Question words အမေးစကားလုံးများ ပါဝင်သည့် မေးခွန်းပုံစံများ

                                    
                                         " Question Word Question "          
Question =မေးခွန်း
Word =စကားလုံး
Q word Q = အမေးစကားလုံးပါဝင်သည့် မေးခွန်း   ...လဲ နှင့် ဆုံးသည့် မေးခွန်း။

Question words
(၃) မျိုးရှိပါတယ်။
(1) Interrgative Pronouns အမေးနာမ်စားမျာ
(2) Interrogative Adjectives  အမေးနာမ၀ိသေသနများ
(3) Interrogative Adverbs  အမေးကြိယာဝိသေသနများ

(1) Interrogative Pronouns 
အမေးနာမ်စား (၅) မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့
1. Who = ဘယ်သူ ၊ ဘယ်သူလဲ။ ( လူအမည် ၊ လူကတ္တား)
2. Whom =ဘယ်သူ့ကို ၊ ဘယ်သူ့ကိုလဲ။ ( လုကံပုဒ်)
3. Whose =ဘယ်သူ့ဟာ ၊ ဘယ်သူ့ဟာလဲ။ ( လူ ၊ တိရိစ္ဆာန် ပိုင်ဆိုင်မှု)
4. Which = ဘယ်အရာ ၊ ဘယ်အရာလဲ။ (ရွေးချယ်မှု)
5. What = ဘာ ၊ ဘာလဲ။ ( အရာဝတ္ထုကတ္တား ၊ အရာဝတ္ထုကံ၊ အလုပ်အကိုင် ၊ လုပ်ရပ် ဖြစ်ရပ် ၊ အချိန်နာရီတို့) များအတွက် အသုံးပြု မေးရပါတယ်။

(2) Interrogative Adjective
အမေးနာမ၀ိသသေန (၃) မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့
1. Whose + Noun = ဘယ်သူ့ဟာ၊ ဘယ်သူ့ဟာလဲ ။ (လူ ၊ တိရိစ္ဆာန်ပိုင်ဆိုင်မှု )
2. Which + Noun = ဘယ်အရာ ၊ ဘယ်အရာလဲ ။ ( ရွေးချယ်မှု )
3. What + Noun = ဘာ၊ ဘာလဲ ။ ( အမျိုးအမည် အမျိုးအစား ) များအတွက် အသုံးပြု မေးရပါတယ်။

(3) Interrogative Adverbs
အမေးကြိယာဝိသေသန (၅) မျိုးရှိပါတယ်။
1. When = ဘယ်အချိန် ၊ ဘယ်အချိန်လဲ။( အချိန်အခါ )
2. Where = ဘယ်မှာ၊ ဘယ်မှာလဲ။( နေရာ )
3. Why = ဘာကြောင့်၊ ဘာကြောင့်လဲ။ (အကြောင်းပြချက် ၊ရည်ရွယ်ချက်)
4. How = ဘယ်လို၊ ဘယ်လိုလဲ။( အမူအရာ ၊ နည်းဟန်၊ ကျန်းမာရေးအခြေအနေ)
5. How ( Adj/Adv) = ဘယ်လောက် ၊ ဘယ်လောက်လဲ။(အရေအတွက်၊ ပမာဏ ၊ အကွာအဝေး ၊ အသက်အရွယ် ၊ အရွယ်အစား၊ အကြိမ် ၊ ကြာသည့်အချိန် ) များအတွက် အသုံးပြု မေးရပါတယ်။

How many +  Noun  =အရေအတွက်
How much + Noun = ပမာဏ
How old =အသက်အရွယ်
How far =အကွာအဝေး
How often = အကြိမ်
How long =ကြာသည့်အချိန် တို့အတွက် အသုံးပြု မေးရပါတယ်။
ဥပမာ ။  ။
(1)
Ko Ko is reading a book.
ကိုကို စာအုပ်တစ်အုပ်ကို ဖတ်နေတယ်။
Who is reading a book?
မည်သူ စာအုပ် တစ်အုပ်ကို ဖတ်နေသလဲ။
What is Ko Ko reading?
ကိုကို ဘာကို ဖတ်နေသလဲ။
What is Ko Ko doing?
ကိုကို ဘာလုပ်နေသလဲ။
        

(2)
Su Su went to Bagan yesterday?
စုစု မနေ့က ပုဂံကို သွားခဲ့တယ်။
Where did Su Su go yesterday?
စုစု မနေ့က ဘယ်ကို သွားခဲ့သလဲ။
When did Su Su go to Bagan?
စုစု ဘယ်တုန်းက ပုဂံကို သွားခဲ့တာလဲ။
What did Su Su do yesterday?
စုစု မနေ့က ဘာလုပ်ခဲ့သလဲ။

(3)
Mother likes the blue colour.
အမေ အပြာရောင်ကို နှစ်သက်တယ်။
Who likes the blue colour?
ဘယ်သူက အပြာရောင်ကို နှစ်သက်သလဲ။
What does mother like?
အမေ ဘာကို နှစ်သက်သလဲ။
Which colour does mother like?
အမေ ဘယ်အရောင်ကို နှစ်သက်သလဲ။

(4)
They are going to school by bus.
သူတို့ ကျောင်းကို ဘတ်စ်ကားနဲ့ သွားနေကြတယ်။
Where are they going by bus?
သူတို့ ဘတ်စ်ကားနဲ့ ဘယ်ကို သွားနေကြသလဲ။
How are they going to school?
သူတို့ ကျောင်းကို ဘယ်လို သွားကြသလဲ။
Who are going to school by bus?
ဘယ်သူတွေ ကျောင်းကို ဘတ်စ်ကားနဲ့ သွားနေကြသလဲ။

(5)
Mg Mg likes to play football for health.
မောင်မောင် ကျန်းမာရေးအတွက် ဘောလုံးကစားတာကို နှစ်သက်တယ်။
What does Mg Mg like to do for health?
မောင်မောင် ကျန်းမာရေးအတွက် ဘာလုပ်ရတာကို နှစ်သက်သလဲ။
Why does Mg Mg like to play football?
မောင်မောင် ဘာကြောင့် ဘောလုံးကစားရတာကို နှစ်သက်သလဲ။
What does Mg Mg like to play for health?
မောင်မောင် ကျန်းမာရေးအတွက် ဘာကစားရတာကို နှစ်သက်သလဲ။

" ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ......"

Views: 650

Reply to This

Replies to This Discussion

It is very nice
Thank

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service