော်ပြန်မေးခဲ့တဲ့ မေးခွန်းပါ။ ကျွန်တော့်ထက်ကျွမ်းကျင်တဲ့သူတွေကိုလည်းကျွန်တော်အဲဒိမေးခွန်း မေးခဲ့ဖူးတယ်။ ဒါပေမဲ့တစ်ခါမှ စိတ်ဘ၀င်ကျလောက်တဲ့အဖြေမျိုးမရခဲ့ဘူး။ သူတို့ပြန်ဖြေတာကတော့ များများနားထောင်ပေးတဲ့။ အဲဒိအဖြေကို ကျွန်တော်သဘောမကျခဲ့ပါဘူး။အဲဒိတော့ ကျွန်တော့်ဘာသာရှာဖွေခဲ့တယ်။ အခုကျွန်တော်listeningမညံ့တော့ပါဘူး။ဘာလို့လဲဆိုတာကိုလည်းသဘောပေါက် သွားပါပြီ။ ကျွန်တော်သိသလောက်လေး shareပါရစေ။

တကယ်တော့ Listening မကောင်းတာ pronunciationညံ့တာကြောင့်လည်း ပါပါတယ်။ Radio Programတစ်ခုက expert(/n., v. ˈɛkspɜrt; adj. ˈɛkspɜrt, ɪkˈspɜrt/) ကိုအသံထွက်အမှန်နဲ့ (အက်ခ်စပါ့ထ်) လို့အသံထွက်သွားတဲ့အခါ ကျတော့ ကျွန်တော်သိတာက ငယ်ငယ်လေးထဲကပြောလာတဲ့ (အိတ်စပက်)လေ။ အဲဒိတော့စလွဲပြီပေါ့။ သူဘာပြောသွားမှန်းမသိတော့ဘူးပေါ့။ အဲဒိလိုစာလုံးမျိုးတွေက တစ်လုံးထဲမှားခဲ့တာမဟုတ်ပါဘူး။ အများကြီးကိုမှားခဲ့ တာပါ။ ဥပမာ spectacular ဆိုပါစို့။/spɛkˈtækyələr/ အသံထွက်အမှန်က (စပက်’ထဲ့ကယူလာ) ထဲ့ဆိုတဲ့နေရာမှာ အသံကိုမြှင့်လိုက်ရပါတယ်။ ကျွန်တော်သိခဲ့တာက(စပက်တေကယူလာ)လေ။ နားထဲမှာ အသံစမြှင့်လိုက်တဲ့ (ထဲ့ကယူလာ) ဆိုတဲ့အသံပဲကြားလိုက်တော့ ဘာမှန်းမသိပြန်ဘူး။ ကြာတော့ နားထောင်ရင်းစိတ်ဓာတ်ကျလာခဲ့တယ်။

နောက်တစ်ခု automobile/ ˌɔtəməˈbil/ အသံထွက်အမှန်က (အောထမ’ဘီလ်) ဘီလ်ဆိုတဲ့နေရာမှာအသံကိုမြှင့်ရပါတယ်။ ကျွန်တော်သိခဲ့တာက (အော်တိုမိုဘိုင်းလ်)လေ။ အဲ့လိုမျိုး အသံထွက်အမှားတွေနဲ့ သူငယ်တန်းကတည်းက ရင်းနှီးခဲ့တာက ကျွန်တော်တို့ Englishစာမတိုးတက်ရခြင်း အကြောင်းအရင်းတစ်ခုပါ။ ဟိုအရင်က ကျွန်တော်မုန့်ဖိုးတွေစုစုပြီး ပန်းဆိုးတန်းစာအုပ်အဟောင်းဆိုင်တန်း ဘက်မှာ Englishစာအုပ်နဲ့ပက်သက်တာတွေသွားဝယ်လေ့ရှိပါတယ်။ ဟိုးအရင်တုန်းကထွက်ခဲ့တဲ့ Topတို့ Global တို့လိုစာအုပ်တွေကို ၀ယ်လေ့ရှိပါတယ်။ အဲဒိက topစာအုပ်တစ်အုပ်ထဲမှာ phonetics ရဲ့အရေးပါပုံကိုဖတ်လိုက်ရပြီးကတည်းက ကျွန်တော် phonetics စလေ့လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ phonetics symbols တွေက စလေ့လာချင်းမှာတော့ ရှုပ်တယ်လို့မြင်ကောင်းမြင်နိုင်ပေမဲ့ ၂ရက်လောက်လေ့လာလိုက်ရင်ကို ကောင်းကောင်းသိသွားနိုင်ပါတယ်။ စာအုပ်ဆိုင်တစ်ဆိုင်မှာ ၁၀၀၀ပဲပေ့းရတဲ့ phoneticsအကြောင်း မြန်မာလိုရှင်းပြ ထားတဲ့စာအုပ်တစ်အုပ်ကိုကျွန်တော်ဝယ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့Englishစာတိုးတက်မှုဖြစ်စဉ်မှာတော့ အရမ်းကိုအရေးပါတဲ့ အချိုးအကွေ့ဖြစ်ခဲ့ပါတယ်။ အဲဒိစာအုပ်လေးဖတ်အပြီးမှာpronunciationလဲကောင်းလာခဲ့တယ်။ အသံအနိမ့်အမြင့်သဘောတရားတွေလည်း သိလာခဲ့တယ်။ Intonationကိုလည်း ကောင်းကောင်းနားလည်လာတယ်။ ကျွန်တော်က Movieအရမ်းကြည့်တော့ အသံအနိမ့်အမြင့်တွေ အရူးတစ်ယောက်လိုလိုက်ပြောပြီး လေ့ကျင့်ခဲ့တယ်။ အိမ်မက်မက်လို့ ထယောင်ရင်တော့ Englishလိုထယောင်ခဲ့တဲ့အထိ ကျွန်တော်စွဲစွဲလမ်းလမ်း လေ့လာခဲ့တယ်။ တစ်ခုထူးခြားတာက အသံထွက်ကောင်းလာပြီးနောက်ပိုင်းမှာ Listening skillက အလိုလျောက်ကိုကောင်းလာခဲ့တယ်။ Listening ကောင်းလာတယ်ပြောလို့ ဘာနားထောင်နားထောင် အပြည့်အ၀နားလည်တဲ့အဆင့်တော့မရောက်သေးပါဘူး။ အဲဒါဘာကြောင့်လဲဆိုတော့ vocabulary rangeကြောင့်ပါ။ ဥပမာ Dramaဇာတ်ကားတစ်ကားကို ဘာစာတန်းထိုးမှမပါပဲ ကျွန်တော်ကောင်းကောင်းကြည့်နိုင်ပေမဲ့ အီရတ်မှာဗုံးကွဲတဲ့ နိုင်ငံတကာသတင်းကြည့်ရင်တော့ ကျွန်တော်သိပ်နားမလည်ပါဘူး။ ဘာကြောင့်လဲဆိုတော့Drama Movieထဲမှာကနေ့စဉ်လူနေမှုအသုံးအနှုန်းတွေ ဖြစ်ပြီးတော့ နိုင်ငံတကာသတင်းတွေမှာကျတော့ ကိုယ်သိပ်မလေ့လာထားဖြစ်တဲ့ စကားလုံးတွေကိုသုံးထားလို့ပါ။ အဲဒါကတော့လေ့လာမှုပေါ်မူတည်ပြီး တိုးတက်အောင်လုပ်ယူလို့ရပါတယ်။

Englishစာကိုအခုမှလေ့လာနေပြီး မြန်မြန်ပြောတတ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့မူကရှင်းပါတယ်။ (၁) ရူးရူးမူးမူးလေ့လာပါ။ (၂) စာလုံးနည်းနည်းလေးပဲသိရင်တောင် အသံထွက်မှန်မှန်နဲ့နေရာမှန်မှန်သုံးတတ်ပါစေ။ (၃) phoneticsလေ့လာပါ။ (၄) ပြောတတ်ချင်ရင် ပြောရမယ်ဆိုတာ ယျေဘူယျအကျဆုံးသဘောတရားပါ။ အဲဒါကြောင့်ပြောဖို့မရှက်ပါနဲ့။ (၅) Moviesများများကြည့်ပါ။ (၆) သီချင်းများများနားထောင်ပါ။ အသံဗြဲကြီးနဲ့ရေချိုးခန်းထဲမှာ Taylor Swift သီချင်းဆိုပါ။ (ကြိုက်တဲ့သီချင်းဆိုလို့ရပါတယ် ကျွန်တော်က Taylor Swiftကြိုက်လို့) (၇) ဘယ်တော့မှ အရှုံးမပေးနဲ့။ လက်မမြျှောက်သ၍ မရှုံးသေးဘူး။ ဒါတွေကိုပြောပြနေလို့ ကျွန်တော်ကဘာလဲဆိုတော့ဘာမှမဟုတ်ပါဘူး။

ဒီစာကိုဖတ်နေတဲ့သူတွေလိုပဲ English စာကိုလေ့လာဆဲ learnerတစ်ယောက်ပါပဲ။ ဆရာလည်းမဟုတ်သေးပါဘူး။ Englishစာဆရာ တစ်ယောက်ဖြစ်အောင်ကြိုးစားနေဆဲ ၊ ဘာသာပြန်ဆောင်းပါးတွေ အွန်လိုင်းမှာ ရေးနေတဲ့ မိုးရှင်း (I.M.T) ဆိုတဲ့လူငယ်တစ်ယောက်ပါပဲ။ ကျွန်တော်ကြိုးစားခဲ့တဲ့အဖူးအပွင့်တွေတော့ စပြီးခံစားနေရပါပြီ။ Englishစာတစ်ခုတည်းကြောင့်ပဲ အခုလောလောဆယ် တစ်နေ့ကို 10 US $ ရပါတယ်။ ကျွန်တော်ကအစက သင်္ဘောသားတစ်ယောက်ပါ။ ကျွန်တော်ဝါသနာပါတဲ့ Englishစာနဲ့ပဲ အသက်မွေးချင်လို့ ဒီအသက်မွေးဝမ်းကြောင်းကို ရွေးခဲ့တာပါ။ ကဲ Listening နဲ့ပက်သက်တဲ့ဆောင်းပါးကတော့ အရမ်းကိုရှည်နေပါပြီ။ အခြားEnglishစာနဲ့ပက်သက်တဲ့ကျွန်တော့်အမြင်ကျွန်တော့်အယူအဆတွေတော့ရှိပါသေးတယ်။

နောက်များကြုံတဲ့အခါကျရင် ရေးပါအုံးမယ်။ Englishစာတိုးတက်ပြီး အလုပ်အကိုင်ကောင်းတွေရကြပါစေဗျာ။ (အလုပ်ကြော်ငြာ 90%လောက်မှာ Basic English Skill ဆိုတာပါနေပြီနော်) အပြိုင်အဆိုင်များတဲ့လောကကြီးမှာ နောက်မကျရအောင်အခုပဲ အတူတူကြိုးစားကြပါစို့။

မိုးရှင်း (I.M.T)

Englishစာလေ့လာနေတယ်ဆိုရင်တော့ ကျွန်တော့်ဝက်ဘ်ဆိုဒ်လေးကိုလည်း လာလည်ပါအုံးလို့ဖိတ်ခေါ်လိုက်ပါတယ်။

Englishစာတိုးတက်ဖို့ ဆောင်းပါးများစွာရေးထားပါတယ်။

http://moeshinn.com/

Views: 1162

Reply to This

Replies to This Discussion

Thanks a lot

စာအုပ်ဆိုင် တစ်ဆိုင်မှာ ၁၀၀၀ ကျပ်ပဲ ပေးရတဲ့ Phonetics အကြောင်းရေးထားတဲ့ စာအုပ်နာမည် သိချင်ပါတယ်။

တကယ်လို့ စာအုပ်နာမည် မမေ့သေဘူးဆိုရင်ပြောပြပေးပါ။

Thanks in advance. :)

ဟုတ်ကဲ့ နာမည်တော့မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ Phoneticsကိုမြန်မာလိုရှင်းပြထားတဲ့ စာအုပ်လို့မေးရင် စာအုပ်ဆိုင်ကြီးတွေမှာ အလွယ်တကူရှာလို့ရပါတယ်ခင်ဗျာ။

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service