အလွျပင္ျခင္းဆိုင္ရာ ေ၀ါဟာရမ်ား (အပိုင္း - ၄)

[Zawgyi]

၂။ Eyes (မ်က္လံုးမ်ား)

ပထမဦးဆံုး မ်က္လံုးရဲ႕မတူညီတဲ့ အစိတ္အပိုင္းေတြကို သိေအာင္လုပ္ၾကစို႔။


မ်က္လံုးေပၚမွာရွိတဲ့ အေမႊးေတြကေတာ့ မ်က္ခံုးေမႊး (eyebrows) ပဲျဖစ္ပါတယ္။ အဲဒီမ်က္ခံုးေမြးေအာက္မွာ အ႐ိုးတစ္ခုကို စမ္းမိႏိုင္ပါတယ္။ အဲဒါကို brow bone မ်က္ခံုး႐ိုးလို႕ေခၚပါတယ္။ မ်က္စိကို ဖံုးအုပ္တဲ့ အေရျပားကေတာ့  မ်က္ခံြ (eyelid) ပဲျဖစ္ပါတယ္။ မ်က္လံုးဖြင့္လိုက္တဲ့အခါ အထဲထဲကို ေခါက္၀င္သြားတဲ့ေနရာကိုေတာ့ မ်က္ရစ္ (crease) လို႔ ေခၚပါတယ္။ မ်က္စိရဲ႕ အစပ္မွာ ေပါက္ေနတဲ့ အေမြးေတြကေတာ့ eye lashes လို႕ေခၚတဲ့  မ်က္ေတာင္ေမႊးေတြျဖစ္ပါတယ္။ မ်က္ခံြရဲ႕အစပ္မ်က္ေတာင္ေမြးေတြရွိတဲ့ေနရာကိုေတာ့ မ်က္ခမ္းစပ္ (lash line) လို႔ေခၚပါတယ္။ မ်က္လံုးရဲ႕အတြင္းေထာင့္ကေတာ့ မ်က္ရည္အိတ္ (tear duct) ျဖစ္ပါတယ္။ မ်က္ဆန္ (eyeball) နဲ႔ အနီးဆံုးရွိေနတဲ့ မ်က္လံုးရဲ႕အစပ္ကိုေတာ့ waterline (ေရ႐ိုး) လို႔ ေခၚပါတယ္။


မ်က္လံုးကို ေပၚလြင္ေစဖို႔ဆိုရင္ မ်က္ခံုးေမြးေတြကို ရွင္းေပးပါ။ မ်က္ခံုးေမြးတခ်ိဳ႕ကို ဇာဂနာ (tweezers) နဲ႕ ႏုတ္ၿပီး မ်က္ခံုးေမြးကို ပံုစံေကာင္းေကာင္းသြင္းေပးႏိုင္ပါတယ္။ တကယ္လို႔ ရွင္တို႔မ်က္ခံုးေမႊးဟာ ပါးၿပီး  အေရာင္ေဖ်ာ့ (light-coloured) ေနရင္ လိုင္နာ (eye liner) (ဒါမွမဟုတ္) မ်က္ခံုးေမြးဆဲြတံ (brow pencil) (ဒါမွမဟုတ္) မ်က္ေတာင္ခ်ယ္ေဆး (mascara) ကို အသံုးျပဳၿပီး မ်က္ခံုးေမႊးကို stronger ထူၿပီး darker မည္းတဲ့ပံုျဖစ္ေအာင္ ျဖည့္ေပးႏိုင္ပါတယ္။


မ်က္လံုးမိတ္ကပ္ကို မလိမ္းခင္ မ်က္လံုးေအာက္ခံ (eye base) ကို လိမ္းတာက ေကာင္းပါတယ္။ မ်က္လံုးမိတ္ကပ္ေအာက္ခံက ေရွ႕ကေျပာခဲ့တဲ့ primer နဲ႔ ဆင္ပါတယ္။ မ်က္လံုးကို မိတ္ကပ္လိမ္းဖို႔ ျပင္ဆင္ေပးသလို မိတ္ကပ္ကိုလည္း ၾကာၾကာခံေစပါတယ္။


အားလံုး ဒါကို ႀကံဳဖူးၾကမွာပါ။ တစ္ေန႔လံုး မ်က္ခံြအေရာင္ျခယ္ေဆး (eye shadow) ေတြ လိမ္းထားခဲ့ေပမဲ့ မွန္ထဲ ၾကည့္လိုက္တဲ့အခါ eye shadow ေတြမရွိေတာ့ဘဲ မ်က္ရစ္ထဲမွာ အလြန္ဆိုး၀ါးတဲ့ အဆီေၾကာင္းႀကီးပဲ က်န္ခဲ့တာကို ေတြ႕ရတာေလ။ ဘယ္လိုမွ ၾကည့္မေကာင္းပါဘူး။ မ်က္လံုး မိတ္ကပ္ေအာက္ခံက ဒါကို ကာကြယ္ေပးပါတယ္။


eye shadow အမ်ိဳးမ်ိဳးကို ေတြ႕ဖူးၾကမွာပါ။ Eye shadow ခရင္မ္၊ eye shadow gel ၊ ဒါေပမဲ့ တကယ္တမ္း အမ်ားဆံုးသံုးတာကေတာ့ eye shadow ေပါင္ဒါပါပဲ။ Eye shadow ဘူးေလးေတြကုိ တစ္ခုခ်င္း၀ယ္ႏုိင္ပါတယ္။ ဒါမွမဟုတ္ရင္ complementary colours လုိက္ဖက္တဲ့ အေရာင္ေတြပါတဲ့ eye shadow palette အျပားေလးတစ္ခ်ပ္ကုိလည္း ၀ယ္လုိ႔ရႏုိင္ပါတယ္။ အျပားေလးေတြမွာ အမ်ားအားျဖင့္ ေရျမႇဳပ္ပါတဲ့ brush (သို႕) လိမ္းခ်ယ္စရာတစ္ခုခုပါတတ္ပါတယ္။ Eye shadow ဘူးေလးေတြနဲ႔ အျပားေလးေတြမွာ တကယ့္ကုိေသးငယ္တဲ့ လိမ္းခ်ယ္စရာ ပစၥည္း (applicator) ေလးေတြ ပါပါတယ္။ ကၽြန္မကေတာ့ သူတုိ႔ကုိ သုံးရတာမႀကဳိက္တဲ့အတြက္ eye shadow ကို brush စုတ္တံနဲ႕ပဲသုံးပါတယ္။ ဒီအခါမ်ဳိးမွာ မိတ္ကပ္နဲ႔တကယ္ပဲ ေပ်ာ္ရႊင္မႈကုိ ရႏုိင္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ eye shadow ရဲ႕ ကြဲျပားတဲ့ အေရာင္ေတြနဲ႔ အေရာင္အေသြး ကုိ ရာနဲ႔ခ်ီၿပီး၀ယ္ႏုိင္လုိ႔ပါပဲ။


မ်က္လုံးမ်ားကုိ ေပၚလြင္ေအာင္ လုပ္ႏုိင္တဲ့အျပင္ မ်က္ႏွာရဲ႕ေကာက္ေၾကာင္းေတြကုိ အေလးထားလိမ္းခ်ယ္ခဲ့သလုိ မ်က္လုံးကုိလည္း အဲဒီအတုိင္းလုပ္ႏုိင္ပါတယ္။ ေပၚလြင္ေအာင္ highlight လုပ္မယ္ ဆုိရင္ေတာ့ eye shadow ရဲ႕ေဖ်ာ့ေတာ့တဲ့ အေရာင္ အေသြးကုိ ေရြးခ်ယ္ၿပီး မ်က္ခုံးရဲ႕ ေအာက္နားေလးတြင္ လိမ္းခ်ယ္ပါ။ ပုိရင့္တဲ့အေရာင္သုံးၿပီး မ်က္လုံးအနားအစပ္ ေတြကုိ အေလးေပးလိမ္းခ်ယ္ႏုိင္တဲ့အျပင္ မ်က္လုံးပုံစံပါေျပာင္းလုိ႔ရပါတယ္။ အဲဒီအခါက်ရင္ေတာ့ eye shadow ကုိ မ်က္ရစ္ႏွင့္ အျပင္ေထာင့္တုိ႔တြင္ လိမ္းခ်ယ္ရပါမယ္။


ေနာက္ထပ္အသုံးျပဳႏုိင္တဲ့ မိတ္ကပ္ပစၥည္းေကာင္းတစ္ခုကေတာ့ eyeliner  ပဲျဖစ္ပါတယ္။ Eyeliner ကေတာ့ မ်က္လုံးမ်ားကုိ ျပတ္ျပတ္သားသားနဲ႔ ေပၚလြင္ေစပါတယ္။ မိတ္ကပ္အေၾကာင္းေျပာတဲ့အခါ definition နဲ႔ define ဆုိတဲ့စကားလုံးေတြကုိ အမ်ားႀကီးသုံးပါတယ္။ အဓိပၸါယ္ကေတာ့ တစ္စုံတစ္ခုကုိပုိၿပီး ထင္ရွားျပတ္သားစြာျမင္ႏုိင္ေအာင္ တစ္ခုခုလုပ္ေပးျခင္းလုိ႔ပဲျဖစ္ပါတယ္။ မ်က္လုံးကုိ shape ပုံေဖာ္ေပးလုိ႔လည္းရပါတယ္။ ဒီေနရာမွ eyeliner ၀င္လာပါတယ္။ ျမင္ဖူးေနၾက eyeliner ခဲတံပဲေပါ့။ pencil eyeliner ခဲတံသုံးတဲ့အတြက္ ခၽြန္စက္ (pencil sharpener) လည္းလုိမွာပါ။ အထူးသျဖင့္ ရွင္တုိ႔အေနနဲ႔ ပါးၿပီး ထင္ရွားျပတ္သားတဲ့ မ်ဥ္းဆြဲခ်င္ရင္ေပါ့။ Eyeliner အရည္လည္း၀ယ္လုိ႔ရပါတယ္။ Eye shadow ကုိေတာင္မွ eyeliner အျဖစ္ သုံးလုိ႔ရပါတယ္။ ေသးသြယ္ၿပီး ေစာင္းပါတဲ့ စုတ္တံတစ္ခုကုိယူပါ ၿပီးေတာ့ေပါင္ဒါကုိသုံးၿပီး မ်က္လုံးကုိ line အနားသတ္ေပးပါ။Eyeliner ကုိ သုံးၿပီး အမ်ားႀကီးလုပ္ႏုိင္ပါတယ္။ ေသးသြယ္ၿပီးထင္ရွားတဲ့ မ်ဥ္းကုိဆြဲတာ၊ လက္ေခ်ာင္း၊ စုတ္တံ (ဒါမွမဟုတ္) eye shadow palette မွာပါတဲ့ applicator ပစၥည္းေသးေသးေလးကုိသုံးၿပီး smudge စြန္းသလို ပ်ံ႕သလုိလုပ္ၿပီး ထူးျခား ထင္ရွားေအာင္လုပ္ႏုိင္ပါတယ္။ Tightlining လုိ႔ေခၚတဲ့ eyelining ပုံစံသစ္တစ္မ်ဳိးရွိပါတယ္။ အဲဒါကေတာ့ eyeliner ကုိ မ်က္ေတာင္ေမြးေတြအေပၚ တုိက္႐ိုက္တင္လုိက္ရတယ္။ ဒီလုိလုပ္တဲ့အတြက္ liner ေတြက မ်က္ေတာင္ေမြးၾကားက gap ေနရာေတြကုိ ျပည့္သြား ပါတယ္။ တကယ္ပဲ မ်က္ေတာင္ေမြးေတြကုိ ထင္ရွားေပၚလြင္ေစပါတယ္။


Mascara (မ်က္ေတာင္ခ်ယ္ေဆး)


မ်က္ေတာင္ေတြကုိ mascara ခ်ယ္ႏုိင္ပါတယ္။ ဒါေပမဲ့ ပထမဦးဆုံးကေတာ့ မ်က္ေတာင္ေတြကုိ eyelash curler လို႕ေခၚတဲ့ မ်က္ေတာင္ေကာ့ကိရိယာနဲ႔ မ်က္ေတာင္ေတြကုိ ေကာ့ေအာင္လုပ္ေပးရပါမယ္။ ကၽြန္မကေတာ့ အမ်ားအားျဖင့္ အေပၚမ်က္ေတာင္ေမြး (top lashes) ကုိပဲ ေကာ့ရတာကုိႀကဳိက္ပါတယ္။ Mascara နဲ႔အတူ brush ေလးလည္း တြဲပါလာ တတ္ပါတယ္။ ေျဖာင့္တန္းေနတဲ့ straight brush အျပင္ ေကြးေနတဲ့ curved brush လဲ ဝယ္လုိ႔ရပါတယ္။ အဲဒီ brush ကုိသုံးၿပီး မ်က္ေတာင္ေမြးေတြကုိ mascara သုတ္လိမ္းႏုိင္ပါတယ္။ တကယ့္ကုိ မည္းနက္တဲ့ပုံစံလုိခ်င္ရင္ေတာ့ mascara တစ္ထပ္လိမ္းၿပီး အေျခာက္ခံပါ ၿပီးမွ ေနာက္တစ္ထပ္ (second coat) ထပ္လိမ္းပါ။ အကယ္၍ မ်က္ေတာင္ေတြက အရမ္းကို thin က်ဲၿပီးပါးေနရင္ fake eyelashes မ်က္ေတာင္အတုကို ၀ယ္ၿပီး eyelid မ်က္ခံြမွာ ကပ္လို႔ရပါ တယ္။


Mascara က မ်က္ေတာင္ေတြပုိၿပီး ထုထည္ (volume) ရွိပုံ၊ ပုိၿပီး ျပည့္ပုံေပါက္ေအာင္ လုပ္ေပးႏုိင္တယ္လုိ႔ ေျပာၾကတဲ့ေၾကာ္ျငာေတြကုိ မၾကာခဏေတြ႕ၾကမွာပါ။ သူတုိ႔ ေျပာခ်င္တာကေတာ့ mascara က မ်က္ေတာင္ေတြကုိ ပုိရွည္၊ ပုိနက္ (ဒါမွမဟုတ္) ပုိထူပုံေပါက္ေအာင္ လုပ္ေပးတယ္ ဆုိတာပါပဲ။ Mascara က မ်က္ေတာင္ေမႊးေတြကုိ ကပ္ေနေစမယ္ (ဒါမွမဟုတ္) စုခဲေနေစမယ္ဆုိရင္ မ်က္ေတာင္ေမႊးဘီး (lash comb) ကုိသုံးၿပီး ခြဲေပးႏုိင္ပါတယ္။ ေရစုိခံ Waterproof mascara ဆုိတာကေတာ့ မ်က္လုံးေတြေရစုိရင္ (ဒါမွမဟုတ္) ငုိတဲ့အခါမွာ mascara ေတြက မ်က္ႏွာေပၚမွာ စီးက်ၿပီး အေၾကာင္းမျဖစ္ေစတာကုိေျပာတာပါ။ မ်က္လုံးအေၾကာင္းကေတာ့ ဒီေလာက္ပဲေျပာခ်င္ ပါတယ္။ ဒါေၾကာင့္ ပါးစပ္အတြက္ မိတ္ကပ္အေၾကာင္းကုိေျပာၾကရေအာင္။


၃။ Mouth (ပါးစပ္)


မ်က္ႏွာကုိအလွဆီလိမ္းသလုိပဲ ႏွုတ္ခမ္းေတြကုိလည္း ႏႈတ္ခမ္းနီ (lipstick) ဒါမွမဟုတ္ ႏႈတ္ခမ္းအေရာင္တင္ဆီ (lip gloss) မဆုိးခင္ အလွဆီ လိမ္းတာေကာင္းတဲ့ စိတ္ကူးပါပဲ။ Lip balm (ႏႈတ္ခမ္းနီအဆီ) ကုိလည္း သုံးႏုိင္ပါတယ္။ (balm မွာပါတဲ့ ‘l’ သံကုိဆုိဖုိ႔မလုိပါ။) Lip balm ကေတာ့ ႏႈတ္ခမ္းေတြကုိ soften ေပ်ာ့ေပ်ာင္းေစတဲ့အျပင္ ႏႈတ္ခမ္းနီ (ဒါမွမဟုတ္) အေရာင္တင္ဆီ ေတြကုိ last longer ၾကာၾကာခံေစပါတယ္။ Lip balm ကေတာ့ အမ်ားအားျဖင့္ stick အတံအေနနဲ႔လာၿပီး သူ႕ကိုႏႈတ္ခမ္းေပၚ တုိက္ရုိက္ဆုိးလိုက္ရုံပဲ။ Lip balm ကုိ အေတာင့္ tube အေနနဲ႔လည္း ရႏုိင္ပါတယ္။ လက္ေခ်ာင္းေလးေပၚ ညႇစ္တင္ၿပီး ႏႈတ္ခမ္းကုိ ဆုိးႏုိင္ပါတယ္။


တကယ္လုိ႔ ႏႈတ္ခမ္းကုိအေရာင္ရင့္ရင့္မဆုိးခ်င္ရင္ေတာ့ tinted အေရာင္အေသြးနည္းနည္းေရာစပ္ထားတဲ့ lip balm ကုိလည္း ရရွိႏုိင္ပါတယ္။ ကၽြန္မကေတာ့ ႏႈတ္ခမ္းနီဆုိးရတာကုိမႀကဳိက္ဘူး။ ကၽြန္မရဲ႕ႏႈတ္ခမ္းေတြကေလးေနတယ္လုိ႔ ခံစားရၿပီး သြားေတြကုိ ႏႈတ္ခမ္းနီေပေတာ့မွာပဲဆုိတဲ့ ေၾကာက္စိတ္ကအၿမဲရွိေနပါတယ္။ ဒါေၾကာင့္ ကၽြန္မကေတာ့ lip gloss ႏႈတ္ခမ္းအေရာင္တင္ဆီကုိပဲ သုံးတယ္။


Lip gloss ထည့္တဲ့ ဘူးအမ်ဳိးမ်ဳိးရွိပါတယ္။ Lip gloss အေတာင့္ tube ကုိလည္း ရရွိႏုိင္ပါတယ္။ အေတာင့္ကို ညစ္ၿပီး အေရာင္တင္ဆီကုိ လက္ေခ်ာင္းေပၚတင္ၿပီး ဆုိးႏုိင္တဲ့အျပင္ စုတ္တံကုိပါ သုံးၿပီးဆုိးႏုိင္ပါတယ္။ ဘူးထဲမွ brush ေတြတစ္ခါ တည္းထည့္ထားတဲ့ lip gloss ေတြရွိပါတယ္။ ကၽြန္မကေတာ့ ဒီလုိ brush ေတြကုိ အၿပီးထည့္ထားၿပီး ေအာက္ေျခကုိ twist လွည့္လုိက္တဲ့အခါ lip gloss က come up အေပၚတက္လာၿပီး ဆုိးလုိ႔ရတာကုိ ပုိႀကိဳက္ပါတယ္။ Lip gloss က ရွင္တုိ႔ရဲ႕ ႏႈတ္ခမ္းေတြကုိ ေတာက္ေျပာင္ေစပါတယ္။ ဒါေပမဲ့ ႏႈတ္ခမ္းနီေလာက္အေရာင္မပါဘူး။ ႏႈတ္ခမ္းနီက အၿမဲပဲအေတာင့္ပုံစံနဲ႔လာၿပီး base ေအာက္ေျခကုိ လွည့္ေပး ျခင္းျဖင့္ ႏႈတ္ခမ္းနီေတာင့္ ကုိထုတ္ႏုိင္သြင္းႏုိင္ပါတယ္။


ထင္ရွားတဲ့ ႏႈတ္ခမ္းပုံစံလုိခ်င္ရင္ေတာ့ Lip liner ကုိသုံးၿပီး ႏႈတ္ခမ္းအနားေတြကုိ ပုံေဖာ္ႏုိင္ပါတယ္။ ႏႈတ္ခမ္းကုိ fuller ျပည့္ျပည့္ေလး (ဒါမွမဟုတ္) smaller ေသးေသးေလးလုိခ်င္တယ္ဆုိရင္လည္း ႏႈတ္ခမ္းပုံကုိေျပာင္းလုိ႔ရပါတယ္။ တခ်ဳိ႕လူေတြကေတာ့ ႏႈတ္ခမ္းကုိ lip pencil သုံးၿပီး colour အေရာင္ဆုိးရတာကုိ ႀကဳိက္ၾကပါတယ္။


အေခၚအေ၀ၚအားလံုးနဲ႔ ဒီေန႔အသုံးျပဳခ်င္တဲ့ ေ၀ါဟာရေတြနဲ႔ အေခၚအေ၀ၚေတြကုိ သုေတသနျပဳလုပ္ေနတုန္းက ကၽြန္မစကားလုံးအသစ္အဆန္းတစ္ခုကုိ သိခဲ့ရတယ္။ ႏႈတ္ခမ္းရဲ႕ အပိုင္းေတြမွာ နာမည္ရွိတယ္။ ရွင္တုိ႔ရဲ႕ ႏႈတ္ခမ္းထိပ္က အေတြးေလး ၂ ခု (double curve) ကုိ Cupid’s Bow (ျမႇားနတ္ေမာင္ရဲ႕ေလး) လုိ႔ေခၚတယ္။ ဘာေၾကာင့္လဲဆုိတာကေတာ့ ၾကည့္ရတာ ျမွားနဲ႔တူလုိ႔ ျဖစ္ႏုိင္ပါတယ္။


ကဲ ေကာင္းပါၿပီ။ ႏႈတ္ခမ္းေတြ အေၾကာင္းမ်ားမ်ားေျပာစရာမရွိပါ။ ဒါေၾကာင့္ ဒီေလာက္နဲ႔ပဲေတာ္ေလာက္ပါၿပီ။ အဲဒါေတြ ကေတာ့ ကၽြန္မဒီေန႔ရွင္တုိ႔ကုိ သင္ျပခ်င္တဲ့အေျခခံက်ၿပီး အသုံးမ်ားတဲ့ ေ၀ါဟာရေတြပဲ ျဖစ္ပါတယ္။

ဆရာမ Melanie ရဲ့ မူရင္းဝက္ဗ္ဆိုက္ www.englishteachermelanie.com/video-makeup-vocabulary မွာ ဗီဒီယိုတင္ထားလို႕ connection ေကာင္းသူမ်ားသြားေရာက္ေလ့လာႏိုင္ပါတယ္လို႕ ထပ္ျပီးေျပာခ်င္ပါတယ္။

Related articles:

အလွျပင္ျခင္းဆိုင္ရာ ေ၀ါဟာရမ်ား (အပိုင္း - ၁)
အလွျပင္ျခင္းဆိုင္ရာ ေ၀ါဟာရမ်ား (အပိုင္း - ၂)
အလွျပင္ျခင္းဆိုင္ရာ ေ၀ါဟာရမ်ား (အပိုင္း - ၃)
အလွျပင္ျခင္းဆိုင္ရာ ေ၀ါဟာရမ်ား (အပိုင္း - ၄)

