အလွျပင္ျခင္းဆိုင္ရာ ေ၀ါဟာရမ်ား (အပိုင္း - ၁)

[Zawgyi]

ဒီသင္ခန္းစာကေတာ့ မိန္းကေလးအားလုံးစိတ္ဝင္စားမဲ့ အလွျပင္ျခင္းဆိုင္ရာေဝၚဟာရေတြအေၾကာင္းကို www.englishteachermelanie.com/video-makeup-vocabulary  မွာဆရာမ Melanie ကရွင္းျပထားတာကို ဆီေလွ်ာ္သလို ဘာသာျပန္ထားတာျဖစ္ပါတယ္။ ဒီသင္ခန္းစာကိုဖတ္ျပီးပါက အလွျပင္ပစၥည္းေတြကိုဘယ္လိုေခၚရမယ္ဆိုတာနဲ႕ အလွျပင္နည္းအဆင့္ေတြကို ေခၚတဲ့ေဝၚဟာရအသုံးေတြကို နားလည္ေျပာဆိုႏိုင္မွာျဖစ္ပါတယ္။ မူရင္းဝက္ဗဆိုက္မွာ ဗီဒီယိုတင္ထားလို႕ conection ေကာင္းသူမ်ားသြားေရာက္ေလ့လာႏိုင္ပါတယ္။


----------

ရွင္တို႕ အလွျပင္ပစၥည္းေတြကို ဘယ္မွာ သိမ္းလဲ? ကၽြန္မကေတာ့ ကၽြန္မရဲ႕ အလွျပင္ပစၥည္းေတြကို ေရခ်ိဳးခန္းဗီ႐ိုအံဆဲြ (bathroom drawer) ထဲမွာ သိမ္းရတာ ႀကိဳက္တယ္။ ဒါေပမဲ့ မိတ္ကပ္အိတ္ (makeup bag) (သို႔)  မိတ္ကပ္ေသတၱာ (makeup case) ကိုလည္း သံုးႏိုင္ပါတယ္။ မိတ္ကပ္အိတ္နဲ႔ မိတ္ကပ္ေသတၱာေတြက ေဘာင္ပံုသ႑ာန္မ်ိဳးစံု၊ အရြယ္မ်ိဳးစံုနဲ႔ လာၾကပါတယ္။


မ်က္ႏွာကို မခ်ယ္ခင္ ပစၥည္းအားလံုး အဆင္သင့္ျဖစ္ေအာင္ ေသေသခ်ာခ်ာလုပ္ထားပါ။ စုတ္တံ (brush) ေတြဟာ သန္႔ရွင္းၿပီး အလုပ္စဖို႔ အဆင္သင့္ျဖစ္ေနဖို႔ ေသေသခ်ာခ်ာ လုပ္ပါ။ သန္႕ရွင္းေရးလုပ္တဲ့ ပစၥည္းတခ်ိဳ႕ (cleanup products) ကို အသင့္ထားတာကလည္း ေကာင္းတဲ့အၾကံပါပဲ။ ဥပမာေပးရရင္ေတာ့ Kleenex (တစ္သွ်ဴးစကၠူ) ၊ cotton pad (ဂြမ္းဖတ္ေတြ)၊ cotton ball (ဂြမ္းလံုး) (သို႔) cotton puff (ဂြမ္းအဆုပ္ေလးေတြ)၊ q-tip လို႕ေခၚတဲ့ နားက်ပ္ဂြမ္းတံေလးေတြ၊ wash cloth (ဖလန္နယ္စေလး) ေတြအျပင္ မိတ္ကပ္ကို ဖ်က္တဲ့ အထူးမိတ္ကပ္သန္႔စင္အ၀တ္စ ျဖစ္တဲ့ cleansing wipes လိုဟာမ်ိဳးေတြေပါ့။ Cleansing wipes ေတြကေတာ့ မိတ္ကပ္ဖ်က္ေဆးပါၿပီးသား တစ္သွ်ဴးအလႊာေလးေတြပဲ ျဖစ္ၿပီး မ်က္ႏွာေပၚက မိတ္ကပ္ကို သူတို႔နဲ႔ ဖ်က္လိုက္႐ံုပဲ။ အမွားလုပ္မိလို႔ လိုလိုမယ္မယ္ မိတ္ကပ္ဖ်က္ရရင္ေပါ့။


