တီထွင်ဆန်းသစ်တတ်တဲ့ ဆရာကောင်းတစ်ယောက် အဖြစ်သို့ ခြေလှမ်း ၈ လှမ်း

အင်္ဂလိပ်စာဆရာတွေ စာသင်ခန်းထဲမှာ ဘယ်လိုများတီထွင်ဆန်းသစ် creative ဖြစ်အောင် လုပ်နိုင်ပါသလဲဆိုတဲ့ Marisa Constantinides ရဲ့ webinar ထဲက အကြံပြုချက်တွေကို ဆီလျှော်အောင်တင်ဆက်လိုက်ပါတယ်။
အင်္ဂလိပ်စာဆရာ တော်တော်များများကို creative teacher ဆိုတဲ့ တီထွင်ဆန်းသစ်တတ်တဲ့ ဆရာတစ်ယောက်ရဲ့ အရည်အချင်းတွေက ဘာတွေဖြစ်နိုင်သလဲဆိုတာကို မေးကြည့်ရင် သူတို့ ပြန်ဖြေတဲ့အထဲမှာ flexibility ခေါ်တဲ့ အခြေအနေကိုကြည့်ပြီး လိုအပ်သလိုပြောင်းလဲမှုတွေ လုပ်နိုင်ခြင်း၊ open to new ideas - အတွေးအခေါ်သစ်တွေကိုလက်ခံနားလည်ခြင်း၊ imaginative - စိတ်ကူး စိတ်သမ်း ကောင်းခြင်းစတဲ့ အရည်အချင်းတွေက ထိပ်ဆုံးမှာရှိနေတာကိုတွေ့ရပါတယ်။

ဒါဆိုရင် ဒီအရည်အချင်းတွေရရှိအောင် ဘယ်လိုလုပ်ယူရပါသလဲ။ ပထမ ခြေလှမ်းတွေက ဘာတွေပါလဲ ဆိုတာဆွေးနွေးကြည့်ပါမယ်။

ပထမခြေလှမ်း

ဗဟုသုတပြည့်စုံတဲ့ ဆရာဖြစ်အောင်လုပ်ပါ။ ယနေ့ခေတ်မှာတော့ ဆရာတစ်ယောက်ဖြစ်ဖို့ သင်ကြားရေးအတတ်ပညာတွေကို လေ့လာဖို့ အရင်ကလောက် မခက်ခဲတော့ပါဘူး။ ဒီပညာတွေ ရှာဖွေဖို့ စာအုပ်စာပေတွေ သင်တန်းတွေ အမြောက်အများရှိနေပါတယ်။ ဒါတင်မကဘဲ အခမဲ့ အွန်လိုင်းသင်တန်းတွေရည်ညွှန်းလေ့လာစရာများ ရှိနေပြီးတော့ ဆရာဖြစ် ကောလိပ်တွေကလည်း ဆရာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနိုင်အောင် မွေးထုတ်ပေးပါတယ်။


ဒီမှာပြောချင်တာကတော့ အခြားပညာရပ်၊ အကြောင်းအရာတွေကို လေ့လာသင်ယူထားဖို့ရန်လည်း အရေးကြီးကြောင်းကိုပါ။ Creative teacher ဆိုတဲ့ ဆန်းသစ်ဥာဏ်ကွန့်မြူးတတ်တဲ့ ဆရာတွေဟာ သင်ကြားရေးဆိုင်ရာ ဗဟုသုတတစ်ခုတည်းထက် ပိုမိုတဲ့ အရာတွေကို စာသင်ခန်းထဲကို ယူဆောင်လာနိုင်ပါတယ်။ အခြားသော ပညာရပ်များကို တတ်သိနားလည်ထားတဲ့အတွက် သူတို့ရဲ့ အတွေ့အကြုံတွေ၊ အခြားဗဟုသုတတွေကို သင်ကြားရေးမှာ အသုံးချနိုင်ပါတယ်။

ဒါကြောင့် artistic hobby လို့ခေါ်တဲ့ အနုပညာဝါသနာတစ်ခုခုလိုမျိုး ဥပမာ - ဂီတတူရိယာတီးခတ်တဲ့ အတတ်ပညာသင်ယူတာတို့၊ ပြဇာတ်သင်တန်း drama course တို့ဘာတို့ လေ့လာတာမျိုးကိုလုပ်ဖို့ အကြံပြုလိုပါတယ်။ ဒါမှသာ အဲ့ဒီအတတ်ပညာတွေကို ဝါသနာအရလိုက်စားရင်း တစ်ဖက်ကလည်း မိမိရဲ့ သင်ကြားရေးထဲမှာ ပြောင်မြောက်စွာနဲ့ အကျိုးရှိရှိအသုံးချနိုင်မှာ ဖြစ်ပါတယ်။

ဥပမာ - စာသင်ခန်းထဲမှာ သီချင်းတွေ အသုံးပြုတာ ကလည်းစာသင်သားတွေအတွက် ထိရောက်တဲ့ လှုံ့ဆော်မှုကို ဖြစ်စေကာ ဘာသာစကားကို လျှင်မြန်ထိရောက်စွာ သီကုံးပြောဆိုနိုင်ရုံမက အသံထွက်ကိုပါ ကောင်းမွန်တိုးတက်စေပါတယ်။ Drama techinique ခေါ်တဲ့ သရုပ်ဖေါ်တင်ပြတဲ့ နည်းပညာကို သင်ကြားရေးမှာ ပေါင်းစပ်ပြီးတော့လည်း မိမိရဲ့ ဝါသနာကို တိုးချဲ့လို့ ရပါသေးတယ်။


ဒုတိယခြေလှမ်း

အခြားဆရာတွေနဲ့ ချိတ်ဆက်ထားပါ။ ပုံမှန်အားဖြင့် ဆရာဖြစ်သင်တန်းတွေက ဆရာတစ်ယောက်အဖြစ် အသက်မွေးနိုင်ဖို့ အထောက်အကူ ဖြစ်စေပေမဲ့ သင့်ရဲ့ နယ်ပယ်ထဲက ဘဝတူ၊ ဝါသနာတူ ဆရာတွေနဲ့ ချိတ်ဆက်မှု မပျက်စေဘို့ အရေးကြီးလှပါတယ်။ Inspiration ဆိုတဲ့ လှုံ့ဆော်မှုကို ပေးတဲ့ ဖန်တီးလိုစိတ်ဟာ သြဇာကြီးမားတဲ့ စာရေးဆရာတို့၊ မိန့်ခွန်းပြောသူတို့ ဆီကလာတတ်တာလည်း ဖြစ်သလို တစ်ခါတစ်ရံမှာလည်း သူလိုကိုယ်လို သာမန်ဆရာတွေဆီကလည်း လာတတ်ပါတယ်။

ဒီလိုမျိုးလှုံ့ဆော်မှု inspiration ပေးတဲ့ ဆရာတွေကို ချိတ်ဆက်ဖို့ အတွက် ယနေ့ခေတ်မှာ facebook တို့ twitter တို့ blogsphere တို့ ရှိနေပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ ဘလော့ဂ်တွေကို ဖတ်ရှုလေ့လာကာ follow လုပ်တာတို့၊ ဆရာများ သမဂ္ဂလိုမျိုး အသင်းအဖွဲ့ဝင်တာတို့ မျက်နှာစုံညီ၊ ဒါမှမဟုတ် အွန်လိုင်းမှာ ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ တက်တာ(talks and workshops) စတာတွေကိုလည်း လုပ်လို့ ရပါတယ်။
ဒီလိုနဲ့ အဲ့ဒီ လှုံ့ဆော်မှု inspiration တွေဟာ ဒီလိုမျိုး ဒိတ်ဒိတ်ကြဲဆရာတွေကို တုပပြီး သင်ကြားရေးနယ်ပယ်မှာ သူတို့လို ဖြစ်ချင်တဲ့ဆန္ဒ desire ကို ဖြစ်စေပါတယ်။