LESSONS FROM OUR ARCHIVE

အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - http://www.myanmar-network.net/page/index-of-articles-and-english-lessons

[Unicode]

၂။ Eyes (မျက်လုံးများ)


ပထမဦးဆုံး မျက်လုံးရဲ့မတူညီတဲ့ အစိတ်အပိုင်းတွေကို သိအောင်လုပ်ကြစို့။


မျက်လုံးပေါ်မှာရှိတဲ့ အမွှေးတွေကတော့ မျက်ခုံးမွှေး (eyebrows) ပဲဖြစ်ပါတယ်။ အဲဒီမျက်ခုံးမွေးအောက်မှာ အရိုးတစ်ခုကို စမ်းမိနိုင်ပါတယ်။ အဲဒါကို brow bone မျက်ခုံးရိုးလို့ခေါ်ပါတယ်။ မျက်စိကို ဖုံးအုပ်တဲ့ အရေပြားကတော့  မျက်ခွံ (eyelid) ပဲဖြစ်ပါတယ်။ မျက်လုံးဖွင့်လိုက်တဲ့အခါ အထဲထဲကို ခေါက်ဝင်သွားတဲ့နေရာကိုတော့ မျက်ရစ် (crease) လို့ ခေါ်ပါတယ်။ မျက်စိရဲ့ အစပ်မှာ ပေါက်နေတဲ့ အမွေးတွေကတော့ eye lashes လို့ခေါ်တဲ့  မျက်တောင်မွှေးတွေဖြစ်ပါတယ်။ မျက်ခွံရဲ့အစပ်မျက်တောင်မွေးတွေရှိတဲ့နေရာကိုတော့ မျက်ခမ်းစပ် (lash line) လို့ခေါ်ပါတယ်။ မျက်လုံးရဲ့အတွင်းထောင့်ကတော့ မျက်ရည်အိတ် (tear duct) ဖြစ်ပါတယ်။ မျက်ဆန် (eyeball) နဲ့ အနီးဆုံးရှိနေတဲ့ မျက်လုံးရဲ့အစပ်ကိုတော့ waterline (ရေရိုး) လို့ ခေါ်ပါတယ်။


မျက်လုံးကို ပေါ်လွင်စေဖို့ဆိုရင် မျက်ခုံးမွေးတွေကို ရှင်းပေးပါ။ မျက်ခုံးမွေးတချို့ကို ဇာဂနာ (tweezers) နဲ့ နုတ်ပြီး မျက်ခုံးမွေးကို ပုံစံကောင်းကောင်းသွင်းပေးနိုင်ပါတယ်။ တကယ်လို့ ရှင်တို့မျက်ခုံးမွှေးဟာ ပါးပြီး  အရောင်ဖျော့ (light-coloured) နေရင် လိုင်နာ (eye liner) (ဒါမှမဟုတ်) မျက်ခုံးမွေးဆွဲတံ (brow pencil) (ဒါမှမဟုတ်) မျက်တောင်ချယ်ဆေး (mascara) ကို အသုံးပြုပြီး မျက်ခုံးမွှေးကို stronger ထူပြီး darker မည်းတဲ့ပုံဖြစ်အောင် ဖြည့်ပေးနိုင်ပါတယ်။


မျက်လုံးမိတ်ကပ်ကို မလိမ်းခင် မျက်လုံးအောက်ခံ (eye base) ကို လိမ်းတာက ကောင်းပါတယ်။ မျက်လုံးမိတ်ကပ်အောက်ခံက ရှေ့ကပြောခဲ့တဲ့ primer နဲ့ ဆင်ပါတယ်။ မျက်လုံးကို မိတ်ကပ်လိမ်းဖို့ ပြင်ဆင်ပေးသလို မိတ်ကပ်ကိုလည်း ကြာကြာခံစေပါတယ်။


အားလုံး ဒါကို ကြုံဖူးကြမှာပါ။ တစ်နေ့လုံး မျက်ခွံအရောင်ခြယ်ဆေး (eye shadow) တွေ လိမ်းထားခဲ့ပေမဲ့ မှန်ထဲ ကြည့်လိုက်တဲ့အခါ eye shadow တွေမရှိတော့ဘဲ မျက်ရစ်ထဲမှာ အလွန်ဆိုးဝါးတဲ့ အဆီကြောင်းကြီးပဲ ကျန်ခဲ့တာကို တွေ့ရတာလေ။ ဘယ်လိုမှ ကြည့်မကောင်းပါဘူး။ မျက်လုံး မိတ်ကပ်အောက်ခံက ဒါကို ကာကွယ်ပေးပါတယ်။


eye shadow အမျိုးမျိုးကို တွေ့ဖူးကြမှာပါ။ Eye shadow ခရင်မ်၊ eye shadow gel ၊ ဒါပေမဲ့ တကယ်တမ်း အများဆုံးသုံးတာကတော့ eye shadow ပေါင်ဒါပါပဲ။ Eye shadow ဘူးလေးတွေကို တစ်ခုချင်းဝယ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် complementary colours လိုက်ဖက်တဲ့ အရောင်တွေပါတဲ့ eye shadow palette အပြားလေးတစ်ချပ်ကိုလည်း ဝယ်လို့ရနိုင်ပါတယ်။ အပြားလေးတွေမှာ အများအားဖြင့် ရေမြှုပ်ပါတဲ့ brush (သို့) လိမ်းချယ်စရာတစ်ခုခုပါတတ်ပါတယ်။ Eye shadow ဘူးလေးတွေနဲ့ အပြားလေးတွေမှာ တကယ့်ကိုသေးငယ်တဲ့ လိမ်းချယ်စရာ ပစ္စည်း (applicator) လေးတွေ ပါပါတယ်။ ကျွန်မကတော့ သူတို့ကို သုံးရတာမကြိုက်တဲ့အတွက် eye shadow ကို brush စုတ်တံနဲ့ပဲသုံးပါတယ်။ ဒီအခါမျိုးမှာ မိတ်ကပ်နဲ့တကယ်ပဲ ပျော်ရွှင်မှုကို ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ eye shadow ရဲ့ ကွဲပြားတဲ့ အရောင်တွေနဲ့ အရောင်အသွေး ကို ရာနဲ့ချီပြီးဝယ်နိုင်လို့ပါပဲ။


မျက်လုံးများကို ပေါ်လွင်အောင် လုပ်နိုင်တဲ့အပြင် မျက်နှာရဲ့ကောက်ကြောင်းတွေကို အလေးထားလိမ်းချယ်ခဲ့သလို မျက်လုံးကိုလည်း အဲဒီအတိုင်းလုပ်နိုင်ပါတယ်။ ပေါ်လွင်အောင် highlight လုပ်မယ် ဆိုရင်တော့ eye shadow ရဲ့ဖျော့တော့တဲ့ အရောင် အသွေးကို ရွေးချယ်ပြီး မျက်ခုံးရဲ့ အောက်နားလေးတွင် လိမ်းချယ်ပါ။ ပိုရင့်တဲ့အရောင်သုံးပြီး မျက်လုံးအနားအစပ် တွေကို အလေးပေးလိမ်းချယ်နိုင်တဲ့အပြင် မျက်လုံးပုံစံပါပြောင်းလို့ရပါတယ်။ အဲဒီအခါကျရင်တော့ eye shadow ကို မျက်ရစ်နှင့် အပြင်ထောင့်တို့တွင် လိမ်းချယ်ရပါမယ်။


နောက်ထပ်အသုံးပြုနိုင်တဲ့ မိတ်ကပ်ပစ္စည်းကောင်းတစ်ခုကတော့ eyeliner  ပဲဖြစ်ပါတယ်။ Eyeliner ကတော့ မျက်လုံးများကို ပြတ်ပြတ်သားသားနဲ့ ပေါ်လွင်စေပါတယ်။ မိတ်ကပ်အကြောင်းပြောတဲ့အခါ definition နဲ့ define ဆိုတဲ့စကားလုံးတွေကို အများကြီးသုံးပါတယ်။ အဓိပ္ပါယ်ကတော့ တစ်စုံတစ်ခုကိုပိုပြီး ထင်ရှားပြတ်သားစွာမြင်နိုင်အောင် တစ်ခုခုလုပ်ပေးခြင်းလို့ပဲဖြစ်ပါတယ်။ မျက်လုံးကို shape ပုံဖော်ပေးလို့လည်းရပါတယ်။ ဒီနေရာမှ eyeliner ဝင်လာပါတယ်။ မြင်ဖူးနေကြ eyeliner ခဲတံပဲပေါ့။ pencil eyeliner ခဲတံသုံးတဲ့အတွက် ချွန်စက် (pencil sharpener) လည်းလိုမှာပါ။ အထူးသဖြင့် ရှင်တို့အနေနဲ့ ပါးပြီး ထင်ရှားပြတ်သားတဲ့ မျဉ်းဆွဲချင်ရင်ပေါ့။ Eyeliner အရည်လည်းဝယ်လို့ရပါတယ်။ Eye shadow ကိုတောင်မှ eyeliner အဖြစ် သုံးလို့ရပါတယ်။ သေးသွယ်ပြီး စောင်းပါတဲ့ စုတ်တံတစ်ခုကိုယူပါ ပြီးတော့ပေါင်ဒါကိုသုံးပြီး မျက်လုံးကို line အနားသတ်ပေးပါ။Eyeliner ကို သုံးပြီး အများကြီးလုပ်နိုင်ပါတယ်။ သေးသွယ်ပြီးထင်ရှားတဲ့ မျဉ်းကိုဆွဲတာ၊ လက်ချောင်း၊ စုတ်တံ (ဒါမှမဟုတ်) eye shadow palette မှာပါတဲ့ applicator ပစ္စည်းသေးသေးလေးကိုသုံးပြီး smudge စွန်းသလို ပျံ့သလိုလုပ်ပြီး ထူးခြား ထင်ရှားအောင်လုပ်နိုင်ပါတယ်။ Tightlining လို့ခေါ်တဲ့ eyelining ပုံစံသစ်တစ်မျိုးရှိပါတယ်။ အဲဒါကတော့ eyeliner ကို မျက်တောင်မွေးတွေအပေါ် တိုက်ရိုက်တင်လိုက်ရတယ်။ ဒီလိုလုပ်တဲ့အတွက် liner တွေက မျက်တောင်မွေးကြားက gap နေရာတွေကို ပြည့်သွား ပါတယ်။ တကယ်ပဲ မျက်တောင်မွေးတွေကို ထင်ရှားပေါ်လွင်စေပါတယ်။


Mascara (မျက်တောင်ချယ်ဆေး)


မျက်တောင်တွေကို mascara ချယ်နိုင်ပါတယ်။ ဒါပေမဲ့ ပထမဦးဆုံးကတော့ မျက်တောင်တွေကို eyelash curler လို့ခေါ်တဲ့ မျက်တောင်ကော့ကိရိယာနဲ့ မျက်တောင်တွေကို ကော့အောင်လုပ်ပေးရပါမယ်။ ကျွန်မကတော့ အများအားဖြင့် အပေါ်မျက်တောင်မွေး (top lashes) ကိုပဲ ကော့ရတာကိုကြိုက်ပါတယ်။ Mascara နဲ့အတူ brush လေးလည်း တွဲပါလာ တတ်ပါတယ်။ ဖြောင့်တန်းနေတဲ့ straight brush အပြင် ကွေးနေတဲ့ curved brush လဲ ဝယ်လို့ရပါတယ်။ အဲဒီ brush ကိုသုံးပြီး မျက်တောင်မွေးတွေကို mascara သုတ်လိမ်းနိုင်ပါတယ်။ တကယ့်ကို မည်းနက်တဲ့ပုံစံလိုချင်ရင်တော့ mascara တစ်ထပ်လိမ်းပြီး အခြောက်ခံပါ ပြီးမှ နောက်တစ်ထပ် (second coat) ထပ်လိမ်းပါ။ အကယ်၍ မျက်တောင်တွေက အရမ်းကို thin ကျဲပြီးပါးနေရင် fake eyelashes မျက်တောင်အတုကို ဝယ်ပြီး eyelid မျက်ခွံမှာ ကပ်လို့ရပါ တယ်။


Mascara က မျက်တောင်တွေပိုပြီး ထုထည် (volume) ရှိပုံ၊ ပိုပြီး ပြည့်ပုံပေါက်အောင် လုပ်ပေးနိုင်တယ်လို့ ပြောကြတဲ့ကြော်ငြာတွေကို မကြာခဏတွေ့ကြမှာပါ။ သူတို့ ပြောချင်တာကတော့ mascara က မျက်တောင်တွေကို ပိုရှည်၊ ပိုနက် (ဒါမှမဟုတ်) ပိုထူပုံပေါက်အောင် လုပ်ပေးတယ် ဆိုတာပါပဲ။ Mascara က မျက်တောင်မွှေးတွေကို ကပ်နေစေမယ် (ဒါမှမဟုတ်) စုခဲနေစေမယ်ဆိုရင် မျက်တောင်မွှေးဘီး (lash comb) ကိုသုံးပြီး ခွဲပေးနိုင်ပါတယ်။ ရေစိုခံ Waterproof mascara ဆိုတာကတော့ မျက်လုံးတွေရေစိုရင် (ဒါမှမဟုတ်) ငိုတဲ့အခါမှာ mascara တွေက မျက်နှာပေါ်မှာ စီးကျပြီး အကြောင်းမဖြစ်စေတာကိုပြောတာပါ။ မျက်လုံးအကြောင်းကတော့ ဒီလောက်ပဲပြောချင် ပါတယ်။ ဒါကြောင့် ပါးစပ်အတွက် မိတ်ကပ်အကြောင်းကိုပြောကြရအောင်။


၃။ Mouth (ပါးစပ်)


မျက်နှာကိုအလှဆီလိမ်းသလိုပဲ နှုတ်ခမ်းတွေကိုလည်း နှုတ်ခမ်းနီ (lipstick) ဒါမှမဟုတ် နှုတ်ခမ်းအရောင်တင်ဆီ (lip gloss) မဆိုးခင် အလှဆီ လိမ်းတာကောင်းတဲ့ စိတ်ကူးပါပဲ။ Lip balm (နှုတ်ခမ်းနီအဆီ) ကိုလည်း သုံးနိုင်ပါတယ်။ (balm မှာပါတဲ့ ‘l’ သံကိုဆိုဖို့မလိုပါ။) Lip balm ကတော့ နှုတ်ခမ်းတွေကို soften ပျော့ပျောင်းစေတဲ့အပြင် နှုတ်ခမ်းနီ (ဒါမှမဟုတ်) အရောင်တင်ဆီ တွေကို last longer ကြာကြာခံစေပါတယ်။ Lip balm ကတော့ အများအားဖြင့် stick အတံအနေနဲ့လာပြီး သူ့ကိုနှုတ်ခမ်းပေါ် တိုက်ရိုက်ဆိုးလိုက်ရုံပဲ။ Lip balm ကို အတောင့် tube အနေနဲ့လည်း ရနိုင်ပါတယ်။ လက်ချောင်းလေးပေါ် ညှစ်တင်ပြီး နှုတ်ခမ်းကို ဆိုးနိုင်ပါတယ်။


တကယ်လို့ နှုတ်ခမ်းကိုအရောင်ရင့်ရင့်မဆိုးချင်ရင်တော့ tinted အရောင်အသွေးနည်းနည်းရောစပ်ထားတဲ့ lip balm ကိုလည်း ရရှိနိုင်ပါတယ်။ ကျွန်မကတော့ နှုတ်ခမ်းနီဆိုးရတာကိုမကြိုက်ဘူး။ ကျွန်မရဲ့နှုတ်ခမ်းတွေကလေးနေတယ်လို့ ခံစားရပြီး သွားတွေကို နှုတ်ခမ်းနီပေတော့မှာပဲဆိုတဲ့ ကြောက်စိတ်ကအမြဲရှိနေပါတယ်။ ဒါကြောင့် ကျွန်မကတော့ lip gloss နှုတ်ခမ်းအရောင်တင်ဆီကိုပဲ သုံးတယ်။


Lip gloss ထည့်တဲ့ ဘူးအမျိုးမျိုးရှိပါတယ်။ Lip gloss အတောင့် tube ကိုလည်း ရရှိနိုင်ပါတယ်။ အတောင့်ကို ညစ်ပြီး အရောင်တင်ဆီကို လက်ချောင်းပေါ်တင်ပြီး ဆိုးနိုင်တဲ့အပြင် စုတ်တံကိုပါ သုံးပြီးဆိုးနိုင်ပါတယ်။ ဘူးထဲမှ brush တွေတစ်ခါ တည်းထည့်ထားတဲ့ lip gloss တွေရှိပါတယ်။ ကျွန်မကတော့ ဒီလို brush တွေကို အပြီးထည့်ထားပြီး အောက်ခြေကို twist လှည့်လိုက်တဲ့အခါ lip gloss က come up အပေါ်တက်လာပြီး ဆိုးလို့ရတာကို ပိုကြိုက်ပါတယ်။ Lip gloss က ရှင်တို့ရဲ့ နှုတ်ခမ်းတွေကို တောက်ပြောင်စေပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းနီလောက်အရောင်မပါဘူး။ နှုတ်ခမ်းနီက အမြဲပဲအတောင့်ပုံစံနဲ့လာပြီး base အောက်ခြေကို လှည့်ပေး ခြင်းဖြင့် နှုတ်ခမ်းနီတောင့် ကိုထုတ်နိုင်သွင်းနိုင်ပါတယ်။


ထင်ရှားတဲ့ နှုတ်ခမ်းပုံစံလိုချင်ရင်တော့ Lip liner ကိုသုံးပြီး နှုတ်ခမ်းအနားတွေကို ပုံဖော်နိုင်ပါတယ်။ နှုတ်ခမ်းကို fuller ပြည့်ပြည့်လေး (ဒါမှမဟုတ်) smaller သေးသေးလေးလိုချင်တယ်ဆိုရင်လည်း နှုတ်ခမ်းပုံကိုပြောင်းလို့ရပါတယ်။ တချို့လူတွေကတော့ နှုတ်ခမ်းကို lip pencil သုံးပြီး colour အရောင်ဆိုးရတာကို ကြိုက်ကြပါတယ်။


အခေါ်အဝေါ်အားလုံးနဲ့ ဒီနေ့အသုံးပြုချင်တဲ့ ဝေါဟာရတွေနဲ့ အခေါ်အဝေါ်တွေကို သုတေသနပြုလုပ်နေတုန်းက ကျွန်မစကားလုံးအသစ်အဆန်းတစ်ခုကို သိခဲ့ရတယ်။ နှုတ်ခမ်းရဲ့ အပိုင်းတွေမှာ နာမည်ရှိတယ်။ ရှင်တို့ရဲ့ နှုတ်ခမ်းထိပ်က အတွေးလေး ၂ ခု (double curve) ကို Cupid’s Bow (မြှားနတ်မောင်ရဲ့လေး) လို့ခေါ်တယ်။ ဘာကြောင့်လဲဆိုတာကတော့ ကြည့်ရတာ မြှားနဲ့တူလို့ ဖြစ်နိုင်ပါတယ်။


ကဲ ကောင်းပါပြီ။ နှုတ်ခမ်းတွေ အကြောင်းများများပြောစရာမရှိပါ။ ဒါကြောင့် ဒီလောက်နဲ့ပဲတော်လောက်ပါပြီ။ အဲဒါတွေ ကတော့ ကျွန်မဒီနေ့ရှင်တို့ကို သင်ပြချင်တဲ့အခြေခံကျပြီး အသုံးများတဲ့ ဝေါဟာရတွေပဲ ဖြစ်ပါတယ်။


ဆရာမ Melanie ရဲ့ မူရင်းဝက်ဗ်ဆိုက် www.englishteachermelanie.com/video-makeup-vocabulary မှာ ဗီဒီယိုတင်ထားလို့ connection ကောင်းသူများသွားရောက်လေ့လာနိုင်ပါတယ်လို့ ထပ်ပြီးပြောချင်ပါတယ်။


Related articles:

အလှပြင်ခြင်းဆိုင်ရာ ဝေါဟာရများ (အပိုင်း - ၁)
အလှပြင်ခြင်းဆိုင်ရာ ဝေါဟာရများ (အပိုင်း - ၂)
အလှပြင်ခြင်းဆိုင်ရာ ဝေါဟာရများ (အပိုင်း - ၃)
အလှပြင်ခြင်းဆိုင်ရာ ဝေါဟာရများ (အပိုင်း - ၄)


LESSONS FROM OUR ARCHIVE

နေ့စဉ်အသုံးပြုနိုင်သည့် "Head" ဟူသော စကားလုံးပါ အီဒီယမ် (၁၂) မျိုး
Survey စစ်တမ်းကောက်ယူရာတွင် မေးခွန်းကောင်းများ ရေးပုံရေးနည်း
စကားလုံးတွေသူ့အလုပ်သူလုပ်ပါစေ


အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-l...


Myanmar Network အသင္းဝင္ထားျခင္းျဖင့္ ရရွိမည့္ အက်ိဳးေက်းဇူးမ်ား ]

- အဂၤလိပ္စာသင္ခန္းစာႏွင့္ အလုပ္ေခၚစာအသစ္မ်ား၊ UK စာေမးပြဲ သတင္းမ်ား ႏွင့္ အဂၤလိပ္စာသင္တန္း သတင္းမ်ားကို အသင္းဝင္မ်ားထံသာလွ်င္ e-mail ျဖင့္ အေၾကာင္းၾကားေပးမွာ ျဖစ္ပါသည္။
- ျဗိတိသွ်ေကာင္စီမွ ၾကီးမႉးက်င္းပေသာ ပြဲမ်ားကို အသင္းဝင္မ်ားသာ ၾကိဳတင္သိရွိျပီး အသင္းဝင္မဟုတ္သူမ်ားထက္ေစာ၍ စာရင္းေပးသြင္းႏိုင္ပါသည္။
- Myanmar Network ဝက္ဆိုက္ဒ္တြင္ အသင္းဝင္မ်ားသာလွ်င္ like ႏွင့္ comment ေပးႏိုင္မည္ျဖစ္သည္။
- စကားဝိုင္းမ်ား (Forum မ်ားတြင္)ႏွင့္ အလုပ္ေခၚစာမ်ားကိုလည္း ကိုယ္တိုင္ဝင္ေရာက္ေရးသားႏိုင္ပါသည္။
- အသင္းဝင္မ်ားတြင္ ကိုယ္ပိုင္ Profile Page ရွိမည္ျဖစ္ျပီး မိမိ၏ ဓာတ္ပံု၊ မိမိကိုယ္တိုင္႐ိုက္ထားေသာ ဓာတ္ပံုမ်ားႏွင့္ ဗီဒီယိုမ်ားလည္း တင္ႏိုင္မည္ ျဖစ္သည္။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 2312

Reply to This

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service