အလွမျပင္ခင္မွာ သန္႔စင္ေနတဲ့ မ်က္ႏွာနဲ႔စဖို႔ အေရးႀကီးပါတယ္။ ရွင္တို႔ရဲ႕ မိတ္ကပ္ကို ပိုၿပီး သဘာ၀က်ေစပါတယ္။ အသားအေရစိုေျပေစဖို႔ moisturise လုပ္ဖို႕ကလည္း အေရးႀကီးပါတယ္။ အလွဆီ/ကရင္မ္ (moisturiser) က ရွင္တို႔ရဲ႕ အသားအေရကို ကာကြယ္ေပးၿပီး ပိုမိုေကာင္းမြန္ေအာင္ လုပ္ေပးပါတယ္။


အမ်ိဳးသမီးအမ်ားအျပားကေတာ့ ေအာက္ခံမိတ္ကပ္ (primer) ကို အသံုးျပဳရတာကို ႀကိဳက္ၾကပါတယ္။ Primer ကေတာ့ မိတ္ကပ္အတြက္ base (ေအာက္ခံ) ပဲ ျဖစ္ပါတယ္။ သူက မိတ္ကပ္ခ်ယ္ရန္အတြက္ ရွင္တို႔ရဲ႕ အသားအေရကို အသင့္ျပင္ေပးၿပီး မိတ္ကပ္ကိုလည္း တစ္ေန႔လံုး ခံႏိုင္ေအာင္ (stay on longer throughout the day) ျပဳလုပ္ေပးပါတယ္။ ဒီ primer ကို base perfector (ေအာက္ခံကို အေကာင္းဆံုးျဖစ္ေအာင္ မြမ္းမံေပးေသာအရာ) လို႔လည္း ေခၚပါတယ္။ ၄င္းက အသားအေရေပၚက အနာအဆာ (imperfection) မ်ားကို ေခ်ာေမြ႕ေအာင္၊ pore လို႕ေခၚတဲ့ ေခၽြးေပါက္ေလးမ်ား ေလ်ာ့နည္းသြားေအာင္၊ ထင္ရွားတဲ့အေရးအေၾကာင္း (fine lines) ေတြကိုနည္းသြားေအာင္ လုပ္ေပးပါတယ္။

 

သိသင့္ေသာ ေဝၚဟာရအသုံးတစ္ခ်ိဳ႕

  • Bathroom drawer = ေရခ်ိဳးခန္းထဲက ေကာင္တာေအာက္မွာရွိတဲ့ ဗီ႐ိုရဲ႕ အံဆဲြ
  • Makeup bag/ makeup case = မိတ္ကပ္အိတ္ဆိုသည္မွာ ေသတၱာကဲ့သို႔ေသာ ပံုစံျဖစ္သည္။ မိတ္ကပ္အိတ္ကို ေပ်ာ့ေျပာင္းၿပီး ေတာက္ပေသာ အေရာင္ရွိသည့္ အထည္သားျဖင့္ ခ်ဳပ္လုပ္ၿပီး အထဲမွာ လိုင္နင္ခံထားပါသည္။ မိတ္ကပ္ ေသတၱာ၏ ကိုယ္ထည္ခံြသည္ ပို၍ မာေက်ာၿပီး ပို၍ ခိုင္ခံ့ပါသည္။
  • Makeup remover = မ်က္ႏွာမွ မိတ္ကပ္ကို ဖ်က္ရန္ အထူးဓာတုပစၥည္းမ်ားျဖင့္ျပဳလုပ္ထားေသာ အရည္တစ္မ်ိဳး။
  • Put on (makeup) = (မိတ္ကပ္) လိမ္းခ်ယ္သည္


ဒီေန႕ေတာ့ဒီေလာက္ပါပဲ။ ဆရာမ Melanie ရဲ့ မူရင္းဝက္ဗ္ဆိုက္ www.englishteachermelanie.com/video-makeup-vocabulary မွာ ဗီဒီယိုတင္ထားလို႕ connection ေကာင္းသူမ်ားသြားေရာက္ေလ့လာႏိုင္ပါတယ္လို႕ ထပ္ျပီးေျပာခ်င္ပါတယ္။ မနက္ျဖန္မွာ မိတ္ကပ္ေအာက္ခံ (Foundation) အသုံးျပဳနည္းကိုေလ့လာျပီး သက္ဆိုင္တဲ့ေဝၚဟာရအသုံးေတြကိုပါတစ္ခါထဲ မွတ္သားၾကမယ္ေနာ္။

[Unicode]

ဒီသင်ခန်းစာကတော့ မိန်းကလေးအားလုံးစိတ်ဝင်စားမဲ့ အလှပြင်ခြင်းဆိုင်ရာဝေါ်ဟာရတွေအကြောင်းကို www.englishteachermelanie.com/video-makeup-vocabulary မှာဆရာမ Melanie ကရှင်းပြထားတာကို ဆီလျှော်သလို ဘာသာပြန်ထားတာဖြစ်ပါတယ်။ ဒီသင်ခန်းစာကိုဖတ်ပြီးပါက အလှပြင်ပစ္စည်းတွေကိုဘယ်လိုခေါ်ရမယ်ဆိုတာနဲ့ အလှပြင်နည်းအဆင့်တွေကို ခေါ်တဲ့ဝေါ်ဟာရအသုံးတွေကို နားလည်ပြောဆိုနိုင်မှာဖြစ်ပါတယ်။ မူရင်းဝက်ဗဆိုက်မှာ ဗီဒီယိုတင်ထားလို့ conection ကောင်းသူများသွားရောက်လေ့လာနိုင်ပါတယ်။


----------

ရှင်တို့ အလှပြင်ပစ္စည်းတွေကို ဘယ်မှာ သိမ်းလဲ? ကျွန်မကတော့ ကျွန်မရဲ့ အလှပြင်ပစ္စည်းတွေကို ရေချိုးခန်းဗီရိုအံဆွဲ (bathroom drawer) ထဲမှာ သိမ်းရတာ ကြိုက်တယ်။ ဒါပေမဲ့ မိတ်ကပ်အိတ် (makeup bag) (သို့)  မိတ်ကပ်သေတ္တာ (makeup case) ကိုလည်း သုံးနိုင်ပါတယ်။ မိတ်ကပ်အိတ်နဲ့ မိတ်ကပ်သေတ္တာတွေက ဘောင်ပုံသဏ္ဍာန်မျိုးစုံ၊ အရွယ်မျိုးစုံနဲ့ လာကြပါတယ်။


မျက်နှာကို မချယ်ခင် ပစ္စည်းအားလုံး အဆင်သင့်ဖြစ်အောင် သေသေချာချာလုပ်ထားပါ။ စုတ်တံ (brush) တွေဟာ သန့်ရှင်းပြီး အလုပ်စဖို့ အဆင်သင့်ဖြစ်နေဖို့ သေသေချာချာ လုပ်ပါ။ သန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းတချို့ (cleanup products) ကို အသင့်ထားတာကလည်း ကောင်းတဲ့အကြံပါပဲ။ ဥပမာပေးရရင်တော့ Kleenex (တစ်သျှူးစက္ကူ) ၊ cotton pad (ဂွမ်းဖတ်တွေ)၊ cotton ball (ဂွမ်းလုံး) (သို့) cotton puff (ဂွမ်းအဆုပ်လေးတွေ)၊ q-tip လို့ခေါ်တဲ့ နားကျပ်ဂွမ်းတံလေးတွေ၊ wash cloth (ဖလန်နယ်စလေး) တွေအပြင် မိတ်ကပ်ကို ဖျက်တဲ့ အထူးမိတ်ကပ်သန့်စင်အဝတ်စ ဖြစ်တဲ့ cleansing wipes လိုဟာမျိုးတွေပေါ့။ Cleansing wipes တွေကတော့ မိတ်ကပ်ဖျက်ဆေးပါပြီးသား တစ်သျှူးအလွှာလေးတွေပဲ ဖြစ်ပြီး မျက်နှာပေါ်က မိတ်ကပ်ကို သူတို့နဲ့ ဖျက်လိုက်ရုံပဲ။ အမှားလုပ်မိလို့ လိုလိုမယ်မယ် မိတ်ကပ်ဖျက်ရရင်ပေါ့။


အလှမပြင်ခင်မှာ သန့်စင်နေတဲ့ မျက်နှာနဲ့စဖို့ အရေးကြီးပါတယ်။ ရှင်တို့ရဲ့ မိတ်ကပ်ကို ပိုပြီး သဘာဝကျစေပါတယ်။ အသားအရေစိုပြေစေဖို့ moisturise လုပ်ဖို့ကလည်း အရေးကြီးပါတယ်။ အလှဆီ/ကရင်မ် (moisturiser) က ရှင်တို့ရဲ့ အသားအရေကို ကာကွယ်ပေးပြီး ပိုမိုကောင်းမွန်အောင် လုပ်ပေးပါတယ်။


အမျိုးသမီးအများအပြားကတော့ အောက်ခံမိတ်ကပ် (primer) ကို အသုံးပြုရတာကို ကြိုက်ကြပါတယ်။ Primer ကတော့ မိတ်ကပ်အတွက် base (အောက်ခံ) ပဲ ဖြစ်ပါတယ်။ သူက မိတ်ကပ်ချယ်ရန်အတွက် ရှင်တို့ရဲ့ အသားအရေကို အသင့်ပြင်ပေးပြီး မိတ်ကပ်ကိုလည်း တစ်နေ့လုံး ခံနိုင်အောင် (stay on longer throughout the day) ပြုလုပ်ပေးပါတယ်။ ဒီ primer ကို base perfector (အောက်ခံကို အကောင်းဆုံးဖြစ်အောင် မွမ်းမံပေးသောအရာ) လို့လည်း ခေါ်ပါတယ်။ ၎င်းက အသားအရေပေါ်က အနာအဆာ (imperfection) များကို ချောမွေ့အောင်၊ pore လို့ခေါ်တဲ့ ချွေးပေါက်လေးများ လျော့နည်းသွားအောင်၊ ထင်ရှားတဲ့အရေးအကြောင်း (fine lines) တွေကိုနည်းသွားအောင် လုပ်ပေးပါတယ်။

 

သိသင့်သော ဝေါ်ဟာရအသုံးတစ်ချို့

  • Bathroom drawer = ရေချိုးခန်းထဲက ကောင်တာအောက်မှာရှိတဲ့ ဗီရိုရဲ့ အံဆွဲ
  • Makeup bag/ makeup case = မိတ်ကပ်အိတ်ဆိုသည်မှာ သေတ္တာကဲ့သို့သော ပုံစံဖြစ်သည်။ မိတ်ကပ်အိတ်ကို ပျော့ပြောင်းပြီး တောက်ပသော အရောင်ရှိသည့် အထည်သားဖြင့် ချုပ်လုပ်ပြီး အထဲမှာ လိုင်နင်ခံထားပါသည်။ မိတ်ကပ် သေတ္တာ၏ ကိုယ်ထည်ခွံသည် ပို၍ မာကျောပြီး ပို၍ ခိုင်ခံ့ပါသည်။
  • Makeup remover = မျက်နှာမှ မိတ်ကပ်ကို ဖျက်ရန် အထူးဓာတုပစ္စည်းများဖြင့်ပြုလုပ်ထားသော အရည်တစ်မျိုး။
  • Put on (makeup) = (မိတ်ကပ်) လိမ်းချယ်သည်

ဒီနေ့တော့ဒီလောက်ပါပဲ။ ဆရာမ Melanie ရဲ့ မူရင်းဝက်ဗ်ဆိုက် www.englishteachermelanie.com/video-makeup-vocabulary မှာ ဗီဒီယိုတင်ထားလို့ connection ကောင်းသူများသွားရောက်လေ့လာနိုင်ပါတယ်လို့ ထပ်ပြီးပြောချင်ပါတယ်။ မနက်ဖြန်မှာ မိတ်ကပ်အောက်ခံ (Foundation) အသုံးပြုနည်းကိုလေ့လာပြီး သက်ဆိုင်တဲ့ဝေါ်ဟာရအသုံးတွေကိုပါတစ်ခါထဲ မှတ်သားကြမယ်နော်။

Related articles:

အလွျပင္ျခင္းဆိုင္ရာ ေ၀ါဟာရမ်ား (အပိုင္း - ၁)
အလွျပင္ျခင္းဆိုင္ရာ ေ၀ါဟာရမ်ား (အပိုင္း - ၂)
အလွျပင္ျခင္းဆိုင္ရာ ေ၀ါဟာရမ်ား (အပိုင္း - ၃)
အလွျပင္ျခင္းဆိုင္ရာ ေ၀ါဟာရမ်ား (အပိုင္း - ၄)

LESSONS FROM OUR ARCHIVE

အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင္းဝင္ထားျခင္းျဖင့္ ရရွိမည့္ အက်ိဳးေက်းဇူးမ်ား ]

- အဂၤလိပ္စာသင္ခန္းစာႏွင့္ အလုပ္ေခၚစာအသစ္မ်ား၊ UK စာေမးပြဲ သတင္းမ်ား ႏွင့္ အဂၤလိပ္စာသင္တန္း သတင္းမ်ားကို အသင္းဝင္မ်ားထံသာလွ်င္ e-mail ျဖင့္ အေၾကာင္းၾကားေပးမွာ ျဖစ္ပါသည္။
- ျဗိတိသွ်ေကာင္စီမွ ၾကီးမႉးက်င္းပေသာ ပြဲမ်ားကို အသင္းဝင္မ်ားသာ ၾကိဳတင္သိရွိျပီး အသင္းဝင္မဟုတ္သူမ်ားထက္ေစာ၍ စာရင္းေပးသြင္းႏိုင္ပါသည္။
- Myanmar Network ဝက္ဆိုက္ဒ္တြင္ အသင္းဝင္မ်ားသာလွ်င္ like ႏွင့္ comment ေပးႏိုင္မည္ျဖစ္သည္။
- စကားဝိုင္းမ်ား (Forum မ်ားတြင္)ႏွင့္ အလုပ္ေခၚစာမ်ားကိုလည္း ကိုယ္တိုင္ဝင္ေရာက္ေရးသားႏိုင္ပါသည္။
- အသင္းဝင္မ်ားတြင္ ကိုယ္ပိုင္ Profile Page ရွိမည္ျဖစ္ျပီး မိမိ၏ ဓာတ္ပံု၊ မိမိကိုယ္တိုင္႐ိုက္ထားေသာ ဓာတ္ပံုမ်ားႏွင့္ ဗီဒီယိုမ်ားလည္း တင္ႏိုင္မည္ ျဖစ္သည္။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 3722

Reply to This

Replies to This Discussion

Thanks

ありかと
Thanks

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service