ၿဗိတိသွ်ေကာင္စီ မႏၱေလးတြင္ျပဳလုပ္မည့္ စာဖတ္ၿပိဳင္ပြဲ

<Zawgyi >

ၿဗိတိသွ်ေကာင္စီ မႏၱေလးတြင္ျပဳလုပ္မည့္ စာဖတ္ၿပိဳင္ပြဲ

ၿဗိတိသွ်ေကာင္စီ မႏၱေလးတြင္ ကေလးမ်ားအတြက္ စာဖတ္ၿပိဳင္ပြဲ Reading Challenge ကို ေမလ ၁၃ ရက္ေန႔မွ ဇြန္လ ၃ ရက္ေန႔အထိ က်င္းပေပးသြားမည္ ျဖစ္ပါသည္။ စာၾကည့္တုိက္ အသင္း၀င္ အသက္ (၇) ႏွစ္မွ (၁၅) ႏွစ္အတြ
င္း ကေလးမ်ား ၀င္ေရာက္ ယွဥ္ၿပိဳင္ႏုိင္ပါသည္။

ပထမအဆင့္အေနျဖင့္ ခင္းက်င္းျပသထားေသာ Big Friendly Read မွ စာအုပ္မ်ားကို ေရြးခ်ယ္၍ အနည္းဆံုး ေျခာက္အုပ္ျပည့္ေအာင္ ဖတ္ရႈရမည္ ျဖစ္ပါသည္။ ဒုတိယအဆင့္အေနျဖင့္ မိမိဖတ္ရႈၿပီးေသာ စာအုပ္မ်ားအတြင္းမွ ႏွစ္သက္ရာ စာအုပ္တစ္အုပ္ကို ေရြးခ်ယ္၍ အက်ဥ္းခ်ဳပ္ (Book Review) ေရး၍၄င္း၊ စာအုပ္ထဲတြင္ ပါ၀င္ေသာ မိမိႀကိဳက္ႏွစ္သက္ရာ ဇာတ္ေကာင္အား ပံုတူေရးျခယ္ (Drawing Competition) ျခင္းအားျဖင့္၄င္း ၀င္ေရာက္ယွဥ္ၿပိဳင္ရမည္ ျဖစ္ပါသည္။

ၿပိဳင္ပြဲအၿပီးတြင္ စာအုပ္ (၆) အုပ္ ဖတ္ရႈၿပီးစီးသည့္ သူမ်ားအား ဆုတံဆိပ္ (Big Friendly Read Medal) ႏွင့္ ဂုဏ္ျပဳလႊာ (Certificate) မ်ား ေပးအပ္ပါမည္။ Book Review ႏွင့္ Drawing Competition တြင္ ဆုရရွိေသာသူမ်ားအားလည္း စိတ္၀င္စားဖြယ္ရာ ဆုလက္ေဆာင္မ်ားကို ေပးအပ္သြားပါမည္။

အေသးစိတ္ သိရိွလိုပါက ၿဗိတိသွ်ေကာင္စီ မႏၱေလး စာၾကည့္တုိက္ [ ၆/၇၊ SY ဝင္း ၃၀ လမ္း (၇၇ လမ္းႏွင့္ ၇၈ လမ္းၾကား) ] တြင္လူကိုယ္တိုင္လာေရာက္၍ ျဖစ္ေစ၊ Facebook Messenger http://m.me/BritishCouncilMyanmar မွျဖစ္ေစ၊ ဖုံး 011 203114 သို႕ဆက္သြယ္၍ျဖစ္ေစ ေမးျမန္းႏိုင္ပါသည္။


< Unicode >

ဗြိတိသျှကောင်စီ မန္တလေးတွင်ပြုလုပ်မည့် စာဖတ်ပြိုင်ပွဲ

ဗြိတိသျှကောင်စီ မန္တလေးတွင် ကလေးများအတွက် စာဖတ်ပြိုင်ပွဲ Reading Challenge ကို မေလ ၁၃ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ကျင်းပပေးသွားမည် ဖြစ်ပါသည်။ စာကြည့်တိုက် အသင်းဝင် အသက် (၇) နှစ်မှ (၁၅) နှစ်အတွ
င်း ကလေးများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါသည်။
ပထမအဆင့်အနေဖြင့် ခင်းကျင်းပြသထားသော Big Friendly Read မှ စာအုပ်များကို ရွေးချယ်၍ အနည်းဆုံး ခြောက်အုပ်ပြည့်အောင် ဖတ်ရှုရမည် ဖြစ်ပါသည်။ ဒုတိယအဆင့်အနေဖြင့် မိမိဖတ်ရှုပြီးသော စာအုပ်များအတွင်းမှ နှစ်သက်ရာ စာအုပ်တစ်အုပ်ကို ရွေးချယ်၍ အကျဉ်းချုပ် (Book Review) ရေး၍၄င်း၊ စာအုပ်ထဲတွင် ပါဝင်သော မိမိကြိုက်နှစ်သက်ရာ ဇာတ်ကောင်အား ပုံတူရေးခြယ် (Drawing Competition) ခြင်းအားဖြင့်၄င်း ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။
ပြိုင်ပွဲအပြီးတွင် စာအုပ် (၆) အုပ် ဖတ်ရှုပြီးစီးသည့် သူများအား ဆုတံဆိပ် (Big Friendly Read Medal) နှင့် ဂုဏ်ပြုလွှာ (Certificate) များ ပေးအပ်ပါမည်။ Book Review နှင့် Drawing Competition တွင် ဆုရရှိသောသူများအားလည်း စိတ်ဝင်စားဖွယ်ရာ ဆုလက်ဆောင်များကို ပေးအပ်သွားပါမည်။
အသေးစိတ် သိရှိလိုပါက ဗြိတိသျှကောင်စီ မန္တလေး စာကြည့်တိုက် [ ၆/၇၊ SY ဝင်း ၃၀ လမ်း (၇၇ လမ်းနှင့် ၇၈ လမ်းကြား) ] တွင်လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ၊ Facebook Messenger http://m.me/BritishCouncilMyanmar မှဖြစ်စေ၊ ဖုံး 011 203114 သို့ဆက်သွယ်၍ဖြစ်စေ မေးမြန်းနိုင်ပါသည်။

Views: 188

Reply to This

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service