Engagement (E-N-G-A-G-E-M-E-N-T)
Encourage
သင့်ရဲ့teamအနေနဲ့ ကြီးမားတဲ့ပံပိုးမှုတွေ၊ ထောက်ပံ့မှုတွေရှိတယ်လို့ ခံစားရပါစေ။ အလုပ်တွေကိုလည်း ပိုပြီးတော့ ကြိုးစာလုပ်ကိုင်လာအောင် ပံ့ပိုးမှုတွေပေးပါ။ သင့်ဝန်ထမ်းတွေ လုပ်နိုင်မယ်ဆိုတာ ယုံကြည်ကြောင်း သင့်ဝန်ထမ်းတွေကို ပြသပါ။
Network
ဆက်သွယ်မှု အမြဲပြုလုပ်ပါ။ သင့်လိုပဲ တစ်ခြား မန်နေဂျာတွေနဲ့ တွေ့ဆုံမှုပြုပါ။ အဲဒီလို တွေ့ဆုံခြင်းဖြင့် အကြံဥာဏ်သစ်တွေ ရနိုင်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သင်နဲ့လုပ်ငန်းတူတဲ့ အဖွဲ့အစည်း (သို့မဟုတ်) HR Associaton တစ်ခုကို joinထားခြင်းအားဖြင့် သင့်ကို လေ့လာနိုင်ဖို့အခွင့်အလမ်းနဲ့ သင့်ရဲ့networkကို ဖြန့်ကျက်နိုင်မယ့် အခွင့်အလမ်းတွေကို ရရှိစေမှာပါ။
Goal
သင်ကိုယ်တိုင်နဲ့ သင့်ရဲ့teamအတွက် ရှင်းလင်းပြီးတိုင်းတာလို့ရနိုင်တဲ့ ပန်းတိုင်တွေချမှတ်ပါ။ သင့်ဝန်ထမ်းတွေကိုလည်း သင်ချမှတ်လိုက်တဲ့ ပန်းတိုင်ဟာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပန်းတိုင်နဲ့ ဘယ်လိုမျိုး ချိတ်ဆက်နေသလဲဆိုတာ သိနားလည်အောင်ရှင်းပြပါ။
Acknowledge
အောင်မြင်မှုတွေကို အသိအမှတ်ပြုပါ။ အဲလိုမျိုးပြုလုပ်ပေးခြင်းဟာ သင့်ဝန်ထမ်းတွေကို သင့်အနေနဲ့ အရမ်းကို တန်းဖိုရှိတဲ့ အရာကို လက်ဆောင်ပေးတာနဲ့ အတူတူပါပဲ။
Gratitude
ကျေးဇူးတင်ကြောင်းပြောပါ။ သေးငယ်လှတဲ့ စကားလုံးဖြစ်ပေမယ့် ဆက်သွယ်ရေးမှာ အရမ်းကို တာသွားစေတဲ့ စကားလုံးဖြစ်ပါတယ်။
Evaluate
အလုပ်တာဝန်ပြီးမြောက်ဖို့နဲ့ ဘယ်လောက်အထိ ပြီးမြောက်သွားပြီဆိုတာကို တိုင်းတာမှုပြုလုပ်ပါ။ တိုင်းတာမှုမပြုလုပ်ဘဲ ကိုယ့်ရဲ့ရည်ရွယ်ချက်အပေါ် ဘယ်လောက်အထိ ခရီးရောက်နေသလဲဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။
Mentor
သင်သိထားသမျှတွေကို ပြန်လည်မျှဝေပါ။ သင့်ရဲ့ တောက်ပလာမဲ့ ၀န်ထမ်းတွေအတွက် အနီးကပ်လမ်းညွှန်မှုတွေ ပေးလိုက်ပါ။

Ethical
သင့်သိရှိထားတဲ့၊ စံထားပြီးတော့ လိုက်နာရမယ့် ကိုယ်ကျင့်တရားတွေကို လိုက်နာကျင့်ကြံပါ။
Negotiate
ပူးပေါင်းညှိနှိုင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကို ပြုစုပြိုးထောင်ပါ။
Teach
တစ်ခြားသူတွေကို တာဝန်ဝတ္တရားအသစ်တွေကို လုပ်ဆောင်လာနိုင်အောင် ကူညီသင်ကြားပြသပေးပါ။
သီဟ (ရန်ကုန်ကွှန်ပျူတာတက္ကသိုလ်)
Reference: Ten Tips for Managers by Jean Douglas

Views: 48

Attachments:

Reply to This

Featured Discussions

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service