ရည္မွန္းခ်က္မ်ား စီမံခန္ ့ခြဲျခင္း

[Zawgyi]

ကြန္ေတာ္တို ့လူငယ္အားလံုးမွာ ရည္မွန္းခ်က္ကိုယ္စီရွိၾကပါတယ္။ တစ္ေန ့ၾကရင္ဘာၾကီးျဖစ္ရမယ္ေပါ့ဗ်ာ။ ဒါေပမယ့္ခိုင္မာတဲ့ရည္ရြယ္ခ်က္ေတြေတာ့မဟုတ္ၾကပါဘူး။ ကၽြန္ေတာ္တို ့ဟာ အသက္ၾကီးလာေလေလ ရည္ရြယ္ခ်က္ေတြမ်ားျပားရႈပ္ေထြးလာေလျဖစ္ပါတယ္။ လူငယ္ေတာ္ေတာ္မ်ားမ်ားဟာ ရည္ရြယ္ခ်က္တစ္ခုကိုခ်မွတ္ပါဆိုရင္ ေငြအေျမာက္အမ်ားရနိုင္တဲ့ အလုပ္တစ္ခုရနိုင္တဲ့ပညာရပ္တစ္ခုကိုပဲ ရည္ရြယ္ခ်က္အျဖစ္ထားရွိၾကတာေတြ ့ရပါတယ္။ တကယ္တမ္း၀ါသနာပါသလားဆိုေတာ့လဲ မပါပါဘူး။


ကၽြန္ေတာ္တို ့ဒီကမာၻေပၚကဘယ္ပညာရပ္မဆုိ အသံုးမ၀င္တာမရွိပါဘူး။ သင္ဟာ ပညာရပ္တစ္ခုကို စီးပြါးေရးအတြက္ပဲေရြးခ်ယ္ခ်င္တာလား၊ ကိုယ္တကယ္၀ါသနာပါတဲ့ပညာရပ္ကိုပဲ ေရြးခ်ယ္ခ်င္တာလား ဆိုတာ မိမိကိုယ္ကို ျပန္ေမးဖို ့လိုအပ္ပါတယ္။ လူငယ္ေတာ္ေတာ္မ်ားမ်ားမွာ လူမွန္းသိတတ္စအရြယ္ကတည္းက ရည္ရြယ္ခ်က္ကိုယ္စီရွိၾကပါတယ္။ အခ်ိဳ ့လူငယ္ေလးေတြက ဆရာ၀န္ျဖစ္ခ်င္တယ္၊ အင္ဂ်င္နီယာျဖစ္ခ်င္တယ္ စသျဖင့္ေပါ့။ ဒါေပမယ့္လဲအေၾကာင္းေၾကာင္းေၾကာင့္ မိမိပန္းတိုင္ေတြနဲ ့လြဲခဲ ့ရတာေတြလဲရွိပါတယ္။ ဒါေပမယ့္ လူတိုင္းမွာ အစားထိုးပန္းတိုင္ဆိုတာရွိပါတယ္။ ဆရာေအာင္သင္းေျပာသလို ပါပဲ “မင္းဟာ အသံမေကာင္းလို ့အဆိုေတာ္တစ္ေယာက္ မျဖစ္နိုင္ေပမယ့္… အေကာင္းဆံုး ေတးေရးဆရာေတာ့ျဖစ္နိုင္ပါတယ္” ။ ဥပမာေျပာရလွ်င္ ဆရာ၀န္အရမ္းျဖစ္ခ်င္တဲ့လူငယ္ေလးတစ္ေယာက္ဟာ အေၾကာင္းေၾကာင္းေၾကာင့္ ဆယ္တန္းမွာ အမွတ္ မမွီခဲ့ရင္ေတာင္ သူ ့ရဲ ့စစ္မွန္တဲ့ရည္ရြယ္ခ်က္က လူ ့အသက္ကိုကယ္ဖို ့ျဖစ္တဲ့အတြက္ ခႏၶာေဗဒနဲ ့ပတ္သက္တဲ့ ဘာသာရပ္ကိုျဖစ္ျဖစ္ ဒါမွမဟုတ္ သူနာျပဳတကၠသိုလ္ကိုျဖစ္ျဖစ္ေလွ်ာက္ထားျပီး ပညာရွင္ျဖစ္သည္အထိၾကိဳးစားနိုင္ပါတယ္။


ရည္မွန္းခ်က္ကိုခ်မွတ္ရာမွာ ကိုယ္တကယ္စိတ္ပါ၀င္စားရာကိုသာ ခ်မွတ္သင့္ပါတယ္။ သင္ဘာကို ရည္မွန္းခ်က္ထားရမလဲဆိုတာမသိျဖစ္ေနပါသလား? ဒါဆို သင္စာမ်ားမ်ားဖတ္ေပးပါ။ စာဖတ္ရာမွာလဲ နယ္ပယ္စံုေအာင္ဖတ္ေပးပါ။ စာေတြမ်ားမ်ားဖတ္လာတဲ့ အခါ သင္တကယ္စိတ္္၀င္စားတဲ့ အေၾကာင္းအရာနယ္ပယ္ ကို သင္ကိုယ္တိုင္မသိလိုက္ပဲ ေရာက္သြားပါလိမ့္မယ္။ အခ်ိန္ၾကာလာတဲ့ အခါ သင္ကိုယ္တိုင္ ဘာကိုစိတ္ပါ၀င္စားတယ္ဆိုတာ သိလာပါလိမ့္မယ္။ အခ်ိဳ ့လူငယ္ေတြက သူတို ့စိတ္ပါ၀င္စားတဲ့ နယ္ပယ္က မခ်မ္းသာနိုင္တဲ့အတြက္ မိမိ စိတ္ပါ၀င္စားတဲ့အရာကို စြန္ ့လႊတ္ျပီး ေငြေနာက္ကိုလိုက္မိတတ္ၾကပါတယ္။ ဒီလိုလုပ္လိုက္တဲ့အတြက္ ေနာက္ပိုင္းမွာ စိတ္ပါ၀င္စားသြားရင္ ဘာမွမျဖစ္ေသာ္လည္း စိတ္ပါ၀င္စားမႈမရွိရင္ေတာ ့ ရည္မွန္းခ်က္ေပ်ာက္ျပီး ဘ၀ဟာ အဓိပၸါယ္မရွိသလို ျဖစ္သြားနိုင္ပါတယ္။ ဘယ္ပညာရပ္နယ္္ပယ္မဆုိ မခ်မ္းသာနိုင္တာ မရွိပါဘူး။ ဒါေပမယ့္ အကန္ ့အသတ္ တစ္ခုေတာ့ရွိပါတယ္။ အဲဒါကေတာ့ သင္ဟာ လက္ရွိသင္စိတ္ပါ၀င္စားတဲ့ ပညာရပ္နယ္ပယ္နဲ ့လုပ္ကိုင္ရင္းအမွန္တကယ္ ခ်မ္းသာခ်င္တယ္ဆိုရင္ေတာ့ သင္ကိုယ္တိုင္ သင့္ပညာရပ္ နယ္ပယ္မွာ အထူးကၽြမ္းက်င္ဖို ့(ပရိုျဖစ္ဖို ့) လိုအပ္ပါတယ္။ သင္ဒီပညာရပ္ကို ေလ့လာလိုက္စား အသံုးခ်ရင္းနဲ ့ သင္မေအာင္ျမင္ေသးဘူးလား? မခ်မ္းသာေသးဘူးလား? ေသခ်ာပါတယ္။ ဒါဆိုသင္ ဒီပညာရပ္နဲ ့ပတ္သတ္ျပီး သင့္မွာအရည္အခ်င္းမျပည့္မွီေသးလို ့ျဖစ္ပါတယ္။ ေနာက္ထပ္တစ္ခုကေတာ့ သင္က အခု ဒီပညာရပ္တစ္ခုကို ဆင္းဆင္းရဲရဲ ေလ့လာေနရခ်ိန္မွာ သင့္သူငယ္ခ်င္းက အျခားပညာရပ္တစ္ခုနဲ ့ ခ်မ္းသာေနပါသလား? သင္အားက်လို ့ရပါတယ္။ ဒါေပမယ္ ့ရည္ရြယ္ခ်က္ကိုေတာ့ေျပာင္းပစ္စရာမလိုပါဘူး။ သူတကယ္ေအာင္ျမင္ေနတယ္ဆိုတာကလဲ သင့္သူငယ္ခ်င္းက သူ ့ပညာရပ္နယ္ပယ္မွာ တစ္ဖက္ကမ္းခပ္ေအာင္ ကၽြမ္းက်င္ေနလို ့လဲျဖစ္ေကာင္းျဖစ္နိုင္သလို ကံေကာင္းေနတာလဲျဖစ္နိုင္ပါတယ္။


ရည္မွန္းခ်က္ေရြးခ်ယ္တဲ့ ေနရာမွာ ထားရမယ့္ စိတ္ေနသေဘာထားေလးတစ္ခုေတာ့ရွိပါတယ္။ သင္ဟာ ရည္မွန္းခ်က္တစ္ခုကို ခ်မွတ္ျပီးျပီဆိုရင္ အဲ့ရည္မွန္းခ်က္ေၾကာင့္ သင္အေနဆင္းရဲ အစားဆင္းရဲျဖစ္ခ်င္ျဖစ္မယ္၊ သူမ်ားေတြ ၀တ္စားသလို ၀တ္စားခ်င္မွ၀တ္စားနိုင္မယ္။ ဒါေပမယ့္ အဲ့ဒီ ဒဏ္ကို ခံမယ္၊ အဲဒီဒုကၡေတြကို  ရေအာင္ ေက်ာ္ျဖတ္မယ္ ဆိုတဲ့စိတ္ဓါတ္မ်ိဳး သင့္မွာရွိရပါမယ္။ သင့္သူငယ္ခ်င္းေတြက အျခားပညာရပ္တစ္ခုနဲ ့ေအာင္ျမင္ေနခ်ိန္မွာ သင့္စိတ္ထဲမွာျဖစ္လာမယ့္ “ငါ့ ၀ါသနာၾကီးက မွားမ်ားမွားေနျပီလား? ငါလမ္းမွားေရာက္ေနျပီလား? ငါေလ့လာလိုက္စားေနတဲ့ပညာရပ္က သူတုိ ့ေလ့လာေနတဲ့ပညာေလာက္ေရာ အသံုး၀င္ရဲ ့လား?”  ဆိုတဲ့အေတြးမ်ိဳးေတြကို “ငါဘာလို ့မေအာင္ျမင္ရမွာလဲ? ငါေလ့လာေနတဲ့ ပညာရပ္ေတြက သူ တို ့ထက္ခက္လို ့ေနမွာေပါ့။ ငါ့ပညာနဲ ့ပတ္သက္ျပီး ငါဘာေတြထပ္ေလ့လာရဦးမလဲ? အခြင့္အလမ္းေကာင္းေတြကို ဘယ္လို ရွာရမလဲ?” အဲဒီလိုအေတြးမ်ိဳးနဲ ့အစားထိုးပစ္ရမွာျဖစ္ပါတယ္။ ဒီလိုေတြးနိုင္ဖို ့ဆိုတာကလဲ သင္တကယ္၀ါသနာပါတဲ့ ပညာရယ္နယ္ပယ္ကို ရည္မွန္းခ်က္အျဖစ္ေရြးခ်ယ္ခဲ့ဖို ့လိုအပ္ပါတယ္။ မိမိရည္မွန္းခ်က္ကို ေရြးခ်ယ္ျပီးျပီဆိုရင္လဲ အလြယ္တကူ လက္မေလ်ာ ့သင့္ပါဘူး။ အတိုင္းအတာတစ္ခုအထိ ၾကိဳးစားၾကည့္သင့္ပါတယ္။ လူတိုင္းကေတာ့ အသက္ၾကီးလာတာနဲ ့အမွ် ပိုေကာင္းတဲ့ရည္ရြယ္ခ်က္ေတြကို ေျပာင္းသြားနိုင္ပါတယ္။ ဘယ္ပညာရပ္မဆို အခက္အခဲကေတာ့ရွိနိုင္္ပါတယ္။ အလြယ္တကူ အေလွ်ာ့မေပးဖို ့ေတာ ့လိုအပ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ ၀ီရိယဆိုတဲ့အရာကို “မိမိရည္မွန္းခ်က္ပန္းတိုင္အား ေဆြမ်ိဳးသားခ်င္းေၾကာင့္ေသာ္လည္းေကာင္း၊ မိဘေၾကာင့္ေသာ္လည္းေကာင္း၊ ခ်စ္သူေၾကာင့္ေသာ္လည္းေကာင္း၊ မည့္သည့္အေၾကာင္းေၾကာင္းနဲ ့မွ လက္လႊတ္အဆံုး အရႈံး မခံတဲ ့ သတၱိ” လို ့အဓိပၸါယ္ဖြင့္ပါတယ္။


ရည္မွန္းခ်က္တစ္ခုကိုအတိအက်ခ်မွတ္ျပီးျပီဆိုရင္ေတာ့ ဒီရည္မွန္းခ်က္နဲ ့ပတ္သက္တာကိုပဲ အာရံုစိုက္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မုန္ ့ဆိုင္ေတြမွာ မုန္ ့ေတြအမ်ားၾကီးတင္ထားသလိုပါပဲ။ စားသံုးသူဟာ မုန္ ့ေတြမ်ားၾကီးေတြ ့တဲ ့အခါ ဟိုဟာလဲစားခ်င္ သည္ဟာလဲစားခ်င္ျဖစ္ျပီး ေနာက္ဆံုးဘယ္ဟာမွ မစားနိုင္ေတာ့သလိုျဖစ္သြားနိုင္ပါတယ္။ ဒါေၾကာင့္ မ်ားမ်ားသိတာ အခ်ိဳ ့ေနရာေတြမွာေကာင္းသလို အခ်ိဳ ့ေနရာေတြမွာလဲ မေကာင္းနိုင္ပါဘူး။


သင္ဟာ သင့္ရည္မွန္္းခ်က္ကို ယခုေလာေလာဆယ္ရွာမေတြ ့ေသးဘူးဆိုရင္ေတာ့ အဂၤလိပ္စာကို ကၽြမ္းက်င္ေအာင္လုပ္ထားသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္ေနာက္ပိုင္းေလ့လာမယ့္ ဘယ္ဘာသာရပ္မဆို အဂၤလိပ္လိုေလ့လာရမွာျဖစ္တဲ ့အတြက္ သင့္အတြက္ အက်ိဳးမယုတ္ပါဘူး။ ေနာက္ထပ္အေရးၾကီးတာတစ္ခုကေတာ့ သင့္မွာ ယခု တကၠသိုလ္လည္းတက္ေနတယ္ ရည္ရြယ္ခ်က္လဲမရွိျဖစ္ေနတယ္ဆိုလွ်င္ ေရွးဦးစြာ အနီးစပ္ဆံုးျဖစ္တဲ ့ သင္ သင္ယူေနရတဲ့ ဘာသာရပ္နဲ ့ပတ္သက္ျပီး အရင္ေလ့လာၾကည့္ပါ။ သင့္ဘာသာရပ္ အေၾကာင္းကို ေလ့လာေလေလ ဒီဘာသာရပ္အၾကာင္းကို ပိုသိလာေလေလ။ ဒီဘာသာရပ္အေၾကာင္းကို သင္သိလာေလေလ ဒီဘာသာရပ္ကို တျဖည္းျဖည္းစိတ္၀င္စားလာေလေလ။ ဒီ ဘာသာရပ္ကို ပိုျပီးစိတ္၀င္စားလာေလေလ ပိုေလ့လာျဖစ္ေလေလ။ ေနာက္ဆံုးမွာေတာ့ သင္ဟာ ဒီဘာသာရပ္မွာ အေတာ္ဆံုး ပုဂၢိဳလ္တစ္ေယာက္ျဖစ္သြားနိုင္ပါတယ္။


အခ်ိဳ ့လူငယ္ေတြက အခ်ိန္လြန္မွ မိမိတကယ္၀ါသနာပါတဲ ့ရည္ရြယ္ခ်က္တစ္ခုကို ရွာေတြ ့မိေလ့ရွိၾကပါတယ္။ ဒီအတြက္ သူုတို ့မွာ ယူက်ံဳးမရျဖစ္ျပီး အဲဒီ့ရည္ရြယ္ခ်က္ကို စြန္ ့လႊတ္လိုက္ေလ့ရွိပါတယ္။ ဒါဟာလံုး၀မွားယြင္းပါတယ္။ မိမိတကယ္စိတ္မပါတဲ့အလုပ္ကိုလုပ္ေနမယ့္အစား တကယ္စိတ္ပါတဲ့အရာကိုလုပ္ရတာက ဘ၀ကိုပိုျပီး အဓိပၸါယ္ရွိသြားေစပါတယ္။ မိမိ၀ါသနာမပါတဲ့အလုပ္နဲ ့ေအာင္ျမင္ခဲ ့ရင္ေတာင္ စစ္မွန္တဲ ့အေပ်ာ္ကိုရရွိမွာမဟုတ္ေတာ့ပါဘူး။ ဘယ္အရာမဆိုေနာက္က်တယ္ဆိုတာမရွိပါဘူး။ ဒါေပမယ့္ ဒီလိုအခ်ိန္မွာေတာ့အျခားသူေတြထက္ ပိုမိုအားစိုက္ဖို ့လိုအပ္ပါတယ္။ အျခားသူေတြက ဒီပညာနဲ ့ပတ္သက္ျပီး အခ်ိန္ တစ္နာရီေပးတဲ ့အခ်ိန္မွာ သင္က သံုးနာရီ၊ ေလးနာရီေလာက္ေတာ့အခ်ိန္ေပးရမွာျဖစ္ပါတယ္။


ေနာက္ထပ္အေရးၾကီးတာတစ္ခုကေတာ့ လူေတာ္ေတာ္မ်ားမ်ားက ရည္မွန္းခ်က္နဲ ့ပတ္သက္တဲ့ ကိစၥေတြမွာေတာင္ အေဖာ္မင္တတ္ၾကပါတယ္။ ဥပမာ မိမိ ဘာသာရယ္နယ္ပယ္နဲ ့ဆိုင္တဲ့ သင္တန္းသြား တက္ဖို ့ကို သူငယ္ခ်င္းမပါလို ့သြားမတက္ျဖစ္တာမ်ိဳးတို ့၊ မိမိနဲ ့အတူေလ့လာမယ့္ သူငယ္ခ်င္းမရွိတာမ်ိဳးတို ့ေၾကာင့္ မလုပ္ျဖစ္၊ မေလ့လာျဖစ္တာမ်ိဳးေတြ ရွိတတ္ပါတယ္။ ကၽြန္ေတာ္တို ့စဥ္းစားစရာအခ်က္အလက္ေတြက နိုင္ငံရပ္ျခားက ပညာရွင္ အဖြဲ ့အစည္းေတြကေရာ လူညီေနတာလား။ သူတို ့က ၀ါသနာတူသူငယ္ခ်င္းေတြကိုပဲ ငယ္ငယ္ကတည္းကေရြးေပါင္းတာလားဆိုတာ စဥ္းစားစရာျဖစ္လာပါတယ္။ တကယ္ေတာ့ လံုး၀မဟုတ္ပါဘူး။ ကၽြန္ေတာ္တို ့ထက္အားသာတဲ့အခ်က္က သူတို ့က သူတို ့ရည္မွန္းခ်က္ကို ပထမဦးစားေပးျပီးမွ က်န္တဲ့ကိစၥေတြကို ဆက္လုပ္တာပါ။ သူတို ့အားလံုးဟာ တစ္ဦးတစ္ေယာက္ထဲ ေလ့လာတဲ့သူေတြပါပဲ။ ဒီပညာရပ္ကိုေလ့လာရင္းေလ့လာရင္းနဲ ့ ၀ါသနာတူေတြ တစ္ေနရာမွာ စုမိတဲ့ အခါ အသင္းအဖြဲ ့တစ္ခုျဖစ္လာတာပါ။ ပံုမွန္ဒီပညာရပ္နဲ ့ဆိုင္တဲ ့ေဟာေျပာပြဲေတြသြားတာ၊ သင္တန္းေတြတက္တာ၊ ျပပြဲေတြသြားတာ စသျဖင့္ပါပဲ။ သူတို ့နဲ ့ကၽြန္ေတာ္တို ့ျမန္မာလူငယ္ေတြနဲ ့ကြာျခားသြားတာ တစ္ခုေတာ့ ရွိပါတယ္။ သူတို ့က တစ္ေန ့ကို ဒီပညာရပ္နဲ ့ပတ္သက္ျပီး အခ်ိန္ တစ္နာရီေလ့လာမယ္ဆိုရင္ ေန ့စဥ္တစ္နာရီရေအာင္ေလ့လာပါတယ္။ သူတို ့လဲ အလုပ္တစ္ဖက္နဲ ့ကိုယ္တိုင္ ေလ့လာရာကေန ကၽြမ္းက်င္လာသူေတြရွိပါတယ္။ ျမန္မာနိုင္ငံမွာသာ ဘြဲ ့ရေတြမ်ားေနတာပါ။ နိုင္ငံျခားမွာက အထက္တန္းေက်ာင္းေအာင္ရံုေလာက္နဲ ့ ေက်ာင္းျပီးသြားၾကတဲ့သူေတြအမ်ားၾကီးပါ။ ဒါေပမယ့္ သူတို ့အရည္အခ်င္းကို အထင္ေသးလို ့မရပါဘူး။ အဓိကျမန္မာေတြျပဳျပင္ရမယ့္အခ်က္က ‘စိတ္ကူးေပါက္မွ ထလုပ္တတ္တဲ့အက်င့္’ ပါ။ သင္ဟာ သင္တစ္ကယ္၀ါသနာပါလို ့ေရြးခ်ယ္ခဲ့တဲ့ဒီပညာရပ္နဲ ့ပတ္သက္ျပီး တစ္ေန ့ကို အနည္းဆံုး နာရီ၀က္၊ တစ္နာရီ ေလာက္ေတာ့ အခ်ိန္ေပးေလ့လာသင့့္ပါတယ္။ အဓိကက စာဖတ္ဖို ့ပါပဲ။ စာအုပ္ေတြထဲမွာ ကၽြန္ေတာ္တို ့သိခ်င္တာေတြ အမ်ားၾကီးရွိပါတယ္။


လူတိုင္းမွာ ကုသိုလ္ကံ အက်ိဳးေပးဆိုတာရွိပါတယ္။ အတိတ္ဘ၀က ကုသိုလ္ကံကို ကၽြန္ေတာ္တို ့ဘာမွေျပာင္းလဲလို ့မရနိုင္ေပမယ့္။ အနာဂတ္ကိုေတာ့ မိမိဘာသာဖန္တီးလို ့ရနိုင္ပါတယ္။ ကံဆိုတာအလုပ္ပါပဲ။ ကိုယ္ေအာင္ျမင္ဖို ့အတြက္ ကုိယ္ကုိယ္တိုင္လုပ္မွရမွာပါ။ အဲဒီေတာ့ သင္ဟာ တိက်တဲ ့ရည္မွန္းခ်က္တစ္ခု ခ်မွတ္ျပီးျပီဆိုရင္ အဲ ့ဒီရည္မွန္းခ်က္ကိုဘယ္ေတာ့မွမေမ့ေအာင္ သင္ျမင္သာတဲ့ေနရာမွာ သတိေပးစာတိုေလးေတြအေနနဲ ့ အျမဲတမ္းထားရွိပါ။ ဥပမာ- သင့္ရဲ ့ စာၾကည့္စားပြဲမွာ ကပ္ထားတာတို ့ သင့္ရဲ  ့ ဖုန္း ေ၀ါလ္ေပပါ(Wallpaper) မွာ တင္ထားတာတို ့ အဲ့ဒီလို အျမဲသတိ တရျဖစ္ေနေစဖို ့လုပ္ေပးပါ။ ေန ့စဥ္ မနက္တိုင္း သင့္ရည္ရြယ္ခ်က္ကို အၾကိမ္ေရမ်ားမ်ား ရြတ္ေပးပါ။ ဒီလိုလုပ္ေပးျခင္းအားျဖင့္ သင့္ရဲ  ့မသိစိတ္မွာ စြဲသြားျပီး သင့္ကို တြန္းအားအျမဲေပးေနမွာျဖစ္ပါတယ္။ ရည္မွန္းခ်က္နဲ ့ပတ္သက္တဲ ့ တစ္နွစ္စာ၊ တစ္လစာ၊ တစ္ပတ္စာ၊ တစ္ရက္စာ အစီအစဥ္ေတြကို ခ်ေရးျပီး ေန ့စဥ္ကိုယ္ဘယ္ေလာက္ျပီးေျမာက္ေအာင္ လုပ္လိုက္နိုင္လဲဆိုတာ ျပန္ျပီးစစ္ေဆးပါ။ ဒီလိုလုပ္ေပးျခင္းအားျဖင့္သင္ဟာ သင့္ပန္းတိုင္နဲ ့တျဖည္းျဖည္းနီးကပ္လာျပီး  ေနာက္ဆံုး မွာပန္းတိုင္ကိုေရာက္ရွိသြားမွာျဖစ္ပါတယ္။


ရည္မွန္းခ်က္အတြက္ အစီအစဥ္ဆြဲျပီးရင္ေတာ့ အတတ္နိုင္ဆံုးျပီးေအာင္လုပ္ပါ။ ဥပမာ သင္ဟာ တစ္ေန ့ကို ငွက္ေပ်ာသီး တစ္လံုးကုန္ေအာင္ ပံုမွန္ စားမယ္ဆိုရင္ တစ္ေန ့တစ္လံုးပံုမွန္စားေပးပါ။ ခုနစ္ရက္ေလာက္ေနမွ တစ္ပတ္စာ ေပါင္းစားမယ္ဆိုရင္ သင္ဘယ္ေတာ့မွ စားနိုင္ေတာ့မွာမဟုတ္သလို သင့္ အစီအစဥ္ေတြကလဲ ကေမာက္ကမေတြျဖစ္ကုန္ေတာ့မွာပါ။ ဒီအခါမွာ သင့္ကိုယ္သင္လဲ လုပ္နိုင္တယ္လို ့မယံုၾကည္နိုင္ေတာ ့သလို မိမိကုိယ္ကိုလဲ အထင္ေသးသြားနိုင္ပါတယ္။ ေလာကမွာ မိမိကုိယ္ကို အထင္ေသးတာဟာ ဘာနဲ ့မွကုစားလို ့မရနိုင္ပါဘူး။ ဒါေၾကာင့္ အစီအစဥ္တစ္ခု ခ်မွတ္ျပီးသြားရင္ အတတ္နိုင္ဆံုးျပီးေအာင္လုပ္ပါ။ အေၾကြးမတင္ပါေစနဲ ့။ ရည္မွန္းခ်က္ပန္းတိုင္ကို အျမန္ေရာက္ဖို ့ထက္ အရည္ အခ်င္းျပည့္မွီစြာေရာက္ဖုိ ့ကို အာရံုစိုက္ေပးပါ။ စာဖတ္သူမ်ားလဲ ဘ၀ရဲ  ့ပန္းတိုင္ကိုအျမန္ဆံုးေလွ်ာက္လွမ္းနိုင္ပါေစခဗ်ာ။


ထက္ေအာင္လင္း (BE-Electronic)

[Unicode]

ကွန်တော်တို့လူငယ်အားလုံးမှာ ရည်မှန်းချက်ကိုယ်စီရှိကြပါတယ်။ တစ်နေ့ကြရင်ဘာကြီးဖြစ်ရမယ်ပေါ့ဗျာ။ ဒါပေမယ့်ခိုင်မာတဲ့ရည်ရွယ်ချက်တွေတော့မဟုတ်ကြပါဘူး။ ကျွန်တော်တို့ဟာ အသက်ကြီးလာလေလေ ရည်ရွယ်ချက်တွေများပြားရှုပ်ထွေးလာလေဖြစ်ပါတယ်။ လူငယ်တော်တော်များများဟာ ရည်ရွယ်ချက်တစ်ခုကိုချမှတ်ပါဆိုရင် ငွေအမြောက်အများရနိုင်တဲ့ အလုပ်တစ်ခုရနိုင်တဲ့ပညာရပ်တစ်ခုကိုပဲ ရည်ရွယ်ချက်အဖြစ်ထားရှိကြတာတွေ့ရပါတယ်။ တကယ်တမ်းဝါသနာပါသလားဆိုတော့လဲ မပါပါဘူး။


ကျွန်တော်တို့ဒီကမ္ဘာပေါ်ကဘယ်ပညာရပ်မဆို အသုံးမဝင်တာမရှိပါဘူး။ သင်ဟာ ပညာရပ်တစ်ခုကို စီးပွါးရေးအတွက်ပဲရွေးချယ်ချင်တာလား၊ ကိုယ်တကယ်ဝါသနာပါတဲ့ပညာရပ်ကိုပဲ ရွေးချယ်ချင်တာလား ဆိုတာ မိမိကိုယ်ကို ပြန်မေးဖို့လိုအပ်ပါတယ်။ လူငယ်တော်တော်များများမှာ လူမှန်းသိတတ်စအရွယ်ကတည်းက ရည်ရွယ်ချက်ကိုယ်စီရှိကြပါတယ်။ အချို့လူငယ်လေးတွေက ဆရာဝန်ဖြစ်ချင်တယ်၊ အင်ဂျင်နီယာဖြစ်ချင်တယ် စသဖြင့်ပေါ့။ ဒါပေမယ့်လဲအကြောင်းကြောင်းကြောင့် မိမိပန်းတိုင်တွေနဲ့လွဲခဲ့ရတာတွေလဲရှိပါတယ်။ ဒါပေမယ့် လူတိုင်းမှာ အစားထိုးပန်းတိုင်ဆိုတာရှိပါတယ်။ ဆရာအောင်သင်းပြောသလို ပါပဲ “မင်းဟာ အသံမကောင်းလို့အဆိုတော်တစ်ယောက် မဖြစ်နိုင်ပေမယ့်… အကောင်းဆုံး တေးရေးဆရာတော့ဖြစ်နိုင်ပါတယ်” ။ ဥပမာပြောရလျှင် ဆရာဝန်အရမ်းဖြစ်ချင်တဲ့လူငယ်လေးတစ်ယောက်ဟာ အကြောင်းကြောင်းကြောင့် ဆယ်တန်းမှာ အမှတ် မမှီခဲ့ရင်တောင် သူ့ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်က လူ့အသက်ကိုကယ်ဖို့ဖြစ်တဲ့အတွက် ခန္ဓာဗေဒနဲ့ပတ်သက်တဲ့ ဘာသာရပ်ကိုဖြစ်ဖြစ် ဒါမှမဟုတ် သူနာပြုတက္ကသိုလ်ကိုဖြစ်ဖြစ်လျှောက်ထားပြီး ပညာရှင်ဖြစ်သည်အထိကြိုးစားနိုင်ပါတယ်။


ရည်မှန်းချက်ကိုချမှတ်ရာမှာ ကိုယ်တကယ်စိတ်ပါဝင်စားရာကိုသာ ချမှတ်သင့်ပါတယ်။ သင်ဘာကို ရည်မှန်းချက်ထားရမလဲဆိုတာမသိဖြစ်နေပါသလား? ဒါဆို သင်စာများများဖတ်ပေးပါ။ စာဖတ်ရာမှာလဲ နယ်ပယ်စုံအောင်ဖတ်ပေးပါ။ စာတွေများများဖတ်လာတဲ့ အခါ သင်တကယ်စိတ်ဝင်စားတဲ့ အကြောင်းအရာနယ်ပယ် ကို သင်ကိုယ်တိုင်မသိလိုက်ပဲ ရောက်သွားပါလိမ့်မယ်။ အချိန်ကြာလာတဲ့ အခါ သင်ကိုယ်တိုင် ဘာကိုစိတ်ပါဝင်စားတယ်ဆိုတာ သိလာပါလိမ့်မယ်။ အချို့လူငယ်တွေက သူတို့စိတ်ပါဝင်စားတဲ့ နယ်ပယ်က မချမ်းသာနိုင်တဲ့အတွက် မိမိ စိတ်ပါဝင်စားတဲ့အရာကို စွန့်လွှတ်ပြီး ငွေနောက်ကိုလိုက်မိတတ်ကြပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် နောက်ပိုင်းမှာ စိတ်ပါဝင်စားသွားရင် ဘာမှမဖြစ်သော်လည်း စိတ်ပါဝင်စားမှုမရှိရင်တော့ ရည်မှန်းချက်ပျောက်ပြီး ဘဝဟာ အဓိပ္ပါယ်မရှိသလို ဖြစ်သွားနိုင်ပါတယ်။ ဘယ်ပညာရပ်နယ်ပယ်မဆို မချမ်းသာနိုင်တာ မရှိပါဘူး။ ဒါပေမယ့် အကန့်အသတ် တစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ သင်ဟာ လက်ရှိသင်စိတ်ပါဝင်စားတဲ့ ပညာရပ်နယ်ပယ်နဲ့လုပ်ကိုင်ရင်းအမှန်တကယ် ချမ်းသာချင်တယ်ဆိုရင်တော့ သင်ကိုယ်တိုင် သင့်ပညာရပ် နယ်ပယ်မှာ အထူးကျွမ်းကျင်ဖို့(ပရိုဖြစ်ဖို့) လိုအပ်ပါတယ်။ သင်ဒီပညာရပ်ကို လေ့လာလိုက်စား အသုံးချရင်းနဲ့ သင်မအောင်မြင်သေးဘူးလား? မချမ်းသာသေးဘူးလား? သေချာပါတယ်။ ဒါဆိုသင် ဒီပညာရပ်နဲ့ပတ်သတ်ပြီး သင့်မှာအရည်အချင်းမပြည့်မှီသေးလို့ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ သင်က အခု ဒီပညာရပ်တစ်ခုကို ဆင်းဆင်းရဲရဲ လေ့လာနေရချိန်မှာ သင့်သူငယ်ချင်းက အခြားပညာရပ်တစ်ခုနဲ့ ချမ်းသာနေပါသလား? သင်အားကျလို့ရပါတယ်။ ဒါပေမယ့်ရည်ရွယ်ချက်ကိုတော့ပြောင်းပစ်စရာမလိုပါဘူး။ သူတကယ်အောင်မြင်နေတယ်ဆိုတာကလဲ သင့်သူငယ်ချင်းက သူ့ပညာရပ်နယ်ပယ်မှာ တစ်ဖက်ကမ်းခပ်အောင် ကျွမ်းကျင်နေလို့လဲဖြစ်ကောင်းဖြစ်နိုင်သလို ကံကောင်းနေတာလဲဖြစ်နိုင်ပါတယ်။


ရည်မှန်းချက်ရွေးချယ်တဲ့ နေရာမှာ ထားရမယ့် စိတ်နေသဘောထားလေးတစ်ခုတော့ရှိပါတယ်။ သင်ဟာ ရည်မှန်းချက်တစ်ခုကို ချမှတ်ပြီးပြီဆိုရင် အဲ့ရည်မှန်းချက်ကြောင့် သင်အနေဆင်းရဲ အစားဆင်းရဲဖြစ်ချင်ဖြစ်မယ်၊ သူများတွေ ဝတ်စားသလို ဝတ်စားချင်မှဝတ်စားနိုင်မယ်။ ဒါပေမယ့် အဲ့ဒီ ဒဏ်ကို ခံမယ်၊ အဲဒီဒုက္ခတွေကို  ရအောင် ကျော်ဖြတ်မယ် ဆိုတဲ့စိတ်ဓါတ်မျိုး သင့်မှာရှိရပါမယ်။ သင့်သူငယ်ချင်းတွေက အခြားပညာရပ်တစ်ခုနဲ့အောင်မြင်နေချိန်မှာ သင့်စိတ်ထဲမှာဖြစ်လာမယ့် “ငါ့ ဝါသနာကြီးက မှားများမှားနေပြီလား? ငါလမ်းမှားရောက်နေပြီလား? ငါလေ့လာလိုက်စားနေတဲ့ပညာရပ်က သူတို့လေ့လာနေတဲ့ပညာလောက်ရော အသုံးဝင်ရဲ့လား?”  ဆိုတဲ့အတွေးမျိုးတွေကို “ငါဘာလို့မအောင်မြင်ရမှာလဲ? ငါလေ့လာနေတဲ့ ပညာရပ်တွေက သူ တို့ထက်ခက်လို့နေမှာပေါ့။ ငါ့ပညာနဲ့ပတ်သက်ပြီး ငါဘာတွေထပ်လေ့လာရဦးမလဲ? အခွင့်အလမ်းကောင်းတွေကို ဘယ်လို ရှာရမလဲ?” အဲဒီလိုအတွေးမျိုးနဲ့အစားထိုးပစ်ရမှာဖြစ်ပါတယ်။ ဒီလိုတွေးနိုင်ဖို့ဆိုတာကလဲ သင်တကယ်ဝါသနာပါတဲ့ ပညာရယ်နယ်ပယ်ကို ရည်မှန်းချက်အဖြစ်ရွေးချယ်ခဲ့ဖို့လိုအပ်ပါတယ်။ မိမိရည်မှန်းချက်ကို ရွေးချယ်ပြီးပြီဆိုရင်လဲ အလွယ်တကူ လက်မလျော့သင့်ပါဘူး။ အတိုင်းအတာတစ်ခုအထိ ကြိုးစားကြည့်သင့်ပါတယ်။ လူတိုင်းကတော့ အသက်ကြီးလာတာနဲ့အမျှ ပိုကောင်းတဲ့ရည်ရွယ်ချက်တွေကို ပြောင်းသွားနိုင်ပါတယ်။ ဘယ်ပညာရပ်မဆို အခက်အခဲကတော့ရှိနိုင်ပါတယ်။ အလွယ်တကူ အလျှော့မပေးဖို့တော့လိုအပ်ပါတယ်။ ကျွန်တော်ကတော့ ဝီရိယဆိုတဲ့အရာကို “မိမိရည်မှန်းချက်ပန်းတိုင်အား ဆွေမျိုးသားချင်းကြောင့်သော်လည်းကောင်း၊ မိဘကြောင့်သော်လည်းကောင်း၊ ချစ်သူကြောင့်သော်လည်းကောင်း၊ မည့်သည့်အကြောင်းကြောင်းနဲ့မှ လက်လွှတ်အဆုံး အရှုံး မခံတဲ့ သတ္တိ” လို့အဓိပ္ပါယ်ဖွင့်ပါတယ်။


ရည်မှန်းချက်တစ်ခုကိုအတိအကျချမှတ်ပြီးပြီဆိုရင်တော့ ဒီရည်မှန်းချက်နဲ့ပတ်သက်တာကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မုန့်ဆိုင်တွေမှာ မုန့်တွေအများကြီးတင်ထားသလိုပါပဲ။ စားသုံးသူဟာ မုန့်တွေများကြီးတွေ့တဲ့အခါ ဟိုဟာလဲစားချင် သည်ဟာလဲစားချင်ဖြစ်ပြီး နောက်ဆုံးဘယ်ဟာမှ မစားနိုင်တော့သလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် များများသိတာ အချို့နေရာတွေမှာကောင်းသလို အချို့နေရာတွေမှာလဲ မကောင်းနိုင်ပါဘူး။


သင်ဟာ သင့်ရည်မှန်းချက်ကို ယခုလောလောဆယ်ရှာမတွေ့သေးဘူးဆိုရင်တော့ အင်္ဂလိပ်စာကို ကျွမ်းကျင်အောင်လုပ်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်နောက်ပိုင်းလေ့လာမယ့် ဘယ်ဘာသာရပ်မဆို အင်္ဂလိပ်လိုလေ့လာရမှာဖြစ်တဲ့အတွက် သင့်အတွက် အကျိုးမယုတ်ပါဘူး။ နောက်ထပ်အရေးကြီးတာတစ်ခုကတော့ သင့်မှာ ယခု တက္ကသိုလ်လည်းတက်နေတယ် ရည်ရွယ်ချက်လဲမရှိဖြစ်နေတယ်ဆိုလျှင် ရှေးဦးစွာ အနီးစပ်ဆုံးဖြစ်တဲ့ သင် သင်ယူနေရတဲ့ ဘာသာရပ်နဲ့ပတ်သက်ပြီး အရင်လေ့လာကြည့်ပါ။ သင့်ဘာသာရပ် အကြောင်းကို လေ့လာလေလေ ဒီဘာသာရပ်အကြာင်းကို ပိုသိလာလေလေ။ ဒီဘာသာရပ်အကြောင်းကို သင်သိလာလေလေ ဒီဘာသာရပ်ကို တဖြည်းဖြည်းစိတ်ဝင်စားလာလေလေ။ ဒီ ဘာသာရပ်ကို ပိုပြီးစိတ်ဝင်စားလာလေလေ ပိုလေ့လာဖြစ်လေလေ။ နောက်ဆုံးမှာတော့ သင်ဟာ ဒီဘာသာရပ်မှာ အတော်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သွားနိုင်ပါတယ်။


အချို့လူငယ်တွေက အချိန်လွန်မှ မိမိတကယ်ဝါသနာပါတဲ့ရည်ရွယ်ချက်တစ်ခုကို ရှာတွေ့မိလေ့ရှိကြပါတယ်။ ဒီအတွက် သူုတို့မှာ ယူကျုံးမရဖြစ်ပြီး အဲဒီ့ရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်လေ့ရှိပါတယ်။ ဒါဟာလုံးဝမှားယွင်းပါတယ်။ မိမိတကယ်စိတ်မပါတဲ့အလုပ်ကိုလုပ်နေမယ့်အစား တကယ်စိတ်ပါတဲ့အရာကိုလုပ်ရတာက ဘဝကိုပိုပြီး အဓိပ္ပါယ်ရှိသွားစေပါတယ်။ မိမိဝါသနာမပါတဲ့အလုပ်နဲ့အောင်မြင်ခဲ့ရင်တောင် စစ်မှန်တဲ့အပျော်ကိုရရှိမှာမဟုတ်တော့ပါဘူး။ ဘယ်အရာမဆိုနောက်ကျတယ်ဆိုတာမရှိပါဘူး။ ဒါပေမယ့် ဒီလိုအချိန်မှာတော့အခြားသူတွေထက် ပိုမိုအားစိုက်ဖို့လိုအပ်ပါတယ်။ အခြားသူတွေက ဒီပညာနဲ့ပတ်သက်ပြီး အချိန် တစ်နာရီပေးတဲ့အချိန်မှာ သင်က သုံးနာရီ၊ လေးနာရီလောက်တော့အချိန်ပေးရမှာဖြစ်ပါတယ်။


နောက်ထပ်အရေးကြီးတာတစ်ခုကတော့ လူတော်တော်များများက ရည်မှန်းချက်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာတောင် အဖော်မင်တတ်ကြပါတယ်။ ဥပမာ မိမိ ဘာသာရယ်နယ်ပယ်နဲ့ဆိုင်တဲ့ သင်တန်းသွား တက်ဖို့ကို သူငယ်ချင်းမပါလို့သွားမတက်ဖြစ်တာမျိုးတို့၊ မိမိနဲ့အတူလေ့လာမယ့် သူငယ်ချင်းမရှိတာမျိုးတို့ကြောင့် မလုပ်ဖြစ်၊ မလေ့လာဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့စဉ်းစားစရာအချက်အလက်တွေက နိုင်ငံရပ်ခြားက ပညာရှင် အဖွဲ့အစည်းတွေကရော လူညီနေတာလား။ သူတို့က ဝါသနာတူသူငယ်ချင်းတွေကိုပဲ ငယ်ငယ်ကတည်းကရွေးပေါင်းတာလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ တကယ်တော့ လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့ထက်အားသာတဲ့အချက်က သူတို့က သူတို့ရည်မှန်းချက်ကို ပထမဦးစားပေးပြီးမှ ကျန်တဲ့ကိစ္စတွေကို ဆက်လုပ်တာပါ။ သူတို့အားလုံးဟာ တစ်ဦးတစ်ယောက်ထဲ လေ့လာတဲ့သူတွေပါပဲ။ ဒီပညာရပ်ကိုလေ့လာရင်းလေ့လာရင်းနဲ့ ဝါသနာတူတွေ တစ်နေရာမှာ စုမိတဲ့ အခါ အသင်းအဖွဲ့တစ်ခုဖြစ်လာတာပါ။ ပုံမှန်ဒီပညာရပ်နဲ့ဆိုင်တဲ့ဟောပြောပွဲတွေသွားတာ၊ သင်တန်းတွေတက်တာ၊ ပြပွဲတွေသွားတာ စသဖြင့်ပါပဲ။ သူတို့နဲ့ကျွန်တော်တို့မြန်မာလူငယ်တွေနဲ့ကွာခြားသွားတာ တစ်ခုတော့ ရှိပါတယ်။ သူတို့က တစ်နေ့ကို ဒီပညာရပ်နဲ့ပတ်သက်ပြီး အချိန် တစ်နာရီလေ့လာမယ်ဆိုရင် နေ့စဉ်တစ်နာရီရအောင်လေ့လာပါတယ်။ သူတို့လဲ အလုပ်တစ်ဖက်နဲ့ကိုယ်တိုင် လေ့လာရာကနေ ကျွမ်းကျင်လာသူတွေရှိပါတယ်။ မြန်မာနိုင်ငံမှာသာ ဘွဲ့ရတွေများနေတာပါ။ နိုင်ငံခြားမှာက အထက်တန်းကျောင်းအောင်ရုံလောက်နဲ့ ကျောင်းပြီးသွားကြတဲ့သူတွေအများကြီးပါ။ ဒါပေမယ့် သူတို့အရည်အချင်းကို အထင်သေးလို့မရပါဘူး။ အဓိကမြန်မာတွေပြုပြင်ရမယ့်အချက်က ‘စိတ်ကူးပေါက်မှ ထလုပ်တတ်တဲ့အကျင့်’ ပါ။ သင်ဟာ သင်တစ်ကယ်ဝါသနာပါလို့ရွေးချယ်ခဲ့တဲ့ဒီပညာရပ်နဲ့ပတ်သက်ပြီး တစ်နေ့ကို အနည်းဆုံး နာရီဝက်၊ တစ်နာရီ လောက်တော့ အချိန်ပေးလေ့လာသင့်ပါတယ်။ အဓိကက စာဖတ်ဖို့ပါပဲ။ စာအုပ်တွေထဲမှာ ကျွန်တော်တို့သိချင်တာတွေ အများကြီးရှိပါတယ်။


လူတိုင်းမှာ ကုသိုလ်ကံ အကျိုးပေးဆိုတာရှိပါတယ်။ အတိတ်ဘဝက ကုသိုလ်ကံကို ကျွန်တော်တို့ဘာမှပြောင်းလဲလို့မရနိုင်ပေမယ့်။ အနာဂတ်ကိုတော့ မိမိဘာသာဖန်တီးလို့ရနိုင်ပါတယ်။ ကံဆိုတာအလုပ်ပါပဲ။ ကိုယ်အောင်မြင်ဖို့အတွက် ကိုယ်ကိုယ်တိုင်လုပ်မှရမှာပါ။ အဲဒီတော့ သင်ဟာ တိကျတဲ့ရည်မှန်းချက်တစ်ခု ချမှတ်ပြီးပြီဆိုရင် အဲ့ဒီရည်မှန်းချက်ကိုဘယ်တော့မှမမေ့အောင် သင်မြင်သာတဲ့နေရာမှာ သတိပေးစာတိုလေးတွေအနေနဲ့ အမြဲတမ်းထားရှိပါ။ ဥပမာ- သင့်ရဲ့ စာကြည့်စားပွဲမှာ ကပ်ထားတာတို့ သင့်ရဲ ့ ဖုန်း ဝေါလ်ပေပါ(Wallpaper) မှာ တင်ထားတာတို့ အဲ့ဒီလို အမြဲသတိ တရဖြစ်နေစေဖို့လုပ်ပေးပါ။ နေ့စဉ် မနက်တိုင်း သင့်ရည်ရွယ်ချက်ကို အကြိမ်ရေများများ ရွတ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သင့်ရဲ ့မသိစိတ်မှာ စွဲသွားပြီး သင့်ကို တွန်းအားအမြဲပေးနေမှာဖြစ်ပါတယ်။ ရည်မှန်းချက်နဲ့ပတ်သက်တဲ့ တစ်နှစ်စာ၊ တစ်လစာ၊ တစ်ပတ်စာ၊ တစ်ရက်စာ အစီအစဉ်တွေကို ချရေးပြီး နေ့စဉ်ကိုယ်ဘယ်လောက်ပြီးမြောက်အောင် လုပ်လိုက်နိုင်လဲဆိုတာ ပြန်ပြီးစစ်ဆေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့်သင်ဟာ သင့်ပန်းတိုင်နဲ့တဖြည်းဖြည်းနီးကပ်လာပြီး  နောက်ဆုံး မှာပန်းတိုင်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။


ရည်မှန်းချက်အတွက် အစီအစဉ်ဆွဲပြီးရင်တော့ အတတ်နိုင်ဆုံးပြီးအောင်လုပ်ပါ။ ဥပမာ သင်ဟာ တစ်နေ့ကို ငှက်ပျောသီး တစ်လုံးကုန်အောင် ပုံမှန် စားမယ်ဆိုရင် တစ်နေ့တစ်လုံးပုံမှန်စားပေးပါ။ ခုနစ်ရက်လောက်နေမှ တစ်ပတ်စာ ပေါင်းစားမယ်ဆိုရင် သင်ဘယ်တော့မှ စားနိုင်တော့မှာမဟုတ်သလို သင့် အစီအစဉ်တွေကလဲ ကမောက်ကမတွေဖြစ်ကုန်တော့မှာပါ။ ဒီအခါမှာ သင့်ကိုယ်သင်လဲ လုပ်နိုင်တယ်လို့မယုံကြည်နိုင်တော့သလို မိမိကိုယ်ကိုလဲ အထင်သေးသွားနိုင်ပါတယ်။ လောကမှာ မိမိကိုယ်ကို အထင်သေးတာဟာ ဘာနဲ့မှကုစားလို့မရနိုင်ပါဘူး။ ဒါကြောင့် အစီအစဉ်တစ်ခု ချမှတ်ပြီးသွားရင် အတတ်နိုင်ဆုံးပြီးအောင်လုပ်ပါ။ အကြွေးမတင်ပါစေနဲ့။ ရည်မှန်းချက်ပန်းတိုင်ကို အမြန်ရောက်ဖို့ထက် အရည် အချင်းပြည့်မှီစွာရောက်ဖို့ကို အာရုံစိုက်ပေးပါ။ စာဖတ်သူများလဲ ဘဝရဲ ့ပန်းတိုင်ကိုအမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေခဗျာ။


ထက်အောင်လင်း (BE-Electronic)

Views: 4888

Reply to This

Replies to This Discussion

ေက်းဇူးတင္ပါတယ္ရွင္

အရမ္းကိုတန္ဖိုးရွိပါတယ္၊ ေက်းဇူးပါ။

Thanks
PRECIOUS!

Good article!!! Hope that this will inspire many youths when they go for their ambitions.

very good myamnar
Thank

THANKS 

Thanks

Thank u so much alarm me .Now I can't find my ambition.But I choose economic for my living.

Thanks

Good, thank you.

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service