ဒီတစ္ပတ္မွာေတာ့ စာကို ပိုၿပီးေတာ့ ထိထိေရာက္ေရာက္ႏွင့္ ကၽြမ္းကၽြမ္းက်င္က်င္ ဖတ္ေစႏိုင္မဲ့ ေနာက္ထပ္အတတ္ပညာ (skills) ေတြကို ပိုၿပီး ခေရေစ့တြင္းက် ေလ့လာၾကစို႔ရဲ႕။
ဒုတိယဘာသာစကား (Second Language) နဲ႔ ေရးထားတဲ့စာကို ဖတ္ၾကတဲ့သူေတြဟာ ႀကံဳေတြ႕ရမဲ့ သူတို႔ မသိေသးတဲ့ စကားလံုးတိုင္းရဲ႕ အဓိပၸါယ္ရွာဖို႔ ေဘးနားမွာ အဘိဓာန္တစ္အုပ္ကေတာ့ ရွိေနမွာပါပဲ။ ဒါေပမဲ့ စာဖတ္ႏႈန္းကို ျမႇင့္တင္ဖို႔ႀကိဳးစားေနတာဆိုရင္ေတာ့ ဒီခ်ဥ္းကပ္နည္းကို အားမေပးလိုပါ။
စာဖတ္ႏႈန္းျမန္ရျခင္းရဲ႕ ေသာ့ခ်က္ကေတာ့ အဓိပၸါယ္မသိေသးတဲ့ စကားလံုးေတြကို လစ္လ်ဴရႈျခင္း၊ ဒါမွမဟုတ္ ဒီစကားလံုးေတြရဲ႕ အဓိပၸါယ္ကို စကားစပ္ကေနၿပီး မွန္းၾကည့္တတ္ေအာင္ ေလ့က်င့္ယူျခင္းပဲျဖစ္ပါတယ္။
ေအာက္ပါ စာပိုဒ္ကို ေလ့လာၾကည့္ပါ။
“Once upon a time, in a washington far, far away lived a little canton named Daisy. She had a fandi called Soon. Daisy and Soon were moons, although strictly speaking Daisy was older as she was ganker 30 minutes before Soon. They were so veradmat! They both wanted lots and lots of agassis, but because of the economic graystock their jacksons had said they could only have one agassi each……..”
(ဟိုးတစ္ခါတုန္းက အလြန္ေ၀းကြာလွတဲ့ washington တစ္ခုမွာ Daisy လို႔ေခၚတဲ့ canton ေလးေနသတဲ့။ သူ႕မွာ Soon လို႔ေခၚတဲ့ fandi ေလးတစ္ေယာက္ရွိသတဲ့။ Daisy နဲ႔ Soon တို႔ဟာ moons ေတြ ျဖစ္ၾကတယ္။ အတိအက်ေျပာရမယ္ဆိုရင္ Soon ထက္ မိနစ္(၃၀) ေစာၿပီး gankar ခဲ့တဲ့ Daisy က အႀကီးျဖစ္တယ္။ သူတို႔ဟာ အလြန္ပဲ veradmat ျဖစ္ၾကတယ္။ သူတို႔ ၂ ေယာက္ဟာ agassis ေတြအမ်ားႀကီးမွ အမ်ားႀကီးလိုခ်င္ခဲ့ၾကတယ္။ ဒါေပမဲ့လည္း စီးပြားေရး graystock ေၾကာင့္ သူတို႔ရဲ႕ Jacksons မ်ားက တစ္ေယာက္ကို agasi တစ္ခုစီပဲ ရမယ္လို႔ေျပာၾကပါတယ္။…………..)
ဒီစာပုိဒ္ထဲမွာ အနက္ေရာင္မွင္ (bold) နဲ႔ ေရးထားတဲ့ စကားလံုးေတြဟာ အဓိပၸါယ္မရွိတဲ့ စကားလံုးေတြပါ။ ပထမဦးစြာ အဲဒီစကားလံုးဟာ ဘယ္အမ်ိဳးအစား (part of speech) လည္းဆိုတာကို ဆန္းစစ္ရပါမယ္။ ပထမ ဥပမာကို ၾကည့္ၾကပါစို႔။ “Once upon a time, in a washington far, faraway.” (ဟိုးတစ္ခါတုန္းက အလြန္ေ၀းကြာလွတဲ့ washington တစ္ခုမွာ ………) အဲဒီမွာပါတဲ့ washington ဆိုတဲ့ စကားလံုးသည္ noun (နာမ္) ျဖစ္ေနတာ ထင္ရွားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ‘a’ ဆိုတဲ့ article (အတိအက်ညႊန္းစကားလံုး) ေနာက္က လိုက္တဲ့အျပင္ နာမ္ရဲ႕ အဆံုးသတ္စကားလံုးျဖစ္တဲ့ -ton နဲ႔ ဆံုးထားလို႔ပါပဲ။ ဒီ -ton ဆိုတဲ့စကားလံုးဟာ နာမ္ေတြရဲ႕ အဆံုးသတ္စကားလံုးအျဖစ္ အသံုးမ်ားပါတယ္။ ဒါ့အျပင္ in a (တစ္ခုတြင္) ရဲ႕ ေနာက္က လိုက္တဲ့အတြက္ ေဒသ/တည္ေနရာတစ္ခုခုျဖစ္ႏိုင္ေၾကာင္း စဥ္းစားမိႏိုင္မွာပါ။
ေနာက္ၿပီးေတာ႔ “Once upon a time..” ဆိုတဲ့ စကားစုေၾကာင့္ washington ရဲ႕ အဓိပၸါယ္ သည္ country (တိုင္းျပည္) ျဖစ္ပါသည္။
ေနာက္ထပ္ ဥပမာတစ္ခုကို ၾကည့္ၾကပါစို႔။
“……..but because of the economic graystock ….only have one…”
စကားလံုးအမ်ိဳးအစား (parts of speech) အရ ၾကည့္မယ္ဆိုရင္ ဒီတစ္ခါလည္း graystock ဟာ noun ပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ နာမ၀ိေသသန (adjective) ျဖစ္တဲ့ economic ေနာက္က လိုက္လို႔ပါပဲ။ တစ္ခါစကားစပ္အရၾကည့္ျပန္ေတာ့ ၄င္းကို only နဲ႔ but ဆိုတဲ့ စကားလံုးေတြနဲ႔ ၀န္းရံထားတဲ့အတြက္ မဟုတ္/မရွိ အဓိပၸါယ္ေဆာင္ႏိုင္ပါတယ္။ economic (စီးပြားေရးႏွင္႔ဆိုင္ေသာ) နဲ႔ တဲြေလ့ရွိတဲ့ စကားလံုးမ်ားကေတာ့ downturn, depression နဲ႔ slump တို႔ပဲျဖစ္ပါတယ္။(ဒီစကားလံုးေတြကို economic နဲ႔လာတြဲရင္ “စီးပြားေရးကပ္” လို႔ အဓိပၸါယ္ရပါတယ္။)
ကဲ က်န္တဲ့ စကားလံုးေတြရဲ႕ အဓိပၸါယ္ကို ႀကိဳးစားၿပီး မွန္းၾကည့္ပါေတာ့။
စာဖတ္တဲ့အခါ အဓိပၸါယ္မသိေသးတဲ့ စကားလံုးေတြ ေတြ႕တဲ့အခါတိုင္း အထက္မွာေဖာ္ျပခဲ့တဲ့ စကားစပ္ကေနၿပီး အဓိပၸါယ္ကို မွန္းဆတဲ့ နည္းကို အသံုးျပဳသင့္ပါတယ္။ ဒီလိုလုပ္ျခင္းဟာ သင့္ရဲ႕ စာဖတ္ႏႈန္းကို ျမင့္ေစပါတယ္။ တကယ္ပဲ မွန္းဆလို႔ မရေတာ့ဘူးဆိုရင္ေတာ့ အဲဒီစကားလံုးကို ေက်ာ္လိုက္ပါ။ ကိုယ္ဖတ္ေနတဲ့စာ တစ္ပုဒ္လံုးဆံုးေအာင္ေစာင့္ၿပီးမွ အဘိဓာန္ထဲမွာ အဓိပၸါယ္ကို ရွာၾကည့္ပါ။ မသိတဲ့စကားလံုးေၾကာင့္ ေဆာင္းပါးအေပၚ ၿခံဳငံုၿပီး နားလည္ျခင္းကို အဟန္႔အတား မျဖစ္သင့္ပါ။
အခုတစ္ခါေအာက္ပါ ၀ါက်ကို ၾကည့္ပါ။
I cdnoult blveiee that I cluod aulacity usesdnatnrd what I was rdanieg.
