OxfordDictionary.com မွ အသစ္ထပ္တိုးတဲ့ internet slang စကားလုံး ၁၀ လုံး

<Zawgyi> 

ကြၽန္ေတာ္တို႕ အြန္လိုင္းမွာ အသုံးမ်ားတဲ့ စာလုံးတခ်ိဳ႕ကို oxforddictionary.com မွာ ထပ္တိုးျဖည့္စြက္လိုက္ပါတယ္။ အဲဒီအထဲက စကားလုံး ၁၀ လုံးကို ေလ့လာရေအာင္။

၁။ Binge-watch

တီဗီအစီအစဥ္ေတြက ဇာတ္လမ္းတြဲေပါင္းစံုကို DVD နဲ႕ သို႕မဟုတ္ digital streaming လုပ္ျပီး အငမ္းမရ၊ မျပတ္တမ္းၾကည့္ျခင္း
ဥပမာ - People who watch television online say they regularly indulge in binge watching. (အြန္လိုင္းမွာ တီဗီၾကည့္ေနတဲ့သူေတြ အစီအစဥ္ေပါင္းစံုကို စြဲလမ္းစြာ ၾကည့္ၾက၏။)

၂။ Humblebrag

မိမိႂကြားခ်င္ေသာ အေၾကာင္းအရာကို အမ်ားအာ႐ံုစိုက္ရန္အတြက္ မိမိကိုယ္ကို ဟန္ေဆာင္ႏွိမ့္ခ်ေဝဖန္ျခင္း
ဥပမာ - Social media status updates are basically selfies, humblebrags, and rants. (ဆိုရွယ္မီဒီယာမွာတင္ၾကတဲ့ အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားကေတာ့ selfie ေတြ၊ မိမိကို ႏွိမ့္ခ်ျပီး ႂကြားဝါခ်င္တဲ့ အေၾကာင္းအရာေတြနဲ႕ အခ်င္းခ်င္းတိုက္ခိုက္ျပီး ရန္ျဖစ္တာေတြ ပါပဲ။)


၃။ Adorbs

အရမ္းခ်စ္စရာ၊ ၾကိဳက္စရာ၊ အလမ္းစား
ဥပမာ - All pets are totally adorbs. (အိမ္ေမြးတရိစာၦန္အားလုံးက အရမ္းခ်စ္စရာေကာင္းတယ္။)

၄။ Listicle

အခု သင္ဖတ္ေနတဲ့ ဟာေတြေပါ့။ နံပါတ္စဥ္ သို႕မဟုတ္ bullet points ေတြနဲ႕ ေရးသားေဖာ္ျပထားတဲ့ အင္တာနက္ေပၚက article ေဆာင္းပါး။
ဥပမာ - A recent BuzzFeed listicle called '21 Pictures that will Restore Your Faith in Humanity' has attracted more than 13 million views. (BuzzFeed ဝက္ဗ္ဆိုက္ေပၚမွာ တင္ထားတဲ့ '21 Pictures that will Restore Your Faith in Humanity' ဆိုတဲ့ ေဆာင္းပါးက ၾကည့္႐ႈသူ ၁၃ မီလီယံေက်ာ္ကို ဆြဲေဆာင္ႏိုင္ခဲ့တယ္။)

၅။ Yolo

You only live once (ေရွ႕ေရးေတြကို ေတြးျပီး စိတ္ပူေနမဲ့အစား၊ ပစၥဳပန္ကာလကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းပါဆိုတဲ့ အျမင္ကို ေဖာ္ျပတာ။ ေပ်ာ္ေပ်ာ္ေန ေသခဲဆိုတာကို ေထာက္ခံေျပာဆိုတဲ့အခါ သုံးတတ္တယ္။)
ဥပမာ - I just ordered £40 worth of Chinese food. But YOLO, right? (ေစ်းၾကီးတဲ့ အစားအေသာက္ေပမဲ့ ႏွေမ်ာမေနနဲ႕ စားမွာသာ စားစမ္းပါ။)

၆။ Hate-watch

အမ်ားက မေကာင္းေဝဖန္ထားတဲ့ ေလွာင္ေျပာင္ထားတဲ့ ရုပ္သံဇာတ္၊ ရုပ္ရွင္စသည္တို႕ကိုမွ ေရြးၾကည့္ျခင္း
ဥပမာ - I hate-watch every single episode. (လူေတြ ဟာသလုပ္ထားတဲ့ ရုပ္ရွင္ အပိုင္းတိုင္းကို ငါမလြတ္တမ္းၾကည့္ျဖစ္တယ္။)

၇။ Clickbait

အင္တာနက္ သုံးေနသူေတြကို အင္တာနက္စာမ်က္ႏွာ webpage တစ္ခုခုကို ဝင္မၾကည့္ပဲမေနႏိုင္ေအာင္ လံႈ႕ေဆာ္ဆြဲေဆာင္မႈမ်ားႏွင့္ တန္ဆာဆင္ (ေထာင္ေျခာက္ဆင္) ထားတဲ့ content အေၾကာင္းအရာ
ဥပမာ - This is not news, really. It’s click bait. (ဒါက သတင္းမွမဟုတ္ပဲ။ လူေတြ စိတ္ဝင္စားေအာင္ တမင္ တန္ဆာဆင္ေရးထားတာပဲ။)


၈။ Smart watch

လက္ေကာက္ဝတ္မွာ ပတ္၍ရေသာ touch screen display ပါတဲ့ မိုဘိုင္းဖုန္း
ဥပမာ - The main benefit of a smartwatch is that it keeps you constantly updated without you having to whip out your smart phone. (စမတ္နာရီရဲ့ အဓိက အားသာခ်က္ကေတာ့ ဖုန္းခဏခဏထုတ္ၾကည့္စရာမလိုဘဲ အခ်ိန္ျပည့္ အဆက္အသြယ္မျပတ္ရွိေစတာပါပဲ။)

၉။ Cray

Crazy ကို ေျပာတာ။ Cray ကို ႏွစ္ခါထပ္ျပီး 'cray cray' လို႕လည္း ေျပာေလ့ရွိတယ္။
ဥပမာ - She's cray cray. (သူမ ေဂါက္ေနျပီ။)


၁၀။ Tech-savvy


ေခတ္ေပၚနည္းပညာ၊ အထူးသျဖင့္ ကြန္ျပဴတာႏွင့္ ပတ္သက္တဲ့ အသုံးျပဳပံုေတြကို အထူးတတ္ကြၽမ္းနားလည္သူ
ဥပမာ - Kids are pretty tech-savvy these days. (အခုေခတ္ ကေလးေတြ နည္းပညာနဲ႕ပတ္သက္ရင္ အကုန္တတ္တယ္။)

အခုေဖာ္ျပခဲ့တာေတြက Oxforddictionary.com မွာ ထပ္ျဖည့္လိုက္တဲ့ စကားလုံးသစ္ တခ်ိဳ႕သာျဖစ္ပါတယ္။ ေျပာင္းလဲေနတဲ့ စကားအသုံးအႏွုန္းေတြကိုလည္း ေလ့လာဆည္းပူးတာေပါ့။ အဂၤလိပ္စကားလုံးေတြဟာ အခ်ိန္၊ ေနရာေဒသကို လိုက္ျပီး တစ္ေျဖးေျဖးေျပာင္းလဲျဖစ္ေပၚလာတာကို ေလ့လာႏိုင္တယ္။ ေခတ္ေပၚစကားလုံးေတြဟာ ေခတ္ကုန္သြားျပီး ေပ်ာက္ကြယ္သြားတာေတြလဲ ရွိတယ္။


Irishexaminer.com မွ Denise O'Donoghue ၏ Ten internet slang words which were added to OxfordDictionaries.com ကို ကိုးကားဘာသာျပန္ထားတာျဖစ္ပါတယ္။

LESSONS FROM OUR ARCHIVE


အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - 
http://www.myanmar-network.net/page/index-of-articles-and-english-lessons


<Unicode version>

ကျွန်တော်တို့ အွန်လိုင်းမှာ အသုံးများတဲ့ စာလုံးတချို့ကို oxforddictionary.com မှာ ထပ်တိုးဖြည့်စွက်လိုက်ပါတယ်။ အဲဒီအထဲက စကားလုံး ၁၀ လုံးကို လေ့လာရအောင်။

၁။ Binge-watch

တီဗီအစီအစဉ်တွေက ဇာတ်လမ်းတွဲပေါင်းစုံကို DVD နဲ့ သို့မဟုတ် digital streaming လုပ်ပြီး အငမ်းမရ၊ မပြတ်တမ်းကြည့်ခြင်း
ဥပမာ - People who watch television online say they regularly indulge in binge watching. (အွန်လိုင်းမှာ တီဗီကြည့်နေတဲ့သူတွေ အစီအစဉ်ပေါင်းစုံကို စွဲလမ်းစွာ ကြည့်ကြ၏။)

၂။ Humblebrag

မိမိကြွားချင်သော အကြောင်းအရာကို အများအာရုံစိုက်ရန်အတွက် မိမိကိုယ်ကို ဟန်ဆောင်နှိမ့်ချဝေဖန်ခြင်း
ဥပမာ - Social media status updates are basically selfies, humblebrags, and rants. (ဆိုရှယ်မီဒီယာမှာတင်ကြတဲ့ အကြောင်းအရာ တော်တော်များများကတော့ selfie တွေ၊ မိမိကို နှိမ့်ချပြီး ကြွားဝါချင်တဲ့ အကြောင်းအရာတွေနဲ့ အချင်းချင်းတိုက်ခိုက်ပြီး ရန်ဖြစ်တာတွေ ပါပဲ။)

၃။ Adorbs

အရမ်းချစ်စရာ၊ ကြိုက်စရာ၊ အလမ်းစား
ဥပမာ - All pets are totally adorbs. (အိမ်မွေးတရိစ္ဆာန်အားလုံးက အရမ်းချစ်စရာကောင်းတယ်။)

၄။ Listicle

အခု သင်ဖတ်နေတဲ့ ဟာတွေပေါ့။ နံပါတ်စဉ် သို့မဟုတ် bullet points တွေနဲ့ ရေးသားဖော်ပြထားတဲ့ အင်တာနက်ပေါ်က article ဆောင်းပါး။
ဥပမာ - A recent BuzzFeed listicle called '21 Pictures that will Restore Your Faith in Humanity' has attracted more than 13 million views. (BuzzFeed ဝက်ဗ်ဆိုက်ပေါ်မှာ တင်ထားတဲ့ '21 Pictures that will Restore Your Faith in Humanity' ဆိုတဲ့ ဆောင်းပါးက ကြည့်ရှုသူ ၁၃ မီလီယံကျော်ကို ဆွဲဆောင်နိုင်ခဲ့တယ်။)

၅။ Yolo

You only live once (ရှေ့ရေးတွေကို တွေးပြီး စိတ်ပူနေမဲ့အစား၊ ပစ္စုပန်ကာလကို ပျော်ရွှင်စွာ ဖြတ်သန်းပါဆိုတဲ့ အမြင်ကို ဖော်ပြတာ။ ပျော်ပျော်နေ သေခဲဆိုတာကို ထောက်ခံပြောဆိုတဲ့အခါ သုံးတတ်တယ်။)
ဥပမာ - I just ordered £40 worth of Chinese food. But YOLO, right? (စျေးကြီးတဲ့ အစားအသောက်ပေမဲ့ နှမျောမနေနဲ့ စားမှာသာ စားစမ်းပါ။)

၆။ Hate-watch

အများက မကောင်းဝေဖန်ထားတဲ့ လှောင်ပြောင်ထားတဲ့ ရုပ်သံဇာတ်၊ ရုပ်ရှင်စသည်တို့ကိုမှ ရွေးကြည့်ခြင်း
ဥပမာ - I hate-watch every single episode. (လူတွေ ဟာသလုပ်ထားတဲ့ ရုပ်ရှင် အပိုင်းတိုင်းကို ငါမလွတ်တမ်းကြည့်ဖြစ်တယ်။)

၇။ Clickbait

အင်တာနက် သုံးနေသူတွေကို အင်တာနက်စာမျက်နှာ webpage တစ်ခုခုကို ဝင်မကြည့်ပဲမနေနိုင်အောင် လှုံ့ဆော်ဆွဲဆောင်မှုများနှင့် တန်ဆာဆင် (ထောင်ခြောက်ဆင်) ထားတဲ့ content အကြောင်းအရာ
ဥပမာ - This is not news, really. It’s click bait. (ဒါက သတင်းမှမဟုတ်ပဲ။ လူတွေ စိတ်ဝင်စားအောင် တမင် တန်ဆာဆင်ရေးထားတာပဲ။)

၈။ Smart watch

လက်ကောက်ဝတ်မှာ ပတ်၍ရသော touch screen display ပါတဲ့ မိုဘိုင်းဖုန်း
ဥပမာ - The main benefit of a smartwatch is that it keeps you constantly updated without you having to whip out your smart phone. (စမတ်နာရီရဲ့ အဓိက အားသာချက်ကတော့ ဖုန်းခဏခဏထုတ်ကြည့်စရာမလိုဘဲ အချိန်ပြည့် အဆက်အသွယ်မပြတ်ရှိစေတာပါပဲ။)

၉။ Cray

Crazy ကို ပြောတာ။ Cray ကို နှစ်ခါထပ်ပြီး 'cray cray' လို့လည်း ပြောလေ့ရှိတယ်။
ဥပမာ - She's cray cray. (သူမ ဂေါက်နေပြီ။)

၁၀။ Tech-savvy

ခေတ်ပေါ်နည်းပညာ၊ အထူးသဖြင့် ကွန်ပြူတာနှင့် ပတ်သက်တဲ့ အသုံးပြုပုံတွေကို အထူးတတ်ကျွမ်းနားလည်သူ
ဥပမာ - Kids are pretty tech-savvy these days. (အခုခေတ် ကလေးတွေ နည်းပညာနဲ့ပတ်သက်ရင် အကုန်တတ်တယ်။)

အခုဖော်ပြခဲ့တာတွေက Oxforddictionary.com မှာ ထပ်ဖြည့်လိုက်တဲ့ စကားလုံးသစ် တချို့သာဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့ စကားအသုံးအနှုန်းတွေကိုလည်း လေ့လာဆည်းပူးတာပေါ့။ အင်္ဂလိပ်စကားလုံးတွေဟာ အချိန်၊ နေရာဒေသကို လိုက်ပြီး တစ်ဖြေးဖြေးပြောင်းလဲဖြစ်ပေါ်လာတာကို လေ့လာနိုင်တယ်။ ခေတ်ပေါ်စကားလုံးတွေဟာ ခေတ်ကုန်သွားပြီး ပျောက်ကွယ်သွားတာတွေလဲ ရှိတယ်။


Irishexaminer.com မှ Denise O'Donoghue ၏ Ten internet slang words which were added to OxfordDictionaries.com ကို ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။

LESSONS FROM OUR ARCHIVE
Love Idioms and Phrases
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Luck/ Tell/ Go/ Present/ Two)
Survey စစ်တမ်းကောက်ယူရာတွင် မေးခွန်းကောင်းများ ရေးပုံရေးနည်း

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-l...


[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။
- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 3444

Reply to This

Replies to This Discussion

Thanks

Thank

Pronunciation should be expressed. Thanks.

Thank u so much

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service