ကျေးဇူးတင်ကြောင်းပြောကြားခြင်း - ၁
Fred
Many thanks for helping with the conference. I’m very sorry that so few people came on Saturday - let’s not organize the final session in the middle of a public holiday next year.
Anyway, let’s hope we have better luck in Yokohama.
Take care
Lucy
ဖရက်(ဒ)ရေ
အစည်းအဝေးအတွက် အကူအညီပေးခဲ့တာကို အများကြီးကျေးဇူးတင်ပါတယ်။ စနေနေ့တုန်းက လူနည်းနည်းလေးပဲ လာတဲ့အတွက်တော့ စိတ်မကောင်းပါဘူး။ နောက်နှစ်ကျရင်တော့ အစည်းအဝေး နောက်ဆုံးအကြိမ်ကို အများပြည်သူရုံးပိတ်ရက်မှာ မစီစဉ်ဘဲ နေကြရအောင်။
ဘာပဲဖြစ်ဖြစ် ယိုကိုဟာမားမှာတော့ ပိုကံကောင်းဖို့ မျှော်လင့်ကြရအောင်လား။
ဂရုစိုက်ပါ။
လူစီ
ရင်းနှီးသောကျေးဇူးတင်စကား ဖြစ်ပါတယ်။ အောက်ပါ တို့ကိုလည်း အသုံးပြုနိုင်ပါသည်။
- Once again, many thanks. (နောက်ထပ် အများကြီးကျေးဇူးပဲ)
- Very many thanks. (ကျေးဇူးအများကြီးအများကြီးတင်ပါတယ်။)
Anyway (ဘာပဲဖြစ်ဖြစ်ကို) မိမိ အခုလေးတင်ပြောလိုက်သော အကြောင်းအရာက ပြောင်းပြီး အခြားအကြောင်းအရာတစ်ခုခုကို ပြောချင်တဲ့အခါ အသုံးပြုပါသည်။ ဥပမာ -
- Anyway, I don’t want to think about it any more. (ဘာပဲဖြစ်ဖြစ်၊ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် နောက်ထပ်မစဉ်းစားချင်တော့ဘူး)
- Anyway, that’s all I wanted to say. (ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် ပြောချင်တာ အဲတာအကုန်ပဲ။)
အထက်ပါအသုံးအနှုန်းကို ပုံမှန်အားဖြင့် ရင်းနှီးသော မိတ်ဆွေများနှင့် စကားပြောသောအခါ၌သာ အသုံးပြုလေ့ရှိပါသည်။ ပိုမို၍ ရုံးလုပ်ငန်းသဘောဆန်သော အဆက်အသွယ်များနှင့်ပြောသောအခါ ၄င်းအသုံးအနှုန်းကိုသော်လည်းကောင်း၊ Be good (ကောင်းကောင်းနေနော်)၊ Have fun! (ပျော်ရွှင်ပါစေ) Lucky you (ဖိုးကံကောင်း) အစရှိသော အသုံးအနှုန်းတို့ကိုသော်လည်းကောင်း အသုံးမပြုသင့်ပါ။
အများပြည်သူရုံးပိတ်ရက်တွေကို UK မှာတော့ Bank Holidays ဘဏ်ပိတ်ရက်များလို့ ခေါ်ပြီး US မှာတော့ Legal/Natinal/Public Holidays တရားဝင်/အမျိုးသား/အများပြည်သူရုံးပိတ်ရက်များလို့ခေါ်ပါတယ်။
"သဘောပေါက်သည်" ကို ဗြိတိသျှလို (British English) Realise လို့ပေါင်းပြီး အမေရိကန်လို (American English) ကိုတော့ Realize လို့ပေါင်းပါသည်။ ထို့နည်းတူ တောင်းပန်သည် ကိုလည်း ဗြိတိသျှလို Apologise လို့ပေါင်းပြီး အမေရိကန်လိုကိုတော့ Apologizeလို့ပေါင်းပါသည်။
Tags:
Many Thanks.
thanks
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |