Paying my dues (ဆပ်စရာရှိတာကို ဆပ်ခြင်း) ဟူသော စကားစု၏ အဓိပ္ပာယ်က ဘာပါလဲ?

Paying your dues (in life) သည် အင်္ဂလိပ်ဓလေ့သုံး စကားဖြစ်ပါတယ်။ အခြေခံအားဖြင့် အဓိပ္ပာယ်ကတော့ နောင်တစ်ချိန်တွင် မိမိအလိုရှိသော တစ်စုံတစ်ရာကို ရရှိနိုင်ရန် ယခုအခါမှာ မနှစ်မြို့သော်လည်း (တာဝန်အရ (သို့) လောက (သို့) လုပ်ငန်းဆိုင်ရာ သဘောတရားဖြစ်လို့သာ) လုပ်ရသော တစ်စုံတစ်ရာကို ပြုလုပ်ရတာကို ပြောတဲ့နေရာမှာ သုံးတာ ဖြစ်ပါတယ်။


ဥပမာ - အများလက်ခံထားသော အယူအဆ တစ်ခုရှိပါတယ်။ အဲဒါကတော့ "ကျွန်ုပ်တို့သည် အရာရာတိုင်းတွင် ကြိုးစားလုပ်ကိုင်ပါက အခုအခါမှာ စိတ်မချမ်းမသာဖြစ်နေစေဦးတော့ အရာရာက အဆင်ပြေသွားမှာပါ" ဆိုတဲ့ အချက်ပါပဲ။ ဒါဟာ paying your dues (ဆပ်စရာရှိတာကို ဆပ်ခြင်း)ရဲ့ သဘောတရားပဲဖြစ်ပါတယ်။ စိတ်မသက်သာမှုများနှင့် အလုပ်ကြိုးစားမှုများသည် နောင်တစ်ချိန်တွင် အောင်မြင်ရန်အတွက် သင်ပေးဆပ်ရ သော ပေးဆပ်မှုများပင် ဖြစ်ပါတယ်။


Paying my dues ရဲ့ နောက်အဓိပ္ပါယ်တစ်မျိုးကတော့ (အပြစ်တစ်ခုခုအတွက်) ထောင်ကျခဲ့ပြီးပြီဖြစ်တဲ့အတွက် ဒီအတွက်နဲ့တော့ မင်းငါ့ကို ချုပ်ကိုင်ထားလို့ မရဘူး"လို့ လည်း အဓိပ္ပာယ်ရနိုင်ပါတယ်။)


သမဂ္ဂတစ်ခုခု (သို့) အဖွဲ့အစည်းတစ်ခုခုတွင် ပါဝင်နိုင်ရန်လည်း ပေးဆပ်မှုများရှိပါတယ်။ "Paying my dues" ဆိုတဲ့ စကားစုရဲ့ နောက်အဓိပ္ပာယ်တစ်ခုကတော့ "မိမိရွေးချယ်ထားတဲ့ အလုပ်အကိုင်ရဲ့ လှေကားထစ်များကို လှမ်းတက်နေခြင်း" ပင် ဖြစ်ပါတယ်။ ဥပမာ - သရုပ်ဆောင်အများစုသည် စီးပွားရေးကြော်ငြာများနှင့် အပိုင်းသေးသေးလေးရဖို့ ကြိုးစားရင်းနဲ့ တဖက်ကလည်း သမရိုးကျ အလုပ်များကို လုပ်ကိုင်ကြပါတယ်။ ဒီလိုပေးဆပ်ရင်းနဲ့ ပိုကြီးပြီး ပိုကောင်းတဲ့ နေရာရဖို့ မျှော်လင့်ကြပါတယ်။ ထိပ်က စခဲ့တဲ့ သရုပ်ဆောင်အနည်းငယ်သာ ရှိပါတယ်။


အောက်မှာ ပေးထားတဲ့ နမူနာစာကြောင်းများကို ကြည့်ပြီး လက်တွေ့သုံးကြည့်မယ်ဆိုရင် ပိုပြီးမှတ်မိသွားမှာပါ။

  • This drummer has paid his dues with the best.
  • Mistakes are a part of the dues one pays for a full life.
  • She paid her dues playing in small clubs in New York before an album made her famous.

www.quora.com မှ ဆွေးနွေးချက်များကို ဆီလျှော်သလို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။


အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - 
http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 863

Reply to This

Replies to This Discussion

thanks

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service