<Zawgyi>

အသက္၇ႏွစ္ မွ ၁၅ႏွစ္ အတြင္း ကေလးမ်ားအတြက္ စာဖတ္ျပိဳင္ပြဲကို မတ္လ (၁) ရက္ေန႕မွ ေမလ (၃) ရက္ေန႕ အထိ ျဗိတိသွ်ေကာင္စီ စာၾကည့္တိုက္တြင္ က်င္းပေပးေနပါသည္။ ပထမအဆင့္အေနျဖင့္ Knowledge Garden တြင္ခင္းက်င္းျပသထားေသာ Big Friendly Read မွ စာအုပ္မ်ားကို ေရြးခ်ယ္၍ အနည္းဆုံး ၆ အုပ္ျပည္႔ေအာင္ ဖတ္႐ႈရပါမည္။ ဒုတိယအဆင့္အေနျဖင့္ မိမိဖတ္႐ႈထားေသာစာအုပ္မ်ား အတြင္းမွႏွစ္သက္ရာ စာအုပ္တအုပ္ကို ေရြးခ်ယ္၍အက်ဥ္းခ်ဳပ ္(Book Review) ေရး၍၎၊ စာအုပ္ထဲတြင္ပါဝင္ေသာ မိမိၾကိဳက္ႏွစ္သက္ရာဇာတ္္ေကာင္အား ပုံတူေရးခ်ယ္ျပီး (Drawing Competition) သို႔၎ ဝင္ေရာက္ယွဥ္ျပိဳင္ႏိုင္ပါသည္။

ျပိဳင္ပြဲအျပီးတြင္ ျပိဳင္ပြဲဝင္ကေလးငယ္မ်ားအတြက္ ဆုေပးပြဲကိုက်င္းပေပးပါမည္။ဆုေပးပြဲတြင္ စာအုပ္ (၆) အုပ္ ဖတ္႐ႈျပီးစီးသည့္သူမ်ားအား ဆုတံဆိပ ္(Big Friendly Read Medal)ႏွင့္ ဂုဏ္ျပဳလႊာ (Certificate) မ်ားေပးအပ္ပါမည္။ Book Review ႏွင့္ Drawing Competition တြင္ဆုရရွိေသာသူမ်ားအားလည္း စိတ္ဝင္စားဖြယ္ဆုလက္ေဆာင္မ်ားကို ေပးအပ္သြားပါမည္။ ဆုေပးမည္ရက္ကို ေမလ ပထမအပါတ္တြင္ ေၾကညာပါမည္။

ၿဗိတိသွ်ေကာင္စီစာၾကည့္တိုက္အသင္းဝင္ထားေသာ ကေလးမ်ားအားပါဝင္ပါရန္ဖိတ္ေခၚပါသည္။ အေသးစိတ္သိရွိလိုပါက စာၾကည့္တိုက္ဝန္ထမ္းမ်ားထံတြင္ စုံစမ္းႏိုင္ပါသည္။

စာၾကည့္တိုက္အသင္းမဝင္ရေသးပါက အသင္းဝင္ရန္အခ်က္အလက္မ်ားကို ဤေနရာတြင္ ၾကည့္႐ႈေလ့လာႏိုင္ပါသည္။

<Unicode>

အသက်ရနှစ် မှ ၁၅နှစ် အတွင်း ကလေးများအတွက် စာဖတ်ပြိုင်ပွဲကို မတ်လ (၁) ရက်နေ့မှ မေလ (၃) ရက်နေ့ အထိ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ကျင်းပပေးနေပါသည်။ ပထမအဆင့်အနေဖြင့် Knowledge Garden တွင်ခင်းကျင်းပြသထားသော Big Friendly Read မှ စာအုပ်များကို ရွေးချယ်၍ အနည်းဆုံး ၆ အုပ်ပြည့်အောင် ဖတ်ရှုရပါမည်။ ဒုတိယအဆင့်အနေဖြင့် မိမိဖတ်ရှုထားသောစာအုပ်များ အတွင်းမှနှစ်သက်ရာ စာအုပ်တအုပ်ကို ရွေးချယ်၍အကျဉ်းချုပ ်(Book Review) ရေး၍၎င်း၊ စာအုပ်ထဲတွင်ပါဝင်သော မိမိကြိုက်နှစ်သက်ရာဇာတ််ကောင်အား ပုံတူရေးချယ်ပြီး (Drawing Competition) သို့၎င်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်ကလေးငယ်များအတွက် ဆုပေးပွဲကိုကျင်းပပေးပါမည်။ဆုပေးပွဲတွင် စာအုပ် (၆) အုပ် ဖတ်ရှုပြီးစီးသည့်သူများအား ဆုတံဆိပ ်(Big Friendly Read Medal)နှင့် ဂုဏ်ပြုလွှာ (Certificate) များပေးအပ်ပါမည်။ Book Review နှင့် Drawing Competition တွင်ဆုရရှိသောသူများအားလည်း စိတ်ဝင်စားဖွယ်ဆုလက်ဆောင်များကို ပေးအပ်သွားပါမည်။ ဆုပေးမည်ရက်ကို မေလ ပထမအပါတ်တွင် ကြေညာပါမည်။

ဗြိတိသျှကောင်စီစာကြည့်တိုက်အသင်းဝင်ထားသော ကလေးများအားပါဝင်ပါရန်ဖိတ်ခေါ်ပါသည်။ အသေးစိတ်သိရှိလိုပါက စာကြည့်တိုက်ဝန်ထမ်းများထံတွင် စုံစမ်းနိုင်ပါသည်။


စာကြည့်တိုက်အသင်းမဝင်ရသေးပါက အသင်းဝင်ရန်အချက်အလက်များကို ဤနေရာတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

Views: 81

Reply to This

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service