Cambridge အဘိဓာန်ပါ ဝေါဟာရအသစ်များ - အပိုင်း (၂)

ဘာသာစကားတွေဟာ အမြဲတမ်းအစဉ်မပျက်တမ်း ပြောင်းလဲနေပါတယ်။ နေ့စဉ်လူနေမှုဘဝမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေဆီကနေ စကားလုံးအသစ်တွေအစဉ် ပေါ်ထွက်လာခဲ့တာတွေထဲက နောက်ဆုံး ပေါ်ထွက်ခဲ့တဲ့ အင်္ဂလိပ်စကားလုံး အချို့ကို Cambridge dictionary ရဲ့ blog မှာ မှတ်တမ်းတင်ခဲ့တာတွေကို ပြန်လည်ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။

၁။ wavy, basic နှင့် calm

Wavy ဆိုတာ stylish ဆိုတဲ့ “စတိုင်ကျတယ်” လို့ပြောတဲ့ ဘန်းစကားဖြစ်ပါတယ်။

  • You can be wearing wavy garms or wavy kicks.
    (စတိုင်ကျတဲ့ အဝတ်အစားတွေ ဝတ်ဆင်တယ်ပေါ့)


Basic ဆိုတာ unpleasant ၊ unattractive ၊ unsophisticated ဆိုတဲ့ရိုးရိုးကြီး၊ ဆွဲဆောင်မှုမရှိ၊ ပေါ့ရွှတ်ရွှတ်ကြီး ဆိုတာကို ပြောတဲ့ informal စကားလုံးပေါ့။

  • Festival headdresses. Basic is the only word applicable here.
    (ပွဲတော်မှာ ဝတ်ဆင်တဲ့ ခေါင်းပေါင်း အဆင်တန်ဆာတွေက ပုံတုန်းကြီးတွေဆိုပြီး ပြောချင်တာပါ။)


“Calm!” အာမေဋိတ် နဲ့တွဲပြီးသုံးရတဲ့ ဒီစကားလုံးက ‘Good!’ တို့ ‘Cool!’ တို့နဲ့ အသုံးအတူတူပါဘဲ။ “မိုက်တယ်” ပေါ့နော်။

  • Your ticket’s arrived.
    (လက်မှတ်ရပြီ။)
    Calm!
    (မိုက်တယ်ဟေ့။)


၂။ အစားအသောက်ဆိုင်ရာ စကားလုံးအသစ်များ

haskap (berry) ဆိုတာကတော့ blue honeysuckle berry ခေါ်တဲ့ အပြာရောင်ဘယ်ရီသီးကို ခေါ်တာပါ။ honeysuckle ကို အသံမြန်မြန်ထွက်ခေါ်တဲ့အခါ ကြားရတဲ့အသံကို စာလုံးပေါင်းပြီး haskap လို့ ထွင်ခဲ့ပုံရပါတယ်။

  • A Nova Scotia farm operator says its Haskap berries are the next big thing in superfood, and the company is now looking to sell chunks of its farmland to investors from around the world.
    (Honeysuckle ဘယ်ရီစိုက်ခင်းတွေ အောင်မြင်တာကြောင့် စိုက်ကွက်တစ်ချို့ကို ကမ္ဘာအနှံ့က ရင်းနှီးမြုတ်နှံသူတွေဆီ ဖဲ့ရောင်းမယ်လို့ဆိုတာပါ။)


intermittent fasting - ဝိတ်ချဖို့အတွက် အချို့နေ့တွေမှာ အစားရှောင်ပြီး တစ်ချို့နေ့တွေမှာတော့ ပုံမှန်အတိုင်းစားတာကို ပြောတာဖြစ်ပါတယ်။

  • Feast for five days, fast for two. Eat whatever you want and lose weight. Stay healthier, live longer. These are the kinds of claims being made for intermittent fasting – and the idea that you can eat with abandon, so long as you restrict food consumption for two or three days a week, is seductive.
    ('၅ ရက်စား၊ ၂ ရက်ရှောင်’၊ ‘စားချင်ရာစားပြီး ဝိတ်လည်းကျ’၊ ‘ကျန်းမာပြီး အသက်ရှည်ရှည် နေထိုင်ပါ’ စတဲ့စကားတွေက ဒီလိုမျိုး ကွက်ကျားဥပုဒ်စောင့်ခြင်း intermittent fasting ရဲ့ အကျိုးကျေးဇူးတွေလို့ ကြွေးကြော်သံတွေဖြစ်ပါတယ်။ တစ်ပတ်မှာ ၂ ရက်၊ ၃ ရက်လောက် အစာရှောင်ပြီး အစာစားသုံးမှုကို ထိမ်းရုံထိမ်းကာ ကျန်တဲ့ရက်တွေမှာ စိတ်တိုင်းကျ စားပါဆိုတဲ့ အတွေးက စွဲမက်စရာဘဲပေါ့။)


rice ‘n’ three ဆိုတာက တစ်ယောက်စာ အတွက် ထမင်းတစ်ပွဲ ဟင်းသုံးပွဲပါတဲ့ ထမင်းဝိုင်းကို ပြောတာပါ။

  • When we do manage it [meeting for lunch], we love eating at a ‘rice’n’three’ place.
    (အပြင်ထွက်ပြီး ထမင်းစားဖြစ်ရင် ထမင်းနဲ့ ဟင်းသုံးပွဲ ပါတဲ့ တစ်ခါပြင်ဆိုင်ကို သွားဖြစ်ကြတယ်။)


၃။ bruh , unspo နဲ့ rando

bruh ဆိုတာ ‘bro’ ဆိုတဲ့ slang ကနေ ဆင့်ပွားဆင်းသက်လာပုံရတဲ့ ယောင်္ကျားလေးသူငယ်ချင်းတွေ အချင်းချင်းကြားမှာ ခေါ်ပြောကြတဲ့ စကားဘဲဖြစ်ပါတယ်။ ‘ကွီး’ လိုမျိုးပေါ့။

  • I’ve been working out a bit, and I thought it’d help me see the gaaainzz (do you even lift, bruh?).
    (ကျွန်တော်လည်းဘော်ဒီလှအောင် လေ့ကျင့်ခန်းတွေဘာတွေုလုပ်နေတာ (ကွီးရောဘဲလား)) ။


unspo ဆိုတာ ရီစရာကောင်းတဲ့ အိုင်ဒီယာတွေ၊ ရုပ်ပုံတွေ အထူးသဖြင့် အွန်လိုင်းပေါ်က ခပ်ညံ့ညံ့၊ မအောင်မြင်တဲ့ ဘဝတွေနဲ့ သက်ဆိုင်တဲ့ ဟာမျိုးတွေကို ခေါ်တာပါ။ 

  • A snap of congealed macaroni cheese; a post-gym selfie, complete with blotchy face.So far, so unglamorous. Welcome to the world of ‘unspo’ – the growing backlash against online inspiration.
    (အွန်လိုင်းပေါ်မှာ တင်လေ့ရှိတဲ့ စိတ်ဝင်စားဖို့မကောင်းတဲ့ အစားအသောက်ပုံတွေ၊ ကိုယ်ကာယလေ့ကျင့်ပြီး ဘော်ဒီကြွားလုံးထုတ်ပြတဲ့ပုံတွေ၊ ပုံမလာတဲ့ မျက်နှာလေးတွေနဲ့ တင်ထားလိုက်တဲ့ပုံတွေများက ကြည့်မိသူတွေကို စိတ်တောင်ပိန်စေတယ်။)


rando ဆိုတာက ကိုယ်နဲ့ လုံးဝမသက်ဆိုင်တဲ့ လူအများထဲက တစ်စုံတစ်ယောက် a random person ကိုပြောတာပါ။

  • This feature also makes it easier than ever to share that group photo you got some rando to take.
    (လမ်းသွားလမ်းလာထဲက တစ်ယောက်ယောက်ကို ခေါ်ပြီး ရိုက်ခိုင်းခဲ့တဲ့ ဒီအုပ်စုဓါတ်ပုံလို့ ပြောချင်တာပါ။)


၎။ မိုဘိုင်းဖုန်းနဲ့ ဆိုင်တဲ့စကားတွေ

Digital amnesia ဆိုတာ မိုဘိုင်းဖုန်းတို့ အင်တာနက်တို့ကို အချက်အလက်တွေမှတ်ဖို့ အားကိုးလွန်သွားရာကနေ လွယ်ကူတဲ့ အခြေခံအချက်အလက်လေးတွေဖြစ်တဲ့ ဖုန်းနံပါတ်တို့၊ ရက်စွဲတို့ စတာတွေကိုတောင် ခေါင်းက မမှတ်မိနိုင်တော့တာကို ပြောတာပါ။

  • The problem, dubbed ‘digital amnesia’ is a result of our brains adapting to an age where our phone, and the internet, is always available, scientists say.
    သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ digital amnesia ဆိုတဲ့ရောဂါဟာ ကျွန်ုပ်တို့ရဲ့ ဦးနှောက်က ကိုယ်ပိုင်အလုပ်လုပ်တာထက် ဖုန်းနှင့် အင်တာနက်အပေါ် အမှီပြုလွန်းခြင်းရဲ့ ရလာဒ်လို့ ဆိုပါတယ်။


Pocket dial ဆိုတာ ဖုန်းကို အိပ်ထဲမှာ ထည့်ထားတုန်း တစ်စုံတစ်ယောက်ကို မတော်တဆ ဖုန်းခေါ်မိသလို ဖြစ်သွားတာကို ပြောတာပါ။

  • How many times have you answered your phone only to find out that someone has ‘pocket dialed’ you by accident.
    (တစ်ယောက်ယောက်က မတော်တဆ မှားခေါ်မိတဲ့ ဖုန်းတွေဘယ်နှစ်ခါလောက် ထူးခဲ့ပြီးပြီလဲ။)


Ride-hailing service - စမတ်ဖုန်းအပ်ပလီကေးရှင်းသုံးပြီး ကားငှားတာ (တက္ကစီခေါ်တာ) မျိုးလုပ်တာကို ပြောတာပါ။

  • Uber, the ride-hailing service, lost a round in its fight for legality in Brazil.
    (ဘရာဇီး၌ Uber ၏ ride-hailing ဖုန်းတစ်ချက်နှိပ်အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း တရားဝင်ဆောင်ရွက်ခွင့် ဆုံးရှုံးခဲ့၏။)


Dictionaryblog.cambridge မှ ၂၀၁၅ ဒီဇင်ဘာလနှင့် ၂၀၁၆ ဇန်နဝါရီလအတွက် တင်ထားသော New words ဆောင်းပါးများမှ ကိုးကာဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးများကို အောက်ပါတွင်ဖတ်ရှုနိုင်ပါတယ်။


အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - 
http://www.myanmar-network.net/page/index-of-articles-and-english-lessons


[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 801

Reply to This

Replies to This Discussion

thanks
Thanks

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service