စာလံုးေပါင္းေတြဟာ ေရာေထြးေနေပမဲ့ သင့္အေနနဲ႔ အဓိပၸါယ္ကို နားလည္ႏိုင္မွာ ျဖစ္ပါတယ္။ သုေတသီေတြက “အမွန္တကယ္ေတာ႔ စာလံုးကို ဘယ္လိုပဲေပါင္းေပါင္း ကိစၥမရွိပါဘူးတဲ့။ အေရးႀကီးတာက အစစာလံုး (first letter) နဲ႔ အဆံုးစာလံုး (last letter) ေတြဟာ ေနရာမွန္မွာ ရွိေနဖို႔ပဲလိုပါတယ္” လို႔ ေျပာၾကပါတယ္။ ဒါေၾကာင့္မို႔ Happy Redanig! ပါ။
(Guy Perring ၏ More Tips on Reading အားဆီေလ်ာ္သလိုဘာသာျပန္ဆိုထားပါသည္။ အဂၤလိပ္ဘာသာျဖင္ ေရးသားထားေသာ မူလေဆာင္းပါးႏွင့္ အျခားစိတ္ဝင္စားဖြယ္ေဆာင္းပါးမ်ားအား ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။)
အထက္ပါ ေဆာင္းပါးအားကူးယူ၍ အျခား website ႏွင့္ blog မ်ားတြင္ တင္မည္ဆိုပါက http://www.myanmar-network.net/forum/topics/more-tips-on-reading မွကူးယူေၾကာင္း ထည့္သြင္းေဖာ္ျပေပးပါရန္။
[Unicode]
ဒီတစ်ပတ်မှာတော့ စာကို ပိုပြီးတော့ ထိထိရောက်ရောက်နှင့် ကျွမ်းကျွမ်းကျင်ကျင် ဖတ်စေနိုင်မဲ့ နောက်ထပ်အတတ်ပညာ (skills) တွေကို ပိုပြီး ခရေစေ့တွင်းကျ လေ့လာကြစို့ရဲ့။
ဒုတိယဘာသာစကား (Second Language) နဲ့ ရေးထားတဲ့စာကို ဖတ်ကြတဲ့သူတွေဟာ ကြုံတွေ့ရမဲ့ သူတို့ မသိသေးတဲ့ စကားလုံးတိုင်းရဲ့ အဓိပ္ပါယ်ရှာဖို့ ဘေးနားမှာ အဘိဓာန်တစ်အုပ်ကတော့ ရှိနေမှာပါပဲ။ ဒါပေမဲ့ စာဖတ်နှုန်းကို မြှင့်တင်ဖို့ကြိုးစားနေတာဆိုရင်တော့ ဒီချဉ်းကပ်နည်းကို အားမပေးလိုပါ။
စာဖတ်နှုန်းမြန်ရခြင်းရဲ့ သော့ချက်ကတော့ အဓိပ္ပါယ်မသိသေးတဲ့ စကားလုံးတွေကို လစ်လျူရှုခြင်း၊ ဒါမှမဟုတ် ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ကို စကားစပ်ကနေပြီး မှန်းကြည့်တတ်အောင် လေ့ကျင့်ယူခြင်းပဲဖြစ်ပါတယ်။
အောက်ပါ စာပိုဒ်ကို လေ့လာကြည့်ပါ။
“Once upon a time, in a washington far, far away lived a little canton named Daisy. She had a fandi called Soon. Daisy and Soon were moons, although strictly speaking Daisy was older as she was ganker 30 minutes before Soon. They were so veradmat! They both wanted lots and lots of agassis, but because of the economic graystock their jacksons had said they could only have one agassi each……..”
(ဟိုးတစ်ခါတုန်းက အလွန်ေ၀းကွာလှတဲ့ washington တစ်ခုမှာ Daisy လို့ခေါ်တဲ့ canton လေးနေသတဲ့။ သူ့မှာ Soon လို့ခေါ်တဲ့ fandi လေးတစ်ယောက်ရှိသတဲ့။ Daisy နဲ့ Soon တို့ဟာ moons တွေ ဖြစ်ကြတယ်။ အတိအကျပြောရမယ်ဆိုရင် Soon ထက် မိနစ်(၃၀) စောပြီး gankar ခဲ့တဲ့ Daisy က အကြီးဖြစ်တယ်။ သူတို့ဟာ အလွန်ပဲ veradmat ဖြစ်ကြတယ်။ သူတို့ ၂ ယောက်ဟာ agassis တွေအများကြီးမှ အများကြီးလိုချင်ခဲ့ကြတယ်။ ဒါပေမဲ့လည်း စီးပွားရေး graystock ကြောင့် သူတို့ရဲ့ Jacksons များက တစ်ယောက်ကို agasi တစ်ခုစီပဲ ရမယ်လို့ပြောကြပါတယ်။…………..)
ဒီစာပိုဒ်ထဲမှာ အနက်ရောင်မှင် (bold) နဲ့ ရေးထားတဲ့ စကားလုံးတွေဟာ အဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေပါ။ ပထမဦးစွာ အဲဒီစကားလုံးဟာ ဘယ်အမျိုးအစား (part of speech) လည်းဆိုတာကို ဆန်းစစ်ရပါမယ်။ ပထမ ဥပမာကို ကြည့်ကြပါစို့။ “Once upon a time, in a washington far, faraway.” (ဟိုးတစ်ခါတုန်းက အလွန်ေ၀းကွာလှတဲ့ washington တစ်ခုမှာ ………) အဲဒီမှာပါတဲ့ washington ဆိုတဲ့ စကားလုံးသည် noun (နာမ်) ဖြစ်နေတာ ထင်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ ‘a’ ဆိုတဲ့ article (အတိအကျညွှန်းစကားလုံး) နောက်က လိုက်တဲ့အပြင် နာမ်ရဲ့ အဆုံးသတ်စကားလုံးဖြစ်တဲ့ -ton နဲ့ ဆုံးထားလို့ပါပဲ။ ဒီ -ton ဆိုတဲ့စကားလုံးဟာ နာမ်တွေရဲ့ အဆုံးသတ်စကားလုံးအဖြစ် အသုံးများပါတယ်။ ဒါ့အပြင် in a (တစ်ခုတွင်) ရဲ့ နောက်က လိုက်တဲ့အတွက် ဒေသ/တည်နေရာတစ်ခုခုဖြစ်နိုင်ကြောင်း စဉ်းစားမိနိုင်မှာပါ။
နောက်ပြီးတော့ “Once upon a time..” ဆိုတဲ့ စကားစုကြောင့် washington ရဲ့ အဓိပ္ပါယ် သည် country (တိုင်းပြည်) ဖြစ်ပါသည်။
နောက်ထပ် ဥပမာတစ်ခုကို ကြည့်ကြပါစို့။
“……..but because of the economic graystock ….only have one…”
စကားလုံးအမျိုးအစား (parts of speech) အရ ကြည့်မယ်ဆိုရင် ဒီတစ်ခါလည်း graystock ဟာ noun ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာမ၀ိသေသန (adjective) ဖြစ်တဲ့ economic နောက်က လိုက်လို့ပါပဲ။ တစ်ခါစကားစပ်အရကြည့်ပြန်တော့ ၄င်းကို only နဲ့ but ဆိုတဲ့ စကားလုံးတွေနဲ့ ၀န်းရံထားတဲ့အတွက် မဟုတ်/မရှိ အဓိပ္ပါယ်ဆောင်နိုင်ပါတယ်။ economic (စီးပွားရေးနှင့်ဆိုင်သော) နဲ့ တွဲလေ့ရှိတဲ့ စကားလုံးများကတော့ downturn, depression နဲ့ slump တို့ပဲဖြစ်ပါတယ်။(ဒီစကားလုံးတွေကို economic နဲ့လာတွဲရင် “စီးပွားရေးကပ်” လို့ အဓိပ္ပါယ်ရပါတယ်။)
