Not anywhere near (အများကြီး လိုသေးတယ်)
အများကြီးနည်းသေးတယ်၊ လိုသေးတယ်လို့ အလေးအနက် ပြောချင်ရင် not anywhere near ကို သုံးနိုင်တယ်။
I've not done anywhere near enough work to pass the exam.
စာမေးပွဲအောင်ဖို့ စာတွေ အများကြီး ထပ်ကျက်ဖို့ လိုသေးတယ်။
We haven't anywhere near the money it takes to rent a flat there.
အဲဒီရပ်ကွက်မှာ အခန်းငှားနိုင်ဖို့ ဒို့မှာ ရှိတဲ့ငွေနဲ့ဆို အများကြီး လိုသေးတယ်။
Believe it or not (မယုံနိုင်စရာဘဲ)
အံ့သြစရာကောင်းတယ်၊ မဖြစ်လောက်ဖူးလို့ ထင်ရတယ်၊ ဒါပေမယ့် အမှန်ဖြစ်တယ်လို့ ပြောချင်ရင် believe it or not ကို သုံးနိုင်တယ်။
Believe it or not, it didn't rain all the time we were in London.
မယုံနိုင်စရာဘဲ၊ ကျွန်တော် ၊ကျွန်မတို့ လန်ဒန်မှာ ရှိနေတဲ့တစ်ချိန်လုံး မိုးမရွာဘူး။
Believe it or not, we found a cheap and comfortable place to stay right in the city centre. မယုံနိုင်စရာဘဲ၊ ကျွန်တော်၊ကျွန်မတို့ မြို့လယ်ခေါင်မှာ အခန်းငှားခသက်သာပြီး ကောင်းကောင်းမွန်မွန် တည်းလို့ရတဲ့နေရာ တွေ့ခဲ့တယ်။
အံ့သြတုန်လှုပ်တဲ့အခါ် Fancy ကို သုံးနိုင်တယ်။
Fancy the boss given an extra day's holiday at Christmas! He's usually so mean!
ကြားသားမိုးကြိုး၊ ခရစ်စမတ်ကျရင် ဘော့စ်က အားလပ်ရက်တစ်ရက် အပိုဆောင်းပေးမယ်တဲ့။
Fancy! My new boyfriend's parents have just moved in next door to my uncle and aunt.
ဟန်ကျလိုက်တာ၊ ဒို့ကောင်လေးရဲ့ အဖေနဲ့အမေက ဒို့ ဦးလေးနဲ့ အဒေါ် နေတဲ့အိမ်ရဲ့ ဘေးအိမ်ကို ပြောင်းလာတယ်။
You’ll never guess! (မင်းအံသြသွားမှာ)
အံ့သြစရာ၊ စိတ်လှုပ်ရှားစရာတစ်ခုခုကို ပြောတော့မယ်ဆိုရင် you’ll never guess! နဲ့ အစပျိုးနိုင်တယ်။
You'll never guess what the boss wanted to talk to me about! He wants me to be the office manager!
ဘော့စ်က ငါ့ကို ဘာခေါ်ပြောသလဲ မင်းသိရင် အံ့သြသွားမှာ။ ငါ့ကို ရုံးခန်းရဲ့ မန်နေဂျာ လုပ်ခိုင်းမလို့။
You'll never guess who was at the charity reception last night! Prince William!
မနေ့ညက ရန်ပုံငွေဧည့်ခံပွဲကို ဘယ်သူလာသလဲ မင်းသိရင် အံ့သြသွားမှာ။ မင်းသား ဝီလီယံ လာတယ်။
Guess what? ကို အလားတူ သုံးနိုင်တယ်။
Guess what? I've just got a big pay rise!
မင်းသိရင် အံ့သြသွားမှာ၊ ငါအခုလေးတင် လစာအများကြီး တိုးသွားပြီ။
I didn't win the first prize but guess what? I was commended highly for good citizenship!
ငါ ပထမဆုတော့ မရဘူး။ ဒါပေမယ့် မင်းသိရင် အံ့သြသွားမှာ၊ ငါ နိုင်ငံသားကောင်းပီသမှုအတွက် ဂုဏ်ပြု မှတ်တမ်းတင်ခံရတယ်။
Click "Like" if you want to see more posts like this. Thanks.
Language Republic
Tags:
is that idiom ? can anybody reply me .
Good ! ! !
ကျေးဇူးတင်ပါတယ်
Fancy the boss given an extra day's holiday at Christmas! He's usually so mean ဆိုတဲ့ ဥပမာ မှာ ပထမ စာကြောင်း ရဲ့ Main Verb က given (V3) ဖြစ်နေတယ်။ V3 ကို verb Be, have မပါပဲ ဒီအတိုင်း Main verb အနေနဲ့ sentence တွေမှာ သုံးလို့ ရပါလား။ နားမလည်လို့ ရှင်းပြပေးပါခင်ဗျာ....။
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Follow us on Twitter | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |