အလှပြင်ခြင်းဆိုင်ရာ ဝေါဟာရများ (အပိုင်း - ၃)

Concealer (ကွန်ဆီလာ)
 

ရှင်တို့အသားအရေပေါ်တွင် အမည်းစက် (dark spot) ရှိနေလို့ မိတ်ကပ်အောက်ခံထက် ပိုထူတဲ့ အောက်ခံ (stronger coverage) လိုအပ်တယ်ဆိုလျှင် အသားအရောင်ကို ပြုပြင်ပေးတဲ့ concealer ကို သုံးပါ။ သူက မိတ်ကပ်လိုပါပဲ။ ဒါပေမဲ့ ပိုပြီးစေးပျစ်ပါတယ်။ Concealer ကို အများအားဖြင့် မျက်ကွင်းညိုတာ (dark circles) ကို ဖုံးကွယ်ဖို့ (ဒါမှမဟုတ်) သိပ်ပြီး သိသာမှုမရှိအောင် လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ ရှင်တို့အသားအရေပေါ်ရှိ ခရမ်းရောင် (ဒါမှမဟုတ်) အပြာရောင် (ဒါမှမဟုတ်) အထူးသဖြင့် အိပ်ရေးမ၀ရင်ဖြစ်လာတဲ့ အမည်းရောင်ရှိနေတဲ့ နေရာတွေ  ကို "မျက်စိအောက်ရှိ ကွင်းလေးများ" (under-eye circles) လို့ ခေါ်ပါတယ်။

ဖုံးကွယ်နိုင်စွမ်းအမြင့်ဆုံး concealer ကတော့ pot လို့ခေါ်တဲ့ အိုးကလေးနဲ့လာပါတယ်။ ရှင်တို့ရဲ့ လက်ချောင်းကို သုံးပြီး concealer နည်းနည်းကို ယူနိုင်ပါတယ်။ ပြီးတော့မှ သူ့ကို မျက်လုံးအောက်မှာ အသာလေးတို့လိုက်ပါ။ ဒီလက်ချောင်းလေးကိုပဲ အသုံးပြုပြီး ဆွဲညှိ (spread) ပေးလို့ရပါတယ်။ စုတ်တံ (brush) ကို သုံးချင်ရင်လည်း သုံးနိုင်ပါတယ်။ ရှင်တို့ရဲ့ စုတ်တံ ပေါ် concealer အနည်းငယ်တင်ပြီး အကွင်းပေါ်မှာ ချယ်ပေးလို့လည်း ရပါတယ်။ စုတ်တံပါပြီး (built-in brush) အရည်ပုံစံ concealer တွေလည်း ရနိုင်ပါတယ်။ ဒီလိုမှ မဟုတ်လျှင် အမှုံ့ပုံစံ (powder) နဲ့လာတဲ့ concealer ကိုလည်း သုံးနိုင်ပါတယ်။ ရှင်တို့အသားအရေပေါ်မှာ ၀က်ခြံ (acne) တွေရှိလို့ သူတို့ကို  ဖုံးကွယ်ချင်ရင်လဲ concealer က  ကောင်းပါတယ်။


ပေါင်ဒါ (Powder)

ရှင်တို့ရဲ့ မျက်နှာတွေ ပြောင်မနေဖို့ (shining ဖြစ်မနေဖို့) အတွက် ပေါင်ဒါကို သုံးနိုင်ပါတယ်။ ပေါင်ဒါက ပုံစံနှစ်မျိုးနဲ့လာပါတယ်။ ဒါကတော့ ပေါင်ဒါအခဲ (pressed powder) ပဲဖြစ်ပါတယ်။ ပေါင်ဒါအခဲကတော့ ကျစ်ကျစ်လျစ်လျစ် သေသေသပ်သပ်နဲ့ compact လို့ခေါ်တဲ့ ဘူးကလေးနဲ့ လာလေ့ရှိပါတယ်။ ပေါင်ဒါအခဲထည့်ထားတဲ့ သတ္ထုခွက်လေးကို pan လို့ခေါ်ပါတယ်။ Compact ဆိုတာကတော့ မှန်ရယ်၊ ပေါင်ဒါခဲရယ်အပြင် ရိုက်စရာ ရေမြှုပ် (sponge) (ဒါမှမဟုတ်) တို့ဖတ်လို့ ခေါ်နေကြတဲ့ powder puff ပါတဲ့ ဘူးသေးလေး ဖြစ်ပါတယ်။