တတိယခြေလှမ်း 

သင် စုဆောင်းထားတဲ့ အကြံဥာဏ်တွေကို ချက်ခြင်းလက်ငင်း အသုံးပြုရမယ်လို့ မဆိုလိုပါဘူး။ အရေးကြီးတာကတော့ အခွင့်အရေးရတဲ့ အခါတိုင်း လိုအပ်သလို ထုတ်သုံးနိုင်လောက်အောင် စုဆောင်းကာ ကျကျနန စီစဉ်သိမ်းထားတတ်ဖို့ဘဲ ဖြစ်ပါတယ်။ ဒီအကြံဥာဏ် idea တွေကဘဲ creativity ခေါ်တဲ့ ဆန်းသစ်တီထွင်မှုဆီကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သင်ကိုယ်တိုင်က အဲ့ဒီအကြံဥာဏ်တွေက မှီငြမ်းပြီးစမ်းသပ် အသုံးပြုမှုတွေ ရဲရဲလုပ်ရမှ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာ အကြံဥာဏ်သစ်တွေကို ရှာဖွေတွေ့ရှိပြီဆိုရင် bookmark လုပ်ပြီးမှတ်သားတာ curation (curation tools) တွေသုံးပြီး မှတ်သားထားတာတွေ လုပ်ဖို့ မမေ့ပါနဲ့။ ပြီးတော့လည်း အခြားသူတွေ မှတ်သားထားတဲ့ curation list (အလားတူရာ ဝက်ဗ်ဆိုဒ်တွေကို စုစည်းထားတဲ့ အွန်လိုင်းစာရင်း) တွေကိုလည်း follow လုပ်နိုင်ပါသေးတယ်။ Curation ဆိုတဲ့ စုဆောင်းမှတ်သားခြင်းဖြင့် သင့်ကိုဗဟုသုတပိုမိုကြွယ်ဝသူတစ်ဦး ဖြစ်စေပါတယ်။ ဒီလိုမျိုး ဗဟုသုတ ကြွယ်ဝသူဟာ သင်ကြားရေးအစီအစဉ်မှာ တစ်စုံတစ်ခု မှားယွင်းသွားရင်တောင် ဟန်မပျက်အောင် ထိန်းကျောင်းသွားနိုင်သူ ဖြစ်ပါတယ်။


စတုတ္ထခြေလှမ်း 

မိမိရဲ့လေ့လာတွေ့ရှိချက်များကို မျှဝေပေးပါ။ ကျောင်းသားတွေလိုဘဲ ဆရာများဟာလည်း အခြားသူများ(ဆရာများ) ထံမှ လေ့လာ သင်ယူ အသုံးပြုတတ်ပါတယ်။ ဒါဟာလည်း တစ်လမ်းမောင်း မဟုတ်ပါဘူး။ သူတို့ရဲ့ ပညာရပ်တွေကိုလည်း အခြားသူများ (ဆရာများ) ကိုပြန်လည် မျှဝေ (သင်ပေး) ရတဲ့ အချိန်ဆိုတာလည်းရှိစမြဲပါဘဲ။ သင့်ရဲ့ ကျောင်းမှာ လက်တွေ့လုပ်ရတဲ့ training day တွေ ရှိတဲ့အခါမျိုးမှာ လေ့ကျင့်ခန်း session ကိုဦးဆောင်ဖို့ ကမ်းလှမ်းပါ။ ပြီးတော့လည်း topic အကြောင်းအရာတွေကို research လေ့လာတာတို့ ပြုလုပ်ရင်း မိမိရဲ့ လုပ်ဖေါ်ကိုင်ဖက် peers တွေနဲ့ ဗဟုသုတကို ဖလှယ်ရာမှာယုံကြည်မှုတွေ ပိုမိုတိုးတက်စေမှာ ဖြစ်ပါတယ်။ ဒီလိုတွေ လုပ်ရတာက အစပိုင်းတွေမှာ စိုးရိမ်စိတ်တွေ အများကြီးဖြစ်စေပေမဲ့လည်း နောင်အခါမှာတော့ ဆရာတစ်ယောက် ဘဝရဲ့ အမှတ်တရအဖြစ်ဆုံး အဖြစ်အပျက်တွေအဖြစ် ထင်ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ပြီးတော့ နောက်ပြန်ကြည့်လိုက်ရင် သင် ဘယ်လောက်တောင် လေ့လာဆည်းပူးပြီးခဲ့ပြီလဲ ဆိုတာကို သင်ကိုယ်တိုင် အံ့အားသင့်မှာမလွဲပါဘူး။


ပဉ္စမခြေလှမ်း

ဆန်းသစ်တွေးခေါ်မှု လမ်းပေါ်က အတားအဆီးများကိုဖယ်ရှားပါ။

လူတစ်ချို့က သူတို့ရဲ့ တီထွင်ဆန်းသစ်မှု အရည်အချင်းအပေါ်မှာ ယုံကြည်မှုတွေ ရှိတာမို့ ဒီအရည်အချင်းတွေကို လက်တွေ့စမ်းသပ်ကြည့်ဖို့ မတွန့်ဆုတ်တတ်ပါဘူး။ ဒါပေမဲ့ လူအများစုကတော့ တစ်ချို့အချိန်တွေမှာ ဒီလိုမျိုးတွေ လုပ်နိုင်မှာမဟုတ်ပါဘူးလို့ ခံစားကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီလို အချိန်တွေမှာ ကျွန်တော်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေ ကွယ်ပျောက်သွားပြီလို့ ခံစားရတယ်။ ပြီးတော့ ကိုယ့်ကိုကိုယ်လည်း အရည်အချင်းမရှိဘူး၊ မတော်ဘူး၊ မငယ်တော့ဘူး၊ ပါရမီမရှိဘူး စသည်ဖြင့် အမျိုးမျိုးတွေးထင်ပြီး အားငယ်တတ်ကြပါတယ်။

လူတိုင်းလူတိုင်းမှာ တူညီတဲ့ အရည်အချင်း၊ ကျွမ်းကျင်မှု၊ ပါရမီစတာတွေ ရှိရမယ်လို့ ကျွန်တော်တို့ လက်ခံသတ်မှတ် မထားပါဘူး။ ဒါပေမဲ့ လူတိုင်းမှာ တီထွင်ဆန်းသစ်နိုင်တဲ့ စိတ်ကူးကောင်းတွေ ရှိတယ်ဆိုတာတော့ အတတ်ပြောရဲပါတယ်။ ဘာသာစကားတွေကို ကျွန်တော်တို့ သုံးစွဲနေတာကိုဘဲ ကြည့်လိုက်ပါ။ အကြောင်းတူ၊ အရာတူ၊ အတွေးအခေါ်တူတာတွေကို မတူညီတဲ့ စကားလုံးတွေ၊ မတူညီတဲ့ အသံထွက်တွေနဲ့ ဘာသာစကား အမျိုးမျိုးကို အသုံးပြုပြီး တီထွင် ပြောဆိုလာခဲ့ကြတာဘဲ မဟုတ်လား။ ဒါကြောင့် ကိုယ့်ရဲ့ ယုံကြည်မှု self-esteem ကိုတိုးတက်အောင် လုပ်ယူပါ။ ကိုယ့်အပေါ် ပံ့ပိုးကူညီဖေးမပေးတဲ့ လုပ်ဖေါ်ကိုင်ဖက်နဲ့ အတူတွဲဖက်ပြီး တူညီတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင်း မိမိရဲ့ ဖြစ်တည်မှု အခြေအနေအပေါ် ဂုဏ်ယူလိုက်ပါ။


ဆဋ္ဌမခြေလှမ်း

အားကစားသမားများဟာ အစဉ်မပျက် လေ့ကျင့်ရင်းသူတို့ရဲ့ အရည်အချင်းတွေကို ထိန်းသိမ်းသလိုဘဲ ကျွန်တော်တို့ရဲ့ ဦးနှောက် (စိတ်) တွေကိုလည်း ပုံမှန်လေ့ကျင့်ပေးမှ ထက်မြက်ပါတယ်။ ဒါဆိုရင် မိမိရဲ့ စိတ်ကို လေ့ကျင့်ပေးဖို့ ဘာလုပ်ရပါသလဲ။ Crosswords, Soduko, jigsaw puzzle လိုမျိုး ကစားနည်းမျိုး သင်ဝါသနာ ပါပါသလား။ ဒီလိုမျိုး ကစားနည်းတွေနဲ့ အလားတူ ကစားနည်းတွေ ဟာ မိမိရဲ့ အာရုံစူးစိုက်မှုကို ပိုမိုစူးရှစေပြီး၊ တီထွင်ဆန်းသစ်မှုကိုလည်း မြှင့်တင်ပေးပါတယ်။