ကဲ ကျန်တဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ကြိုးစားပြီး မှန်းကြည့်ပါတော့။
စာဖတ်တဲ့အခါ အဓိပ္ပါယ်မသိသေးတဲ့ စကားလုံးတွေ တွေ့တဲ့အခါတိုင်း အထက်မှာဖော်ပြခဲ့တဲ့ စကားစပ်ကနေပြီး အဓိပ္ပါယ်ကို မှန်းဆတဲ့ နည်းကို အသုံးပြုသင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ စာဖတ်နှုန်းကို မြင့်စေပါတယ်။ တကယ်ပဲ မှန်းဆလို့ မရတော့ဘူးဆိုရင်တော့ အဲဒီစကားလုံးကို ကျော်လိုက်ပါ။ ကိုယ်ဖတ်နေတဲ့စာ တစ်ပုဒ်လုံးဆုံးအောင်စောင့်ပြီးမှ အဘိဓာန်ထဲမှာ အဓိပ္ပါယ်ကို ရှာကြည့်ပါ။ မသိတဲ့စကားလုံးကြောင့် ဆောင်းပါးအပေါ် ခြုံငုံပြီး နားလည်ခြင်းကို အဟန့်အတား မဖြစ်သင့်ပါ။
အခုတစ်ခါအောက်ပါ ဝါကျကို ကြည့်ပါ။
I cdnoult blveiee that I cluod aulacity usesdnatnrd what I was rdanieg.
စာလုံးပေါင်းတွေဟာ ရောထွေးနေပေမဲ့ သင့်အနေနဲ့ အဓိပ္ပါယ်ကို နားလည်နိုင်မှာ ဖြစ်ပါတယ်။ သုတေသီတွေက “အမှန်တကယ်တော့ စာလုံးကို ဘယ်လိုပဲပေါင်းပေါင်း ကိစ္စမရှိပါဘူးတဲ့။ အရေးကြီးတာက အစစာလုံး (first letter) နဲ့ အဆုံးစာလုံး (last letter) တွေဟာ နေရာမှန်မှာ ရှိနေဖို့ပဲလိုပါတယ်” လို့ ပြောကြပါတယ်။ ဒါကြောင့်မို့ Happy Redanig! ပါ။
(Guy Perring ၏ More Tips on Reading အားဆီလျော်သလိုဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ်ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက http://www.myanmar-network.net/forum/topics/more-tips-on-reading မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။
Tags:
အဂၤလိပ္စာေလ့လာေနသူမ်ားအတြက္
အဖိုးတန္လွတဲ့လမ္းညႊန္ခ်က္တစ္ခုပါပဲ
ေက်းဇူးတင္စြာျဖင့္
ကြ်န္ေတာ္ေတာ႔ “အမွန္တကယ္ေတာ႔ စာလံုးကို ဘယ္လိုပဲေပါင္းေပါင္း ကိစၥမရွိပါဘူးတဲ့။ အေရးႀကီးတာက အစစာလံုး (first letter) နဲ႔ အဆံုးစာလံုး (last letter) ေတြဟာ ေနရာမွန္မွာ ရွိေနဖို႔ပဲလိုပါတယ္”အဲဒီစကားကို အၾကိဳက္ဆံုးပဲ ကြ်န္ေတာ္က စကားလုံးကို အျမဲမွားေပါင္းတတ္လို႔ေလ
အရမ္းအသံုး၀င္ပါတယ္..........ေက်းဇူးတင္ပါတယ္
စိတ္ဝင္စားဖို႕ အျမဲ ေကာင္းတဲ့ ေဆာင္းပါးေတြပါ
မွ်ေဝေပးလို႕ ေက်းဇူးတင္ပါတယ္ ... :)
အဖုိးတန္တဲ႔ေဆာင္းပါးေတြကုိေပးတဲ႔အတြက္ေက်းဇူးတင္ပါတယ္
အရမ္းကို ေက်းဇူးတင္ပါတယ္.. တန္ဘိုးရွိတဲ့ ေဆာင္းပါးေလးတစ္ခုပါ...
လက္ေတြ႕လုပ္ေဆာင္ၾကည့္ပါ့မယ္။ ေက်းဇူးတင္ပါတယ္
Thank you so much
so good !!!!!! very thanks
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Follow us on Twitter | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |