ယခင်အပတ်တွင် စတင်ခဲ့တဲ့ အင်္ဂလိပ်ဘာသာအမေးအဖြေ ကဏ္ဍတွင် မေးမြန်းထားသည့် မေးခွန်းများထဲမှ "Either...or/Neither...nor" ၊ "Just" နှင့် "article" များကို အသုံးပြုပုံရှင်းလင်းဖြေကြားချက်များကို အောက်မှာ ဖြေကြားပေးလိုက်ပါပြီ။
Just ရဲ့အသုံးများ
မကြာသေးခင်လေးကမှ တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင် just ကို သုံးပါတယ်။ ဗြိတိသျှတွေက Just ကို present perfect ဖြစ်တဲ့ has/ have တို့နဲ့ တွဲပြီး ပြောလေ့ရှိပါတယ်။
ဥပမာ -
အမေရိကန်တွေကတော့ Just ကို past tense နဲ့ တွဲသုံးကြပါတယ်။
ဥပမာ -
တစ်ချို့ဗြိတိသျှတွေက just ကို past tense နဲ့ တွဲသုံးတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ ဗြိတိန်မှာတော့ ဒီအသုံးကို မှားတယ်လို့ သတ်မှတ်ကြပါတယ်။
စကားပြောမှာ just ကို now နဲ့တွဲပြီး “မကြာသေးခင်ကဘဲ” ဆိုတဲ့အဓိပ္ပါယ်ရတဲ့ just nowကို ပြောကြပါတယ်။
ဒါပေမဲ့ formal writing အရေးအသားမှာ just now ကို မသုံးရဘူးနော်။
___________________
Article
Article ဆိုတာ a, an, the စတဲ့ စကားလုံးတွေကို ပြောတာပါ။ လူတစ်ယောက်၊ အရာဝတ္ထုတစ်ခုအကြောင်းကို ပထမဦးဆုံးအကြိမ် ပြောရင် a သို့မဟုတ် an ကို ထည့်ပြောရတယ်။ a နှင့် an ကို indefinite article လို့ ခေါ်တယ်။ a, an တို့နဲ့ သုံးတဲ့ noun တွေဟာ singular ဖြစ်ရပါတယ်။ ပြောပြီးသားလူ၊ အရာဝတ္ထုတွေကို ဒုတိယအကြိမ် ပြန်ညွှန်းပြီး ပြောရင်တော့ the ကို သုံးရပါတယ်။
ဥပမာ
တစ်ယောက်ယောက်၊ တစ်ခုခုကို သရုပ်ဖေါ်ပြရာမှာလည်း a, an တို့ကို (adjective + noun) (noun + quantifier) တို့နှင့် တွဲသုံးလို့ ရပါတယ်။
လုတစ်ယောက်ရဲ့ အလုပ်အကိုင်ကို ဖေါ်ပြရာမှာလည်း a, an ကို ထည့်ပြောရပါတယ်။ ဥပမာ - He is a doctor. လို့ ပြောရတယ်။ He is doctor. လို့ မပြောရဘူးနော်။
နောက်ပြီး vowel အသံနှင့် စတဲ့ စကားလုံးတွေ့ရှေ့မှာ an ကို ထည့်ရပါတယ်။ consonant အသံနှင့်စတဲ့ စကားလုံးတွေရဲ့ အရှေ့မှာတော့ a ကို ထည့်ရပါတယ်။ ဥပမာ - a house, an hour
A နှင့် an ကို တစ်ခု၊ တစ်ယောက် စတဲ့ အရေအတွက်ကို ဖေါ်ပြရာမှာလည်း သုံးသေးတယ်နော်။
နောက်ထပ် article တစ်ခုကတော့ the ဖြစ်ပါတယ်။ အရှေ့မှာရှင်းပြခဲ့သလိုဘဲ၊ လူတစ်ဦး၊ အရာတစ်ခု၊ အကြောင်းအရာတစ်ခု စသည်တို့ကို အရင်ဖေါ်ပြခဲ့ပြီး နောက်တဖန်ပြန်လည် ဖေါ်ညွှန်းတဲ့အခါ the ကို သုံးရပါတယ်။
မိမိပြောချင်တာကို အထူးပြုချင်လျှင် the ကို သုံးရပါတယ်။
အတုမရှိ၊ တစ်ခုတည်း ရှိတာကို ပြောချင်လျှင်လည်း the ကို သုံးပါတယ်။
The နဲ့ ပါတ်သက်တဲ့အသုံးတွေ အများကြီးရှိတဲ့အထဲမှာ တစ်ချို့ကို ဖေါ်ပြရရင် the ကို …
___________________
Either…or/ neither …nor
Either…or နှင့် neither…nor တို့ကို ရွေးချယ်စရာ တစ်ခုခုကို ဖေါ်ပြရတဲ့အခါ သုံးတယ်လို့ အလွယ်မှတ်လို့ ရပါတယ်။ ပိုပြီးရှင်းအောင် တစ်ခုချင်းစီရဲ့ အသုံးကို ပြောပြပါမယ်။ either..or ကိုတော့ ရွေးချယ်စရာနှစ်ခုအနက် တစ်ခုကို ရွေးချယ် ပြောဆိုတဲ့အခါ သုံးပါတယ်။ အဲ့ဒီလို သုံးတဲ့အခါ ပထမရွေးချယ်စရာရဲ့ အရှေ့မှာ either ကို ထည့်ရပြီး ဒုတိယရွေးချယ်စရာရဲ့ အရှေ့မှာ or ကို ထည့်ရပါတယ်။
ဥပမာ -
စကားပြောမှာတော့ either ကို ပထမရွေးချယ်စရာ အရှေ့မှာ အမြဲထားလေ့ မရှိဘဲ စာကြောင်းအရှေ့ပိုင်းမှာ ပါတဲ့ verb ရဲ့ အရှေ့မှာ ထားပြီး ပြောကြပါတယ်။
ဥပမာ -
အခြားဥပမာတွေကတော့
Neither… nor
Neither… nor ကိုတော့ စာအရေးအသားတွေမှာ၊ မိန့်ခွန်းလိုမျိုး ပြောစကားတွေမှာသာ အမျိုးအစားတူ၊ အကြောင်းတူ၊ အရည်အသွေးတူ၊ လုပ်ရပ်တူ စတာတွေကို negative အငြင်းပုံစံနှင့် နှိုင်းယှဉ်ပြောဆိုရင် သုံးပါတယ်။ Neither ကို ပထမနှိုင်းယှဉ်မည့် စကားလုံးအရှေ့မှာ ထည့်ပြီး nor ကို ဒုတိယ နှိုင်းယှဉ်မည့် စကားလုံးအရှေ့မှာ သုံးပါတယ်။
ဥပမာ -
နှစ်ဦးနှစ်ဖက်လုံး မလာကြဖူးဆိုတာကို neither… nor နှင့် ဒီလို ရေးကြတယ်။
(မှတ်ချက် ။ Neither က negative ဖြစ်တာမို့ did not come စကားတွဲက did not ကို ဖြုတ်ပြီး come အစား came ပြောင်းရေးရတယ်။)
စကားပြောမှာတော့ neither…nor ကို သုံးလေ့မရှိပါဘူး။ ဥပမာ - Neither the teacher nor the students came. လို့ ပြောမယ့်အစား The teacher did not come and neither did the students. လို့ ပြောကြပါတယ်။
အခြားဥပမာတွေကတော့
မေးခွန်းများကိုလည်း အင်္ဂလိပ်ဘာသာအမေးအဖြေကဏ္ဍ မှာ ဆက်လက်မေးမြန်းနိုင်ပါတယ်။ ဖြေရန် ပိုမိုအဆင်ပြေစေရန်အတွက် မေးခွန်းများကို တိတိကျကျမေးနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။
အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons
[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]
- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။
- Join us now at - www.myanmar-network.net/main/authorization/signUp
Tags:
May I know use of "Then" ,"Additionally" ,Where and how to use these words ?
Please !
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |