အင်္ဂလိပ်လို Romantic ဆန်ဆန်ပြောနိုင်ဖို့ အချစ်အကြောင်း အီဒီယံ ၁၀ မျိုး

Valentine နေ့မှာလည်း ပျော်ခဲ့ကြပြီးပြီ romantic လည်း ဖြစ်ခဲ့ကြပြီးပြီ ဆိုတော့ ကြည်နှုးခဲ့တာ လေးတွေကို ပြန်တွေးရင်း အင်္ဂလိပ်လို romantic ဖြစ်ဖို့ love အီဒီယံ ၁၀ မျိုးကို လေ့လာလိုက်ရအောင်။


၁။ A match made in heaven -  နေနဲ့လ၊ ရွှေနဲ့မြလို အတွဲညီပြီး ပျော်ရွှင်ဖွယ် ဘဝတစ်ခုကို တည်ဆောက် ဖြတ်သန်း ကြမယ်လို့ ဆိုလိုတာပေါ့။ (ဘဝ လက်တွဲဖေါ်ကို ကံကြမ္မာက နဂိုကတည်းက သတ်မှတ်ပြီးသား လို့ ဆိုလိုပါတယ်။)

  • We are a match made in heaven. Let’s get married.


၂။ To fall head over heels in love -  လုံးဝကို ချစ်မိနေပြီတဲ့။ ကိုယ့်အောက်က ကမ္ဘာမြေကြီးတောင် ပျောက်သွားပြီး ဂျွမ်းပြန်သွားလောက်အောင်ကို ချစ်မိသွားပြီတဲ့။

  • He has fallen head over heels in love with Jane.


၃။ To be smitten with someone -  အစွဲကြီးစွဲမိနေပြီ။ အချစ်လှောင်အိမ်မှာ ပိတ်မိနေပြီတဲ့။ စားလဲဒီစိတ်၊ သွားလဲဒီစိတ်၊ ဘယ်လိုမှ မေ့လို့ မရဘူးတဲ့။

  • Sally is smitten with this Gary chap she met the other day. She can’t stop talking about him.


၎။ To be the apple of someone’s eye - ဒါကတော့ အချစ်ခံရတာကို ပြောတာ။ ပုံမှန်အားဖြင့် မိဘတွေရဲ့ အချစ်ကို ခံရတာကို ပြောတာ။

  • Yasmin can do no wrong. She is the apple of her father’s eye.


၅။ To be a soul mate - တစ်ယောက်ရဲ့ အတွင်းစိတ် ခံစားချက်တွေကို တစ်ယောက်က ကောင်းကောင်း သိတယ်။ နှစ်ကိုယ့်တစ်စိတ်လို့ပြောမလားဘဲနော်။

  • My husband is my best friend and my soul mate.


၆။ To take one’s breath away -  အသက်ရှုတောင် ရပ်သွားလောက်အောင် လှလွန်းလို့၊ မြင်မြင်ချင်း သိပ်သိပ် ချစ်မိသွားပြီတဲ့။ ပိုပြီး romantic ဖြစ်သွားအောင် Berlin ရဲ့ သီချင်းလေး “Take my breath away” ပါနားထောင်လိုက်ပါဦး။

  • You are so beautiful that you take my breath away.


ရ။ To be someone’s one and only - တစ်ယောက်ဆို တစ်ယောက်၊ ပိတောက်ဆို ပိတောက် ပါဘဲတဲ့။ မင်းကလေးက ကိုယ့်အတွက် အနှိုင်းမဲ့ပါဘဲပေါ့။

  • You will always be my one and only love.


၈။ To have a crush on someone - အရူးအမူး ချစ်မိနေပြီ။ ဒီ အခြေအနေက teenage တွေ စိတ်ကစားတဲ့ အရွယ်မှာ ဖြစ်လေ့ရှိတဲ့ ဆန့်ကျင်ဘက် အပေါ် စိတ်ဝင်စားတဲ့ အရွယ်မှာ ဖြစ်လေ့ရှိတဲ့ စွဲလမ်းမှုပါ။

  • Sally has had a crush on James since they were at university together. He doesn’t realise this.


၉။ To fancy someone - ဒါကရိုးရိုး ဗြိတိသျှ အင်္ဂလိပ်အခေါ်အဝေါ် ဖြစ်တဲ့ ကြိုက်တယ်လို့ အိနြေ္ဒရရ ပြောတဲ့ အသုံးပါဘဲ။

  • My friend really fancies you.


၁၀။ To love someone with all of one’s heart and soul - ဒါကတော့ အသည်းနှလုံးရော၊ ဝိဥာဉ်ရောပုံပြီးချစ်တယ်လို့ ကဗျာဆန်ဆန်လေးပြောတာပါ။

  • John loves Leslie with all his heart and soul.


ကဲ…. ဒါတွေကတော့ အချစ်နဲ့ ပတ်သက်တဲ့ အီဒီယံ တစ်ချို့ပါ။ နောက်ထပ်လဲ စာဖတ်သူတို့ သိတဲ့ဟာတွေ အများကြီးရှိဦးမှာပါ။ ပြီးတော့…သုံးလဲသုံးဖူးကြမှာပါနော်။ လူသားတွေမှာ နှလုံးသားရှိကြတာမို့ ချစ်တတ်တာ အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ တွေးခေါ်တတ်ဖို့ ဦးနှောက်လည်း ရှိတာမို့ အမှားအမှန်ကို သုံးသပ်ဆင်ခြင်ပြီး လမ်းမှားမရောက်အောင် နေတတ်ဖို့ သတိလက်ဆောင်လည်း ပေးလိုက်ပါတယ်နော်။ အားလုံးချစ်တတ်ကြပါစေ။

Englishwithatwist.com မှ Shanthi ရဲ့ How to be romantic in English မှ ကိုးကားဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဒီ link (http://englishwithatwist.com/2014/02/11/how-to-be-romantic-in-engli...) တွင် သွားရောက်ဖတ်ရှုနိုင်ပါတယ်။


LESSONS FROM OUR ARCHIVE

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 6798

Reply to This

Replies to This Discussion

Thanks
Thanks
သတင်းရေးသားခြင်းအတတ်ပညာကိုသိချင်ပါတယ်
အလွတ်တန်းသတင်းထောက်တစ်ဦးပါ
Thanks.
so much
I am so smitten with Dan that I can't even get her out of my head. Right?
Thanks
thz a lot
Thank
Very nice
Thz so much
Thank

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service