ကျွန်တော်တို့က ကျောင်းသားတွေကို “လေ့ကျင့်ခြင်းသည် ပြီးပြည့်စုံမှုကို ဖြစ်စေသည်။” Practice makes perfect. ဆိုတဲ့ ဆောင်ပုဒ်ကို ပြောလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီအလေ့အထကို ကျွန်တော်တို့ ကိုယ်တိုင် လိုက်နာကျင့်သုံးဖို့အရေးကြီးပါတယ်။ skilled people လို့ခေါ်တဲ့ နယ်ပယ်စုံက ကျွမ်းကျင်မှု ပါရမီရှင်များ ဥပမာ ကချေသည် စားဖိုမှုး မှအစ ကျောင်းဆရာများအထိ ဘယ်သူမဆို အကြိမ်ကြိမ် လေ့ကျင့်မှုကနေပြီးတော့မှ ထိပ်တန်းရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ သူ့အလိုလို နေ့ချင်းညချင်း ဖြစ်လာကြတာမဟုတ်ပါဘူး။ ဒါပေမဲ့ သတိပေးလိုတာကတော့ practice ဆိုတဲ့ လေ့ကျင့်မှုမှာ စည်းကမ်းနဲ့ စိတ်ရှည်ခြင်းဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။ ဘာကိုဘဲလေ့ကျင့်လေ့ကျင့် goal ဆိုတဲ့ ရည်မှန်းချက်အပေါ် အာရုံထားတာထက် process ဆိုတဲ့ လုပ်ပုံလုပ်နည်းအပေါ်မှာသာ အာရုံထားသင့်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် မိမိရောက်လိုတဲ့ အဆင့်ကို မရောက်သေးလို့ စိတ်ပူနေမဲ့အစား လက်ရှိ မိမိလေ့ကျင့် လုပ်ဆောင်နေတဲ့ အရာအပေါ်မှာ နှစ်သက်ကျေနပ်မှုကို ရယူလိုက်ပါ။


သတ္တမအဆင့်

စမ်းသပ်မှုကိုစတင်ပါ။ ပြီးတော့ မိမိရဲ့ သင်ကြားမှုစွမ်းရည်ကို ပြန်လည်သုံးသပ်ပါ။ ဆရာတစ်ယောက်ရဲ့ အန္တရာယ်အကင်းဆုံး ရွေးချယ်စရာလမ်းကတော့ အသစ်အဆန်းမတီထွင်ဘဲ သုံးနေကျ နည်းလမ်းနဲ့ အကြံဥာဏ်များကိုသာ တွယ်ဖက်ထားခြင်းဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာ တစ်ခုရောက်ရင်တော့ ကျောင်းသားတွေကို လှုံ့ဆော်မှု မပေးတော့ဘဲ ပျင်းရိငြီးငွေ့သွားစေပါတယ်။ (ပျင်းရိငြီးငွေ့သွားစေခြင်း burning out အကြောင်းဒီမှာကြည့်ပါ)

ကျောင်းသားတွေက ဆန်းသစ်တီထွင်တတ်ပြီး တစ်ခေါက်နဲ့ တစ်ခေါက် မတူညီတဲ့ ပုံစံတွေနဲ့ သင်တတ်တဲ့ ဆရာတွေကို ပိုမိုနှစ်ခြိုက်ကြပါတယ်။ ဆရာများရဲ့ အခြားသော အရည်အသွေးတွေဖြစ်တဲ့ စိတ်ရှည်ခြင်း၊ သည်းခံတတ်ခြင်း၊ ရှင်းလင်းဖြေကြားမှု ကောင်းစွာလုပ်တတ်ခြင်း စတာတွေကို ကျောင်းသားတွေက နှစ်သက်ကြတဲ့အပြင် ပျော်စရာ၊ အံ့သြဖွယ်ရာတွေပါ ထည့်သွင်း သင်ကြားတတ်တာကိုလည်း အထူးခုံမင်ကြပါတယ်။ ဒါကြောင့် နည်းလမ်းအသစ်တွေကိုလည်း စမ်းသပ်သလို နည်းလမ်းဟောင်းတွေကိုလည်းမှီငြမ်းကြပါ။ ဒါပေမဲ့ အချိန်တစ်ခုခုရောက်တိုင်း ခေတ္တရပ်တန့်ပြီးနောက် မိမိရဲ့အတွေ့အကြုံတွေကို ပြန်ကြည့်ပြီးတွေးတောဆင်ခြင် သုံးသပ်မှု ပြုလုပ်ဖို့ သတိတော့ ထားရပါမယ်။ ပြီးတော့ မိမိရဲ့ အောင်မြင်မှုတွေ၊ အမှားအယွင်းတွေကနေပြီး သင်ခန်းစာတွေ ယူတတ်ရမယ်၊ ပြီးတော့ ဒီလိုလုပ်ရတဲ့ အပိုင်းကို မိမိရဲ့သင်ကြားမှုရဲ့ ပုံမှန်ပြုလုပ်နေကြ အစိတ်အပိုင်းတစ်ခု အဖြစ် သတ်မှတ်လိုက်ပါ။


အဋ္ဌမခြေလှမ်း

ဆန်းသစ်တီထွင်မှုကို မိမိရဲ့ နေ့စဉ်ရည်မှန်းချက်အဖြစ် သတ်မှတ်ပါ။ ဆန်းသစ်တီထွင်တတ်ခြင်းဟာ ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူ ပြုပါတယ်။ ဒါက ဆရာတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ problem solving ဆိုတဲ့ ပြဿနာဖြေရှင်းခြင်းဟာ သူတို့ရဲ့ နေ့တဓူဝ သင်ကြားရေးကဏ္ဍတွေမှာ အမြဲတမ်းလုပ်နေရလို့ ဖြစ်ပါတယ်။ ဥပမာ - ဘယ်လိုစာအုပ်မျိုး သင်ကြားရေးအထောက်အကူပစ္စည်းတွေ သုံးရမလဲ၊ ဘယ်လိုပုံစံ တွေနဲ့ ပို့ချမလဲ၊ ဘယ်လို အမှတ်ပေးအကဲဖြတ်ပေးမလဲ၊ ကျောင်းသားတွေ စိတ်ပါလက်ပါ ဖြစ်မနေတဲ့ သင်ခန်းစာကို ဘယ်လိုမျိုးနည်းတွေသုံးပြီး စိတ်ပါအောင် လုပ်ရမလဲ၊ အားနည်းနေတဲ့ ကျောင်းသားတစ်ချို့ကို စာလိုက်နိုင်အောင် တစ်ဦးချင်းစီ ဘယ်လိုကူညီရမလဲ စသည် စသည်တွေ ဖြစ်ပါတယ်။

ဒီလို အရည်အချင်းတွေကို ထက်မြက်နေအောင် လုပ်ဖို့ကတော့ ဆန်းသစ်တီထွင်မှုတွေကို တစ်ခါတစ်ရံလုပ်တဲ့ လေ့ကျင့်ခန်းတွေမှာသာ သုံးရတဲ့ဟာမျိုး မဟုတ်ဘဲ နေ့စဉ်သင်ကြားရေးမှာ အသုံးပြုရတဲ့ဟာဖြစ်အောင် လုပ်ဖို့ပါဘဲ။ မိမိလုပ်သမျှကို ဝေဖန်ခွဲခြားတဲ့ မျက်လုံးတွေနဲ့ မပြတ်တမ်း စောင့်ကြည့်ပြီး မိမိရဲ့ သင်ခန်းစာတွေက မိမိကျောင်းသားတွေအတွက် ဘယ်လိုမျိုး စိတ်ဝင်စားဖွယ် လှုံ့ဆော်မှုနဲ့ ရလာဒ်ကောင်းတွေ ပေးအောင် ပြုပြင် ဖန်တီးနိုင်မလဲဆိုတာ စဉ်းစားရပါမယ်။ ဒါ့အပြင် မိမိ ကိုယ်ကို တိုးတက်လာတဲ့အထိ အချိန်ပေးပါ။ မိမိကိုယ်ကို အပြင်းစားဝေဖန်မှု မလုပ်လိုက်ပါနဲ့။ မိမိရဲ့ ဆန်းသစ် တီထွင်မှု အရည်အသွေးကို အခြားသောစွမ်းရည်များ တိုးတက်အောင် လုပ်သလို ပြောင်မြောက်အောင် လုပ်တာဟာ လွယ်ကူချောမွေ့တဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ရှည်မယ်၊ အာရုံစူးစိုက်မယ်၊ ထူးချွန်ဖို့အတွက် အာသီသပြင်းပြမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

Britishcouncil.org/blog မှ Marisa Constantinides ၏ Eight steps to becoming a more creative teacher ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။


အခြားအင်္ဂလိပ်ဘာသာသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-l...


[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 1401

Reply to This

Replies to This Discussion

Thanks a lot
thanks
Really noteworthy.
Very good post! Thank you so much.

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service