ပေါင်ဒါအမှုန့် (loose powder) လည်း ၀ယ်နိုင်ပါတယ်။ ဗူးထဲမှာပေါင်ဒါကို အမှုန့်အတိုင်းတွေ့ရမှာဖြစ်ပါတယ်။ ကျွန်မပြောခဲ့သလိုပဲ ပေါင်ဒါဟာ မျက်နှာပြောင်နေတာကို ပျောက်စေပါတယ်။ မိတ်ကပ်အောက်ခံလိမ်းရတာ မကြိုက်လျှင် ပေါင်ဒါကို အသုံးပြုခြင်းက ရှင်တို့ အသားအရေနီစပ်စပ် ဖြစ်နေတာ (redness) ကို ဖျော့အောင် လုပ်တဲ့အခါ ဒါမှမဟုတ် အသားရောင်ကို ညှိတဲ့အခါမှာ ကောင်းပါတယ်။


ကျွန်မကတော့ မိတ်ကပ်လိမ်းရတာ မကြိုက်ပါ။ အသားပေါ်မှာ ထူပိန်းနေတယ်လို့ ထင်တယ်။ ဒါကြောင့် ကျွန်မကတော့ ပေါင်ဒါပဲ လိမ်းပါတယ်။ ရှင်တို့ရဲ့ မိတ်ကပ်ကို ပုံမပြက်စေဖို့နဲ့ မျက်နှာပြောင်နေမှုလျော့နည်းသွားအောင် ပေါင်ဒါကို တစ်နေ့လုံး မကြာမကြာ ပြန်ရိုက်ပေးပါ။ ဒီလိုပြန်ရိုက်ပေးတာကို re-apply လုပ်တယ်လို့ပြောရပါတယ်။ ဆီစုတ်စက္ကူ (Blotting paper) ကိုလည်း သုံးနိုင်ပါတယ်။ Blotting paper ဆိုတာကတော့ ရှင်တို့ အသားအရေ ပေါ်မှာရှိတဲ့ oil အဆီ (ဒါမှမဟုတ်) shine ပြောင်နေတာကို စုတ်ယူပေးတဲ့ စက္ကူဖြစ်ပါတယ်။

 

လူတွေက T-zone အကြောင်းပြောတာ ရှင်တို့ကြားဖူးရင်လည်း ကြားဖူးကြမှာပါ။ T-zone ဆိုတာကတော့ မျက်နှာပေါ်က နဖူးရယ်၊ နှာခေါင်းရယ် မေးစေ့တို့ရှိတဲ့ T ပုံစံဖြစ်နေတဲ့ နေရာကို ပြောတာပါ။ ဒီနေရာတွေက မျက်နှာပေါ်မှာ  အဆီပြန်ဆုံး (oiliest) နေရာတွေဖြစ်ပါတယ်။


Bronzer ဆိုတာကတော့ ရှင်တို့ရဲ့ နဂိုအသားအရောင် (natural skin tone) ထက်ပိုရင့်တဲ့ ပေါင်ဒါပါ။ ဒီ bronzer ကို အသုံးပြုပြီးရင် ရှင်တို့ အနေနဲ့ တစ်နေ့လုံး နေပူထဲမှာရှိနေပြီး မျက်နှာကို အသားညိုအောင် နေရောင်ခံထားတဲ့ sun-kissed ပုံစံလိုမျိုးရှိနေပါမယ်။ Bronzer ကို အသုံးပြုပြီး မျက်နှာရဲ့ ကောက်ကြောင်း (contour) တွေကို ပြုပြင်လို့ရပါတယ်။ မျက်နှာရဲ့ ထောင့်ချိုးတွေ ဖြည့်ပေးတာ၊ မျက်နှာပုံစံပြောင်းတာ၊  ပြီးတော့ မျက်နှာသွယ်အောင်လုပ်တာလို့ တချို့လူတွေက ပြောပါတယ်။


Bronzer အတွက် စုတ်တံကို အသုံးပြုနိုင်ပါတယ်။ ကောက်ကြောင်းတွေကို bronzer ချယ်ဖို့ဆိုရင် ဆံပင်အစပ် (hairline) လိုနေရာ ပါးရိုး (cheekbone) နဲ့  မေးရိုး (jawline) တွေကို ချယ်လိမ်းနိုင်ပါတယ်။


ပေါင်ဒါမှုန့်ရော ပေါင်ဒါအခဲ နှစ်မျိုးစလုံးနဲ့ ပတ်သက်လို့ ပြောချင်တာကတော့ သူတို့ကို စုတ်တံသုံးပြီးတော့ လိမ်းချယ် နိုင်တယ်ဆိုတာပါပဲ။ ဒါကတော့  အပါးဆုံးဖုံးကွယ်မှု (lightest coverage) ကို ပေးပါတယ်။ အကယ်၍  နည်းနည်းပိုထူတဲ့ ဖုံးကွယ်မှု (stronger coverage) လိုချင်ပါက ရေမြှုပ် ဒါမှမဟုတ် တို့ဖတ်ကို အသုံးပြုပြီး လိမ်းနိုင်ပါတယ်။


မျက်နှာရဲ့ကောက်ကြောင်းတွေကို bronzer နဲ့ ချယ်သပြီးရင် မျက်နှာရဲ့ facial feature တချို့နေရာတွေကို အလေးပေးခြယ်သ (highlight) လုပ်ပေးနိုင်ပါတယ်။ ရှင်တို့ရဲ့ မျက်နှာပေါ်မှာ ထင်ရှားစေလိုတဲ့ အစိတ်အပိုင်းရှိပါက နဂိုအသားအရောင်ထက်ပို၍ နုသောအရောင် အသွေးရှိတဲ့ ပေါင်ဒါကို အသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ချင်းဖြင့် ရှင်တို့ရဲ့ နဖူး၊ နှာခေါင်း၊ မေးစေ့နဲ့  မျက်လုံးအပြင်ထောင့် (outer corners of the eyes) တွေကို လူတွေ ဂရုစိုက်မိအောင်လုပ်နိုင်ပါတယ်။


နောက်ဆုံးအနေနဲ့ blush ပါးနီနဲ့ အရောင်နည်းနည်းလေး ထပ်တင်နိုင်ပါတယ်။ ပါးနီ ကတော့ ပန်းရောင်နဲ့ peach မက်မွန်သီး ရောင်ဖြစ်တဲ့ ပန်းနုဝါတို့ရဲ့ မတူညီတဲ့ အရောင်အသွေးအမျိုးမျိုးနဲ့ လာပါတယ်။ ပါးနီကို ပုံမှန်အားဖြင့်  ပါးရိုး (cheekbone) တွေမှာ လိမ်းလေ့ ရှိပါတယ်။ ပါးနီကို  ခရင် (cream blush) အဖြစ်၊ ပါးအရောင်တင်ဆီ (cheek stain) အဖြစ်၊ အရောင်အသွေးရောနှောထားတဲ့ ပါးနီ (cheek tint) အဖြစ် ရရှိနိုင်ပါတယ်။ ဒါ့အပြင် ရိုလာဘောလုံးလေးပါတဲ့ roll on အဖြစ်နဲ့လည်း ရနိုင်ပါတယ်။ အများဆုံးတွေ့ရမှာကတော့ အမှုန့်အနေဖြင့် ပြုလုပ်ထားသော ပါးနီဖြစ်ပါတယ်။ ပါးရဲ့ အ၀ိုင်းဆုံး (roundest)၊ fullest (အဖောင်းဆုံး) နေရာကိုတော့ the apple of your cheek လို့ခေါ်ပါတယ်။ အဲဒီနေရာကတော့ ပါးနီကို စပြီး လိမ်းချယ်ရတဲ့ နေရာဖြစ်ပါတယ်။

 

ပြောခဲ့တာတွေ အကုန်လုပ်ပြီးလို့ မိတ်ကပ်လိမ်းပြီးသွားရင်တော့ နောက်ဆုံးအနေနဲ့ shimmer (အလက်မှုန့်) နည်းနည်းလိမ်းလိုက်ပါ။ Shimmer ဆိုတာကတော့ မျက်နှာကို တောက်ပပြီး တလက်လက်ဖြစ်နေအောင်လုပ်ပေးတဲ့ ပေါင်ဒါပါပဲ။ အသားအရေအတွက် မိတ်ကပ်နဲ့ပတ်သက်လို့ ဒီလောက်ပါပဲ။ နောက်သင်ခန်းစာမှာ မျက်လုံးအကြောင်းပြောကြရအောင်။


ဆရာမ Melanie ရဲ့ မူရင်းဝက်ဗ်ဆိုက် www.englishteachermelanie.com/video-makeup-vocabulary မှာ ဗီဒီယိုတင်ထားလို့ connection ကောင်းသူများသွားရောက်လေ့လာနိုင်ပါတယ်လို့ ထပ်ပြီးပြောချင်ပါတယ်။

Related articles:

အလှပြင်ခြင်းဆိုင်ရာ ဝေါဟာရများ (အပိုင်း - ၁)
အလှပြင်ခြင်းဆိုင်ရာ ဝေါဟာရများ (အပိုင်း - ၂)
အလှပြင်ခြင်းဆိုင်ရာ ဝေါဟာရများ (အပိုင်း - ၃)
အလှပြင်ခြင်းဆိုင်ရာ ဝေါဟာရများ (အပိုင်း - ၄)

LESSONS FROM OUR ARCHIVE

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 2395

Reply to This

Replies to This Discussion

Thank a lot

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service